September 27, 2008

လျှာကျွမ်းပြန်သွား ရောသမမွှေ မုန့်ဟင်းခါး

ဒီနေ့စနေနေ့အိမ်မှာအကုန်လုံးအားနေကြတော့ မြန်မာပြည်အကြောင်း၊မြန်မာအစားအသောက်လေးတွေလွမ်း
ကြတာပေါ့ဗျာ.အားလပ်ရက်လေး အပြင်လည်းမထွက်ချင်၊ ပင်နီဆူးလားသွားပြန်တော့လည်းဈေးသာကြီးပြီးစား လို့အဆင်မပြေ...ဩော်ကျနော်တို့ဘဝ. အိမ်ကရွှေညီကိုတွေကတော့မီးဖိုချောင်ထဲဝင်သွားပြီး ရှိတာလေးနဲ့စား
ဖို့ရှာကြံနေတုန်းမှာ..."ငါအကြံရပြီ".မြောက်မဒေါ်ချို...အဲဟုတ်ဘူး ဘွာတေး မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်ကို
ကိုင်ပြီး ကြွေးကြော်နေတဲ့သော်ဇင်ရဲ့အသံပါ။ မြန်မာမုန့်ဟင်းခါးကိုစားချင်နေကြတဲ့ကျနော်တို့အတွက်တော့
မငြင်းစတမ်းပေါ့ဗျာ။ ဟိုတနေ့ကထားဝယ်ငါးပြုတ်အရသာရှိလွန်းလို့(ကိုယ့်ကိုယ်ကိုမြှောက်ပြောတာပါ.ဟဲဟဲ)

အိုးသူကြီးနေရာကိုကျနော်ပဲတာဝန်ယူလိုက်တယ်. သော်ဇင်နဲ့ရဲဝင်းနှစ်ယောက်က Clementi ဒိုးပြီး စပယ်နဲ့
ကောင်းစုံမှာ မုန့်ဟင်းခါးအတွက်လိုရမယ်ရတွေသွားဝယ်. ချေဇီ။စိုးကို နဲ့ ကိုမျိုးပိုင်ကတော့ NTUC ကိုသွားပြီးဆီ.ဆန်.ဆား.ငရုတ်.ကြက်သွန်သွားဝယ်...အကုန်လုံးတာဝန်အသီးသီးခွဲပြီး ကျနော့်လုပ်ငန်းစရ
တော့တာပဲ။ ပထမဆုံး မလုလုဘလော့ကိုဝင်ရွှေမြိုင်မုန့်ဟင်းခါး.ရိုးရိုးမုန့်ဟင်းခါးချက်နည်းကိုစာရွက်ပေါ်ရေးမှတ်
အဲဒီနောက်.ထုံးစံအတိုင်းမာမားဆီဖုန်းဆက်ပြီးထားဝယ်မုန့်ဟင်းခါးချက်နီးမေးမြောင်းမြဒေါ်ချိုရဲ့ချက်နည်းကိုဖတ်
စင်္ကာပူမလာခင်ကျနော့သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးလိုက်တဲ့ဟင်းချက်နီးစာအုပ်ထဲမှာမုန့်ဟင်းခါး
ချက်နည်းကိုရှာ...ချက်နည်းအမြောက်အမြားကိုပေါင်းစုသမပြီးလုပ်ထားတာကြောင့်ရောသမမွှေမုန့်ဟင်းခါးဟုကင်းပွန်းတပ်လိုက်
တာပါ။data တွေအကုန်လုံးစုံတော့ပစ္စည်းဝယ်တဲ့သူတွေလည်းအသီးသီးပြန်ရောက်နေကြပြီ...

ရောသမမွှေရဲ့လိုအပ်တဲ့ပစ္စည်းတွေကတော့
ငှက်ပျောအူ နှစ်တုံး(အူတိုင်များများ)
ငါး (ငါးလိပ်ကျောက်...ကျနော့်သူငယ်ချင်းကငါးလိပ်ကျောက်မုန့်ဟင်းခါးမစားဖူးလို့ဆိုပြီးဝယ်လာတာပါ)
ကြက်သွန်နီအကြီး ၅ လုံး...အသေး ၂၅ လုံးခန့်
ကြက်သွန်ဖြူ ၁ လုံး
ချင်း ၁ တုံး
ငါးပိ ထမင်းစားဇွန်း၂ဇွန်း
ပုဇွန်ခြောက် လက်တစ်ဆုတ်
စပါးလင် ၃ချောင်း
ဆား များများ
ငံပြာရည် များများ
အချိုမှုန့် များများ
ဆန်မှုန့်. ပဲမှုန့် အနေတော်(အရည်ပြစ်ပြစ်စားလို၍ပဲမှုန့်များများထည့်ပါသည်)
ငရုတ်သီးအကျက်မှုန့်.နနွမ်းမှုန့်.ငရုတ်ကောင်းမှုန့်အနည်းငယ်

တွဲဖက်စားသုံးရန်
ပဲကြော်.ငါးဖယ်.အိုးကြက်ဥ.ကြက်သွန်ဖြူ.နီကြော်.နံနံပင်.သံပုရာသီး.မုန့်ဖတ်ခြောက်

ကဲစပါပြီ။ ပထမဆုံးငှက်ပျောဥကိုအရင်ဆုံးလီုးပြီးနနွင်းမှုန့်စိမ်...အမျှင်လေးများကုန်စင်အောင်သန့်စင်ရပါမည်။
ဆီသန့်မယ့်ကြက်သွန်နီ.ဖြူ.ချင်း.ပုဇွန်ခြောက်. ကို blender နဲ့ကြိုတ်
ငါးကိုစပါးလင်နဲ့ပြုတ်ပြီးအသားနွှင်.ပြီးလျှင်ဆီများများကိုဆူအောင်တည်ပြီးနနွင်းမှုန့်.ငရုတ်သီးအကြက်မှုန့်များ
များ. blender နဲ့ကြိုတ်ထားတဲ့ဘာတို့ညာတို့ကိုထည့်.ငါးပိကိုအရည်ဖျော်ထည့်.အနံ့မွှေးပြီးဆီလေးနည်းနည်းပြန် လာလျှင်ငှက်ပျောအူကိုထည့်...ရေလေးနည်နည်းထည့်ပြီးအုပ်ထားပါ ခင်ဗျား ။ တစ်ဆင့်တက်လာပြီ :P

ခုဏကငါးနဲ့စပါးလင်ပြုတ်ထားတဲ့အရည်ကို ရေနည်းနည်းပြန်ထဲ့ပြီး ဆူအောင်တည်ပါ။ဆူလာလျှင်မြောင်းမြ
အန်တီချိုအမှုန့်ကိုထည့်၊ ဆန်မှုန့်အနည်းငယ်.ပဲမှုန့်များများကို အရည်ဖျော်ထည့်၊ ၃ မီနစ်ခန့်မနားတမ်းမွှေပါ။
ပြီးလျှင်ငံပြာရည်.ဆား.အချိုမှုန့်.ငရုတ်ကောင်းမှုန့်.ကြက်သွန်ဥသေးသေးလေးများ.ငါးထည့်...ပွက်ပွက်ဆူလာ
လျှင် အပေါ့ငန်မြည်းကြည့်ပါ။ အဲဒီနောက်ငှက်ပျောအူတည်ထားတဲ့ဆီသတ်အိုးနဲ့ အခုငါးထည့်ထားတဲ့အိုးကို
ရောပါ.သမပါ.မွှေပါ. အရသာအခြေအနေ.အရောင် နှစ်အိုးလုံးညီလာလျှင်ကြက်ဥထည့်ပါ. နောက်ထပ်
မီနစ်၃၀လောက်ထားပြီး...ငှက်ပျောအူနူးလာလျှင်၊ ဆွေမျိုးမေ့ပြီးလျှာကျွမ်းပြန်သွားမဲ့ ရောသမမွှေမုန့်ဟင်းခါးကို သုံးဆောင်နိုင်ပါပြီဗျား...ကျနော်ရှယ်ကမြင်းထားအဲယောင်လို့ရှယ်ချက်ထားတဲ့မုန့်ဟင်းခါးကိုကျနော့်ရဲ့ဘလော့ဂါ ကိုကို.မမ
များကိုဧည့်ခံဖို့အတွက် တင်ပေးလိုက်ရပါတယ်...အပီပြင်သာကစ်ကြပါ.အချိုတည်းဖို့အတွက်မလုလုရဲ့နည်း
အတိုင်းဒိန်ချဉ်လုပ်ထားတည်...အခုတော့မရသေးဘူး.နောက်၆ရီမှ... (special thanks to Aunty Lu Lu)








September 24, 2008

မြို့ပြနှစ်ခုရဲ့ညနေ



ညနေ၊လူသားတိုင်းနေ့စဉ်ကြုံတွေ.နေရတဲ့ နေ့တစ်နေ့ရဲ့အချိန်အစိတ်ပိုင်း
တစ်ခုပါ။နေမင်းကြီးအနောက်စူးစူးကိုဝင်ခါနီး တောင်ထွတ်ဖျား(သို.) မိုးကုတ်စက်ဝိုင်းရဲ့အဆုံးပင်လယ်စပ်မှာမှေးတင်နေတဲ့အချိန်ပေါ့။
တစ်ချို့ကပြောကျတယ်.ညနေဆည်းဆာချိန်မှာမအိပ်နဲ့၊လူရဲ့စိတ်ကို
နုံးချိစေပါတဲ့လေ။ဘာပဲဖြစ်ဖြစ်အလွမ်းဓာတ်ခံရှိသူတွေကတော့
ညနေဆည်းဆာချိန်မှာနေမင်းကြီးကိုကြည့်ပြီးလွမ်းကြတယ်။
တစ်ချို့တစ်ချို့တွေကရသမြောက်တဲ့ကဗျာတွေကိုညနေမှာမှရေးစပ်
သီကုံးနိုင်ပါတယ်တဲ့လေ။

မြို့ပြ (၁)

ဖရေဇာလမ်းမကြီးအပေါ်မှာညနေပိုင်းရုးံဆင်းချိန်.ကျောင်းဆင်းချိန်မို့
ကျောင်းကား.ရုံးကား.ဘတ်စ်ကားဗိုက်ပူမှအစlandcruiserအဆုံး
ပြည့်ကျပ်နေတာထုံးစံအတိုင်းပါ. ဦးထုတ်အနက်ကိုခပ်ငိုက်ငိုက်
ဆောင်းထားတဲ့ချာတိတ်တစ်ယောက်လမ်း၅၀ဘတ်စ်ကားဂိတ်မှာ
ကားစောင့်နေတယ်.ကားကလည်းကျပ်လိုက်တာဗျာ...တစ်
စီးမှကိုချောင်လှတယ်မရှိလှ။ နာရီကိုတစ်ချက်ကြည့်လိုက်ပြီး...
သင်တန်းချိန်ကလည်းနီးနေပြီ...ဗိုလ်တစ်ထောင်၅နဲ၆ကလည်းဆင်းတော့
မှာ.ဟူး....သက်ပြင်းကိုခပ်သဲ့သဲ့ချရင်း.လှစ်ခနဲလမ်းလျှောက်ထွက်ခဲ့တယ်
ပူလိုက်တဲ့ရာသီဥတုကွာဂလိုဘယ်ဝမ်းမင်းဆိုလားဘာလားအဲဒါကြောင့်ဖြစ်မှာ။ ၄၇လမ်းစီးတီးမတ်နားရောက်တော့စုတ်ပြတ်သတ်နေတဲ့
Sony Ericsson ထဲကိုမက်ဆေ့ခ်ျဝင်လာတဲ့ringtone လေး
message...message...message တဲ့ ..."ဟေ့ကောင်ဒီနေ့ပိုင်အိုးနီယားမှာ
ရှိုးရှိတယ်...ငါနဲ့ကျော်သက်နိုင် အခုပိတောက်ရိပ်မှာလာခဲ့...no excuse" နာရီကိုငုံ.ကြည့်လိုက်ပြီး...နာရီလက်တံက ၅နာရီတိတိကိုညွှန်းနေတယ်
အိုကေလို့ပြန်ရိုက်ထဲ့ပြီးsendခလုတ်လေးကိုနိုပ်လိုက်ပြီ...ပျက်ပြန်ရော
၃၉လမ်းကအင်္ဂလိပ်စာသင်တန်းတစ်ရက်...ပိတောက်ရိပ်ရောက်တော့ ဟိုနှစ်ကောင်အာလူးဖုတ်လို့ကောင်းနေတုန်း...ညီထောပတ်သီးတစ်
ခွက်ပေးဗျို့...ပိတောက်ရိပ်ထက်ကောင်းတဲ့ထောပတ်သီးဖျောက်ရည် ကိုအခုထိရှာလို့မတွေ.သေး။ကြုံတုန်းကြော်ငြာဝင်တာ
ဟေ့ကောင်တွေ...ဒီနေ့ဘာပွဲလဲ? ဒီနေ့ပွဲကောင်းတယ်...အဆိုတော်တော်
တော်များများဘဲ့...ဟိုရောက်မှလက်မှတ်ဝယ်ရအောင်...ဘယ်ချိန်လဲ?
၆နာရီ(ငတီးရဲ့ဘုတောတောသံ)...ဟေ့ကောင်မြန်မြန်သောက်အချိန်မရှိဘူး
လိမ့်ရအောင်...ဟိုမှာ အောင်ခမ်းနဲ့ကိုဖြိုးရောက်နေပြီ...ကျော်သက်နိုင်က
ကျနော့်ကိုပြောလိုက်ခြင်းဖြစ်သည်။အေး...ဒိုးမယ်...ညီကိုလက်မှတ်ယူမလား
အဝင်ဝမှာလက်မှတ်ကုန်နေပြီ...ကားတောင်မရပ်ရသေး.မှောင်ခိုသမားရဲ့
အသံပါ...ဘယ်လောက်လဲ...၁ စောင်၄၀၀၀ ၃ စောင်ကို ၁၁၀၀၀နဲ့ယူသွား
အင်းမဆိုးပါဘူးကွာ Uncle Samမှာ ၃၅၀၀ လို့ရေးထားတာငါမနေ့က
တွေ.တယ်၊ယူလိုက်တော့ ဟုကျော်သက်နိုင်ကကျနော့်ကိုဝင်ပြောလိုက်တယ်
...၅း၄၅ ရှိပြီ...ရှိုးတော့မစသေးဘူး...ဒဂုံ(၁).လပြည့်ဝန်းတစ်ဝိုက်မှာ
ကာလာမျိုးစုံနဲ့ရက်ပါတွေပန်.ခ်တွေ...ဒီနေ့ပွဲကကျားပေါက်၊ကိုင်ဇာတင်မှုံ၊
မောင်မောင်ဇော်လတ်.စိုင်းစိုင်း.ရဲလေး.ဂျေးမီ.....မြူးဇစ်မျိုးစုံရောထားလို့
.....အားပေးမဲ့လူတွေကလည်းကိုယ့်လိုင်းနဲ့ကိုစီတွေ...
ရန်ကုန်မြို့ရဲ့ညနေတစ်ခုကတော့တစ်ဖြည်းဖြည်းအသက်ဝင်လာပြီ...
စင်အောက်မှာခုန်ပေါက်နေတဲ့ချာတိတ်တွေနဲ့အတူ
ကျနော်တို့လည်းမြိုပြရဲ့ညနေတစ်ခုကို မြူးဇစ်နဲ့ ရှင်သန်ခဲ့တယ်...

မြို့ပြ (၂)

ညနေ၅နာရီအတန်းဆင်းပြီ။ချာတိတ်တစ်ယောက်သူငယ်ချင်းတွေကိုတောင်
မနှုတ်ဆက်တော့ဘဲအတန်းဆင်းဆင်းခြင်းထွက်ခဲ့တယ်.၆နာရီအလုပ် ရှိတယ်မြန်မြန်သွားမှဘဲ.....သာမာန်၁၀မိနစ်လောက်လျောက်ရတဲ့
ကျောင်းမှဘတ်စ်ကားဂိတ်ကို ၅မီနစ်နဲ့အမြန်ပြေးသွားရပြီ။
ကားဂိတ်ရောက်တော့...ဟောဟဲ...ဟောဟဲ...မကြာပါ...၁၅၄ရောက်လာပါပြီ
ကျောင်းက bukit timah အလုပ်က jurong east IMM မှာတိုက်ရိုက်
ရောက်တဲ့ကားရှိပေမဲ့ ၁နာရီလောက်စီးရမှာ...မဖြစ်ပါဘူး၁၅၄စီးပြီး
clementi ရောက်မှ ၅၂ကိုပြောင်းစီးတော့မယ်...အဲဒါဆိုရင်
မီနစ် ၃၀လောက်ဘဲ...အိုကေ...စီးပြီ။ ဖုန်းက silent လုပ်ထားလို့
vibrationအသံလေးကြားနေရတယ်...အမောမပြေသေးလို့အသံဖုန်းလာ
မှန်းတောင်သတိမထားမိဘူး...one voice mailတဲ့...ဟေ့ကောင်...ဒီနေ့
ရုပ်ရှင်သွားကြည့်ရအောင် Doubby Gaut Cathay ကိုလာခဲ့...ဒါဘဲ့...
ကျနော်ဟူး......မဖြစ်ပါဘူးကွာ...ဟိုတစ်ပတ်ကဘဲသူငယ်ချင်းပြောပေးလို့ ရထားတဲ့ရှားရှားပါးပါးအလုပ်လေး...ပျက်လို့မရဘူး...
သွားမယ်...သွားမယ်...သွားမယ် ရဲရဲကြီးစိတ်ပိုင်းဖြတ်လိုက်တယ်...
သူငယ်ချင်းဆီတော့messageပြန်ပို့လိုက်မှဘဲ...ဆောရီး...
အလုပ်ရှိလုပ်မလာဖြစ်ဘူး...နောက်တစ်ခါပေါ့ကွာ...message's sending..
IMM...7/11ကိုရောက်တော့ ၆နာရီထိုးဖို့၅မိနစ်လို...
ဟူး..တော်ပါသေးရဲ့...မလေးမတစ်ရောက်တော့ cashier မှာတစ်ရောက်ထဲအလုပ်ရှုပ်နေပြီ...လူကတော့သိပ်မရှိလှ...
ကြာသပတေးနေ့မို့လို့ဖြစ်မှာပါ။မလေးမကတော့ကျနော်ရောက်ရောက်ချင်း နားကိုပူညံပူညံလုပ်နေပြီ...ဒီနေ့ပစ္စည်းလာမှာမို့လို့စီရ...မရ...
သယ်ရမဲ့အကြောင်းမနက်ဖြန်ရုံးချုပ်ကလူလာမှာမို့လို့သန့်ရှင်းရေးလုပ်ရမယ်ဆိုတဲ့အကြောင်း...စုံပလုံစိနေတာဘဲဗျာ...နောက်တော့...
သူ.ညစာစားချင်နေပြီမို့ဆိုင်ခဏစောင့်လို့ပြောပြီးထားခဲ့ပြီ...
ဒီနေ့ညနေတော့တစ်ကယ့်ဆိုးရွားနေတယ်...မနက်ဖြန်ထပ်ရတော့မဲ့
Assignmentကလည်းမပြီးသေး...အလုပ်မှာကလည်းတစ်ကယ့်အလုပ်
များတဲ့နေ့...အိမ်အပြန်Assignment ရေးဖို့အားကျန်ပမလားမသိ..
.ဒီညတော့မအိပ်ရတော့ဘူးထင်တယ်...
အစီအရီပေါ်လာတဲ့အတွေးမျိုးစုံကို...တီး...တောင်....ဟုcustomer
ဝင်လာတဲ့အသံကြားရတော့ပျောက်ကွယ်သွားပါရော...
ဘယ်လိုအကြောင်းကြောင်းကြောင့်မဆိုcustomerကိုအကောင်းဆုံး
ဆက်ဆံရမယ်ဆိုတဲ့ကျောင်းမှာသင်ထားရတဲ့စာအတိုင်း...
ရှိစုမဲ့စုတွေကိုဖြစ်ညစ်ပြုံးရင်း.....

ဝါသနာတစ်ခုရဲ့တစ်ပိုင်းတစ်စ(သို့)အသက်၂၀မပြည့်မီသွားခဲ့သောခရီးများ








ခရီးသွားရခြင်းကိုတော်တော်များများနှစ်သက်ကျလိမ့်မယ်လို့ထယ်ပါတယ်ဝါသနာ
အရခရီးသွားခြင်းဖြစ်သလို.အလုပ်ကိစ္စတစ်စုံတစ်ရာကြောင်းကြောင်းကြောင့်ခရီး
သွားကြတယ်.တစ်ချို့ကဘုရားဖူးခရီးသွားသလို.တစ်ချို့ကအပန်းဖြေခရီးတဲ့။
ခရီးသွားခြင်းကိုအရှေ့မှာအဘယ်သို့အမည်နာမတပ်တပ်ခရီးသွားခြင်းကြောင့်
လူတစ်ဦးရဲ့စိတ်ကိုပြောင်းလဲစေတယ်... ဒေသန္တရဗဟုသုတရစေသလို
နွမ်းလျနေတဲ့လူရဲ့စိတ်ကို နယ်မြေသစ်မှာလန်းဆန်းစေပြီး ခွန်အားသစ်တွေ
မွေးဖွားပေးသတဲ့။ ခရီးသွားခြင်းကြောင့်အကျိုးကျေးဇူးရှိသလို
မသွားခင်ကိုယ်သွားမဲ့နေရာဒေသကိုလိုက်ပြီးဆောင်သင့်ရှောင်သင့်များက
ိုကြိုတင်လေ့လာသင့်ပါသတဲ့လေ။

(ကျနော်ရွှီးနေတာနည်းနည်းများသွားပြီထင်တယ်...
လိုရင်းကိုတောင်မရောက်နိုင်တော့ဘူး)
ကျနော့်ဝါသနာထဲမှာခရီးသွားခြင်းဟာတစ်ခုပေါ့ဗျာ...သွားခဲ့တဲ့ခရီးများက
မြန်မာပြည်တောင်နှံ့နှံ့စပ်စပ်မရှိလှပေမဲ့ကျနော့်ဘဝအတွက်အမှတ်တယ
တွေအများကြီးပါ။ကျနော်မွေးကတည်းက ၁၀တန်းစာမေးပွဲပြီးတဲ့အထိ
သွားခဲ့တဲ့ခရီးစာရင်းမှာများများစားစားမရှိလှ။ထားဝယ်-ရန်ကုန် ကို ကျောင်းပိတ်တုန်းအဖေကိစ္စရှိလို့၊အမေပစ္စည်းဝယ်စရာရှိလို့လိုက်
သွားတာရယ်.တစ်နှစ်တစ်ခေါက်တော့အနည်းဆုံးရောက်ဖြစ်ပါရဲ့။
ဖေဖေမေမေကောင်းမှုကြောင့်လည်းကျနော်ရန်ကုန်မှာ၉တန်းကတည်းက
နေဒီကိုမရောက်ခင်ထိလည်လည်ဝယ်ဝယ်သွားတတ်တာပေါ့လေ။

ကဲစပါပြီဗျာ.ကျနော့်ရဲ့မှတ်မှတ်ရရရှိလှတဲ့ခရီးစဉ်များကိုအူဝဲ...အူဝဲ
(အိန္ဒြာကျော်ဇင်ကိုအော်ခြင်းမဟုတ်ပါ)အော်နေတဲ့အခါစ
၉လအရွယ်ကတည်းက ရန်ကုန်ခရီးကိုစခဲ့ပါသတဲ့...
သားသားလည်လည်သွားတာတော့မဟုတ်။

အပြင်းဖျားလို့အဖေနဲ့အမေမှာအသည်းသန်ရန်ကုန်မှာဆေးခန်း
သွားပြတာပါ။နောက်၃နှစ်အကြာရန်ကုန်ရွှေမြို့တော်ကြီးကိုနောက်တစ်ခေါက် ရောက်ခဲ့တယ်...ဒီတစ်ခါတော့မှတ်မိသွားပြီ.အရှေ့ရန်ကင်းကြား
မှတ်တိုင်နားကကျနော့်အဖွားလေးအမေ့ရဲ့အဒေါ်အိမ်
(အခုတော့E-Tech Computer Service)မှာတည်းခဲ့တယ်
အဲဒီမှာစလွဲရော...ကျနော့်ရဲ့ဦးဦး.ဒေါ်ဒေါ်.ကိုကို.မမ.များက
သကြန်အထက်မြန်မာပြည်ခရီးသွားကြမလို့တဲ့လေ။အမေနဲ့ကျနော့်ကို
ခရီးပန်းမယ်၊ဘိုးဘိုး၊ဖွားဖွားနဲ့ပဲရန်ကုန်မှာနေခဲ့တော့ဆိုပြီးထားခဲ့တယ်။
ဘယ်လောက်သနားစရာကောင်းလိုက်လဲကျနော့်အဖြစ်.ကြည့်ကြပါ။
သကြန်အတွင်းကြီးမှာအပေါ်ထပ်ကျနော့်ရွယ်တူတစ်ယောက်နဲ့ရေလည်း
မကစားရဘဲရန်ကင်းမြောင်းကြီးထဲမှာဒေါင်းငါးအပြိုင်ဖမ်းခဲ့ကြရတယ်...
အဲဒီတုန်းကသာအပေါ်ပိုင်း(မြန်မာပြည်အပေါ်ပိုင်းကိုဆိုလိုတာပါ)ကို
ရောက်ခဲ့ရင်.ငယ်ငယ်ကသူငယ်ချင်းတွေအရှေ့မှာငါဘယ်ရောက်ဖူးတယ်
လို့ကြွားလို့ရသေးတယ်။ထင်သလိုတော့မဖြစ်ခဲ့...သူတို့ဖော(ဖ်)ခဲ့သမျှကို
တဩော်ဩော်ပဲလေ(ရောက်မှမရောက်ဖူးတာကိုး)...အဲဒီနောက်ပိုင်း
ရန်ကုန်ကတော့နှစ်စဉ်ဆိုသလိုရောက်ခဲ့တယ်(အမှန်တော့ကျနော်
ချုချာလို့ဆေးခန်းလာပြရတာ)ရန်ကုန်မှလွဲပြီးပထမဆုံးကျနော့်နယ်မြေ
သစ်ခရီးကတော့အရမ်းဝေးတယ်လေ။
မြိတ်(ဘိတ်)ကိုပါ။အမေ့ရဲ့တက္ကသိုလ်တက်ဖက်ဘော်ဘော်တွေရဲ့ဖိတ်ခေါ်မှုကြောင့်
အမေနဲ့အတူ ဦးလေး.အဒေါ်.တစ်ဝမ်းကွဲလေသော
အစ်ကို.အစ်မ ပေါင်း ၁၅ ယောက်တိတိ ရန်ကုန်အဲဝေး promotion ခရီးစဉ်နဲ့
ကျနော် ၄တန်းနှစ်သီးတင်းကျွတ်ခရီးစဉ်ပါ.မှတ်မှတ်ရရ ကတော့ကျနော်တို့က ၁၅ယောက်.အမေ့သူငယ်ချင်းအယောက်၂၀ပေါင်း၃၅.၄၀နီးပါးမြိတ်မြို့တစ် ရှောက်ဒိုင်နာကားကြီးတစ်စီးနဲ့၃ရက်လောက်လျှောက်ဒိုးခဲ့တာပါ။
ပထော်ပထက်ကျွဲကူးကျောက်ဖြာ.သိမ်တော်ကြီး.အရှေ့ရွာစုံနေတာပဲဗျာ။

ဒုတိယခရီးကတော့၁နှစ်တိတိကြာတဲ့အချိန်မှာကျိုက်ထီးရိုးဘုရားကို ကျနော့်အဒေါ်.ဦးလေးတွေနဲ့ပါ(အဘိုးဆုံးပြီးလို့စိတ်ပြေလက်ပျောက်တဲ့)။
နောက်ပိုင်း၉တန်း၁၀တန်းရန်ကုန်မှာဘော်ဒါလာတတ်တဲ့အထိပဲခူးနေ့ချင်း
ပြန်ဘုရားဖူး.ဇလွန်ပြည်တော်ပြန်ဘုရားဖူး(အမေနှင့်တစ်ခေါက်စီ.အဖွားနှင့် တစ်ခေါက်စီ.ပေါင်းလေးခေါက်)မှလွဲပြီးရောက်ဖူးသည်မရှိလှ...။

အဲဒီကြားထဲအလွဲခရီးက နှစ်ခေါက်ပေါ်လာပြန်ပါသည်။ ရင်နာဖို့ကောင်းလိုက်လေခြင်း...ဆက်လက်ခံစားပေးကြပါ.ကျနော်၉ တန်းဒီဇင်ဘာကျောင်းပိတ်ရက်ပါ.အမေနှင့်အတူကျနော့်ညီငယ်နှစ်ကောင်
ကော့သောင်းမှာနေတဲ့ကျနော့်အဒေါ်ကလာလည်လှည့်ပါလို့ခေါ်ဆိုမှုကြောင့် ကျနော်အသွားချင်ဆုံးနေရာများထဲကတစ်နေရာဖြစ်တဲ့ ကော့သောင်း.
သူဌေးကျွန်း.ရနောင်း ခရီးတဲ့ ကျနော်ဘော်ဒါကကျနော့်ရဲ့အပြင်ထွက်ခွင့်ရက်
(OutPass)ကုန်သွားတာတကြောင်း.စာမေးပွဲနီးလို့တစ်ဖုံရင်ကွဲ ပက်လက်ကျန်ခဲ့ရပါတယ်.နောက်တစ်ခု...နောက်နှစ်၁၀တန်းအတွက် ပြင်ဆင်နေပါပြီ.ဧပြီလအစပေါ့.ကျနော်တို့နှင့်ဆွေမျိုးတမျှရင်းနှီးလှတဲ့
အဖေရဲ့မိတ်ဆွေလင်မယားဆွဲဆောင်မှုကြောင့်သင်္ကြန်အပြီးမလေးရှား
.စင်္ကာပူခရီးလာပြန်လေပြီ.ဆယ်တန်းဆိုတဲ့ဘဝတိုက်ပွဲစာမေးပွဲကြီး
ဟူသောခေါင်းစဉ်ကြီးကြောင့်အသိတရားရလိုက်ပါတယ်...
မလိုက်တာဘဲ့ကောင်းပါတယ်လေ(ကိုယ့်ကိုယ်ကိုအားပေးတာပါ).
အငယ်နှစ်ကောင်ကတော့ခရီးအပြန်ကြွားလိုက်လေခြင်း...
sentosa ကဘယ်လို K.L ကTwin Tower က ဘယ်လိုနဲ့.....
တွေ.ကြသေးတာပေါ့...ဟဲဟဲ

၁၀တန်းပြီးတော့အမေ့အိမ်ခဏပြန်တုန်းခွင့်တစ်ခုတောင်းခဲ့တယ်.
ဘာလဲဆိုတော့နောက်ခရီးသွားဖို့ကြုံကြိုက်ခဲ့ရင်ဒါမှမဟုတ်
အခြေအနေပေးခဲ့ရင်လိုက်ပါဖို့ပါ။ အမေလည်း၁၀တန်းပြီးခါစ
နားငြီးပဲသက်သာစေ.သနားငဲ့ညှာသောအားဖြင့်ခွင့်ပြုလိုက်ပါတယ်...
စိတ်ထဲမှာသွားဖို့ခရီးစဉ်များကအလုံလောက်ရှိပြီးသား။ မေလရောက်တော့ကျနော့်ကိုသင်တန်းလေးဘာလေးတက်ဖို့
ရန်ကုန်ပြန်ပို့ပြန်တယ်...ခရီးထွက်ဖို့ကြောင်းဖန်
လာပါပြီ...ရောက်ရောက်ချင်းတစ်လအတွင်း ဇလွန်ကိုနောက်တစ်ခေါက်
ထပ်ရောက်ဖြစ်တယ်...စပါပြီ။သင်တန်းတက်ရော K.M.D,YES
တို့မှာကျနော့်၁၀တန်းကဘော်ဒါ တီတီးနဲ့အတူသူငယ်ချင်း
တော်တော်များများဆုံမိလေပါတော့တယ် ဝါသနာတူတွေပါ
အားရင်သွားမယ်ဆိုကြီးပဲ(ခရီးကိုပြောတာပါ)

ဇွန်လကုန်ကျနော်တို့အောင်စာရင်းထွက်ပြီးချင်း တောင်ငူခရီးပါ...
စက်တင်ဘာရောက်ပါပြီ တာချီလိတ်က ကျနော့်ဘော်ဒါအောင်ခမ်း ဦးဆောာင်မှုနဲ့အတူမန္တလေးခရီး.သီတင်းကျွတ်တော့ဘုရားဖူးသွားမယ်
အကြောင်းပြပြီးကျိုက်ထီးရိုးစက်တင်ဘာရောက်တော့အမေ့အိမ်ကိုခဏပြန်ပြီး
ဒီဇင်ဘာရောက်တော့ချောင်းသာပါ။၂၀၀၆ရောက်ပါပြီ...
ပထမခရီးစဉ်ကတော့ထားဝယ်မိသားစုခရီ(မန္တလေး.စစ်ကိုင်း.ပြင်ဦးလွင်.မုံရွာ)
ကျနော့်ဖေဖေကတော့နည်နည်းငြိငြင်စပြုလာပါပြီ.ဒီကောင်ရန်ကုန်မှာ
သင်တန်းသွားတက်ခိုင်းထားတာ...သင်တန်းမရောက်ဘဲခရီးပဲသွားနေတယ်...
ဘာညာပေါ့( နောင်တဆိုတာနောင်မှတလို့ရတာ မှန်လိုက်လေခြင်း.
ခရီးကိုသင်တန်းရှိချိန်မှာခိုးမသွားဘဲ.စာသေသေချာချာလုပ်ခဲ့ရင်ဖြင့်...
အခုဆိုတက်သင့်သလောက်တက်နေရောပေါ့...အခုတော့.ကွန်ပြူတာက
လည်းဘာမှမတက်.အင်္ဂလိပ်စာကလည်းလည်လည်ဝယ်ဝယ်မရှိ..
.ဩော်
opportunity cost ဆိုတာအဲတာများလား ?) ခရီးစဉ်တောင်ဘယ်ရောက်
သွားလဲမသိဘူး.ကြော်ငြာဝင်လိုက်လို့၂၀၀၆သင်္ကြန်ကတော့ဒီနှစ်တက္ကသိုလ်က ဘော်ဘော်တွေနဲ့အတူကဲမယ်ပေါ့...လက်မှတ်တောင်ဝယ်ပြီးပြီ.....
ဘာလဲ Banana ဆိုလားပဲ မဏ္ဌပ်နာမည်က...သို့သော်.သို့သော်.သို့သော်
အမေကတစ်နှစ်မှတစ်ခါရက်ရှည်ရှည်အားတဲ့သင်္ကြန်ကို ရွှေစက်တော်.ပုဂံဘုရားဖူးသွားမယ်လို့ဆိုလာပြန်တော့...သင်္ကြန်နဲ့ခရီး
ဘယ်ဟာရွေးမလဲလို့ကျနော်ဆုံးဖြတ်ရတော့မယ်လေ(စင်္ကာပူလာတုန်း
ကတောင်အဲဒီလောက်မဆုံးဖြတ်ခဲ့ရဘူး)နောက်ဆုံးတော့လည်းဝါသနာကို
အရင်းခံပြီးတော့အမေနဲ့လိုက်ခဲ့တယ်(မိသားစုခရီးမို့လို့ပါ...fatherကြီးတော့
မပါလိုက်ရဘူး.အိမ်စောင့်ကျန်ခဲ့တယ်).နောက် ၂၀၀၆ အတွင်းချောင်းသာ
တစ်ခေါက်.ထားဝယ်တစ်ခေါက်ရယ်နှစ်ခေါက်ပဲရောက်ဖြစ်တယ်.
တော်ပါသေးရဲ့သွားများသွားလို့ကတော့စင်္ကာပူမရောက်ဘဲရွာပြန်နေရပြီ။
တောင်ကြီးတန်ဆောင်တိုင်စီစဉ်လိုက်သေးတယ်...ဦးလေးမင်္ဂလာဆောင်
နဲ့တိုက်နေလို့သူငယ်ချင်းတွေပဲဒိုးသွားကြတော့ကျန်ရစ်ပေါ့လေ...
အဲကောင်တွေအပြန်အင်းလေးကဝယ်ခဲ့တဲ့ရှမ်းကျီလေးနဲ့ပဲတင်းတိမ်လိုက်
ပါတယ်...၂၀၀၇ မှာတော့ ထားဝယ်မိသားစုတွေနဲ့ရွှေစက်တော်ခရီးနောက်
တစ်ခေါက်..ဒီမလာခင်လေးပေါ့ဟဲဟဲ...ပြီးခဲ့တဲ့မတ်လတုန်းကပြည်တော် ခဏပြန်တော့အမေရဲ့ကောင်းမှုကြောင့်ကျိုက်ထီးရိုးဘုရားရောက်ဖြစ်
ခဲ့သေးတယ်...ထူးခြားတဲ့တောင်းဆုတစ်ခုလည်းပြုခဲ့ပါလေရဲ့...
နောက်တစ်ခါကျိုက်ထီးရိုးဘုရားဖူးကိုမိသားစု
စုံစုံလင်လင်နှင့်ဖူးလိုပါ၏.....တဲ့ ။

စာကြွင်း...ကျနော်တို့သွားတိုင်းအဖေကအိမ်စောင့်အဖြင့်ကျန်ခဲ့လွန်းလို့
နောက်တစ်ခါခရီးစဉ်ကိုပါပါး.မာမားအငယ်နှစ်ကောင်နဲ့အတူကျနော် အပါဝင်မိသားစုခရီးလေးကိုစောင့်စားရင်း.....

သံလွင်ဟီးရိုး

September 22, 2008

ပေဖူးလွှာ







အိုဘယ့်ဌာနေ ဘယ်ဌာနေ
အလွမ်းစေတီ
လှည်းလမ်းအဝင်ဝက
ဆည်းလည်းသံ တရွာလုံးသိမ့်အောင်ညံ...

မနက်မိုးသောက်၊ ညိုပြာကောင်းကင်အောက်
အရီးလေး၊အမေချစ်၊
သူကြီးကတော် တို့အိမ်ဂေဟာ
မီးရောင်ရယ်မှိန်ပြပြ၊ ခိုးငွေ.ကတလူလူ
အဖိတ်နေ့ အာရုဏ်ဆွမ်း
အမှီလောင်းဖို့ချက်ကြပေါ့...

ရွာလည်ကျောင်းက
ကပိယဦးမှတ် ရဲ့အုန်းမောင်းသံ
ပျိုသံဃာရွာတန်းတစ်လျှောက်
ဆွမ်းခံထွက်ဖို့အချိန်မှန်...

ခင်လေးရေခပ်ဆင်းတဲ့
ကြာညိုကန် ကန်ပတ်လမ်း
ဒီနေ့မနက်အကိုလျှောက်ခဲ့ပြီပေါ့
ခါ.ရစ်တွန်သံနဲ့အတူ
ကိုရွှေဖားကပါ နှုတ်ဆက်နေလေရဲ့...

ကန်အလွန်ပျော်စံရာ
ကိုတို့အကြိုက်ရွှေထန်းတော
အသံတိတ်လို့ပြန်...
ပုဆိုးကတောင်းကျိုက်
ဝါးကျည်တောက်ဆွဲ
ထန်းတောပိုင်ဦးလှ
သည်ပင်ဟိုကူး
ကာလသားတို့နေ့လည်စာ
ရှာကျန်နေလေရဲ့...

ဩော်...ဒီဌာနေ ဒီသာယာကုန်းရွာ
အကိုခွဲရတော့မယ်
အိမ်မက်ကမ္ဘာပျော်ရှာနေတဲ့ခင်လေးငယ်
သိပါရဲ့လား...

ခွဲခွာရမဲ့စကား ပြောမထွက်ခဲ့
ခင်ငယ့်ရွှေစိတ်တော် ညိုသွားမှာ
မမြင်ချင်တဲ့အကိုတော်
ချက်ကြီးနဲ့စာလွှာထားခဲ့တယ်
အမျက်ပြေပြီး ရွာမှာပျော်နေရစ်လှည့်ပါ

တစ်နေ့တစ်ချိန်
အကိုပြည်တော်ပြန်လို့
ခင်ငယ်ရယ်...
ရွာဝင်ထိပ် ရွှေကျောင်းအောက်မှာ
ချစ်ပန်းစည်း နဲ့ ကြိုဆိုနှင့်လှည့်ပါ ကြိုလှည့်ပါ... ။ ။

September 20, 2008

ထားဝယ်မိသားစု(တက္ကသိုလ်များရန်ကုန်) မန္တလေး.စစ်ကိုင်း.ပြင်ဦးလွင်.မုံရွာ ၂၀၀၆ ခရီး



ထားဝယ်မိသားစုခရီးစဉ်ကကျနော့်အမေတို့ရန်ကုန်မှာတက္ကသိုလ်တက်
ကတည်းကရှိခဲ့တာပါ။ရန်ကုန်ရှိတက္ကသိုလ်အသီးသီးမှာကျောင်းတက်နေ
ကျတဲ့ ထားဝယ်သူ ထားဝယ်သားတွေ စုစုစည်းစည်းသွားကြတဲ့ခရီးပေါ့။
ခရီးစဉ်စစီစဉ်ကတည်းကအတန်းလစ်ချင်တဲ့ကျနော့်အတွက်တော့
လုံးဝငြင်းဆိုမှုမရှိဘဲစာရင်းပေးခဲ့တယ်။

ဖေဖော်ဝါရီ၇ရက်၂၀၀၆မှာကျနော်တို့ပြည်လမ်းစိန်ရတုအရှေ့ကနေညနေ
၃နာရီလောက်မှာစထွက်ခဲ့တယ်။အများစုမှာစီးပွားရေ၊ကွန်ပြူတာ၊ဒဂုံ၊
နိုင်ငံခြားဘာသာတက္ကသိုလ်တို့ကပါ။အုပ်ထိန်းသူနေနဲ့စီးပွားရေးတက္ကသိုလ်က
ထားဝယ်ဆရာမဒေါ်မြသန္တာနှင့်ဧည့်သည်ဆရာမတစ်ယောက်ပါပါတယ်။
ကားပေါ်မှာနာမည်၊တက္ကသိုလ်၊တက်နေသည့်နှစ်စသည်ဖြင့်နှုတ်ဆက်ကြ၊
ပါဆယ်ဂိမ်း၊၂လုံးဂဏန်း(၂ဒီအလောင်းကစားသဘောပါ.အရင်ကံစမ်းမဲလက်မှတ်
ရောင်းတယ်။ဖလား၂လုံးထဲကဂဏန်း၂ခုကိုရွေးပြီးပေါက်တဲ့သူပိုက်ဆံရပါတယ်)
ကစားနည်းတော်တော်များများကစားပြီးမှာတစ်ယောက်နဲ့တစ်တော်တော်
ရင်းနှီးလာကြတယ်။
ညနေ၆း၃၀လောက်တော့ပဲခူးရောက်ရော။ညနေစာကိုပဲခူးမှာအဝပြဲစား
ကြတယ်။(စားစရိတ်ပါကြိုကောက်ပြီးသားမို့ပိုက်ဆံပေးဖို့မပူရဘူးဟဲဟဲ)
ကားပေါ်ပြန်ရောက်တော့အီးစီတစ်ရောက်ကကာရာအိုကေဆိုတဲ့သူကိုမုန့်
ကြွေးမယ်လို့ဇာတ်လမ်းစလိုက်ရော၊အီးစီကြွေးတဲ့မုန့်ကိုစားချင်တာကနည်းနည်း
ကိုယ့်အစွမ်းကိုပြချင်သူကများများပါ။အပီပြင်သာဟစ်ကြပါတော့တယ်။
ဖြိုးကြီးရဲ့ချစ်သူများနေ့ဗွီစီဒီကထွက်ကာစမို့စုံတွဲသီချင်းသံတွေကညံနေပါတယ်
ကျနော်လည်းစိုင်းဆိုင်မောဝ်ရဲ့တစ်ရွာပါးအဆိုကောင်းလို့ချောကလက်
စားလိုက်ရတယ်(ဟဲဟဲ)

ည၁၂လောက်မှာဗိုက်ဆာနေမှုန်းသိတဲ့ကားဆရာကနောက်တစ်ခေါက်ရပ်ပေး
ပါတယ်တောင်ငူရောက်ပြီလားမေးတော့မလိုတော့ဘူးတဲ့၊ပေါက်တောသွား
သူကသွားကော်ဖီသောက်သူသောက်၊ကျနော်တို့သူငယ်ချင်းတစ်စုလည်း
ထမင်းကြော်ဝင်ကစ်လိုက်တယ်။ကားပေါ်ပြန်ရောက်ပြီးငိုက်မျဉ်းလာတဲ့အကုန်
လုံးကတစစအသံတိတ်လာကာတောင်ငူ၊ပျဉ်းမနား၊မိတ္ထိလာကိုကျော်သွားမှန်း
မသိဘဲမနက်၇း၃၀အမရပူရရောက်လို့အီးစီများကထလို့ရပြီဟေ့လို့လိုက်အော်
နှိုးတော့လို့ကားပေါ်မှဆရာမပါမကျန်နိုးလာပါတော့တယ်။ကျနော်နိုးလာ
လို့ကြည့်လိုက်ချိန်မှာတော့ကျောက်ဆည်ဆင်ကြီးက၊ကပြဖျော်ဖြေနေလေရဲ့။

အမရပူရမှာထမင်းနံနက်စာစားပြီးကားဆရာကကားကိုပြင်ဦးလွင်သို့ဦးတည်လိုက်
တယ်။မြွေလိမ်မြွေကောက်တောင်တက်လမ်းများနဲ့အတူစိုင်းထီးဆိုင်ရဲ့ကားပေါ်မှာ
လွှင့်ပျံ့နေတဲ့သီချင်းသံကမောသျှမ်းမြေရဲ့အငွေ.သက်ကိုထင်ဟပ်နေသလိုလို...
၂၁မိုင်မှာနာမည်ကြီးမုန့်ကိုစားပြီးစတော်ဘယ်ရီသီးများနဲ့စတင်မိတ်ဆက်
လေရော...တော်တော့ကိုတန်တာပါ။၃ခြင်းမှ၂၀၀တဲ့.ဘယ်နေရာတွင်မှမရနိုင်
တဲ့ဈေးပါ...ဆောင်းအကုန်ရဲ့အအေးဓာတ်ကပြင်ဦးလွင်နဲ့နီးလာလေလေသိသိ
သာသာအေးလာလေလေ...ပြင်ဦးလွင်ရောက်ရောက်ချင်း ဘိုးဘိုးကြီးနတ်
ကွန်းမှာကားဆရာကအရင်ဆုံးဦးတိုက်ပြီး...နေ့လည်စာစားကြတယ်။

မပာာအံ့ထူးကံသာပြည်ချစ်ဘုရား.နဲ့ပိတ်ချင်းမြေုာင်သွားပြီးအချိန်နောက်ကျသွား
လို့ထီးလှိုင်စတော်ဘယ်ရီခြံကိုမသွားလိုက်ရဘူး...ပြင်ဦးလွင်ညကတော်တော့်ကို ချမ်းပါတယ်...ညစာစားအပြီး...မြူနှင်းကျနေတဲ့ချိန်ဆိုင်ကယ်စီးတဲ့အရသာက
တော်တော်မိုက်တယ်ဗျာ။ကျနော့်သူငယ်ချင်း၂ယောက်က၁ဝတန်းကိုစိုးစံမှာ
နေဘူးတော့ပြင်ဦးလွင်လမ်းတော်တော်ကျွမ်းတယ်.ညကတော့ပြင်ဦးလွင်မြို့ထဲ
ကဘုန်းကြီးကျောင်းမှာအနားယူလိုက်တယ်...မနက်အစောကြီးမှာ...တို့ဟူးနွေး
ကြိုက်တဲ့ကျနော်ကတော့ရှယ်ဘဲ...အပီပြင်တီးပြီးတရုတ်ဘုံကျောင်းမှာသွား
ကတော့ကြတယ်.ပြီးတော့ပြင်ဦးလွင်ရဲ့နာမည်ကြီးရုက္ခဗေဒဥယျာဉ်..
ဥယျာဉ်ထဲကcafeတစ်ခုမှာပြင်ဦးလွင်မိတ်မက်မန်းဝိုင်သောက်ပြီးအလှတရားကို
အပီပြင်ခံစားခဲ့တယ်။ ပုလဲဖြှူဆွယ်တာဆိုင်ကဆွယ်တာတွေကလည်းအိမ်ပြန်
လက်ဆောင်အတွက်ပြင်ဦးလွင်အမှတ်တရပေါ့.

၁၀နာရီခွဲလောက်ပြင်ဦးလွင်ကပြန်ခဲ့ပြီးမန္တလေးကို ၁နာရီလောက်မှာရောက်ရော
ရာသီဥတုကချက်ချင်းကြီးပြောင်းသလိုလို...ချစ်ချစ်တောက်ပူနေတဲ့နေရောင်က
တိုးတိုးဝင်းရောက်တော့အေးချမ်းသွားပါတယ်...အညာလက်ရာဘူဖေးစားအပြီး ဘုရားကြီးကိုသွားဖူးပါတယ်...အကြိမ်ကြိမ်အခါခါဖူးလည်းမဝနိုင်တဲ့မျက်ရှင်တော်
ဘုရားပါ.နောက်တော့ကျနော်တို့ခရီးစဉ်ကမြနန်းစံကျော်ရွှေနန်းတော်ဆီကိုပါ။
မင်းတုန်းမင်း.သီပေါမင်းတို့ရဲ့အနေထိုင်အသုံးဆောင်များကရှေးမြန်မာ့
ယဉ်ကျေးမှုရဲ့ပြယုဂ်တွေပေါ့။ ရွှေကျောင်းတော်.အတုမရှိကျောင်းနဲ့အဲဒီနေ့က
မန္တလေးရဲ့နောက်ဆုံးခရီးစဉ်ကိုမန္တလေးတောင်မှအပြန်မှာအဆုံးသတ်လိုက်တယ်.
အီးစီတွေရဲ့ကောင်းမှုကြောင့်မန္တလေးဘုန်းကြီးကျောင်းကဓမ္မာရုံကြီးမှာ
ကျနော်တို့အတွက်နေရာရလိုက်တယ်ကျနော့်ဘဝရဲ့ပျော်စရာ
အကောင်းဆုံးညထဲကတစ်ညပေါ့။

ကျနော်မကစားဖူးတဲ့ကစားနည်းမျိုးစုံကိုဓမ္မာရုံထဲမှာကစားခဲ့တယ်.
အုပ်စုခွဲပြီးကစားကြတဲ့အချိန်မှာကျနော်တစ်ခါမှမတွေ.ဖူး...မခံစားခဲ့ဖူးတဲ့
Team spiritကိုရခဲ့တယ်...အပျော်ကြီးပျော်ခဲ့တာပါ။မနက်ရောက်တော့
ကားဆရာကတောင်သမာန်အင်းကိုအရင်သွားမလားဦးပိန်ကိုအရင်
သွားမလားတဲ့၊ကျနော်က...ဦးပိန်တံတားအောက်...
တောင်သမာန်အင်းအလည်က ထန်းရည်တဲကိုသွားမယ်လို့ပြန်ပြောလိုက်
တော့...မင်းမဆိုးဘူးဆိုပြီးကျနော့်ကိုကြည့်ပြီးရီနေတယ်...
(ဟဲဟဲ...ဘယ်ရမလဲ) ကျနော်တို့မနက်စောစောကြီးဦးပိန်တံတားပေါ်မှာ
လေညုင်းခံရင်း ထန်းရည်ချိုချိုလေးကိုငါးကလေးကြော်ကျွတ်ကျွတ်လေး
နဲ့မြည်းခဲ့တယ်။နောက်တော့စစ်ကိုင်းဆွမ်းဦးပုညရှင်.မုံရွာ မိုးညှင်းဘုရား၊ ကမ္ဘာအကြီးဆုံးရပ်တော်မူနှင့်ရွှေသာလျောင်းရှိတဲ့ဘောဓိတစ်ထောင်
ဘောဓိတစ်ထောင်ဆရာတော်ကိုဖူးခွင့်လည်းရခဲ့အတွက်ဝမ်းသာလှတယ်ဗျား။
မုံရွာမှအပြန်အတော်ညဥ့်နက်လှပြီမို့ စစ်ကိုင်းကောင်းမှုတော်ဘုရားမှာပဲ
ကျနော်တို့အိပ်ခဲ့ကြတယ်။မနက်ဖက်ကောင်းမှုတော်ဘုရားမှာ
ဘုရားဝတ်ပြုကြပြီးကျနော်တို့ရဲ့အပြန်ခရီးစခဲ့တယ်။

ပုလိပ်မြို့ကနာမည်ကြီးမြွေဘုရား.မိတ္ထိလာကန်တို့ဝင်ခဲ့သေးတယ်။
ငယ်ငယ်ကသင်ခဲ့ရတဲ့ကန်နံဘေးကနတ်ကွန်းကိုတော့မကန်တော့ခဲ့ရဘူး။
အပြန်ခရီးမှာ အကုန်လုံးခွဲရတော့မယ်အသိကုန်စီနဲ့မျက်နှာမကောင်းကြ
တော့ပါ...စီနီယာမမကြီးတစ်ယောက်ဆိုနောက်နှစ်လည်းလိုက်ချင်သေးလို့
နောက်semesterကိုစာမေးပွဲကြခံမယ်တဲ့လေ...။
ဘုရား.ဘုရား.ဘုရား...ကျနော်တို့မှာ...အစ်မရယ်စာမေးပွဲတော
့အောင်အောင်ဖြေပါ...နောက်နှစ်သွားရင်အစ်မကိုGuestအနေနဲ့ခေါ်ပါ့မယ် လို့မနည်းချော့လိုက်ရတယ်...ကျနော်တို့ရန်ကုန်မြို့ထဲဝင်လာ
တော့ မနက် ၅ နာရီ...ဖေဖော်ဝါရီ ၁၁ ရက်ရှိပါပြီ...ဇော်ပိုင်ရဲ့မြို့အဝင်ည
သီချင်းကတသဲ့သဲ့နဲ့.......လှည်းတန်းရောက်တော့...
ကားဆရာကသက်ြန်အကြိုသီချင်းနဲ့အတူအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်.....
....ပြန်ပါအုံးမယ်...ပြန်အုံးမယ်...နှုတ်ခွန်းဆက်ပါတယ်တဲ့.....၅နာရီခွဲမှာတော့
အားလုံးကစိန်ရတုခန်းမမျက်နှာချင်းဆိုင်ကမ္ဘောဇဘဏ်ရှေ့မှာ
လူစုခွဲလိုက်ကြပါတယ်...အီးစီများကတော့၇လပိုင်းမိတ်ဆုံညစာစားပွဲမှာပြန်
ဆုံဖို့လိုက်ပြောနေလေရဲ့.....

၂၀၀၆ခုနှစ်ထားဝယ်မိတ်ဆုံခရီးစဉ်မှာခင်မင်ခဲ့သောသူငယ်ချင်းများသို့အမှတ်တယ

သံလွင်ဟီးရိုး

ထားဝယ်ငါးပြုတ်စားရအောင်

ကျနော် မလုလုဘလော့ကိုသွားပြီး မြန်မာအစားသောက်တွေကို သားရေကျနေတာကြာပြီ။ ဟိုတနေ့က မလုလုလက်ရာ ငါးနီတူသုတ်ကိုကြည့်ပြီး ကျနော်လည်း ထားဝယ်ငါးပြုတ်စားချင်လာတယ်။ မထူးပါဘူးဗျာ.အမေ့ဆီဖုန်းဆက်ပြီး ချက်နည်းမေးမှဖြစ်တော့မယ်. တီ......တီ............တီ....ဟယ်လို(အမေ့သံ)...ဟယ်လို.မာမား လား...ကျနော့်ကိုထားဝယ်ငါးပြုတ်ချက်နီးလေးပြောပြပါလား...အခုချက်စားမလို့
မေမေ. ဘာငါးဝယ်ထားလဲ
ကျနော်ဝယ်လာတဲ့ငါးပါ။ kembong လို့တော့ရေးထားတာပဲ။
ကျနော်. ငါးနာမည်တော့မသိဘူး.ထားဝယ်အိမ်မှာတော့အမြဲကြော်စားနေတဲ့ငါးဘဲ.။
မေမေ. ဟုတ်လား။ ဒါဆို.အဲဒီငါးကို ရေအရင်စင်အောင်ဆေး.ပြီးရင် တကောင်ကို ၃တုံးစီလောက်ပိုင်းထား။
ငါးတုံးလေတွေကို ပန်းကန်တစ်ခုထဲထည့်ပြီး ရှာလကာရည်(တော်သင့်ရုံ).ဆား. အချိုမှုန့်အနည်းငယ်စီနဲ့နယ်ပြီးစိမ်ထား။
ဟဲဟဲ...တဆင့်တက်လာပြီ
ကျနော်. ဟုတ်ကဲ့။
မေမေ. ငါးကိုရှာလကာရေစိမ်ထားတုန်းမှာ.ဒယ်အိုးနဲ့ရေနွေးကိုဆူအောင်တည်.ရေနွေးဆူရင်ခုနက ရှာလကာ
ရည်နဲ့ငါးကို ရေပူဆူပွက်နေတဲ့ထဲကိုထည့်။ ငါးပိအနည်းငယ်.ငံပြာရည်.ဆနွင်းမှုန့်(တော်သင့်ရုံ).
ထဲ့ပြီး မီနစ် ၂ဝခန့်ခဲ့ထား...အနံ့မွှေးလာရင် ကြက်သွန်နီ၁လုံးကို ၁ဝစိတ်လောက်စိတ်ထည့်
ငရုတ်သီး ၅ တောင့်လောက်ထည့်ပြီး...ပေါ့.ငန်.ချဉ်.စပ် မြည်း...လိုရင်လိုသလောက်ထည့်
ကျနော်. ဒါပဲလား။



မေမေ. အေးပေါ့.ပြီးရင်ထားဝယ်အရသာစစ်စစ်ငါးပြုတ်ကိုစားပေတော့
ကျနော်. ဟုတ်ကဲ့မာမားရေ.ရှဲရှဲ့.တာ့တာ...သားလုပ်ကြည့်လိုက်မယ်
မေမေ. အေးအေး.နေကောင်းအောင်လည်းနေဦး။
ကျနော်. ဟုတ်ကဲ့.....ဂွမ် (ဖုန်းချသံ)
ဒီနေ့တော့ကျနော့်ဗိုက်ကရေလည်လန်းသွားတယ်...ငါးပြုတ်နဲ့ထမင်းဝါးတီးပြီးတော့လေ...ကျနော်က အငန်ကြိုက်တော့ငန်ငန်တူးတူးလေးပေါ့ဗျား ။ စားချင်ရင် စမ်းကြည့်ကြပါဗျာ... :P



September 19, 2008

ချစ်သူ


ချစ်သူ.....

မင်းရဲ့အပြုံးကငါ့ကိုလှည့်စားခဲ့တယ်

မှင်သက်နေမိတဲ့မင်းရဲ့အလှကို
ထိုင်ကြည့်နေတဲ့ငါက

အရူးတစ်ယောက်များဖြစ်နေပြီလား ။

ချစ်သူ.....

မချစ်ခင်က ကွဲနေကြတဲ့နှလုံးသားပိုင်ရှင်တွေ

ဘယ်လောက်ရှိလဲလို့ကမ္ဘာကြီးကို

ခြေစုံဆန့်ပြီးမေးလိုက်ချင်ပါရဲ့

(ခံစားချက်ချင်းနားလည်ကုစားပေးဖို့ပါ။)

ချစ်သူ.....

နေ့နေ့ညညစိတ်ကူးရင်ခဲ့တဲ့

မင်းနဲ့ငါရဲ့ချိုမြိန်တဲ့အနမ်းတွေ

နာဂစ်နဲ့အတူပါသွားခဲ့ပြီလား

ချစ်သူ.....

မျော်စင်ကျွန်းကရှိုးပွဲတွေကိုလဲ

တစ်ယောက်တည်းမကြည့်ချင်တော့ဘူး

အင်းယားကခုံတွေကလည်းမျော်နေတာကြာရောပေါ့

စိမ်းလန်းကပန်းတွေကော

ယုန်ကလေးတွေကပါမေးနေကြပြီ ။

ချစ်သူ.....

မင်းအရင်ကကြိုက်ခဲ့တဲ့

Bambino ရဲ့ပြောမထွက်ခဲ့သူသီချင်း

အခုရောကြိုက်သေးရဲ့လား

ငါကတော့

Black Hole အဖွဲ.ဆိုထားတဲ့

အချစ်=အချစ် က်ု

စွဲစွဲမြဲမြဲနားထောင်တတ်နေပြီ

ဘာဘဲ့အဖြစ်ဖြစ်

ဆာယိုနာရာပါ ချစ်သူ ။

သူငယ်ချင်း




အလွမ်းသီဖွဲ.
မှန်းရည်တဲ့ စကားလုံးတွေနဲ.
မင်းတို့ရဲ့ရင်တွင်းခင်းကျင်းပြသချင်ရဲ့ ။

ဘ၀လမ်းတစ်ဆုံမှာ
အတူတကွ ဆုံလာကြပြီးမှ
ရည်မှန်းရာခရီးအတွက်
ဆက်ပြီးသွားရတော့မယ်
(သူငယ်ချင်းအားလုံးအတွက်)

အသည်းလွှာထက်မှာ
မျက်ရည်မိုးတွေရွာလို့
ကြည်ဖြူညီမျှထားခဲ့ကြတဲ့
သံယောဇဉ်အဆီအနှစ်တွေ
အသိမှတ်မပြုခံခဲ့ရတဲ့
အထိအရှ
အတိုက်စားခံ
ကမ်းပါးတစ်ခုရဲ့ဝေတနာ
မမြင်သာကြပါနဲ့ ။

ခွဲခွာရမယ်အသိနဲ့
ပြောမထွက်ခဲ့တဲ့
စကားလုံးတွေ
ရင်ထဲမှာအပြည့် ရှိနေတာ
ရဲရဲကြီး ယုံကြည်လိုက်ပါ
သူငယ်ချင်း ။

ရေးသူ မှူးအိနြေ္ဒ

၂၀၀၂ ခုနှစ် ထားဝယ်တက္ကသိုလ် - ရူပဗေဒမိသားစုက ထုတ်တဲ့ကဗျာစာအုပ်မှာပါလာတဲ့ကဗျာလေးပါ။ အခုထိအလွတ်ရဆဲ ကြိုက်နှစ်သက်ဆဲမို့ သူငယ်ချင်းအားလုံးကို မျှဝေလိုက်ပါတယ် ...

September 18, 2008

ကျွန်တော် နှင့်ဝေးကွာနေတဲ့ မွေးရပ်မြေ






ထားဝယ်...တချို.ကမေးတယ်ကျနော့်ကိုထားဝယ်ဆိုတာရခိုင်ပြည်နယ်မှာလားတဲ့

(ငယ်ငယ်ကပထ၀ီတော်တော်ကျေခဲ့ပုံရတယ်...စိတ်မဆိုးကျပါနဲ့စတာပါ...

မှားတတ်ပါတယ်)မဟုတ်ပါဘူးဗျာ။ထားဝယ်ဆိုတာအရင်ကတနင်္သာရီတိုင်းရဲ.မြို.တော်

အခုတော့မြိတ်(ဘိတ်)ဖြစ်သွားပြီ။ရန်ကုန်နဲ့ထားဝယ်ကမိုင်၄၀၀...ထားဝယ်နဲ့ဘိတ်

ဆိုရင်တော့ မိုင်၁၅၀ လောက်ဝေးတယ်။ရှင်၉ရှင်ဘုရား

(http://www.tavoyan.blogspot.com/ မှာဖူးမျော်နိုင်ပါသည်။)

မောင်းမကန်ကမ်းခြေ၊ရေပူစမ်း၊မျော်ရစ်စေတီ(ဆန်ရေရုပ်ရှင်ရိုက်သွားသည့်ဘုရား)၊

ဘုရားကြီး၊သ၇က်ချောင်း ၊တောကြဲ၊ ဆင်ကိုးရပ်၊မောင်မရ်စသည့်ရေတံခွန်များ၊

ငါးပိ၊ငါး၊ ပုစွန်ခြောက်၊သီဟိုဠ်စေ့၊ရာဘာ၊ဒူရင်း၊ကွမ်းသီးနဲ့အခြားရေထွက်ပစ္စည်းများမှာ

ထားဝယ်မြို.ရဲ့ထင်ရှားတဲ့နေရာနဲ့ထွက်ကုန်များ၊

(လမ်းကြုံရင်ထားဝယ်ကိုဝင်ခဲ့ပါ၊ကျနော် ငါးပိလက်ဆောင်ပေးလိုက်မရ်)

ဦးကျော်ရင်မီးပုံးပျံပန်းချီဆရာဦးငွေကိုင်တို.ကတော့ကျနော်တို.မြို.ကနာမည်ကြီးတွေပေါ့ ။

ဟိုးလွန်ခဲ့တဲ့၁၉၉၀နှစ်ဦးပိုင်းမြန်မာနိုင်ငံမှာကျောင်းသားအားကစားပွဲတော်တွေ

လုပ်တော့၁၉၉၆မှာ သတ္တမကြိမ်မြောက်ကိုကျနော်တို့ထားဝယ်မှာလုပ်ခဲ့တရ်

ကျနော်ကတော့ဒုတိယတန်းပေါ့။အချို.ကအဲဒီတုန်းကထားဝယ်ကိုတော်တော်များများ

ရောက်ဖူးကျတ၇်(ကျောင်းကိုယ်စားပြုအနေနဲ့)အထက်တန်းကျောင်း၎ကျောင်းရှိတယ်

ကျွန်တော်ကအ.ထ.က.(၁)မှာ၈တန်းထိတက်တာပါ။နာမည်ကြီးတော်တော်များများလည်း အဲဒီကျောင်းကထွက်တရ်ဆိုဘဲ့(စိုးမြတ်သူဇာတို့တောင်ထ(၁)မှာတက်ခဲ့တယ်

ကျွန်တော့်အဒေါ်ပြောတာဘာသူ့သူငယ်ချင်းကိုး )

ထားဝယ်တက္ကသိုလ်ကတော့ရတုအဆက်ဆက်တိုင်ခဲ့ပြီ။ဆင်ဖြူမရှင်လည်း

တက်ခဲ့တယ်လို့တော့သမိုင်းထဲမှာဖတ်ဖူးပါရဲ့။အခုတော့Mainကနေ

၃မိုင်လောက်ဝေးတဲ့နေရာကိုအရွေ.ခံလိုက်ရတယ်

(မောင်းမကန်နဲ့နီးသွားတော့ပိုမိုက်သွားတာပေါ့ဗျာ)

အရင်ကတော့ဘိတ်နဲ့ကော့သောင်းမှာတက္ကသိုလ်မရှိသေးတော့ထားဝယ် မှာကျောင်းလာတက်ကျတယ်...အခုတော့ဘိတ်တက္ကသိုလ်ပေါ်လာတော့

သိမ့်မစည်တော့ဝူး...

အဝေးသင်ရာသီတော့စည်တယ်လို့တော့သူငရ်ချင်းတွေပြောတာဘဲ...

မောင်းမကန်ကတော့တော်တော်လှတဲ့ကမ်းခြေပါညီညာဖွေးဖြူနေတဲ့

သဲသောင်ပြင်နဲ့ထင်းရူးတန်းကြီးက ပနံတင့်တရ်လှတရ်ဗျား.

တချို့ကပြောတရ်.ဘာလီနဲ့ခပ်ဆင်ဆင်ဆိုဘဲအနီးနားမှာရှိတဲ့ရေပူစမ်း.

မြွေတောင်.မျေုာ်ရစ်ကျွန်းတို့ကိုသွားလည်နိုင်တရ်

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတစ်ကြောင်းဘိုတဲမှလွဲပြီးဟိုတယ်မရှိသေး

တာကြောင့်ဒေသခံများစနေတနင်္ဂနွေအပန်းဖြေမှမှတပါးအပြင်guests

များအရောက်ပေါက်နည်းပါတယ်။

တီဗွီမှာတွေ.ဖူးမှာပါ."ရဟယ်ရှင်၊ရဟယ်ရှင်၊လိုက်နိုဟရှင်"ဆိုပြီး

မောင်းမကန်ကမ်းခြေမှာကနေကြတဲ့ကျနော်တို့မြို့ကအလှပဂေးတွေကို...

အဲဒါကတော့ထားဝယ်ရိုးရာအကလို့ခေါ်ပါတရ်။တချို့အကတွေမှာ

ရေအိုးကို၂လုံး၃လုံးဆင့်ပြီးကတဲ့ဟာတွေလဲရှိတရ်ဗျာ...တော်တော်ရွက်နိုင်ကြတရ် ။


ကျနော်ထားဝယ်မြိုကနေ၈တန်းပြီးကတည်းကအမေ့အိမ်ကထွက်လာတာ

အခုဆို ၅ နှစ်ကျော်ပြီိ၅နှစ်အတွင်းပြန်ခဲ့တဲ့အချိန်တွေရှိပေမဲ့၁လထက်ပိုပြီး

မနေခဲ့ရပါဘူးဗျာ။ကျောင်းကိစ္စ၊သင်တန်းကိစ္စတွေကြောင့်ခဏတာခိုလုံပြီးပြန်

ရတာများပါတရ်၊ပျော်ရာမှာမနေတော်ရာမှာနေဆိုတဲ့အတိုင်းပေါ့။ဘာဘဲဖြစ်ဖြစ်

ကျနော့်ရဲ့ဆိုးတူကောင်းဖက်ထားဝယ်မှသူငယ်ချင်းများကိုတော့အမြဲအမှတ်ရဆဲပါ။

လွန်ခဲ့တဲ့မတ်လလောက်က၁ခေါက်ပြန်ဖြစ်ပါသေးတရ်။

တော်တော်တော့တိုးတက်နေပြီ။ဈေးနားတ၀ိုက်၊အာဇာနည်လမ်း၊

ဗိုလ်ချုပ်လမ်းတော်တော်များမှာတိုက်တွေအစီအရီ...

လမ်းပေါ်မှာကwithoutကားတွေပြန်သိမ်းလိုက်လို့125 dream,wave,

super-cubဆိုင်ကယ် တို့နေရာပြန်ယူနေပါတရ်...ကျနော်ရဲ့မြို့လေးကတော့ စားသောက်ဆိုင်.ဘား.လက်ဘက်ရည်ဆိုင်များ...မာကျူရီမီးရောင်အောက်မှာ ဆိုင်ကယ်ကိုစီနဲ့သွားလာနေကြတဲ့တက်သစ်စ

လူငယ်များကတော့ညဘက်ထားဝယ်မြို့ရဲ့လမ်းမတွေအပေါ်မှာအသက်ဝင်နေကြဆဲ.....

ကျွန်တော် နှင့် online Nick Name

သံလွင် Hero ကို ကျွန်တော် 2005 April မှာစပြီး အသက်သွင်း ခဲ့တရ် ။ အကြောင်းက google မှာ သူငယ်ချင်း ၁ယောက်က ကျွန်တော့်ကို gmail account ဖွင့်ပေးတော့ နာမည် ပေးရမယ်တဲ့ အဲတာနဲ. နာမည်ဘရ် လိုလန်းအောင်ပေးရ မလဲစဉ်းစားရင်းကနေ cyber cafe`က ဖွင့်ထားတဲ့ စိုင်းထီးဆို်င် ရဲ. သံလွင်ချောင်းခြား ဆီအာရုံရောက်သွားတော့ "ဟုတ်ပြီ" (စုန်းထီးကြီး youth potion ရလို.အော်သံ)အော်လိုက်တာ ဘ၇်လောက်ကျယ် သွား လဲမသိ cafe` ထဲကလူတွေအကုန်လုံး ကျွန်တော့်ကိုကြောင်ပြီးကြည့်ကုန်တဲ့အထိ။ သံလွင်, ကျွန်တော်ငရ်ငရ်ကတည်းက crazy ဖြစ်ခဲ့တဲ့နာမည် (သံလွင်လို.ကြားလျင်စိတ်ထဲကလိကလိဖြစ်လာ၍, ရှေုးဘ၀ကဘာရေစက်ရှိခဲ့လဲမသိ ) တရုတ်နိုင်ငံ မှာမြစ်ဖျားခံပြီး ထိုင်းကိုကျော်ခွ မြန်မာပြည်ရဲ့မုတ္တမကွေ.မှာအဆုံးသတ်ခဲ့တဲ့မြစ်တစ်စင်း, အန္တရာရ်ဟူသမျှကြံ့ကြံ့ခံခဲ့၍အောင်မြင်စွာဘင်္ဂလားပင်လယ်အော်ထဲစီးဝင်နေတဲ့မြစ်ရေများ (အပြင်မှာတော့မမြင်ဘူးပါ ။ :P ), မောသျှမ်းပြည်ရဲ့လှပသောအိမ်မက်များဖန်ဆင်းရှင်...definition ပေါင်းမြောက်များစွာ.....

အတည်ပြုပြီ thanlwin@gmail.com, ygn chat တွင် thanlwin သိသိမသိသိအကုန် add, အကုန် chat

အမေးခံရတာက.....နာမည်ကသန်းလွင်တဲ့လား ၊ ပိန်းလိုက်တဲ့ name....တဲ့(နာမည်တူများရှိရင်ခွင့်လွှတ်ဗျ ၊ တကယ်အမေးခံခဲ့ရလို.ပါ ) နောက် ၄...၅ လလောက်ထိအမေးခံနေရတော့ သူငယ်ချင်း ၁ ယောက်က မင်း nick change ရင်ကောင်းမရ်လို.idea ပေးလာတော့...အေးကောင်းပြီ ဆိုပြီး မူလနာမည်လည်းမပျောက်ချင်...ဘယ်လို upgrade လုပ်ရင်ကောင်းမလဲ စဉ်းစားရင်းကနေ Hero အဖွဲ.ကိုသတိရမိရော....Hero အဖွဲ.ကအဆိုတော်အဖွဲ.တော့်မဟုတ်ဘူး (အပြင်မှာတကယ်ရှိရင်တော့ Sorry ဗျို.) ၉ တန်း ၁၀တန်း Halpin ဆောင်မှာနေတဲ့အချိန်...hip hop အဖွဲ.တွေခေတ်စားနေတဲ့ချိန်မှာ...ကျွန်တော့် roommates ကဲဖော်ကဲဖက်တွေ (လမျိုး . ငစိုင်း . ရှမ်းလေး . နဲ.ကျွန်တော် အန်းကူ ) ပေါင်းပြီး group name က Hero ဆိုပြီးပေးခဲ့တရ်...အဆိုတော်တော့ဖြစ်မလာဘူး...အဆောင်မှာအဆောင်မှူးမသိအောင်သီချင်းတော့ အပြိုင်ဟစ်ခဲ့ကြတရ်...အကယ်၍များ အဆိုတော်တွေဖြစ်ခဲ့ရင် တော်တော်တော့ပေါက်မှာ, ဘာဖြစ်လို.လဲဆိုတော့် ၁ ယောက်မှမြန်မာစကားမပီဘူး...လမျိုး က "၀" လူမျိုး . ငစိုင်း က ကရင် . ရှမ်းလေး က မြောက်ပိုင်း ရှမ်း . ကျွန်တော် က ထားဂယ် ...ပေါင်းလဲပေါင်းမိပါလေရဲ့....

့ကျွန်တော့် Nick အကြောင်းပြန်ပြောမရ်...စိတ်ကူးပေါက်တုန်း thanlwin နဲ. hero ကိုပေါင်းပေးပြီး thanlwinhero@gmail.com လို.သမုတ်ပြန်တရ်...ဟဲ ဟဲ ခုန က nick ထက်တော့ နဲနဲလန်းသွားတရ် မဟုတ်လား ? ကျူရှင်က သူငယ်ချင်း ၁ ယောက် က "နင်က thanlwinhero ဆိုရင် ငါက မလိခangel ဆို ပြီး ပေးမယ် " တဲ့...စဉ်းလည်း စားတတ်ပါပေ့...ထူးတော့သိမ့်မထူးဘူး ... မေးတာကမေးကြတုန်း ..."သန်းလွင် hero လား ? သံလွင် က ဘယ်နားမှာ hero ဖြစ်တာလဲ "...ဘာညာသာရက......ဩော်...စခဲ့ပြီး မှတော့မထူးတော့ပါဘူှးဗျာ...လွန်ခဲ့တဲ့ ၆ လ လောက်ကမှ zawgyi font လေး download ဆွဲပြီး ...အခုတော့ gamil နဲ့ MSN က ရိုးရိုး thanlwinhero, friendster ကတော့ သံလွင်hero...မြန်မာလိုမတောက်တခေါက်လေးနဲ. blog ရေးတော့လည်း သံလွင်hero...ygnchat ကတော့စွန့်လွတ် လိုက်ပါပြီ....

September 17, 2008

ကျွန်တော့်အကြောင်း

ကျွန်တော့်နာမည် သံလွင် HERO ( ကိုယ့်ကိုယ်ကိုပေးထားတဲ့ Nick ) ပါ ။ အသက်က ၁၉ နှစ် ထားဝယ်သားစစ်စစ်, သူငယ်ချင်း ဘော်ဒါ ပေါင်းဖော်တွေက "အန်းကူ" လို.ခေါ်တယ်၊ အမေ့ဗိုက်ကထွက် ကထဲက ၁၄ နှစ် ထိ ထားဝယ်မှာ နေပြီး ၉ တန်း ရောက်တော့ Halpin လမ်းက Halpin ဘော်ဒါတက်ရင်း ၁၀တန်းကို ဒဂုံ(၁) ကအောင်ခဲ့ တရ် ဗျာ။ ၁၀တန်း ပြီးတော့ဟိုရောင်ရောင် ဒီရောင်ရောင် Y.E.S, K.M.D တို. မှာ သင်တန်းလေး ဘာလေး တက်, ၂ နှစ်လောက် ရန်ကုန်မြို့တော်ကြီးမှာ အချိနှ်ဖြုန်းရင်း 2007 June မှာ မျက်စိလယ်ပြီး စင်္ကာပူကိုရောက် တ၇်။ အခုတော့
SIM (Singapore Institute of Management) မှာ Diploma in Management Studies ကို တက်နေတရ် ဗျား ။