January 26, 2009

BUGIS ကွမ်ရင်ဘုံကျောင်းသို့တစ်ခေါက်

ကျနော့်သူငယ်ချင်းမျိုးမြင့်အောင်နဲ့ဒီနေ့မနက်ကပဲBugisက
ကွမ်ရင်ကျောင်းကိုနှစ်သစ်မှာအစစအရာရာအဆင်ပြေစေရန်
ဆုတောင်းဖို့သွားခဲ့တယ်ဗျား။မနှစ်ကမသွားဖြစ်လို့ဒီနှစ်တော့
ရောက်အောင်သွားဖို့ဆုံးဖြတ်ချက်နဲ့အတူအရောက်လှမ်းခဲ့ပါတယ်။
MRTနဲ့စီးတီးဟောပြီးနောက်တစ်မှတ်တိုင်ဘူးဂစ်စ်ကိုရောက်တော့
ကျနော်တို့အပါအဝင်ရထားတစ်ဝက်လောက်နီးပါးကဆင်းကုန်ကြပြီ။
Bugis JunctionကနေBugis streetကိုဖြတ်ကွမ်ရင်ကျောင်းသွားရာ
လမ်းတစ်လျှောက်အမွှေးတိုင်၊ပန်း၊တရုတ်ပစ္စည်းရောင်းတဲ့
ဆိုင်တန်းတွေ၊နှစ်ကူးမှာကန်တော့ဖို့လာတဲ့လူတွေနဲ့တော်တော်ကြီးကို
စည်နေပါတယ်။
ပထမဆုံးလမ်းဆုံမှာစိုက်ထူထားတဲ့ Chinese Zodiac monument က
ကျနော်တို့မွေးနှစ် နဂါးနှစ်မှာ ဒီနှစ်အတွက်ဗေဒင်ကိုဖတ်ခဲ့ပါတယ်။

ဒါကတော့နဂါးနှစ်ဖွား(1976, 1988, 2000,etc;) များအတွက် horoscope



ဗေဒင်ဖတ်ပြီးတော့ ကန်တော့ဖို့အတွက်အမွှေးတိုင်ဝယ်၊ သွားရာလမ်းတစ်လျှောက်
ကြည့်လိုက်တော့ လူတွေနဲ့ပြည့်ကျပ်လုနီးပါးဖြစ်နေပြီ။

ကွမ်ရင်ကျောင်းသွားရာလမ်းအဝင်ဝ

အမွှေးတိုင်မီးညှိဖို့ ဆီမီးခွက်ပုံးလေးတွေထားပေးထားတဲ့အတွက်လည်း
အဆင်ပြေလှပါတယ်။


လူတွေကြားထဲ ဟိုတိုး ဒီဝေ့ပြီးတော့ အရှေ့ကိုကြည့်လိုက်တော့...

အားးးးး...ပါးးးးး...များလှတဲ့လူတွေ
နာရီဝက်ကျော်ကျော်လောက် နံ့သာတိုင်အခိုးငွေ.၊ လူတွေကြားမှာတိုးပြီးမှ
နောက်ဆုံးမျော်လင့်ချက်ပန်းတိုင်အတိုင်း ကွမ်ရင်ကျောင်းထဲသို့ချောချော
မွေ.မွေ.ရောက်သွားပါတော့တယ်။
မိုးနတ်မင်းကြီးနဲ့ ကွမ်ရင်မယ်တော်ကိုဆုတောင်းပြီးကျနော်တို့ဘုံကျောင်းထဲ
မှပြန်ထွက်လာအချိန်မှာတော့...
ဘုံကျောင်းအဝင်ဝမှာတန်းစီနေတဲ့လူတွေက များသထက်များလာကြပါပြီ။
မင်းတို့လက်တွေလေထဲကိုမြှောက်ထားလိုက်...အဲဟုတ်ပါဝူး...
အမွှေးတိုင်ကြီးတွေလေထဲကိုမြှောက်ထားလိုက်
နေပူပူ၊ မီးခို့ငွေ.ကြားမှာစိတ်ရှည်ရှည်ရပ်စောင့်နေကြတဲ့လူတွေ


နောက်တော့မြို့ထဲရောက်နေတဲ့ကျနော်တို့နှစ်ရောက် ဗိုက်ဆာဆာနဲ့ပင်နီဆူးလားကို
ကိုးခြောက်ကိုးသုံးနဲ့ ဆက်လက်ချီတက်ခဲ့ကြပြီး မြနန္ဒာမှာ မြန်မာထမင်း၊ဟင်း
အပီကြိတ်ပြီးမှ အိမ်ပြန်ခဲ့ကြပါတယ်...
ထိုနေရာတွင် ဘုံကျောင်းသွား မြို့လားခရီးစဉ်ပြီးဆုံး၏။
သင်္ကြန်ရောက်လို့ တူးပို့သံကြားရင်မနေနိုင်သလို နှစ်ကူးရောက်ရင်
ဒီသီချင်းလေးတွေကြားလိုက်ရတော့ ဟိုးငယ်ငယ်က နဂါးအက၊ခြင်္သေ့အက
တွေကို ပြန်လည်အောက်မေ့မိတယ်ဗျာ။

January 25, 2009

တရုတ်နှစ်ကူးပြီဆိုရင်.....



GONG XI GONG XI, GONG XI FA CHAI, XIN NIAN KUAI LE !!!

အားလုံးမဂ်လာနှစ်သစ်ပါခင်ဗျား။ ဒီနှစ်ကတော့ chinese calendar အရ
နွားနှစ် (the earth Ox) ဖြစ်ပါတယ်။နွားနှစ်ဖွားတွေဟာမိသားစုlifestyleကို
သဘောကြနှစ်သက်ပြီးပေါင်းသင်းဆက်ဆံရေးကိုအလွယ်တကူအ၀င်မဆံ့ပါဘူး။
ဒါပေမဲ့သူတို့ရဲ့ရိုးသားမှု၊ပါးနပ်မှု၊စည်းကမ်းရှိမှု၊ဖြေးဖြေးမှန်မှန်ဖြင့်
ကြိုစားမှုတွေကြောင့်နွားနှစ်ဖွားတွေဟာနယ်ပယ်အသီးသီးမှာ
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အလားလာပေါင်းများစွာရှိပါတယ်။
ဆက်ဒမ်ဟူစိန်၊အိုဘားမားတို့ဟာလည်းနာမည်ကြီးနွားနှစ်ဖွားများထဲကသူတွေပေါ့ဗျာ။

ကျနော့်ကိုတရုတ်လားလို့မေးကြတော့ပထမဆုံးအမျိုးစပ်ပြပါ့မယ်ခင်ဗျား။
အဖေရဲ့အဖေကျနော့်အဖိုးကပြည်ကြီးပေါက်တရုတ်စစ်စစ်ပါ။
စစ်ပြေးလို့ကောင်းတုန်းထားဝယ်သူကျနော့်အဖွားနဲ့တွေ.ကာရည်ငံချစ်ကြိုက်ပြီး ကျနော့်အဖေတို့မွေးဖွားလာတယ်ဆိုပါတော့။ဒါပေမဲ့အဖွားကတရုတ်စကား
ပြောလျှင်အဖိုးကိုမချစ်ဘူးဆိုလို့အိမ်မှာတရုတ်စကားတစ်ယောက်မှမတတ်ကြပါ။
ကျနော့်အမေဘက်ကအဖွားကလည်းတရုတ်-မြန်မာကပြားမို့လို့
တရုတ်သွေးနှောတယ်လို့ပြောလို့ရပါတယ်။

တရုတ်နှစ်ကူးဟာ ထားဝယ်မှာနေစဉ်က ကျနော့်အတွက်ပျော်စရာအကောင်းဆုံး
ပွဲတော်များထဲကတစ်ခုပါ။ ပထမတစ်ချက်က ဦးလေးတွေ၊ အဒေါ်တွေကအန်ပေါင်း
ပေးလို့ ရေလျှံတာရယ်၊ နှစ်ကူးပြီး နောက်တစ်နေ့ ဘုံကျောင်းကလူငယ်တွေစုပြီး
တစ်မြို့လုံး တရုတ်နဂါးအက၊ ခြင်္သေ့အကတွေ လှည့်လည်ရာမှာ ပါဝင်တာကြောင့်
ကိုယ့်ကိုယ်ကိုကျောင်းပိတ်၊ ကျူရုင်ဖြက်ပြီး ကဲလို့ကောင်းတယ်။

Chinese New Year's Eveမရောက်ခင်တစ်ရက်(မနေ့ကပေါ့)
အဲဒီနေ့ရောက်ရင်ကျနော်တို့ထားဝယ်တရုတ်တန်းလမ်းမှာ
တရုတ်ညဈေးဆိုတာရှိပါတယ်။ရှိခိုးကန်တော့ပွဲအတွက်သစ်သီးဝလံ၊
ကြံ၊ ကန်တော့ပစ္စည်းတွေ၊ မီးပန်းတွေ၊ ရောင်းပြီး
ပွဲဈေးတန်းလျှောက်ရတာပျော်ဖို့ကောင်းပါတယ်။ညပိုင်းရောက်ရင်
ဘုံကျောင်းမှာဆွမ်းတော်ကြီးတင်ပွဲ၊ခြင်္သေ့၊နဂါးအက
trainingတွေနဲ့လည်းစည်နေပြီပေါ့။

New Year Eve(ဒီနေ့)မျိုးမှာဆိုရင်မနက်စောစောကြီး
မိုးနတ်မင်းကိုအရင်ကန်တော့နောက်တော့
ခေါက်ဆွဲကြော်၊ဝက်သားပေါင်း၊ကြက်ဟင်းခါးသီးချက်၊
ဘဲကင်၊ဝက်ကောင်လုံးကင်၊ကြံဆန်ဟင်းချိုစတဲ့တရုတ်ဟင်းလျာမျိုးစုံနဲ့
ကွယ်လွန်သွားကြသောဘိုးဘွား၊ဆွေမျိုးတွေကိုကန်တော့ကြ
လာတဲ့လူတွေအကုန်လုံးကိုထမင်းကျွေးဧည့်ခံပြီးအန်ပေါင်းတွေပေးကြ၊
အပြင်းသောက်သူကသောက်ကြ၊ဖဲရိုက်ကြနဲ့အပျော်ကြီးပျော်ကြတဲ့ပွဲပါ။

မနက်ဖြန် New Year နေ့ရောက်ပြီဆိုရင် အကျီအသစ်၊ ဖိနပ်အသစ်တွေနဲ့
အနီရောင်တွေဝတ်ပြီး ဘုံကျောင်းသွားကန်တော့ကြ၊ စောစီကုန်း၊ ဘိုးဘိုးကြီး၊
စီးတော်ကျားစတဲ့ တရုတ်နတ်ဝင်ပွဲတွေ၊ ခြင်္သေ့၊ နဂါးအသက်သွင်းပွဲတွေနဲ့
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါတယ်။ New Year ပြီးလို့နောက်ထပ်သုံးရက်ဆက်တိုက်
ခြင်္သေ့က၊နဂါးအကတွေ၊ဝူခုန်း၊ပါကျဲ၊စတဲ့အရုပ်တွေနဲ့ဘုံကျောင်းကလူတွေ
စုပေါင်းပြီးအန်ပေါင်းလိုက်တောင်းတဲ့ပွဲကလည်းအခုလိုနှစ်ကူးရောက်ရင်
တစ်မြို့လုံးစည်ကားပြီးမီးပန်းသံတွေနဲ့ညံနေတတ်ပါတယ်။
တစ်ချို့နှစ်တွေမှာဆိုရင်စောစီကုန်းနတ်လှည့်လည်ပွဲနဲ့
ဆက်တိုက်ကျင်းပတတ်တာမို့အိမ်တိုင်းနီးပါးကန်တော့ပွဲတွေနဲ့၊
မီးရှူး၊မီးပန်းတွေချိတ်ဆွဲထားပြီး ကြိုဆိုကြပါတယ်။
ဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲဗျာ။

အခုတရုတ်နှစ်သစ်ကစပြီးစင်္ကာပူနိုင်ငံတွင်
အလုပ်အကိုင်အခွင့်လန်းကောင်းမွန်ပြီး
မြန်မာပြည်သူပြည်သားများအဆင်ပြေပါစေလို့
ဒီဘလော့ကနေဆုတောင်းလိုက်ရပါတယ်။
မနက်ဖြန်မှBugisကကွမ်ရင်ဘုံကျောင်းသွားပြီးဆုတောင်းအုံးမယ်ဗျို့။

January 20, 2009

Woodlands family's Tuesday Dinner

ဒီနေ့ ကျနော်တို့ woodlands ကရွှေညီကိုတို့ရဲ့ ညစာနဲ့ ဘလောဂါကိုကို၊ မမ၊ ဦးဦး၊ တီတီ တို့ကို
ဧည့်ခံပါ့မယ်ခင်ညား။ Hawker Center က chicken rice, Kway Teo, Economic rice တွေနဲ့
နေ့စဉ်နဲ့ အမျှနှစ်ပါးသွားနေရတဲ့ ကျနော်တို့ ဒီနေ့တော့ အပြောင်းအလဲတွေဖြစ်အောင် မြန်မာ့
အစားစာတွေကို တတ်သလောက်မှတ်သလောက် ကြော်၊ ချက်၊ ပြုတ်၊ လှော်၊ ကင်၊ ဖုတ် ကြပါ
တယ်။

ဒါကတော့ မနေ့ကပဲ ပူပူနွေးနွေးအကယ်ဒမီရထားတဲ့ ကိုချမ်းရဲရဲ့
ကြက်ဥမကျက်တကျက်ကြော်နည်း ကို ပြန်လည်ဆန်းသစ် modified
လုပ်ပြီး ကျနော်ကိုယ်တိုင် home made ကြက်ဥမွှေကြော်ပါ။



အမည်မဖော်လိုသူတစ်ယောက် (ကောင်းလွန်းသဖြင့် လာကြော်ခိုင်း
မှာစိုးရိမ်သောကြောင့်တဲ့) ကန်စွန်းရွက်နဲ့ မှိုကို ငရုတ်သီးစိမ်း၊
ခရုဆီတို့နဲ့ ရှယ်ကြော်ထားပါတယ်။





မနိုင်းနိုင်းစနေဘလော့က ပဲပုတ်ကိုသားရေကျလွန်းသဖြင့်
အိမ်ကလက်ကျန်ထားဝယ်ငပိကို ကျွတ်နေအောင်ဖုတ်ထားပြီး
အချိုမှုန့်နဲနဲဖြူးကာ ပဲဆီစစ်စစ်ကို ဆမ်းထားတဲ့
အနံ့အရသာပြီးပြည့်စုံသော ထားဝယ်ငပိဖုတ်ဆီဆမ်းပါ။





ဖြူးသား နဲ့ ပျော်ဘွယ်သားနှစ်ယောက်လက်စွမ်းပြထားတဲ့
မြန်မာပြည်အပေါ်မရောက် အောက်မရောက်
လက်ဖက်သုတ်ပါ။ နည်းနည်းမြည်းကြည့်ပါအုံးဗျ။





ဒါကတော့ရန်ကုန်သူစစ်စစ် ချက်ထားတဲ့ ဝက်သားခရမ်းချဉ်သီး
အချိုချက်ပါ။ နတ်သုဒ္ဒါအလား အရသာထူးကဲလွန်းပါသဖြင့်
ဆွေမျိုးမေ့နိုင်လောက်ပါတယ်။



ချောတီးဗျို့။ ထမင်းကျန်ခဲ့လို့ ဟဲဟဲ။ လိုက်ပွဲပါဆွဲသွားကြပါ။


ကျနော်ကတော့ အခုစားပြီးသွားလို့တော်တော်ကြီးဗိုက်တင်းနေပါပြီဗျို့။ ကျနော့်ရဲ့ချစ်လှစွာသော
ဘလောဂါတွေလည်း အားရပါးရသုံးဆောင်ကြပါ။ ခံတွင်းတွေ.မှာသေချာပါတယ်။ ဟဲဟဲ
သတင်းအထူးအနေနဲ့ နောက်ထပ်စားချင်သော ဟင်းများရှိခဲ့ရင် ကျနော့်ဘလော့မှာ
ကြိုတင်စာရင်းပေးသွင်းလို့ရပါပြီ။ ကျနော်တို့အိမ်ကညီကိုမောင်နှမများမှ ကြုံရင်ကြုံသလို
ရှယ်ချက်ကျွေးပါ့မယ်တဲ့ ခင်ညား။ ဖြောင်းဖြောင်းဖြောင်း ။

January 12, 2009

SIM ISN NIGHT {Myanmar Dance}

SIM international student night မှာ ကတုန်းကဗီဒီယိုကို အခုမှ youtube မှာရှာတွေ.လို့တင်လိုက်ရပါတယ်ဗျား။ ရိုက်ထားတဲ့အတိုင်း edit မလုပ်ပဲတင်ထားတယ်ဆိုတော့ သိပ်တော့မကောင်းပါဘူး...ဘာပဲဖြစ်ဖြစ်အမှတ်တရလေးပေါ့ဗျာ။

January 10, 2009

ဝါးခနဲ ရီလိုက်ပါခင်ဗျား။

ဒီနေ့ကျနော့်သူငယ်ချင်းတစ်ယောက်နဲ့အော်လိုင်းအပေါ်မှာ ဘာညာသရကာတွေပြောနေရင်း
သူကကျနော့်ကို ဖတ်ကြည့်ပါဆိုလို့ ဟာသ ၄ ပုဒ်ပို့လိုက်တာနဲ့ ဖတ်ကြည့်တာ တော်တော်
လေးကိုရီရတယ်ဗျာ။ အဲဒါနဲ့ ဘလော့အပေါ်က ချစ်ညီကို မောင်နှမတွေလည်း တစ်ချက်ရီရင်
တစ်ရက်အသက်ရှည်တယ်ဆိုလို့ ဝေမျှလိုက်ရပါတယ်ဗျား။ ရေးတဲ့သူနာမည်မပါလို့ ဖော်မပြတာ
ဆောရီးပါ။

1. Email to Mr.Bill Gates

Why Bill Gates decides to Sell OFF Microsoft?
Letter from Banta Singh to Mr. Bill Gates
Subject: Problems with my new computer

Dear Mr. Bill Gates,
We have bought a computer for our home and we have found some problems, which I want to bring to your notice. 1. There is a button 'start' but there is no 'stop' button. We request you to check this. 2. One doubt is whether any 're-scooter' is available in system? I find only 're-cycle', but I own a scooter at my home. 3. There is 'Find' button but it is not working properly. My wife lost the door key and we tried a lot trace the key with this 'find' button, but was unable to trace. Please rectify this problem. 4. My child learnt 'Microsoft word' now he wants to learn 'Mi crosoft sentence', so when you will provide that? 5. I bought computer, CPU, mouse and keyboard, but there is only one icon which shows 'My Computer': when you will provide the remaining items? 6. It is surprising that windows says 'MY Pictures' but there is not even a single photo of mine. So when will you keep my photo in that 7. There is 'MICROSOFT OFFICE' what about 'MICROSOFT HOME' since I use the PC at home only. 8. You provided 'My Recent Documents'. When you will provide 'My Past Documents'? 9. You provide 'My Network Places'. For God sake please do not provide 'My Secret Places'. I do not want to let my wife know where I go after my office hours.
Regards,
Banta

Last one to Mr. Bill Gates:
Sir, how is it that your name is Gates but you are selling WINDOWS?

2. Wrong email to Mrs. Window

A man checked into a hotel. There was a computer in his room, so he decided to send an
e-mail to his wife.However, he accidentally typed a wrong e-mail address, and without realizing his error, he sent out the e-mail.
Meanwhile, somewhere in Houston, a widow had just returned from her husband's funeral.
The widow decided to check her inbox, expecting condolence messages from relatives and friends.Upon reading the first message, she fainted. The widow's son rushed into the room, found his mother on the floor,and saw the computer screen which read as follow:

To : My Loving Wife
Subject: I've Reached
Date : 16 May 2004
I know you're surprised to hear from me. They gave computers here,and we are allowed to send e-mails to loved ones.I've just reached here and have been checked-in.I see that everything has been prepared for your arrival tomorrow.Looking forward to seeing you TOMORROW!
Bye

3. Mahar Zanaka Vs Mani Maykhalar

Once upon a time, there was Mahar Zanaka Prince. He went to Meit Hti Lar Country. On the way, lay gyi moe gyi wong daing kya. He jumped into the sea. He swan for 7 days. After that, Mani Maykhalar angel appeared. Mahar Zanaka shaut tin "HELP ME! HELP ME!" But Mani Maykhalar didn't save him. Because he had "NO LONGYI".

4. ပထမဆုံးကိစ္စ

ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။ သူမသည် ကျောခင်းကာလှဲအိပ်ရင်း ကြွက်သားများကိုတောင့်ထားမိလေသည်။ သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။ သို့သော် သူကတော့ လုံးဝလက်လျော့ဟန်မပြပဲ သူမအနားသို့ တိုးကပ်လာလေသည်။ ကြောက်နေသလားဟု မေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။ သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။ သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ အထဲထိနိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး အကြောအခြင်များတောင့်တင်းသွားသည်။ သူသည် ပြောထားသလိုပင် ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။ သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ သူမ စိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန် တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။ သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။ သို့သော်သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။ သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။ အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။ မျက်ရည်များပြည့်လျှံနေသော်လည်း မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာ ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင် သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။ အတန်ကြာသော် သူမမှအရည်အချို့ တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည် အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။ သူမ သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။ သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟု ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။ ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။ အထက်ပါအဖြစ်အပျက်မှာ သူမ၏ ပထမဆုံးသွားနှုတ်သည့်နေ့က အတွေ့အကြုံပင်ဖြစ်လေသည်။

January 1, 2009

Siloso Beach Party

Happy New Year to you All !!! Last night, we went to the Siloso Beach Party as we'd planned since two months ago. It was second time for me, not too excited but we had fun and enjoyed dancing on the beach, playing with soapy bubble in the foam pool and getting drunk too high. When we reached at the entrance, the time was nearly 10. So, we all decided to finish 2 bottles of whiskey b4 11:30. Of course, all of us were pretty liquored up and some of my friends' faces looked like mangosteen hA hA.
Then, we entered into party and kept dancing and taking photos till 3 am. Star angels, DJ Shy, DJ Don P created a blend of mashed up tunes and the atmosphere became svelte with pulsation music. Counting down seconds to make a glad shout "HAPPY NEW YEAR" on the beach was basking pleasure from the Beach Party. Finally, I became topless and the whole body was wet with bubbles. I conviced that its worth to go there and waiting for another chance to explore together with my beloved pals again lol. BTW, my resolution for 2009 is to catch high salary job in Singapore and get a chance to attend degree program in UOL.

Asia 's Grooviest Beach Party



Queuing at the ticketing and the Baggage deposit


My tee - I love CHIPS


2 whiskeys to fuel up our energy
just finished 2nd round, 2/3 was gone

Drinking on the road :P

Speculator pyrotechnic display light and perfect DJs spinning made everybody up






Friendship forever

Resolution Board
Tired dancing feet a break
Final Bacardi refreshment
CHEERS !!! some ppl are missing