December 30, 2008

TWILIGHT






ဒီဇင်ဘာလ...အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်းကြေကွဲ...

အဟမ်းဟမ်း (ချောင်းဟပ်သံ).....လေးစားအပ်ပါသောရုပ်ရှင်ချစ်သူဘလော့မိတ်ဆွေအပေါင်းနှင့်စာဖတ်ဘော်ဒါအပေါင်းတို့ခင်ညား။ ဒီတပတ်သံလွင်ဟီးရိုးဘလော့ တွင်ရုံတင်ပြသမဲ့ကားကတော့...

နိုင်ငံကျော်စာရေးဆရာမ Stephenie Meyer ရေးသားတဲ့ The Best Seller - Twilight Series (twilight, new moon, breaking dawn, Midnight Sun) ထဲမှ Director Catherine Hardwicke ခံစားတင်ပြပြီး Kristen Stewart ( Bella Swan) နဲ့ Robert Pattinson (Edward Cullen)တို့အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ကြားတဲ့ TWILIGHT ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အခုလက်ရှိ အမေရိကန်ပြည်ထောင်စုတွင် တတိယဝင်ငွေအများဆုံးဇာတ်ကားဖြစ်ပြီး စင်္ကာပူနိုင်ငံအတွင်းကောင်မလေးများသာမကယောက်ျားလေးများကြားပါအထူးရေပန်းစား ခေတ်စားကာ အောင်မြင်ကျော်ကြားလျက်ရှိပါတယ်။ Twilight ရုပ်ရှင်ဇာတ်ကားဟာ သာမာန်လူသားတွေရဲ့ ချစ်၊ ကွဲ၊ ညား ဇာတ်တွေထဲမှခွဲထွက်ပြီး Vampire တစ်ကောင်နဲ့လူသားတစ်ဦးတို့ရဲ့ ထူးဆန်းတဲ့အချစ်၊ Romance နဲ့ Thriller တို့်ပေါင်းစပ်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူး။ Phoniex မှနေ Forks က High School တစ်ခုကိုပြောင်းလာတဲ့ Bella နဲ့ သူများတွေနဲ့မတူတစ်မူထူးခြားနေတဲ့ Edward နဲ့တွေ.ပြီးကြိုက်သွားတဲ့အချိန်၊ သာမာန်လူတစ်ယောက်ထက်ပြင်းထန်တဲ့ အင်အား၊ လျင်မြန်ဖျတ်လတ်မှု၊ အေးစက်လှတဲ့အသားရေ၊ မျက်လုံးတစ်စုံအရောင်ပြောင်းနိုင်မှု အစရှိတဲ့ Vampire တစ်ကောင်ရဲ့လက္ခဏာတွေကို ရိပ်မိပြီးတဲ့နောက် မင်းသမီးရဲ့ခံစားမှု၊ တိရစ္ဆာန်သွေးသာသောက်သုံးလေ့ရှိတဲ့ မင်းသားရဲ့အိမ်မှ မိသားစုဝင်များက မင်းသမီးအပေါ်ဆက်ဆံပုံ၊ လူသွေးစုပ်တဲ့ ဂိုဏ်းနဲ့ ဆုံပြီး မင်းသမီးအပေါ်အနှောင့်ယှက်များကိုမင်းသားက ကာကွယ်ပေးပုံများက Twilight ရုပ်ရှင်ကားရဲ့ အထူးခြားဆုံးသောပြကွက်များဖြစ်ပါတယ်။

အဲဒီလိုအက်ရှင်ဇာတ်ကားကောင်းကို လက်လွှတ်မခံပဲ ဘော်ဒါတို့ရေ...ဒီဇင်ဘာလ New Year ပိတ်ရက်အတွင်း ငွေရောင်ပိတ်သားပြင်ပေါ်မှာ Popcorn စားရင်း ကြည့်ရှုခံစားအပန်းဖြေကြရအောင်လားဗျာ။

...ငါငိုနေဆဲ ယုံပါကောင်မလေးရေ ပြန်ဆုံနိုင်မဲ့ ကံကိုပြန်တမ်းတတယ် ဒါပေမဲ့လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာအချစ်ပျောက်လိုက်ရှာရင်းနဲ့ လွမ်းနေဆဲ...

ရုပ်ရှင်ရုံမှာသွားမကြည့်ခင် ထွေလာရင်းကိုအရင်မြည်းသွားမယ်။


ဇာတ်ရှိန်အမြင့်ဆုံးအခန်းလေးပါ။


December 29, 2008

Fantastic City in My Dream

၂၈.၁၂.၂၀၀၈ ည ၁နာရီနဲ့ ၁၆မီနစ်မှာကျနော့်စီဘုံးလေးထဲကိုကိုဂျဲတစ်ယောက်
လာအော်သွားတယ်။အင်အားအသင့်တင့်ရှိတဲ့တက်ခ်တစ်ခုရောက်နေပြီ.
လာရောက်ဖတ်ရှူလော့တဲ့။ခေါင်းစဉ်လေးကမိုက်တယ်ဗျ။
စိတ်ကူးယဉ်ခြင်းတဲ့။
ကမ္ဘာပေါ်ကလူသားတိုင်းစိတ်ကူးမယဉ်ဖူးတဲ့လူမရှိသလောက်ပါပဲ။
တစ်ယောက်နဲ့တစ်ယောက်တစ်နေ့နေ့စိတ်ကူးယဉ်ခြင်းကမတူကြသလို
အကြောင်းရာတွေလဲကွဲပြားခြားနားကြတယ်။ဥပမာကိုဂျဲဂျယ်ဆိုရင်
အခုAccountingပညာတွေသင်ကြားနေပြီးအောင်မြင်တဲ့Accountant
ကြီးဖြစ်ရင်ဘာတွေလုပ်မလဲလို့စိတ်ကူးယဉ်နေမယ်။
မခေါင်ဆိုရင်လည်းwedding gownကြီးဝတ်ပြီးFullerton Hotelမှာ
မဂ်လာဆောင်ရင်ကောင်းမလား.ဒါမှမဟုတ်ရန်ကုန်ပြန်ပြီး
sedonaကpool sideမှာdinnerပေးရင်ကောင်းမလားစိတ်ကူး
နေလောက်တယ်။ကိုယ်သွားချင်တာကိုယ်စားချင်တာကို
စိတ်ကူးယဉ်တတ်ကြသလိုကိုယ်ဖြစ်ချင်တာကိုလဲစိတ်ကူးလေးနဲ့
ပုံဖော်တတ်ကြပါတယ်။
ကိုယ်ဖြစ်ချင်တာကိုစိတ်ကူးယဉ်ရင်တော့အဲဒီစိတ်ကူးကိုတော့
အကောင်ထည်ဖော်ဖို့လိုအပ်ပါတယ်။အဲဒါမှwestlifeသီချင်းလေးအတိုင်း
where dreams come trueဆိုပြီးအဲဒီအိမ်မက်တွေအကုန်လုံး
တစ်ကယ်ဖြစ်လာမှာပေါ့။အောင်မြင်တဲ့လူအများစုတွေဟာလည်း
သူတို့ရဲ့စိတ်ကူးတွေကိုလက်တွေ.ကောင်ထည်ဖော်ခဲ့လို့စင်ပေါ်ကို
ရောက်နေတယ်ဆိုတာမလွဲနိုင်ပါဘူးဗျာ။

စကားချီးတွေနည်းနည်းများသွားလို့ကျနော့်စိတ်ကူးတောင်ဘယ်ပျောက်သွားလဲ
မသိတော့ဘူး။တစ်နေ့တစ်နေ့စိတ်ကူးယဉ်နေတဲ့အကြောင်းရာတွေကကျနော့်မှာ
အများကြီးဗျာ။billionaireတစ်ယောက်ဖြစ်ခဲ့ရင်orchardမှာLamboghini
ကြီးစီးပြီးနေ့တိုင်းပတ်မယ်။new yearမှာဘလော့ပေါ်ကကိုကိုတွေကို
lexusတစ်စီးစီလက်ဆောင်ပေးပြီးမမတွေကိုဘယ်ဂျီယံစိန်သန့်၅ရတီ
နားကပ်တစ်ရံစီပေးမယ်။မိုနာလီဇာအပြုံးရုံးလောက်တဲ့
ကောင်မလေးချောချောတစ်ယောက်နဲ့ပါတီတွေတတ်နေမယ်ပေါ့။

အဲလိုတစ်စစနဲ့စိတ်ကူးယဉ်အိမ်မက်လေးထဲလွင့်မျောသွားတဲ့ကျနော်တစ်ယောက်....
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ကျနော်စီးနင်းလိုက်ပါလာသော
SIA လေယာဉ်ကြီးဆင်းသက်လိုက်တာနဲ့မြူနှင်းတွေကျနေတဲ့ဒီဇင်ဘာလရဲ့
အအေးဓာတ်ကသာမာန်ထက်အကဲပိုလေသလိုလို။
ရန်ကုန်လေဆိပ်ကြီးကအရင်ကနဲ့မတူတော့ပဲterminalရာပေါင်းများစွာနဲ့
ရှုတ်ယှက်ခတ်နေပါတယ်။Immigration နဲ့ custom ကိုဖြတ်ဖို့အတွက်လည်း
rollerတွေအပေါ်မှာ၁၀မီနစ်ခဲ့လမ်းလျှောက်လိုက်ပြီးမှရောက်တော့တယ်။

အပြင်ရောက်ရောက်ခြင်းမနေ့ကမှဝယ်လိုက်တဲ့
ferrari အနက်ရောင်လေးတစ်စီးကကျနော့်ကိုလာကြိုနေလို့ကျနော့်ရဲ့Gucci
ခရီးဆောင်အိတ်လေးကိုdriverကိုပေးလိုက်ပြီးသူ့ကိုပဲကားပေါ်တင်ခိုင်းလိုက်တယ်။
driverကကားကိုပြည်လမ်းအတိုင်းဦးတည်လိုက်ချိန်မှာတော့ရန်ကုန်မြို့တော်
လမ်းမကြီးကအရင်ကလု ၆လမ်းသွားမဟုတ်ပဲတစ်ဖက်၆လမ်းစီ၁၂လမ်းသွားကြီး
ကိုဖြစ်လို့။ မိုးပေါ်မှာက လည်း ဆူးလေ-အင်းစိန်၊ သာကေတ-မှော်ဘီ၊
တောင်ဒဂုံ-ရွှေပြည်သာကိုပြေးဆွဲနေတဲ့ ကျည်ဆံရထားတွေ ကလည်း တဝီဝီနဲ့။
Ocean ကိုဖြတ်သွားလို့ကြည့်လိုက်တဲ့အချိန်မှာM.K တို့.J-donutတွေမရှိတော့ပဲ
Mango၊Zara၊ Prada၊ Pizza hut၊ Starbucks ဆိုင်းဘုတ်တွေနဲ့။
လမ်းပေါ်မှာကလည်းအမှိုက်ဆိုလို့သစ်ရွက်ခြောက်တစ်စတောင်မရှိပဲ
ကားတွေကလည်း နောက်ဆုံးပေါ်မော်ဒယ်တွေ၊ bus car
တွေကလည်း fully air-con ဖွင့်ထားပြီး စင်္ကာပူက SMRT၊ SBS တွေထက်
ဆယ်ဆလောက်ကောင်းတဲ့mercedes အသစ်စက်စက်တွေ။
အဲဒီနောက်သူက၈မိုင်လမ်းဆုံမှကမ္ဘာအေးဘုရားလမ်းဘက်သို့ချိုးကွေ.လိုက်ချိန်မှာ
တော့အရင်မြိုင်ဟေဝန်ပန်းခြံကြီးမရှိတော့ပ ရွှေဘဲစားသောက်ဆိုင်ကြီးမှGolden Duck ဆိုပြီးကားပါကင်၃ထပ်နဲ့restaurantအသစ်စက်စက်ကြီးကိုတရုတ်နဂါး၊ ခြင်္သေ့အကတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်လှစ်နေပြီး
New Yearအထိမ်းအမှတ်အနေနဲ့စတုဒီသာဘဲကင်ကျွေးနေပါတယ်။

ကမ္ဘာအေးလမ်းတစ်လျှောက်လည်းဟိုဘက်တောင်၊မြောက်ဥက္ကလာကိုဆက်ထားတဲ့
မိုးပျံလမ်းမကြီးတွေ။ နောက်ထပ် ၁၀မိနစ်လောက်မောင်းပြီးတဲ့အချိန်မှာ
driverကကားကိုSedona Hotelထဲသို့ချိုးဝင်လိုက်ပြီးကျနော့်အတွက်သီးသန့်ငှားထားတဲ့
အပေါ်ဆုံးထပ်ကိုlift နဲ့တတ်ခဲ့တယ်။အခန်းထဲကခန်းဆီးလေးကိုဖွင့်ကြည့်လိုက်တော့ ရွှေရောင်တဝင်းဝင်းသပယ်လှတဲ့ရွှေတဂုံစေတီကိုအရင်ဆုံးဦးခိုက်ပြီးဘေးဘီဝဲယာကို အပေါ်စီးကကြည့်လိုက်တဲ့အချိန်မှာတော့ရန်ကုန်ရွှေမြို့တော်ကြီးဟာမိုးမြင့်တိုက်များနဲ့ အာရှရဲ့ကျားကိုကျော်ဖြတ်ပြီးအာရှနဂါးဖြစ်နေပြီ။securityအတွက်helicopter တွေကလည်းအချိန်ပြည့်လှည့်ပတ်နေပါတယ်။
အရင်ကမြကျွန်းသာအပန်းဖြေကစားကွင်းကလည်းYangon Disneyland တဲ့။
ကစားကွင်းထဲမှာတော့ကမ္ဘာလှည့်ခရီးသည်တွေနဲ့ပြည့်လို့
Mickey Mouse, Snow whiteစတဲ့ကာတွန်းလေးများ
ကလည်းဟိုနေရာမှာတစ်ချို့ဒီနေရာမှတစ်ချို့ဖျော်ဖြေနေလေရဲ့။
ဟိုက်ရှာလပတ်ရည်...အခုမှကြည့်မိတယ်အရင်ကရန်ကုန်မြို့မှာ
အကြီးဆုံးချားရဟတ်ကြီးကတော့ကခုဆိုရင်Yangon Eyeဆိုပြီး
Singapore flyerကိုကျော်ကာကမ္ဘာ့အကြီးဆုံးဖြစ်နေပြီ။
အဲဒီနဘေးမှာကAsia's largest Underwater worldတဲ့။
ပန်းရောင်လင်းပိုင်၊အပြာရောင်ဝေလငါးပုံကြီးတွေနဲ့ကြော်ငြာထားပါလား။ အင်းယားရေပြင်ကြီးကလည်းအရင်လိုစုံတွဲတွေခိုအောင်းတဲ့နေရာမဟုတ်တော့ပဲ
Aquariumကြီးဖြစ်လို့။အင်း...အစစအရာရာပြောင်းလဲနေပြီပေါ့လေ။
Baliကိုအဖေနဲ့အတူအပန်းဖြေခရီးထွက်နေတဲ့အမေ့ဆီကိုရန်ကုန်သို့အေးချမ်းစွာ
ရောက်ရှိကြောင်းဖုန်းဆက်ပြီးအချိန်မှာတော့နာရီလက်တံကညနေ
၅နာရီကိုညွှန်လုဆဲဆဲ။ရေမိုးချိုးပြီးဟော်တယ်ရဲ့lobbyမှာမနေ့ကပဲဒူဘိုင်းက
ပြန်လာတဲ့ငယ်သူငယ်ချင်းတစ်ယောက်စောင့်နေလို့ဆင်းတွေ.တော့အဲကောင်နဲ့
တူတူပဲroyal sedona myanmar buffetကိုသုံးဆောင်တော်မူလိုက်တယ်။ ဟင်းတွေကတော့ဖွယ်ဖွယ်ရာရာပါပဲ။ဆင်နှာမောင်းဟင်းချို၊ဝက်ရင်ပေါင်သားစတူး၊
ပုစွန်ဥဆီပြန်၊မျောက်ချီးခါးချက်၊ငါးမန်းသားရေသုပ်၊အစုံပါပဲဗျာ။

စားပြီးသောက်ပြီးတော့သူ့ရဲ့ကားနဲ့ပဲကျနော်တို့ရန်ကုန်မြို့ထဲသို့ချီတတ်ခဲ့ကြလေရဲ့။ ကမ္ဘာအေးလမ်းအတိုင်းထွက်ပြီးတက္ကသိုလ်ရိပ်သာလမ်းကိုချိုးလှည်းတန်းမီးပွိုင့်ကနေ
ပြည်လမ်းပေါ်သို့သူ့ကားလေးကိုချိုးကွေ.လိုက်တယ်။
လှည်းတန်းထိပ်ကမကြာသေးခင်ကမှဖွင့်ထားတဲ့Hledan Corner ကြီးမှာကလဲ
Branded Stores တွေ၊Cinema၊ Spa၊ Barတွေနဲ့ ခံ့ခံ့ညားညားကြီး၊
နောက်တော့yangoan international universityကိုကျော်ပြီး
ပေ၂၀လောက်ရှိတဲ့ယွန်းဆွမ်းအုပ်ကြီးနဲ့ဟံသာဝတီအဝိုင်း၊
ဒဂုံစင်တာတွေကျော်ဖြတ်Halpinလမ်းမရောက်ခင်အလုံလမ်းဘယ်ဖက်ကို
ချိုးကွေ.လိုက်တော့Black Canyon Cafe, M-Donald, Pastamania,
Singapore Kitchen, Hard Rock, DJ bar, Ginki Kid စတဲ့ဘားတွေ
DJ bar, MOS, Zouk, Power Station, BME စတဲ့clubတွေက
ဟိုးအရင်ကHappy Worldအထိအစီရီတန်းကိုစီလို့။
လမ်းတစ်လျှောက်လည်းသီချင်းတွေဆူညံပွက်လောရိုက်နေပြီး
Christmas treesရောင်စုံမီးလုံးများနဲ့အလှဆင်ထားတာကတော့
Orchardလမ်းမကြီးအလားပဲ။ရွှေတိဂုံဘုရားလမ်းအတိုင်းပြန်ထွက်ခဲ့ပြီး
တရုတ်တန်းရောက်တော့လူတွေကပြည့်လို့ကျပ်လို့။
သင်ပေါင်းပိုးနဲ့ဝက်သားဒုတ်ထိုးသည်တွေ.တော့ကားခဏရပ်ပြီးဆင်းစားတော့
သင်ပေါင်းပိုးတစ်ကောင်ကို၅၀၀၀၊ဝက်သားဒုတ်ထိုးတစ်ခုကို၁၀၀၀တဲ့။
အော်...ခေတ်တွေကကြာလှပြီပဲ...ဒီလောက်တော့ရှိမှာပေါ့။ ဒါနဲ့ဘေးနားကကော်ပြန့်ကြော်ဆိုင်မှာစားနေတဲ့နှစ်ယောက်ကိုမြင်ဖူးပါတယ်လို့
ကြည့်နေတာRihanna နဲ့Chris Brownတို့အပီကြိတ်နေကြတယ်။
သြော်...သူတို့လဲမနက်ဖြန်MCC မှာလုပ်မဲ့MTV Aisa Award အတွက်ဖျော်ဖြေဖို့လာရင်းမြန်မာစာစားချင်လို့တူပါတယ်ဗျာ။ ကျနော်တို့သူငယ်ချင်းနှစ်ယောက်လဲအဝပြဲစားသောက်ပြီး
ဆူးလေအဝိုင်းကိုပတ်ပြီး ပျင်းလာတာနဲ့Tradersမှာပဲညဝင်အိပ်လိုက်ကြတယ်။ ကျနော့်ရဲ့စိတ်ကူးယဉ်ရန်ကုန်ရွှေမြို့တော်ကြီးသို့တစ်ခေါက်ထိုနေရာတွင်
အဆုံးသတ်ခွင့်ပြုပါခင်ဗျား။
(ဥပမာပေးထားတာကိုဂျယ်နဲ့မခေါင်တို့PEACEနော် ဟဲဟဲ)

December 26, 2008

Christmas Night Outing !!!

Singapore ရဲ့ Christmas မှာထုံးစံအတိုင်း လည်စရာရှာလိုက်တော့နောက်ဆုံး
Orchardကိုပဲသူငယ်ချင်းတွေနဲ့ချီတတ်ခဲ့ကြတယ်။
Orchard လမ်းမကြီးတစ်လျှောက်လူတွေကလည်းအပြည့်ပါဗျာ။ စင်္ကာပူကလူတွေအကုန်လုံးရောက်နေလားအောက်မေ့ရတယ်...
တိုးလိုက်ဝေ့လိုက်နဲ့မြန်မာပြည်မှာတုန်းကဘုရားပွဲဈေးလျှောက်တာကို
သတိရမိတယ်ဗျာ။ကိုယ့်ပြည်ကိုယ့်ရွာမှာကပွဲဈေးလျှောက်ရင်ဟိုစားဒီစား၊
ကစားပွဲတွေနဲ့ပျော်စရာကြီး။
ဖရောင်းတိုင်မီးလေးတွေနဲ့ရောင်းတဲ့ပုရစ်ကြော်သည်၊အာပုံ၊
ကောင်ညှင်းကျည်တောက်၊ကပ်စီးနဲကနေပွဲဈေးမှာရောင်းတဲ့မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ဆာတေးအကင်သည်တွေကိုလွမ်းလိုက်တာဗျာ။
sigh...ဘယ်တော့မှပြန်ရောက်တော့မယ်မသိ...
ဟဲဟဲပျော်ရာမှာနေဆိုတဲ့အတိုင်းဒီနေ့လည်းသူငယ်ချင်းပေါင်းဖော်တွေနဲ့ အဝပျော်ခဲ့တယ်...ဒီနေ့ရိုက်ခဲ့တဲ့ဓာတ်ပုံတစ်ချို့ကိုဝေမျှလိုက်ပါတယ်ဗျာ။




Woodlands Blk 515 အောက်မှာ...အိမ်လာလည်လို့ရအောင်
လိပ်စာပြောပြတာ...ဟားဟား

စားကြပါအုံးဗျ... Chicken Spaghetti



ကျနော်သံပုရာသောက်တာကို သူငယ်ချင်းတစ်ရောက်က သူ့ရဲ့ Iced Mocha
သောက်ကြည့်ဆိုတာနဲ့ ပျားရည်ပုလင်းလောက်ရှိတဲ့ Mocha နဲ့ပို့စ်လုပ်ထားတယ် ဟဲဟဲ



အလည်ကမီးလုံးနဲ့ လူပုံမမြင်ရတာပဲကောင်းပါတယ်...



Orchad ရောက်ပြီ။ camera ရိုက်နေတဲ့သူက သုံးယောက်မို့လို့
မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့...



ဟိုတပတ်က Twilight ကြည့်ပြီးအပြန်ရိုက်ထားတဲ့ပုံလေး ကျနော့်သူငယ်ချင်းက
ဓာတ်ပုံပို့ပေးရင်းနဲ့ပါလာလို့ မိုက်တယ်နော်...အနောက်က background


ရွှေညီကိုတို့ သောက်ကြဦးမလား...ဘားမှာနဲနဲဝင်ဆွဲခဲ့သေးတယ်


လူကိုမကြည့်ကြပါနဲ့...ရိုက်ချင်စရာကြီး။ နောက်ခံမီးတွေလှတာကိုပဲအားပေးကြပါ :P


တစ်နှစ်မှ တစ်ခါထိုင်လို့ရတဲ့ Orchard လမ်းပေါ်မှာ ဒီလိုရိုက်ခဲ့ကြတယ်။


Miyuki & Me


မာကျူရီမီးရောင်အောက်က ရွှေမြန်မာလေးများ


ဒီကားဝယ်ရင်ကောင်းမလားပဲ။



Me & Ma Htet at Isetan


Mr.Christmas 2008 (Royal-Myanmar) & Me


Me, Ma Htet, Khet Khet & Ye` Win



အိမ်ပြန်တော့မယ်...အားလုံး ဘိုင့်ဘိုင်

December 25, 2008

CHRISTMAS PARTY




merry christmas myspace comments


ဟေ့...မဂ်လာဒီဇင်ဘာ...စဉ်မမေ့စေချင်တာ...ညီညီညာတီတီတာ...သံပြိုင်သီကျူးမှာ“...christmas christmas time is near, time for toys and time for cheers...အကောင်းစားအရက်ပုလင်းနဲ့ဖေဖေအရက်သောက်တာမကြိုက်တဲ့မေမေ. သူတို့နှစ်ယောက်ကိုချစ်တဲ့ကျနော် ခရစ်စ်မတ်မှာပြသာနာပေါ်...Jingle bells jingle bells...jingle all the way oh, what fun it is to ride In a one horse open sleigh...

စတဲ့သီချင်းလေးတွေက CHRISTMAS ကိုအသက်ဝင်စေပါတယ်...
ခရစ်ယာန်ဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ သူတို့ရဲ့ပျော်စရာကောင်းတဲ့
ပွဲကလေးမှာ ကျနော်တို့လဲဝင်ရောက်ဆင်နွှဲပါစို့လားဗျာ...ဒီနေ့CHRISTMAS နေ့မှာပဲ
ကျနော့်အိမ်မှာတော့ PARTY ပေးမယ်ဗျာ။ New Year မှာကပါတီပေးမဲ့အိမ်တွေကပေါတော့
စားရင်း.သောက်ရင်း.မူးကုန် မှာစိုးလို့ကျနော် ဒီနေ့ပဲစောစောပါတီပေးလိုက်ပါတယ်။
လုံးဝအားမနာကြေးဗျို့...အဝသာစားကြပါ...ဟဲဟဲ





Pizza Hut က Christmas meal လေးပါ...chicken, mushroom နဲ့
Hawaiian တွေကြိုက်မယ်ထင် လို့ လုံးဝရှယ်မှာထားပါတယ်...
topping အတွက် cheese တွေလည်းအများကြီးနော် ။



ဒီကောင်ကတော့ CHRISTMAS ပါတီမှာ မပါမဖြစ် ကြက်ဆင်သားစစ်စစ်ကို မွှေးမွှေးလေးကင်ထားပါတယ်...




ဘလော့ဂါတီတီမမတွေအတွက်ကတော့ red wine နဲ့ ရာသီဥတုအေးအေးမှာ
အပီကစ်မဲ့ ရွှေညီကိုဘလော့ဂါတွေအတွက် tequila. ဆားနဲ့သံပုရာသီးလည်း
အဆင်သင့်လုပ်ပေးထားပါတယ်ဗျ။ punch တွေလဲအများကြီးဖျော်ထားသေးတယ်...
ကြိုက်ရင်ကြိုက်သလောက် သောက်ကြပါ...လုံးဝ free flow !!!

အရမ်းမိုက်နေကြပြီဆိုရင် dancing floor ကကြိုဆိုပါတယ်...ok everybody let's dance together...

"Shawty had them Apple bottom jeans boots with the fur....the whole club was looking at her She hit the flo...next time you know, Shawty got low low low low low low low low..."

" you cut me open and I keep bleeding, keep, keep bleeding love, I keep bleeding, I keep , keep bleeding love, keep bleeding, keep, keep bleeding love you cut me open..."

"you tell me that you need me, then you go and cut me down, but wait You tell me that your're sorry Didn't think I'd trun around and say That it's too late to apologize, it's too late..."

ကဲ...ဘယ်လိုလဲဗျာ ပျော်ကြရဲ့လား ။ သီချင်းတွေ အမိုက်စားလေးတွေရွေးပေးထားတယ်. drinks တွေထပ်ထည့်ကြပါအုံး...ဟဲဟဲ

ပြန်တော့မှာလား ? အခုလိုမျိုးတကူးတကလာရောက်အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ပျော်ရွှင်စရာကောင်းသောမနက်ဖြန်များစွာကိုပိုင်ဆိုင်ပါစေဗျား ။


အိမ်အပြန် Santa ကြီးဆီကနေ လက်ဆောင်လေးတစ်ခုစီ တောင်းသွားဖို့မမေ့နဲ့ဦးဗျာ။
သူကလိုချင် တာတောင်း ကြိုက်တာတစ်ခုပေးမယ်တဲ့...

glittersglitters




zwani.com myspace graphic comments




December 21, 2008

Interviewed by Fashion Ko Ko (Royal- Myanmar)


အစိုးမရတဲ့ စင်္ကာပူမိုး က ဆက်တိုက်ဆိုသလို တဖွဲဖွဲ ရွာကျလာပါတယ်။ဒီတစ်ပါတ် Fashion KoKo ကဏ္ဍအတွက် မေးမြန်းဖို့ ခင်မင်ရင်းနှီးပြီးသာဖြစ်တဲ့ကျောင်းသားလေး သံလွင်ဟီးရိုး နဲ့ ခေတ်ရဲ့သမီးပျိုတစ်ယောက်ဖြစ်တဲ့ ဧကရီ တို့၂ဦးကို Cityhall, Robinson ရှေ့က ကော်ဖီဆိုင်မှာ နေ့ခင်းတွေ့ဖို့ ချိန်းထားပေမယ့်မိုးကလည်း ရွာနေတော့ ချိန်းထားတဲ့အချိန်ကို နောက်ကျပြီး ရောက်သွားပါတယ်..။ကင်မရာအသစ်ကြီးနဲ့လက်စွမ်းပြချင်နေတဲ့ ကိုစိုင်းထွန်းတစ်ယောက်လည်း MRT စီးပြီးလာနေပြီဆိုတော့ဓါတ်ပုံရိုက်ဖို့စောင့်နေရမယ့်အတူတူ မေးခွန်းလေးတစ်ချို့ မေးမြန်ထားဖြစ်ပါတယ်...လောလောဆယ် မေးမြန်းဖြစ်တာလေးတွေကတော့...
FashionKoKo - ငါ့ညီ အခုတတ်နေတဲ့ ကျောင်းလေးနဲ့ မေဂျာလေးကိုပြောပါဦး...?
သံလွင်ဟီးရိုး - SIM Uni မှာပါအစ်ကို.. Diploma in Management Studies တတ်နေပါတယ်...
FashionKoKo - စာမေးပွဲဖြေပြီးသွားပြီဆို... ဖြေနိုင်လား...?
သံလွင်ဟီးရိုး - ဟုတ်... နောက်ဆုံး semester ဖြေထားပါတယ်...
ဖြေနိုင်လားဆိုတော့... အဟဲ..ဟုတ်ကဲ့ပါပေါ့...
FashionKoKo - သမီးက Kaplan မှာ တတ်တာနော်... Major က ?
ဧကရီ - Accounting ပါ အစ်ကို..။
FashionKoKo - အခုလက်ရှိ ညီလေးရဲ့ စိတ်ကြိုက် Fashion
လေးနဲ့ ၀တ်ဖြစ်တာလေးတွေပြောပါဦး...?
သံလွင်ဟီးရိုး - အပြင်သွားရင်တော့ အခုခေတ်စားနေတဲ့ slim cutting လေးတွေ
ဝတ်ဖြစ်တာများတယ်အစ်ကို..။ဘောင်းဘီအရှည်ကို all star နဲ့ စီးရတာကိုကြိုက်တယ်...
FashionKoKo - သမီးရဲ့ စိတ်ကြိုက် Fashion လေးကရော..
ဘယ် Fashionလေးတွေကို ကြိုက်လဲ...?
ဧကရီ - သမီးက တီရှပ် နဲ့ short pant ဒါမှမဟုတ် စကပ် နဲ့ သွားရလာရတာ
ပိုကြိုက်ပါတယ်..လွတ်လွတ်လပ်လပ်ဖြစ်လို့..။Emo style တို့၊ Punk style တို့
မကြိုက်ဘူး။ ပေါ့ပေါ့ပါးပါးသွားရတာလေးကို သဘောကျတယ်..။
stylish ဖြစ်တာလေးတွေကြိုက်တယ်။
FashionKoKo - ညီလေးရော ညီမလေးရော.. Fancy ဘေးတွေ ဆွဲထားတာ မြင်တယ်...
Fancy လေးတွေ ၀တ်ဖြစ်လား...?
သံလွင်ဟီးရိုး - ဆွဲကြိုးခပ်ဆန်းဆန်းလေးတွေ ကြိုက်တယ်အစ်ကို...
အလကားရရင်တော့ အကုန်ကြိုက်တယ်.. ဟီး ဟီး
ဧကရီ - လှတယ်ဆိုရင် ၀ယ်လိုက်တာပါပဲ... Fancy ဆွဲကြိုးလေးတွေ ကြိုက်ပါတယ်..။
FashionKoKo - ဒီတခါ..သမီးကို အရင်မေးမယ်.. အပြင်သွားရင်
မပါမဖြစ်ဘာတွေ ယူလေ့ရှိလဲ...?
ဧကရီ - ipod, Phone, နှုတ်ခမ်းနီ ရယ် ယူလေ့ရှိတယ်အစ်ကို... passport ကတော့ မပါမဖြစ်ပေါ့။
သံလွင်ဟီးရိုး - ကျွန်တော်က ဖုန်းရယ်.. MRT ကဒ်၊ ဘဏ်ကဒ်၊ ဆေးလိပ်ဗူး နဲ့
Gasby oil clear sheet ကို ယူလေ့ရှိပါတယ်။
FashionKoKo - ညီလေးနဲ့ ညီမလေး ရဲ့ လွယ်အိတ်လေးတွေက
လှပါတယ်.. ၀ယ်တဲ့နေရာလေးတွေ သိပါရစေ...?
ဧကရီ - URS ကပါ.. Dhoby Ghaut, Plaza Singapura က ၀ယ်တာပါ အစ်ကို...
သံလွင်ဟီးရိုး - ကျွန်တော့်အိတ်က TopMan ကပါ...
FashionKoKo - စင်္ကာပူမှာ အားလပ်ရက်၊ အားလပ်ချိန်
သွားတတ်တဲ့နေရာလေးတွေပြောပါဦး ...?
ဧကရီ - shopping ထွက်တာများပါတယ်... တစ်ခါတလေ
သီချင်းသွားဆိုတယ်.. သူငယ်ချင်းတွေပါရင်တော့ Club သွားဖြစ်ပါတယ်..။
သံလွင်ဟီးရိုး - orchard ပဲ စည်တော့ အဲဒီပဲ သွားဖြစ်တာများပါတယ်...
FashionKoKo - New Year အစီအစဉ်လေးတွေ ပြောပါဦး...?
ဧကရီ - သမီးကတော့ သူငယ်ချင်းတွေစီစဉ်တဲ့အတိုင်း လိုက်ဖို့များပါတယ်....
သံလွင်ဟီးရိုး - မနှစ်တုန်းကတော့ Siloso Beach Party ရောက်ဖြစ်တယ်.
ဒီနှစ်လုပ်ဖြစ်ရင်လည်းသွားဖြစ်မယ်... ဒါမှမဟုတ်ရင်တော့ Zouk (သို့)
St. James Club ကိုပဲ သွားဖြစ်မှာပါ။
FashionKoKo - ဟုတ်ပါပြီ... အခုလို အချိန်ပေးပြီး ဖြေပေးတဲ့ ငါ့ညီနဲ့
ငါ့ညီမလေးကို ကျေးဇူးတင်ပါတယ်ဗျာ...
သံလွင်ဟီးရိုး - ဟုတ် .. ကျွန်တော်တို့ကို အခုလို မေးတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ဧကရီ - ကျေးဇူးပါအစ်ကို...
---------------------------
မေးမြန်းပြီးတဲ့နောက်မှာတော့ ကိုစိုင်းထွန်းရဲ့ ကင်မရာအသစ်ကြီးနဲ့အတူ... သံလွင်ဟီးရိုး နဲ့ ဧကရီ ကို ဓါတ်ပုံရိုက်ဖို့ နေရာလေးရွေးလိုက်တော့..ဧကရီက Robinson အပေါ်ထပ်က အရုပ်လေးနားမှာရိုက်ဖြစ်ပြီး သံလွင်ဟီးရိုးကိုတော့ Robinson အရှေ့၊ စက်လှေကားနားမှ ရိုက်ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ရင်း ဧကရီက "အစ်ကိုက.. ရည်းစားရှိလားဘာညာကျမမေးဘူး.. မရှိဘူးလေးတောင်မဖြေလိုက်ရဘူး ဟွန်း "လို့စ.နေသေးတယ်..။ သံလွင်ဟီးရိုးကတော့ "မရှိဘူး..မရှိဘူး..." ဆိုပြီး အတင်းငြင်းတော့တာပါပဲ..။ဒီတစ်ပါတ်.. သံလွင်ဟီးရိုး နဲ့ ဧကရီ ရဲ့ Fashion Style လေးတွေကို တစ်စေ့တစ်စောင်း လေ့လာကြည့်ရင်းChristmas နဲ့ New Year ကို ကြိုဆိုကြတာပေါ့။နောက်တစ်ပါတ်မှာလဲ.. စင်္ကာပူရောက် မြန်မာလူငယ်များရဲ့ Style လေးတွေကို ဆက်လက်စုစည်းတင်ပြပါဦးမယ်လို့...။
Fashion Ko Ko

The day the EARTH Stood Still

တူ...တူ...တူ...ကျနော့်ရဲ့ sony ericsson ဖုံးအစုတ်လေးဆီမှ ည ၁၀ ၃၀ လောက် ဖုံးသံလေးမြည်လာပါတယ်။ ဟဲလို...ဟေ့ကောင် ၁၁နာရီ
ခွဲလောက် woodlands causeway point ကိုအရောက်လာခဲ့.
ရုပ်ရှင်ကြည့်မယ်။ လက်မှတ်ဖြတ်ပြီးပြီ။ ဒါပဲ.ဂလောက်
ကျနော့်သူငယ်ချင်းတစ်ယောက် သူပဲဆက်တိုက်ပြောသွားပြီး
ကျနော်ပင်ဘာကားကြည့်မှာလဲဟုမေးပင် မမေးလိုက်ရ။
လက်မှတ်ဖြတ်ပြီးပြီဆိုတော့လည်းငြင်းဖို့မကောင်းပြီမို့.
၁၁ ၄၅ လောက်အရောက်သွားခဲ့တယ်.ကြည့်မယ့်ကားမေးကြည့်တော့
The Day the EARTH stood still တဲ့။
ကမ္ဘာပျက်တဲ့လားလို့မေးတော့၊ ဟုတ်တယ်တဲ့။ ကြည့်ရသေးတာပေါ့ဗျာ။
ဟိုတစ်ခါက cloverfied တုန်း
ကလိုမျိုးတော့မဖြစ်ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။
cloverfied ကဇာတ်လမ်းအရကောင်းပေမဲ့ ဒါရိုက်တာရဲ့ဆန်းသစ်တဲ့ လက်စွမ်းနဲ့ တစ်ကယ်
ဖြစ်သလိုခံစားရအောင် ကင်မရာတစ်လုံးနဲ့ တုန်ခါအောင်ရိုက်ထားတာ မအန်ယုံတစ်မယ်ပဲဗျာ။
အခုဒီကားကတော့ ဒါရိုက်တာ Scott Derrickson ရဲ့ရိုက်ချက်ကို Keanu Reeves, Jennifer Connelly, Jaden Smith, Kathy Bates, John Cleese တို့ကအပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။

ဇာတ်က New Youk Central park ထဲကို 30,000 k/s နဲ့ကျရောက်လာမယ့် ဥက္ကာပျံတစ်ခုကို စစ်ဆေးဖို့အတွက် scientists တွေအကုန်လုံးကို goverment order နဲ့စုစည်းပြီးအရေးပေါ် ခေါ်လိုက်ကြတယ်။အဲဒီနောက် ကမ္ဘာမြေပေါ်ကိုပြင်းထန်စွာကျရောက်လာမယ်လို့ယူဆရတဲ့ဥက္ကာခဲကြီးကNY central park ထဲကိုဖြေးညင်းစွာဆင်းသက်လာကာ klaatu လို့ခေါ်တဲ့ Alien တစ်ကောင်နဲ့ ကြီးမားလှတဲ့စက်ရုပ်ကြီးတစ်ကောင်ထွက်လာပါတယ်။သူတို့တွေကမ္ဘာမြေကြီးကိုလာရတဲ့အကြောင်းရင်းက ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ကမ္ဘာကြီးလူသားတွေလက်ထဲမှ ပြန်လည်ကယ်တင်ဖို့ပါသတဲ့။ ရည်ရွယ်ချက်က လက်ရှိကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်သန်နေကြတဲ့ဇီဝမျိုးကွဲ.မျိုးစိတ်တွေအကုန်လုံးကိုသူတို့ရဲ့ planet ဆီသယ်ဆောင်သွားပြီး လက်ရှိကျန်ခဲ့တဲ့ကမ္ဘာမြေပေါ်ကသက်ရှိအားလုံးကို ဖျက်ဆီးပစ်မှာပါ။ အဲဒီနောက် ပုံတူမျိုးပွားနည်းနဲ့ပြန်ပွားပြီး ကမ္ဘာမြေပေါ်ကိုပြန်လည်ပေးပို့ရှင်သန်စေမှာပါ။ ဒါပေမဲ့ အဲဒီထဲမှာ လူသားတွေကလုံးဝပါဝင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမြေကြီးကို အဓိကပျက်စီးစေတဲ့အကြောင်းရင်းရဲ့ အဓိကတရားခံက လူသားတွေကြောင့်ပဲတဲ့။ စက်ရုပ်ကြီးက သူ့ရဲ့ကိုယ်ထဲကနေပြီးတော့ ဖုန်မှုန့်အရွယ် အစုလိုက်တိုက်စားပျက်စီးစေတဲ့ စက်ရုပ်သေးသေးလေးတွေကို NY မြို့တစ်လျှောက်ပျံ့နှံ့စေပြီး စတင်ဖျက်ဆီးပါတော့တယ်. သမ္မတ အပါအဝင် တာဝန်ရှိတဲ့သူတွေ ကုန်လုံးခေါင်းမီးတောက်နေတဲ့အချိန်မှာ အမျိုးသမီး scientist တစ်ယောက် klaatu နဲ့ဘယ်လို ဂတိတွေပြုလိုက်တယ်၊ စက်ရုပ်သေးသေးလေးရဲ့ဖျက်ဆီးမှုတွေဘယ်လိုရပ်တန့်သွားလဲဆိုတာကတော့.....ငွေရောင်ပိတ်သားပြင်ပေါ်မှာဆက်လက်အားပေးကြပါလို့ ဟဲဟဲ။

I would rate this movie 8.5/10 and give 4 stars out of 5. Here is an official trailer and plz check it out. :P

December 19, 2008

Nargis Exhibition At SIM

...ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစုကမ္ဘာလေးများ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကိုငါတို့ပေးနိုင်မလား
စာနာမှုနဲ့ဖေးကူမလား ဒီမြေပေါ်တွင်ကြီးပြီး တို့သွေးရင်းပါ
လက်တွဲအခုချိန်မှာ လက်ကမ်း
လို့ကူပါ အကြင်နာတွေနဲ့ ဖေးကူပါ.....။

မြန်မာပြည်ရဲ့အဆိုကျော်ကြီးတွေ ခံစားမှုအပြည့် ဝမ်းနည်းမှုအပြည့်နဲ့ဆို
ထားတဲ့သီချင်းလေးပါ ။ အဲဒီသီချင်းလေးကိုကြားရင် မျက်ရည်ကအလိုလိုဝဲလာတယ်လို့
ကျနော့်သူငယ်ချင်းက ပြောလို့ ကျနော်လည်းနား
ထောင်ကြည့်တာ မြန်မာပြည်မှာမွေးပြီး မြန်မာ့မြေကိုချစ်တဲ့ကျနော်အတွက်
အတိုင်းထက်အလွန်ဝမ်းနည်းခဲ့ တယ်။



နာဂစ်...မြန့်မာ့သမိုင်းမှာအဆိုးရွားဆုံး သဘာဝဆိုင်ကလုံးမုန်တိုင်းကြီးက
မေလ၂ရက်နေ့ ၂၀၀၈ မှာ မြန်မာပြည်ရဲ့ ဆန်အိုးကြီးကိုရိုက်ခတ် သွားလေပြီ။
လူ့အသက်ပေါင်းမြောက်မားစွာနဲ့အတူတောင်သူဦးကြီးတွေသွေးချွေးနဲ့
ရင်းတည်ထားတဲ့လယ်ယာ မြေ စိုက်ခင်းနဲ့အိမ်တွေအားလုံးကိုဝါးမျိုသွားခဲ့တာ
အခုဆိုရင် ၇လပင်ရှိပြီပေါ့။ ဆိုင်ကလုံးရဲ့ဒဏ်ကြောင့် ရွာတွေပျက်၊ အိမ်တွေပြို၊
စီးပွားရေးတွေပျက်စီးပြီး အပြစ်မဲ့ဖြူစင်တဲ့ကလေးတွေများ
စွာလည်း သူတို့ရဲ့ချစ်ခင်လှတဲ့ဖေဖေ.မေမေတွေနဲ့သေကွဲရှင်ကွဲ ကွဲကြရပြီ။
အဲဒီလိုမျိုး ပျက်စီးမှုအစုံစုံကို ပြန်လည်ဖြည့်စီးပေးဖို့၊ လဲပြိုသွားတဲ့စိတ်ဓာတ်တွေကို
ထူမပေးဖို့အတွက် ပြည်တွင်း၊ ပြည်ပကလည်းအကူညီ ပေါင်းမြောက်များစွာပေးပြီး
လှူဒါန်းမှုတွေနဲ့အတူ စာနာထောက်ထားစွာ ထောက်ပံ့မှုတွေအများကြီးရှိခဲ့တဲ့
အတွက်ဝမ်းနည်း၊ ဝမ်းသာပီတိဝေခဲ့ရကြောင်းပါ။

အခုလိုမျိုး ပျက်သုဉ်းသွားတဲ့ သူတို့ရဲ့အနာဂတ်လေးတွေကို တစ်ထောင့်တစ်နေရာ
ပြန်လည်အစားထိုးပေးဖို့ ကျနော်တို့တတ်စွမ်းသလောက်ကူညီပေးဖို့ ရည်ရွယ်ပြီး
ကျနော်တို့ ကျောင်းမှ SIM students' president မမေမြတ်သူနဲ့ အတန်းကြီးမှ
စီနီယာကြီးများဦးဆောင်ကာ SIM MYANMAR DISASTER RELIEF ကို
အသက်သွင်းခဲ့ကြတယ် ။ အဲဒီနောက် June လ ၉ရက်နေ့မှာပထမဆုံးအကြိမ်
ကျောင်းမှာကောက်ခံလို့ရတဲ့ငွေတွေနဲ့ ဆန်တွေ၊ လိုအပ်တဲ့စားသောက်ကုန်
တွေသွားရောက်လှူဒါန်းပြီး ပထမဆုံး Exhibition နဲ့ donation ပွဲကိုကျောင်းက
Atrium မှာပြုလုပ်ခဲ့တယ် ။ ပထမတစ်ခေါက်ရိုက်လာတဲ့လှူဒါန်းနေတဲ့ ပုံတွေနဲ့
လက်ရှိ အခြေအနေတွေကို ပြသတာပေါ့။


First Exhibition at SIM



ကျောင်းကကိုကို မမတွေ ဘိုကလေးဘက်မှာရိုက်ခဲ့တဲ့ပုံတွေပါ ။



သနားစရာဗိုက်ကြီးသည်တွေ ကလေးလေးတွေ



ကျောင်းက atrium မှ ပြကွက်တချို့



အလှူခံပုံးလေးပေါ့ ။



ကျောင်းသူလေးတစ်ယောက်ဓာတ်ပုံတွေကိုစိတ်ဝင်တစားကြည့်နေတယ်



ကျနော်လည်းဒီဗူးလေးတွေနဲ့အတူ ကျောင်းတစ်လျှောက်အလှူခံထွက်ခဲ့တယ်။



ဘော်ဒါတွေကအရုပ်လေးတွေလည်းရောင်းပြီး အလှူငွေရှာခဲ့တယ် ။



Degree အတန်းနဲ့ Diploma အတန်းတို့စည်းစည်းလုံးလုံးပေါ့။

ပထမဆုံးပြပွဲလေးအောင်မြင်မှုအပြီးမှာ project members တွေဟာ
နောက်တစ်ခေါက်မြန်မာပြည်ကိုသွားပြီး ဧရာဝတီရဲ့ရွာသေးသေးလေးတွေမှာ
လက်ရှိနေနိုင်ဖို့အတွက် ဝါးအိမ်ပေါင်းအလုံး ၆၀ကျော်ကိုဆောက် လုပ်ပေးနိုင်ခဲ့တယ်။



ကလေးတွေတစ်ပြုံကြီးနဲ့ ကျောင်းကကိုကို.မမတွေ

Second Exhibition at SIM

project members တွေသွားရောက်ဆောက်လုပ်ပေးခဲ့တဲ့အိမ်တွေရဲ့ဓာတ်ပုံတွေကို ပြန်လည်ပြသပေးဖို့ကျောင်းကတောင်းဆိုလာတဲ့အတွက် ဒုတိယတစ်ခေါက် exhibition
ကို လွန်ခဲ့တဲ့ ၁၆.၁၇.၁၈ သုံးရက်ဆက်တိုက်ပြသခဲ့ပါတယ်။

ကိုယ်တိုင်လုပ်အားဝင်ပေးပြီးဆောက်လုပ်ခဲ့တဲ့အိမ်တွေရဲ့ပြကွက်များထဲကတစ်ချို့ပါ။













LOVE IS FREE ဆိုတဲ့စာကြောင်းလေးကြိုက်လို့အမှတ်တယရိုက်ခဲ့တယ်။







ထိုင်း.အင်ဒိုတွေကလည်းအားတတ်သရောလုပ်အားဝင်ပေးခဲ့တယ် ။



that's me :P



နောက်ဆုံးနေ့ကပါ။ ဟဲဟဲ