March 5, 2009

အရေးပေါ်သတင်း

ဒီနေ့ ည ၁၂ နာရီသတင်းအရ သံလွင်ဟီးရိုးတစ်ယောက် ၆ ရက်နေ့ မတ်လ ၂၀၀၉ မှာ
ချစ်လှစွာသော MAI လေယာဉ်ကြီးကို စီးနင်းပြီး မြန်မာပြည်ကို ခဏစတေးရှောင်မည်ဟု
အတိအကျ သတင်းရရှိထားသဖြင့် ညတွင်းခြင်း အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။
တီ.....တီ.....တီ.....ဟဲလို.....
မေး... ညီ...မနက်ဖြန်မြန်မာပြန်မယ်ဆို ?
ဖြေ...ဟုတ်တယ်ဗျ။ ဒီနေ့ပဲစာမေးပွဲပြီးတယ်လေ။ မနက်ဖြန်ပြန်ပြီ။ ဟားဟား
မေး...ဘယ်လောက်ကြာမှာလဲ ?
ဖြေ...သိပ်မကြာပါဘူးဗျာ။ ၂လလောက်ပါပဲ။ သင်္ကြန်ကဲမယ်လေ...
မေး...ရန်ကုန်မှာပဲနေမှာလား... ?
ဖြေ...ရန်ကုန်မှာ ၂ ပတ်လောက်ပဲနေဖြစ်မှာပါ။ ပြီးရင် ထားဝယ်ပြန်မယ်။ အမေနဲ့ရွာကိုလွမ်းနေပြီဗျ။
မေး...အိုခေလေ...ဒီက ညီရဲ့ ချစ်လှစွာသောဘလော့ဂါတွေကိုဘာများပြောချင်ဘာသေးလဲ ?
ဖြေ... ဟုတ်ခဲ့... ကျနော့်ဘလော့လေးကို ၂ လလောက်ခေတ္တပိတ်ခဲ့ပါ့မယ်။ ကျနော်မရှိတဲ့အချိန်လေးတွေမှာ အိမ်လေးကိုလည်းလာလည်ကျပါလို့။ မြန်မာပြည်ကအပြန် ပို့စ်အတွက်ကုန်ကြမ်းတွေ ရှာခဲ့ပြီး စားစရာတွေ၊ လည်စရာ ပတ်စရာတွေအတွက် ဓာတ်ပုံရိုက်လာခဲ့ပါမယ်။ ကျနော်ဘလော့လောကလေး နဲ့အဆက်သွယ်ပြတ်သွားပေမဲ့ ပြန်လာတာနဲ့ ချက်ချင်း ဓာတ်ပုံတွေနဲ့ဧည့်ခံပါ့မယ်။ အားလုံးကျန်းမာ ရွှင်လန်းပြီး အလုပ်ကိုင်အဆင်ပြေကျပါစေ။