June 29, 2009

ဖိတ်ခေါ်ပါသည် မြို့ရွှေဝယ်ဆီ



လှမ်းခဲ့လှည့်ပါ
ထားဝယ်မြေမှ ဖိတ်ခေါ်ပါသည်။

ဖော်ရွေပျူငှာ
အပြုံးများစွာဖြင့်
ရွှေဝယ်သူ၊သား မောင်နှမများမှ
ဧည့်ဝတ်လည်းကျေ
မောပန်းပြေရမည်။

လှဆုံးရူပကာ
ယဉ်ကျေးလိမ္မာ
ရွှေဝယ်သူချော ပျိုဖြူများနှင့်
မိတ်ဆက်ပေးချင်လှပါသေးသည်။

ထုံးအဖြူဖြူ စေတီအဆူဆူနှင့်
မိုးထက်မြင့်အောင် စပါးတောင်၊
လွမ်းဆွေးသဖွယ် အငွေ.သက်များနဲ့
ပင်လယ်အငူ ကျွန်းထိပ်ဖျားက
မျှော်ရစ်စေတီ၊
ရာဇဝင်တွင် မော်ကွန်းတင်တဲ့
တန်ခိုးကြီးသမိုင်းဝင် ရှင်ကိုးရှင်၊
လောကသရဖူ လျောင်းတော်မူ၊
လောကမာရဇိန်၊ ရွှေတောင်စားနှင့်
ဘုရားပုထိုးပေါများလှကာ
မြို့အဝင်ဝ မြစေတီတောင်ပေါ်က
ဘုရားဖူးရင်း ညနေဆည်းဆာကြည့်စေချင်ပါသည်။

သဲဖြူသောင်ခုံ
ထင်းရှူးပင်တန်း ပနံရလှပစွာ
ပင်လယ်စာစား အုန်းစိမ်းရေသောက်ကာ
ဘဝင်နှလုံး စိတ်အမောပြေဖို့
လှိုင်းကျက်ခွပ်သံ မိုးထက်ညံနေတဲ့
မောင်းမကန်မှာ သွားရောက်အပန်းဖြေကြပါစို့။

ကမ်းခြေအပြန်လမ်း ရေပူစမ်းနဲ့
ဝင်းဝတံတားအလွန်က ပဲရေပူစမ်း
ပုခက်၊ မောင်မယ်၊ ဆင်ကိုးရပ်
တော်ကျဲ၊ သရက်ချောင်းစတဲ့
ရေတံခွန်တွေနဲ့အတူ
ကျားခုန်အိုင်သွားရင်း
ပကာရီမှာ မျောက်ချီးခါးဟင်းမြည်းကြည့်လှည့်ပါ။

အသံဝဲဝဲနှင့် ထားဝယ်စကား
နားယဉ်အောင်ကျင့်ရင်း
တရုတ်တန်းလမ်းက ထားဝယ်မုန့်ဟင်းခါး၊
ငါးဥများများနဲ့ ထားဝယ်မုန့်လက်သုပ် ကျွေးချင်ပါသည်။

ဆိုင်ကယ်လည်းစီး၊ လေညှင်းလည်းခံ
မြို့သစ်၊ မြို့ဟောင်း
အပေါ်ဈေး၊ အောက်ဈေး
မဂ်လာဈေးနဲ့ အလှသစ်စင်တာ
လမ်းမသစ်၊ ကမ်းနား
ကမြောကင်း၊ ပေါက်တိုင်း
ကရပ်ပြင်၊ ရှမ္မ၊
အာဇာနည်လမ်း၊ ဗိုလ်ချုပ်လမ်း၊
မြို့အနှံ့လျှောက်ပို့ပေးပါဦးမည်။

နေရာထိုင်ခင်း၊ ပူပင်မတွေးနှင့်
ပုလဲဧကရီ၊ ပန်းဥယျာဉ်
Diamond Crown၊ Golden Guest တို့
ပြည့်ဝ ဝန်ဆောင်ပေးပါလိမ့်မည်။

Hifi ၊ fortune ၊ ဧရာနဒီအမြန်ယာဉ်စီးရင်း
မြိတ်၊ ကော့သောင်းဆီ ခရီးဆက်မလား
မြန်မာ့လေကြောင်း၊ အဲပုဂံတို့နဲ့ (သို့)
ရွှေလီ၊ ရွှေဝယ်၊ ကောင်းသစ်စံ Express ကားတွေနဲ့
ရန်ကုန်ရွှေမြို့တော်ကိုသွားမလား ??? ။

ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက်တွေနဲ့
ငါးမုန့်၊ မု့န်လိပ်
သီဟိုဠ်စေ့
ဒုရင်း၊ နာနတ်ယို၊
အိမ်ပြန်လက်ဆောင်ထည့်ပေးလိုက်သည်။

နောက်တစ်ခေါက် လှမ်းခဲ့စေချင်ပါသည်
ဖိတ်ခေါ်ပါသည် မြို့ရွှေဝယ်ဆီ ။

June 22, 2009

ဖြေကြည့်ပါ။(မြို့နာမည်လေးတွေကတွေးများစရာပါ။)

သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ forward mail လေးပါ။
မှတ်သားစရာတွေမို့လို့အားလုံးကိုမျှဝေလိုက်ပါတယ်။ ရေးထားတဲ့သူနာမည်မပါလို့
ဖော်ပြမပေးတာဆောရီးပါပဲ။

(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
အဖြေ = မြစ်သားမြို့

(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
အဖြေ = ၀က်လက်မြို့

(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
အဖြေ = ၀မ်းတွင်းမြို့

(၄)လူကြီးမဖြစ်သေးတဲ့မြို့
အဖြေ = ကလေးမြို့

(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
အဖြေ = မင်းကင်းမြို့

(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
အဖြေ = ကြံခင်းမြို့

(၇)ဆင်တွေကတဲ့မြို့
အဖြေ = ကျောက်ဆည်မြို့

(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
အဖြေ = ရေးမြို့

(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
အဖြေ = ချောက်မြို့

(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
အဖြေ = ခင်ဦးမြို့

(၁၁)ဖားကောက်ခိုင်းတဲ့မြို့
အဖြေ = မိတ္ထီလာမြို့

(၁၂)လေဘေးထည်မြို့
အဖြေ = ဖျာပုံမြို့

(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
အဖြေ = ၀ါးခယ်မမြို့

(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
အဖြေ = သပိတ်ကျင်းမြို့

(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
အဖြေ = ဒလမြို့

(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
အဖြေ = ထီးချိုင့်မြို့

(၁၇)အဲ့ဒီမြို့ကရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့
အဖြေ = မိုးကောင်းမြို့

အစဉ်လေးစားလျက်

သံလွင်ဟီးရိုး

June 18, 2009

Tavoy Youth Vs ကဆုန်ညောင်ရေသွန်းပွဲ

မေလ ၇ ရက်နေ့မှာ ရွှေတောင်စားစေတီတော်ဝင်းအတွင်း
(၆၉) ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းပွဲနဲ့အတူ
ပထမဆုံး နှစ်ကျိပ်ရှစ်ဆူ (ထိုင်တော်မူ-နေ့ဘက်) ဒေဿစာရီလှည့်လည်ပူဇော်ပွဲ ရှိတယ်လို့သတင်းရလာတဲ့အတွက် TAVOY YOUTH ရဲ့
ဥက္ကဋ္ဌ နေလင်းထူးက နီးစပ်ရာသူငယ်ချင်းများစုကာ ကဆုန်လပြည့်နေ့မှာ
ကျွန်တော်တို့ကောင်းမှူကုသိုလ်ပြုခဲ့ကြပါတယ်။ ပထမဆုံးနေ့ဘက်လှည့်လည်
ပူဇော်တဲ့ပွဲဖြစ်တာတစ်ကြောင်း၊ လူတိုင်းနီးပါးမသိကြိုမသိလိုက်တာတစ်ခု၊
ရပ်ကွက်တိုင်း ဘုရားကားအတွက်ပြင်ဆင်ချိန်မရတာ တစ်ဖုံ၊
တန်ဆောင်တိုင်တိုင်းမှာပူဇော်ခံတဲ့ နှစ်ကျိပ်ရှစ်ဆူ (ရပ်တော်မူ-ညဘက်)
လောက်ကြက်ပျံမကြမစည်ကားခဲ့ပေမဲ့အောင်အောင်မြင်မြင်
မိုးရွာသွန်းမှုမရှိပဲပြီးဆုံးခဲ့ပါတယ်။Tavoy Youth မှတာဝန်ရှိသူများ
ပြောကြားချက်အရသူတို့မှာလည်း ရက်နီးမှသိလိုက်ရတဲ့အတွက်
အရင်ကလို မဏ္ဍပ်ထိုးအလှဆင်၊members အားလုံးကိုမဖိတ်ကြား
နိုင်ပဲနေရာအတွက်ကမန်းကတန်းအ.ထ.က (၁)ကျောင်းအုပ်ကြီး
ခွင့်ပြုချက်ကိုယူကာလက်လှမ်းမှီရာဘော်ဒါတွေနဲ့ပဲ
အချိုရည်လှူခဲ့ပါတယ်။

P.S- ကျနော်တို့ အမှတ်တရအနေနဲ့ နေ့လည်ဘက်
မောင်းမကန်သွားခဲ့ကြသလိုအဲဒီနေ့မှာသူငယ်ချင်းတစ်ယောက်
မိန်းမခိုးသွားတဲ့အတွက် အားလုံးအံ့အားသင့်ခဲ့ကြပါတယ်။


အထူးသတင်း

အခုပဲ ဘလော့လျှောက်လည်နေတုန်း ၁၂ ထပ်ကနေ စင်္ကာပူကောင်းကင်ကို
ကြည့်လိုက်တာ UFO တစ်ခုပျံသွားတယ်ဗျို့။
လုံးဝအမှန်အကန်။ လေယာဉ်နဲ့လုံးဝမတူပါ (ကိုရွှေဘီးပါမျက်မြင်သက်သေ) ။
ကင်မရာမကောင်းလို့ ရိုက်တာမပေါ်ဘူးဗျာ ဖြူဖြူသေးသေးလေး...မလေးရှားဘက်ကို
ပျံသွားပါတယ်။ အချိန် ၆နာရီ ၁၅ မီနစ်

June 10, 2009

"လွမ်းတယ်..."

















လွမ်းတယ်...
ထားဝယ်မြို့ကြီးကိုလွမ်းတယ်...
မနက်တိုင်းတို့ဖူးနွေးသွားစားတဲ့ မာကျူရီကိုလွမ်းတယ်...
ညဘက်သူငယ်ချင်းတွေနဲ့ထိုင်ဖြစ်တဲ့ပွင့်ဦးက
ကိုးရီးယားတုတ်ထိုးကိုလွမ်းတယ်...
မောင်းမကန်သွားတိုင်းစားဖြစ်တဲ့မရင်ဆိုင်က
ပင်လယ်စာထမင်းကြော်ကိုလွမ်းတယ်...
အိမ်ရှေ့ဝက်သားကင်ဆိုင်က အခေါက်ကင်သုပ်ကိုလွမ်းတယ်...
သောကြာပြင်က ဘဲသားသုပ် နဲ့ ဆန်ပြုတ်ကိုလွမ်းတယ်...
3D ကကြေးအိုးဆီချက်.
miss you ကပုစွန်အစိမ်းသုပ်.
ကြက်လျှာစွန်းက ခေါက်ဆွဲကြော်.
ဒေါ်ကြီးဆိုင်ကမုန့်ဟင်းခါး.
စိုးစံပြကကွေးတရို့ကြော်.
ရွှေဝယ်သီရိက မလိုင်.နံပြား တွေကိုလွမ်းတယ်... လွမ်းတယ်...လွမ်းတယ်...
ဆောင်းတွင်းမှာ စွတ်ကျယ်အကျီနဲ့ဆိုင်ကယ်စီးတဲ့အရသာကိုလွမ်းတယ်...
မနက်စောစော ထန်းပင်တန်းက ထန်းရည်ချိုမြမြ ကိုလွမ်းတယ်...
ဘုရားလှည့်.သပိတ်မျှော.သင်္ကြန်.တရုတ်ညဈေးနဲ့
ဘုရားကြီးကဘုရားပွဲတွေကိုလွမ်းတယ်...
အခုထားဝယ်မှာမရှိတော့တဲ့ကောင်မလေးတစ်ယောက်ကိုလည်းလွမ်းတယ်...
စာအုပ်အသစ်ရောက်တိုင်းချန်ပေးထားတဲ့ မြကြေးစည်သံကိုလွမ်းတယ်...
ညဘက်ရောက်တိုင်းဂစ်တာတီးခဲ့တဲ့နေ့ရက်တွေကိုလွမ်းတယ်...
ကင်းတဲလေးမှာပေါ်ကာဆွဲတဲ့အချိန်တွေကိုလွမ်းတယ်...
ရွှေဝယ်သဇင်ကဘီယာအေးအေးလေးကိုလွမ်းတယ်...
အထက(၁)မှာ ပြန်မရနိုင်တော့တဲ့ကျောင်းသားဘဝကိုလွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
ထားဝယ်ရယ် မင်းနဲ့ငါဘယ်တော့မှပြန်ဆုံမှာလဲ.....

P.S ဒီပို့စ်က ထားဝယ်မပြန်ခင် ၄လလောက်အလိုကရေးထားတာပါ။
ဓာတ်ပုံကို www.shwe-dawei.blogspot.com မှကူးယူထားပါသည်။

June 9, 2009

မြန်မာပြည်လက်ဆောင်

တီဝါကဘိတ်ကတ်ကြေးကိုက်စားလာပါဆိုလို့ အဝစားလာခဲ့ပါတယ်ဗျား။
အိမ်တွင်းမှုကျောင်းဝင်းထဲက မောင်တိတ်၊ ကျောက်မြောင်းထဲက မောင်းမကန်၊
SSC နားက မအင်ဟုန် အကုန်စားခဲ့တယ်။
မုန့်ဝယ်လာ သလားဆိုတော့ ဟဲဟဲ ပါတာပေါ့ဗျာ။
မြန်မာပြည်အပြန်မုန့်မှာကြတဲ့ ဦးနော်၊ တီငယ်၊ ခယေးယေး ၊ ကိုတောင်ပေါ်သား
အများကြီးဝယ်ခဲ့ပါတယ်။ မုန့်မမှာတဲ့ဘလော့ဂါတွေလည်း ကြိုက်တာရွေး
ယူကြပါ။ ဦးရာလူစနစ်ပဲဗျို့။
P.S.မမီးမီးငယ်ကထားဝယ်အောင်ပင်လယ်ငါးမုန့်မှာလိုက်တာပါတော့ပါလာတယ်။
ဒါပေမဲ့အထုတ်တွေနဲ့ဖိမိပြီးငါးမုန့်ကကြေမွသွားလို့ကျနော်ပဲစားလိုက်တာကုန်သွားပြီ
မုန့်လိပ်ပဲစားပါတော့ဟဲဟဲ။

Duty free ကဝယ်လာတဲ့ Vodka






















အုန်းနိုခေါက်ဆွဲ၊ မု့န်ဟင်းခါးခြောက်






















ငပိထောင်း























ငါးကွမ်းရှပ်ခြောက်


တောင်းပန်ချက်

စလုံးကို ပြန်ရောက်နေတာကြာပေမဲ့ ကျောင်းကိစ္စ၊ လူမှုရေးကိစ္စ၊ graduation ကိစ္စ
တွေကြောင့် အခုမှပဲဘလော့ကိုပြန်ရောက်ဖြစ်တာဆောရီးပါဗျာ။

ကျနော်မရှိတုန်း သတိတရအိမ်ကိုလာလည်၊ သင်္ကြန်မှာရေလာလောင်း၊ ကွန်မန့်ပေး၊ ဆီဗုံးမှာအော်၊
ဂျီတော့မှာသတင်းမေးကြတဲ့ ရွှေညီကိုမောင်နှမအပေါင်းကို လုံးဝကျေးဇူးတင်ပါတယ်။
ဘလော့ဂါတို့ကျန်းမာရွှင်လန်းကြပါစေသော်ဝ်
သံလွင်ဟီးရိုး