September 27, 2009

SIM ARTS FESTIVAL

SIM (Singapore Institute of Management) Arts Festival
လို့နာမည်ပေးထားတဲ့ SIM students week ကို September
22nd မှ 25th ထိ ကျောင်းက Atrium မှာစည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ပါတယ်။
Atrium ကိုမရောက်မီ ကျောင်းကို စဝင်လိုက်တာနဲ့ Basketball
ကွင်းအတုကြီးကို ဖန်တီးထားပြီး basketball club မှာ အသင်းဝင်
များက သရုပ်ပြကစားနေကြပါတယ်။ အဲဒီနံဘေးမှာ ဘတ်စ်ကက်ဘော
ဂိမ်းစက်တစ်ခုလည်းထားပေးထားပြီး မည်သူမဆိုအခမဲ့ဝင်ရောက်
ဆော့ကစားနိုင်ပါတယ်။
Atrium ကိုရောက်တော့, Indonesia, India culture, Vietnam
Malaysia စတဲ့နိုင်ငံအသီးသီးမှ အဖွဲ.တွေ
UOL,RMIT,UOW,UB စတဲ့ student council တွေ
Immix(international minority mix), Social Innovative Park,
Christian Fellowship, Buddhist Society,Psychology Society,
အစရှိတဲ့ ကျောင်းသားကျောင်းသူတွေဖွဲ.စည်းထားတဲ့ club
တွေကနေပြီးတော့ နောက်လာမဲ့စာသင်နှစ်အတွက် အဖွဲ.ဝင်တွေကို
နွေးထွေးစွာဖိတ်ခေါ်နေပါတယ်။ Admin Office အရှေ့မှာတော့
Photography Club က booth အကြီးကြီးများဖြင့်လက်စွမ်းပြ ရိုက်ချက်
များကိုပြသထားပါသေးတယ်။
အနောက်ကိုဆက်ဝင်သွားရင် ငါးကန်အကြီးကြီးနားမှာတော့
ဖန်စီပစ္စည်းအရောင်းဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့စည်ကားနေသလို
Library အရှေ့မှာလည်း စာအုပ်တွေရောင်းချနေတာကိုတွေ.ရပါတယ်။
အပေါ်၎လွှာက Grand-Hall မှာတော့ ကြက်တောင်ကွင်း၊ ဟော်ကီကွင်း
စတဲ့ကွင်းအတုတွေဖန်တီးထားပြန်ပြီး Dragon boat, bowling, swimming,
football, hockey, badminton, tennis, table tennis, canoe, judo,
muya thai, taekwondo, စတဲ့ များစွာသော sports club တွေကလည်း
အသင်းဝင်အသစ်တွေကိုဖိတ်ခေါ်နေပြန်တယ်။
ကျနော်လည်း ဒီလေးရက်မှာ မနှစ်ကအသင်းဝင်ထားတဲ့ Immix နဲ့
IFG (international friendship group) မှာ
သူငယ်ချင်းတွေကို သွားနှုတ်ဆက်ပြီးအတန်းတက်လိုက်၊
အားတဲ့အချိန်တွေမှာ ပွဲစဉ်တွေကိုလာကြည့်လိုက်နဲ့ နောက်ဆုံးနေ့မှပဲ
အတန်းက ၁၁ နာရီခွဲလောက်ပြီးတာမို့ ပွဲစဉ်တွေအကုန်နီးပါးအားပေးလိုက်
ရပါတော့တယ်။
ဒီနှစ်တော့ SIM Buddhist Society ကိုဝင်ဖြစ်သလို အရမ်းဝင်ချင်တဲ့
Hip hop dance နဲ့ Live Saving Club ကတော့ ဈေးအရမ်းကြီးလို့
စုံစမ်းပြီးတော့ ကျေးဇူးလို့ပြောပြီးပြန်ထွက်လာခဲ့တယ်။

များမကြာမီအချိန်တွင်းမှာလည်း SIM university ရဲ့
global education တွေဖြစ်တဲ့ DMS (diploma in management
studies),UOL(university of London),RMIT university,
စတဲ့ရွှေမြန်မာအများစုတက်နေတဲ့ကျောင်းတွေကနေ
မြန်မာကျောင်းသား၊ ကျောင်းသူတွေ စုစုစည်းစည်းဖွဲ.ထားတဲ့
My-SIM အဖွဲ.ကြီးအောင်အောင်မြင်မြင်နဲ့ထွက်ပေါ်လာပါစေလို့
ဆန္ဒပြုရင်း...

နောက်ဆုံးနေ့ညနေပိုင်းဆိုတော့ လူကရှင်းနေပါပြီ



ဘယ်ဘက်ဒေါင့်ဆုံးကတော့ the best booth ဆုကိုရသွားပါတယ်
မလေးကလပ်ကလို့ထင်တာပဲ။



ကျနော်ဝင်ထားတဲ့ Immix ကအလယ်ကဟာကလေးပါ။


ဝူရှူးကလပ်ကလည်း သရုပ်ပြတယ်...


တယောကလပ်ကတွေ


muya thai က ဘောက်စင်သမားတွေ


ဒါကတော့ sport club အသီးသီးကိုကိုယ်စားပြုထားတဲ့ ဖက်ရှင်ရှိုးပါ။


India Culture ကလည်း slumdog က အကနဲ့


secondary က ကလေးတွေလည်း တက်တက်ကြွကြွနဲ့


ရင်သပ်ရှူမောဖွယ် salsa ကလပ်ကတွေ


SIM got Talent မှာဝင်ပြိုင်ကြတဲ့အထဲကနေ နောက်ဆုံးအဆင့်မှာ
ပါဝင်ကြမဲ့ ငါးဖွဲ.ပါ။ သီချင်းဆိုတဲ့သူက ၃ ယောက်ဖြစ်ပြီး
salsa club မှ ၂ယောက်၊ hip hop dance မှ ၅ယောက်

အဲဒီငါးအဖွဲ.ကနေ ပထမဆုကို hip hop dance, ဒုတိယကို
salsa ကနှစ်ယောက် နဲ့ တတိယဆုကို သီချင်းဆိုတဲ့ကျနော်တို့သူငယ်ချင်း
ဓာတ်ပုံထဲမှာ ညာဘက်ဘေးဆုံးက
Vietnam မလေးတစ်ယောက်ရရှိသွားပါတယ်။
အဲဒီ Vietnam မလေးကိုအားပေးဖို့ယောက်လာတဲ့ သူ့သူငယ်ချင်းတွေ

သူ့အတွက်တီရှပ်မှာလက်မှတ်ထိုးကြစဉ်


Fashion show လည်းရှိတယ်





အိုင်တီအီးက မလေးတွေကလည်းလာရောက်ဖျော်ဖြေတယ်


တိုက်ကွမ်ဒိုတွေ ပွဲကြမ်းနေပြီ



Japanese Drummer performance ကလည်းမြိုင်ဆိုင်လှတယ်


I m MiX, U r Mix, We r IMMIX


Grand-Hall မှာလည်း ဒီလိုဒီလို



နေ့စဉ်စင်ပေါ်တက်တိုင်းလက်ခုပ်သံတွေအများဆုံးသိမ်းပိုက်လေ့ရှိတဲ့
Dream Werks အဖွဲ.ရဲ့ Hip Hop Dance


ဒါကတော့ SIM Got Talent မှာ ပထမဆုရသွားတဲ့
dancers ၅ ယောက်



DE (diploma in economics) မှာထူးထူးချွန်ချွန်အောင်မြင်ကြတဲ့
ကျောင်းသားကျောင်းသူတွေကို SIM ကနေပြီးတော့ ဆုတော်ငွေ
ချီးမြှင့်စဉ် (တစ်ယောက်ကို ၄၀၀၀ တောင်မှ)


Animation club က သရုပ်ပြ



Credits to MMA !!!

September 24, 2009

ဒီနေ့ နဲ့ ကိုယ့်လူ

ဒီနေ့...
အချိန်က ၂နှစ်နဲ့သုံးလရှိခဲ့ပြီ
သောင်တင်နေတဲ့ စလုံးကျွန်းမှာ
အနောက်ကိုလှည့်ပြန်တွေးကြည့်တော့
ပျက်သုဉ်းခဲ့တဲ့ နာရီတွေထဲ
ဘဝတွေက စုတ်ချာနေခဲ့တယ်
လူတစ်လုံးလုံးမဖြစ်သေးပေမဲ့
အရာဝင်အောင် ထုဆစ်နေရင်း
နှောင်းခဲ့တဲ့ အရာတစ်ချို့ကို
နှမျောတသ မနေတော့ပဲ
ကိုယ့်ကိုယ်ကိုယ်စီစစ်လိုက်ရင်
ပိုင်ဆိုင်ပြီးတာလေးဆိုလို့ ဒီပလိုမာတစ်ခုတည်းရယ်...

ကိုယ့်လူ...
အတ္တတွေခါချ မာနတွေလဲပြို
အညှိုးတွေကြီးစိုး အမုန်းတွေတိုး
ဒဏ်ရာတွေဖုံးဖိ၊ အပြုံးတုတွေပိ
စာရွက်ဖြူပေါ် စွန်းသက်နေတဲ့
ထိုထိုအမည်းစက်တွေကို
ကော်ရယ်ရှင်ပန်နဲ့ဖျက်ဖို့ ကြိုးစားရင်း
ဓားသွားထက်ရှမဲ့လမ်းကိုရွေးခဲ့တော့
သွေးမထွက်ပဲဖြတ်ဖို့တာဝန်ရှိလာပြီပေါ့...

ဒီနေ့...
မြတ်သောဇာနည်တွေ
လမ်းပေါ်ထွက်ရင်း
ကြင်နာမှုတွေပေးပေမဲ့
နားမလည်တဲ့ အယုတ်တမာတွေကြောင့်
ရင်ထဲကအမုန်းတွေ အန်ထွက်ခဲ့ပြီ...
ဒီတစ်ခါဟဲ့ ဒီတစ်ကြိမ်
အပြီးပြတ်နွှဲပေမဲ့
လိုက်မလာတဲ့ တို့လူတွေ
ကြောက်လို့တော့ရမလားကွဲ.
ငါ့နှယ်...သူရဲဘောကြောင်ကာ
စတေးခဲ့တဲ့သူတွေကိုမှ အားမနာပဲ
စလုံးကိုထွက်လာခဲ့တယ်
ရှက်ဖို့အတော်ကောင်းတယ်လေး...

ကိုယ့်လူ...
ချမ်းသာနဲ့ဆင်းရဲ အရမ်းကွာလှတဲ့ ဒီဘဝတွေထဲ
သာရေးကိုဦးစားပေးချင်ပေမဲ့ အနစ်နာတွေကြောင့်
ကိုယ်တွေ.မှာတော့ တော်တော်ဒုက္ခရောက်နေကြတယ်
စိတ်ဆန္ဒကောင်း မြတ်သောအကျင့်တွေ
မြဲမြန်စွာ ရင်မှာထွေးပိုက်ရင်း
ပါဆယ်တစ်ထုပ်လို
စေလေရာ ယူသွားကြပါတော့....

September 22, 2009

NP-MM Cultural Show 2009



တစ်နှစ်ထက်တစ်နှစ်ထူးခြားသောအစီစဉ်များဖြင့်တင်ဆက်လေ့ရှိတဲ့
Ngee Ann Polytechnic မှရွှေမြန်မာမောင်နှမများကလည်း
ယခုနှစ်၂၀၀၉မှာဖျော်ဖြေတင်ဆက်ဖို့အချိန်ကျရောက်လာပြီဖြစ်ပါတယ်။

NP MYANMAR CULTURAL SHOW 2009
လို့အမည်ပေးထားတဲ့ခြိမ့်ခြိမ့်သဲအောင်အပီနွှဲမဲ့ပွဲတော်ကြီးကို
ရွှေမြန်မာတို့စုဝေးရာပင်နီဆူးလားပလာဇာအနီး
မကြာမီဖော်မြူလာဝမ်းယှဉ်ပြိုင်မဲ့နေရာနဲ့ကပ်ရပ်
ဟိုးသင်္ကြန်အချိန်ကပျော်ခဲ့ကြတဲ့ပဒန်ကွင်းကြီးအနံဘေးရှိ
Victoria Theatre တွင်ကြီးကျယ်ခမ်းနားစွာ
တင်ဆက်ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

နေ့ရက်အားဖြင့်နိုဝင်ဘာလ၂၁ရက်
အကုန်လုံးအားကြမဲ့စနေနေ့ဖြစ်ပြီး
အချိန်ခါသမယမှာ1pm-7pmဖြစ်တဲ့အတွက်
ရုံးပိတ်ရက်အတွင်းအိမ်တွင်ကောင်းကောင်းနှပ်ပြီးမှ
လာမည်ဆိုပါကလည်းအိပ်ရေးလည်းမပျက်
ပွဲလည်းမီနိုင်ပါတယ်။

လက်မှတ်တန်ဖိုးမှာလည်း၁၈၁၈နှစ်ကဒ်စာ
လျှော့ပြောရုံလောက်သာ-
၁၇ဒေါ်လာ,၁၅ဒေါ်လာ,၁၂ဒေါ်လာ အသီးသီးဖြစ်ပြီး
ညနေစာဖြင့်လည်းတည်ခင်းဧည့်ခံမည့်အတွက်
ပွဲလည်းကြည့်ရ ဝမ်းလည်းဝမှာပါ။

ဒါကြောင့်စလုံးမှရွှေညီကိုမောင်နှမများ
ပွဲကြီးပွဲကောင်းတစ်ခုကိုလက်လွတ်သွားသည်
မဖြစ်ရလေအောင်ကြိုတင်စီစဉ်မှုများ
ပြုလုပ်နိုင်ရန်အတွက်သံလွင်ဟီးရိုးဘလော့မှ
နေ၍သတင်းဦးသတင်းဖျားပေးလိုက်ရပါသည်။

လက်မှတ်များကို-
အာကာ-၈၃၈၈၂၇၃၆
ချမ်းငြိမ်းစိုး-၈၁၆၃၈၉၄၂တို့တွင်မှာကြားဝယ်ယူနိုင်သလို
main sponsor ဖြင့်ကူညီပံ့ပိုးပေးတဲ့
-ဧရာဝတီ Restaurant -Royal-Myanmar Tea Mix တို့နဲ့
co-sponsor များဖြစ်တဲ့
-သပြေနု
-Sin-myanmar
-Lighting moon pte,ltd.
-သီရီဆံပင်အလှပြုပြင်ရေးခန်းမတို့တွင်လည်းကောင်း
ကျနော်သံလွင်ဟီးရိုးဆီသို့အီးမေးပို့၍သော်လည်းကောင်း
ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။



အထူးအစီစဉ်-သံလွင်ဟီးရိုးဖြင့်ပွဲကြည့်လိုသူများ
အမြန်ဆုံးလက်မှတ်ဝယ်ယူစာရင်းပေးနိုင်ပါပြီ။
လူဦးရေကန့်သတ်ထားပါသဖြင့်ဦးရာလူစနစ်ဖြင့်
စတင်ရောင်းချပေးနေပါပြီ :P ...ဒူ...ဝေ...ဝေ...

September 21, 2009

Ubin ခရီးသည်

သဘာဝအလှ ပြည့်ကြွယ်ဝ၍
ရေမြေရှုခင်း လျှောက်ကြည့်ရင်း
ပင်လယ်စာစုံ အုံးစိမ်းရည်ကောင်း
ကြားဖူးနားဝ ဤစကားအထုံထုံဖြင့်
ဒီခရီး ဒီတောကို
စလုံးအငွေ.သက်ကင်းဝေးစွာဖြင့်
ဘုတ်ကလေးကိုစီး ကျော်ကာဖြတ်လို့
ခေတ်မီတိုက်တာ အိမ်ရာများနဲ့
ဝေးကွာလွန်မြောက် ခရီးရောက်ခဲ့ပြီ
Paula Ubin ကျွန်းကလေးဆီ...

အားလုံးရဲ့ရူပကာမှာ သန့်သန့်ပြန်ပြန့်
အားအင်တွေအပြည့်နဲ့ တက်တက်ကြွကြွ
အပြုံးမျက်နှာလေးတွေနဲ့ လန်းလန်းဆန်းဆန်း
ကျည်စယ်နောက်ပြောင် ပျော်ပျော်ရွှင်ရွှင်
ဗိုက်ကလေးတွေကိုယ်စီဖြည့်ကာ
ကျွန်းကလေးပေါ်ရောက်
ကျနော်တို့မှာ မျောက်မူးလဲများပါမာ
ခုံပေါက်ပြေးလွှား စက်ဘိန်းငှားကြသည်
ဒုက္ခအထွေထွေကို မသိသေးကြ၍လော...

နှစ်ယောက်စီးတစ်ဘိန်း စီးကြရာဝယ်
စားနှပ်ရိက္ခာ နောက်ကခြင်းတောင်းထဲမှာအပြည့်
သယ်ရင်းတစ်ထမ်း ကျမတစ်ရွက်ဆိုသလို
နှစ်ယောက်ကိုယ်စီ ဇွဲမာန်ချီလျက်
မ.မှုလှတောင်ကုန်း ဆင်းတောင်များနဲ့
အစခရီး မောပန်းရကောင်းမှန်းမသိ
ဖြောင့်ဖြူးသာယာ အေးချမ်းစွာဖြင့်
တောင်ထွဋ်ဖျားတစ်ခုကို ရောက်ခြေပြီ...

အရှေ့ကိုဖြင့် လှမ်းမျှော်လိုက်လျှင်
မိုးမြင့်အဆောက်အုံတွေနဲ့ စလုံးကျွန်း
ဘေးကိုတစ်ချက် ခဏရှိုးလိုက်စဉ်
လေနုအေးအကြား ပင့်သက်ကြွေမိသည်မှာ
ကမ်းပါးတောင်ရံ မြင့်မားဟန်ဖြင့်
မတ်စောက်လှတဲ့ ချောက်ကမ်းပါး..
အားလုံးသော နံရံတို့ရဲ့အလယ်
စိမ်းလဲ့ကန်သာ ရေပြင်ကြီးက
ရောက်သောသူကို ဖမ်းစားခြေပြီ
တဒဂ ခဏမှင်သက်မိကာ
ထိုသို့သောနေရာ
စလုံးတွင်ရှိသည်ဆိုမှာ
အံ့သြစွာဖြင့်တွေးနေမိသည်
Ubin ရဲ့နှလုံးသားလော...

သူရိန်နေမင်း ထိန်ထိန်လင်းလျက်
အမြင့်ဆုံးအပူချိန် မမှုနိုင်ပဲ
အဆင်းအတက် အကွေ.အကောက်
တောင်များကိုဖြတ် တို့တစ်တွေနင်းကြပြီ
ခရီးကြမ်းနှင်တဲ့ အသင်လူသားတို့
လမ်းဆုံးပေါက်လို့ ရလဒ်ကောင်းဖြင့်
လိုချင်ပန်းတိုင် ရောက်လုငြားက
မည်မျှမောပန်းနေပစေ ပျောက်လတံ့..
လမ်းကြမ်းနင်းတဲ့ အသင်ဘလော့ဂါတို့
ခရီးဆုံးရောက်လို့ စိတ်မကောင်းစွာဖြင့်
လမ်းမှားသွားက လျှာထွက်လတံ့...

ဘယ်နေရာ ရောက်ရောက်
အဘယ်ခရီး ပေါက်ပေါက်
လေးဖြူသီချင်း နှလုံးအမြဲသွင်းကာ
နင်းထား နင်းထား အားတင်းပြီး
ရွပ်ရွပ်ချွံချွံ မရှော့သောဇွဲဖြင့်
ခရီးများအဆုံးထိလျှောက်...

စိုနင့်နေသောချွေး
အံ့သေနေသောအောက်ပိုင်း
ကိုးတိုးကွတဖြစ်နေသော ဟိုဒင်း
နေလောင်နေပြီဖြစ်တဲ့ စက်စီအသားရောင်
ထိုသို့သော အရာတွေပေါင်းစပ်လိုက်တော့
ဖုတ်လိုက်ဖုတ်လိုက်နဲ့
လူရုပ်ကိုယ်စီ မကျန်နိုင်တော့ပြီ...

ဟီးရိုးဂုဏ်ပုဒ် မှိန်းမှိန်ကာ
အသံပိတ်နေတဲ့ ကျွန်ုပ်
မည်သို့ မည်ပင် မောပန်းနေပစေ
အရွှန်းဖောက်နိုင်သေးသော
အစ်ကို အစ်မတွေကိုကြည့်ကာ
အသံတိတ်ရယ်မောရင်း
လေးစားနေမိပါတော့သည်။

September 19, 2009

တရုတ်တန်းလမ်း

china town လို့ခေါ်တဲ့ တရုတ်တန်းဟာ ကမ္ဘာ.နိုင်ငံအသီးသီးမှာရှိသလို
ကျနော်တို့ထားဝယ်မြို့မှာလည်း china town လို့သီးသန့်မရှိပေမဲ့တရုတ်
တန်းလမ်းဆိုတာရှိပါတယ်။ တည်နေရာကတော့တလိုင်းထိန်ရပ်ကွက်
အတွင်းမှာပါ။ အာဇာနည်လမ်းကနေဝင်လို့ရသလိုဟိုး ရွှေပလောင်
လက်ဘက်ရည်ဆိုင်အရှေ့ဘက်ရဲရိပ်သာအောက်လမ်းဖြစ်တဲ့တလိုင်းမစု
လမ်းကလည်းဝင်လို့ရပါတယ်။လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်ထိ မြေနီ
လမ်းသာဖြစ်ပြီး နွားလှည်း၊မြည်းလှည်းများ၊ ဝင်ခွင့်ပြုထားတဲ့အတွက်
အဖုခွက် ချိုင့်များနဲ့ လမ်းဆိုးလှပါတယ်။ဒါပေမဲ့လည်း လမ်းနေပြည်သူ
များရဲ့ စည်းလုံးညီညွတ်စွာမှုဖြင့်ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းခဲ့ရာ
အခုဆိုရင်၁၀စုနှစ်ကျော်သွားပေမဲ့လည်း လမ်းကြံ့ခိုင် ညီညာမှုကတော့
လုံးဝကောင်းမွန်နေဆဲပါပဲ။တရုတ်ဘုံကျောင်း၊လက်ဘက်ရည်ဆိုင်များ၊
မောင်းမကန်ကားဂိတ်များဖြင့်တရုတ်တန်းဟာ နေ့စဉ်နဲ့အမျှစည်ကား
အသက်ဝင်နေပါသည်။

တရုတ်တန်းလမ်းအတွင်းမှာထားဝယ်မြို့တွင်တစ်နှစ်မှတစ်ခါတရုတ် နှစ်သစ်ကူးနေ့မတိုင်မီတရက်အလိုပြုလုပ်လေ့ရှိသည့်တရုတ်ညဈေး
ရှိသည်။ညဈေးမရောက်မီတစ်လလောက်အလိုကတည်းက ဈေးဆိုင်
ခင်းလိုသူများအသီးသီးမှာကိုယ်ပိုင်အမှတ်သားများဖြင့် လာရောက်
နေရာယူထားတတ်ကြကာ ညဈေးနေ့နေ့လည်ဘက်မှတစ်လမ်းလုံး
အားပိတ်လိုက်၍ ဆိုင်များဖြင့်နေရာယူပြီး အထူးစည်ကားလှပါသည်။

တရုတ်ညဈေးတွင်နှစ်ကူးကန်တော့ပွဲအတွက်အသား၊ဟင်းသီးဟင်းရွက်၊
အသီးမျိုးစုံသည်၊တရုတ်မုန့်မျိုးစုံဗျောက်အုံးသည်မှ ကြံသည်၊မုန်ဟင်းခါး၊
မုန့်လက်သုပ်၊ ကော်ပြန့်၊ ငုံးဥစတဲ့မုန့်ဆိုင်တန်းများအဓိကဖွင့်လှစ်
ရောင်းချကြသည်။ သံလွင်ဟီးရိုး တို့ငယ်စဉ်က တရုတ်ညဈေးနှစ်ခေါက်
သုံးခေါက်လောက်ပတ်ပြီးမုန့်စား၊ ပြီးတော့ မစောဘုံ ကွမ်ရင်ကျောင်းတွင်
ပြုလုပ်သည့် ဆွမ်းတော်ကြီးတင်ပွဲသို့သွားရောက်လေ့ရှိသည်။

ထားဝယ်မုန့်လက်သုပ်နဲ့မုန့်ဟင်းခါးစစ်စစ်ကိုစားချင်လျှင်တရုတ်တန်းလမ်း
ကိုလှမ်းခဲ့ပါ။ ငှက်ပျောအူအကာမပါပဲအလည်အူတိုင်နဲ့ သီးသန့်ချက်တဲ့
မုန်ဟင်းခါးပါ။ စစ်လက်သုပ်လို့ခေါ်မလား မုကလောဆီလို့ခေါ်မလား
အများတကာနဲ့မတူနဲ့မုန့်လက်သုပ်ကိုလည်းသုံးဆောင်နိုင်ပါသည်။
ကုလားမစာကလေးခွေ(မုံ့ခွေ အကြီးစား) နဲ့ တွဲဘက်စားလို့လည်း
ကောင်းလှပါသည်။ ဒါပေမဲ့ အဲဒီဆိုင်က မနက်စောစော၎နာရီလောက်တွင်
စဖွင့်ပြီး ၇နာရီခွဲပြီဆိုလျင် စားရဖို့ကိန်းမမြင်တော့ပါ။ ဒါကြောင့်အိပ်ရာထ
နောက်ကျတတ်သော သံလွင်ဟီးရိုးခမျာ စားချင်သောရက်များ၌ ညနေ
ကတည်းကပင်ဆိုင်တွင်ကြိုတင်စာရင်းသွားပေးထားရသည်။ ဒါမှကိုယ့်အတွက်ပါဆယ်ချန်ထားမည်မဟုတ်ပါလော။

ဦးသံဂေါလက်ဘက်ရည်ဆိုင်မှာတရုတ်တန်းလမ်းလက်ဘက်ရည်ဆိုင်များ
ထဲကတစ်ခုပေါ့။ ရန်ကုန်ကလက်ဘက်ရည်ကောင်းလှပါပြီဆိုတဲ့
စိတ်တိုင်းကြ၊ ပွင့်သစ်စန်း၊ မော်ဒန်၊ လပ်ကီးဆဲဗင်း လောက်ကတော့
အပျော့ပါပဲ။ကျဆိမ့်ပဲဆွဲမလား၊ တိုင်ကီချိုဆိမ့်ပဲသောက်မလား
လုံးဝရှာလည်သွားစေရမယ်ဗျာ။

မာကျူရီကတော့ ဦးသံဂေါဆိုင်အရှေ့က နန်းကြီး၊နန်းပြား၊ရှမ်းခေါက်ဆွဲ၊
ဆီချက်၊ထမင်းသုပ်၊ကော်ရည်ခေါက်ဆွဲစတဲ့ မနက်စာ မီနူးစုံလင်လှတဲ့
ဆိုင်တစ်ဆိုင်ပါ။ နေ့လည်ဘက်မှာ ထားဝယ်ရိုးရာမုန့်တွေဖြစ်တဲ့
သာခွေယိုင်၊ မုန့်လုံးကြီး၊ ငပျောသီးပေါင်း၊ ပါမုန့်အုန်းနို့ဆမ်း နဲ့အတူ
သစ်သီးဖျော်ရည်များပါရနိုင်ပါသေးသည်။

မဂ်လာမောင်နှံများ၊အလှူမဂ်လာပွဲများအတွက်စိတ်တိုင်းကြစေတနာ အရင်းခံကာဝန်ဆောင်မှုပေးနေတာကတော့တရုတ်တန်းလမ်းအတွင်းရှိ
စနိုးဝှိုက်ဗျူးတီးစလွန်းပါ။ လျှော်မလား၊ ညှပ်မလား၊ ဖြောင့်မလား၊
ကောက်မလားကျား၊မ ကြီး၊ငယ် မရွေး ဝါရင့် ဟဲလ်စတိုင်လစ်ကြီးများက
အဲကွန်းခန်းအတွင်းမှာ ခေတ်ပေါ်ဒီဇိုင်းမျိုးစုံကိုပြင်ဆင်ပေးနေပါပြီ။

အခုမျိုးမိုးရာသီဆိုလျှင်တရုတ်တန်းလမ်းကဘော်ဒါတွေကိုအောက်မေ့မိသည်။ လမ်းထဲမှာကကျနော်တို့အရွယ်ကလေးများကလည်း ၁၀ ယောက်ကျော်လောက်
ရှိသောကြောင့် မိုးထဲမှာမိုးရေချိုး၊ ဘော်လုံးကန်၊ ဂေါ်လီရိုက်။
နွေရာသီညဘက်တွေမှာ ကြက်တိုင်ရိုက်၊ စက်ဘိန်းစီးကြ။
ဆောင်းရာသီတွေမှာ လူငယ်တွေစုပြီး လမ်းမသစ်ဘက်ကို လမ်းလျှောက်သွား
ကြသည်မှာလည်းမမေ့နိုင်စရာတရုတ်တန်းလမ်းရဲ့နေ့ရက်များပါ။ သံလွင်ဟီးရိုးကြီးပြင်းခဲ့သည့်တရုတ်တန်းလမ်းကတော့ဘယ်အချိန်ပဲရောက်ရောက်
ကျနော့်ကိုနွေးထွေးမှုအပြည့်နဲ့ ကြိုဆိုနေဆဲ အမှတ်တရတွေပေးနေဆဲပါပဲလေ။

P.S ကြော်ငြာခ မရပဲ ကျနော်ကြော်ငြာလိုက်တာကတော့တော်တော်များသွားပြီ။
ထားဝယ်မြို့မှကြော်ငြာချင်သူများ ဆက်သွယ်နိုင်ပါသည်။ နောက်ပို့စ်တစ်ခုမှာထည့်
ပေးပါမည်။ :P
(တစ်ခေတ်တစ်ချိန်ကထားဝယ်မြို့ရဲ့နာမည်ကျော်များကလည်းတရုတ်တန်းလမ်း
ကဆိုပဲ။)

September 18, 2009

ကျနော်ကြိုက်သောမိုးသီချင်းများ

အခုလိုမျိုးမိုးဖွဲချိန်တွေမှာ မိုးသီချင်းတွေကိုနားထောင်ရတာကြိုက်သဗျာ...
ဒါကြောင့် ကျနော်ကြိုက်တဲ့မိုးသီချင်းတစ်ချို့ကို မျှဝေလိုက်ပါတယ်...

မိုးလေးဖွဲတုန်း



ရဲလေးရဲ့ မိုး



ထစ်ချုန်းမိုး



တခါတုန်းက



အန်ကယ်ကိုင်ဇာရဲ့ မိုး




အချစ်တွက်ကံမကောင်းခဲ့သူ




စနေမှာရွာတဲ့မိုး



ခရီးသွားငါးယောက်ရဲ့ မိုးည




Alex ရဲ့အလွမ်းမိုးစက်များ





မိုးမိုးနဲ့မေစပါယ်ညိုတို့ရဲ့မိုး





ဒါကတော့ အကြိုက်ဆုံးပါ သင်္ကြန်မိုး




ref:www.youtube.com ( ths alot :) )

September 17, 2009

"ONE YEAR ANNIVERSARY "

အားလုံးမဂ်လာအပေါင်းနဲ့ခါးညောင်းကျပါစေ...
ဒီနေ့ဟာ( ၁၇.စက်တင်ဘာ.၂၀၀၉ ရက်နေ့)ကျနော့်ရဲ့
သံလွင်ဟီးရိုးဘလော့ကို တရားဝင်အင်တာနက်မှာ
တင်ခဲ့တာတစ်နှစ်ပြည့်ဖြစ်တဲ့အတွက် ပေါက်ကရ
အတွေးတွေနဲ့ရှင်သန်နေတဲ့ ဘလော့ဂါပေါက်စရဲ့တစ်နှစ်ပြည့်
မွေးနေ့မဂ်လာဆိုလည်း မမှားပါဘူး။

သံလွင်ဟီးရိုးဘလော့ကို မရေးခင်စာဖတ်သူအနေနဲ့ ၆ လလောက်
ကြာခဲ့ပါသေးတယ်။ ဟိုဘလော့ကိုသွား သွားအော်လိုက်
ဒီဘလော့ကိုလာပြီး မန့်လိုက်နဲ့ ဘလော့ရောဂါဟာ မထင်မှတ်ပဲ
စွဲလန်းလာခဲ့ပါ။ စီဗုံးလေးတွေမှာအော်လိုက် ကွန်မန့်တွေပေးလိုက်
လုပ်တော့ ဘလော့ဂါတွေရဲ့မမြင်နိုင်တဲ့သံယောဇဉ်တွေနဲ့
ကျနော့်ကို ရစ်ဖွဲ.ခဲ့တယ်။ သူတို့တွေရဲ့နွေးထွေးမှုကိုမြင်လာတယ်။
စာပေကိုချစ်တဲ့ကျနော်ဘလော့ဂါတွေကို ပိုပြီးလေးစားလာမိတယ်။

တစ်နေ့တော့ မနိုင်းနိုင်းစနေဘလော့ကနေ ဟိုလည်ဒီလည်
ရင်းနဲ့ ကိုမောင်မျိုး ဘလော့ကိုရောက်တယ်။
သူ့ရဲ့အရှိကိုအရှိတိုင်းဖေါ်ပြပြီး ရိုးရှင်းလှတဲ့
ပို့စ်တွေကိုနှစ်သက်မိတယ်။ လူတိုင်းနဲ့ရင်းရင်းနီးနီး
ဆက်ဆံတက်တော့သူ့ကိုလူတိုင်းကလည်း ခင်မင်ကြတယ်။
ဒီလိုနဲ့ကျနော်နဲ့လည်းမထင်မှတ်ပဲခင်ခွင့်ရရင်းအော်လိုင်းမှာ
ချက်ဖြစ်တယ်။

ကျနော်စာရေးချင်တဲ့အကြောင်းကိုပြောမိတော့ မြန်မာစာ
မရိုက်တတ်တဲ့ကျနော့်ကို ကြိုးစားပြီးရိုက်ဖို့ စိတ်ရှည်သည်းခံပြီး
လေ့ကျင့်ဖို့အရင်ထရေနင်အနေနဲ့ မြန်မာလိုတွေကိုစမ်းရိုက်စေ
ခဲ့တယ်။ များမကြာမီပဲ ကျနော်ဂျီတိုက်လွန်းအားကြီးလို့
သံလွင်ဟီးရိုးဆိုတဲ့ဘလော့တစ်ခုကို ဘလော့စပေါ့မှာဖွင့်ပေးပြီး
အစစ မအားတဲ့ကြားကအရာရာလမ်းညွှန်ပေးခဲ့ပါတယ်။
အဲဒီတုန်းကကိုမောင်မျိုးက ချင်းမိုင်မှာပဲရှိသေးတယ်။ အခုတော့
အမေနဲ့ရွာကိုလွမ်းလို့ဆိုပြီး ကျိုက်ထိုပြန်သွားတာကြာပါပြီ။
ထို့ကြောင့် ကျနော့်ရဲ့လက်ဦးဘလော့ဆရာဆိုမမှားသလို
ကျေးဇူးတင်ထိုက်သူဖြစ်တဲ့ ကိုမောင်မျိုးကို ဒီကပဲ ကန်တော့
လိုက်ပါတယ်။ ကိုမောင်မျိုး အစစ အရာရာအဆင်ပြေပြီး
တိုးတက်အောင်မြင်ပါစေ လို့လဲဆုတောင်းလိုက်ပါတယ်ဗျ။

အခုဆိုရင်ကျနော့်မှာ ခင်မင်ရတဲ့ဘလော့မောင်နှမတွေ
အတော်ကိုများလာပါပြီ။ စာပေချစ်သူအချင်းချင်း
ဆုံရတော့အရမ်းကိုပျော်ရွှင်မိပါတယ်။ ကျနော့်ကို ပြင်သင့်တာ
ရှိရင်ပြင်၊လိုအပ်တာတွေကိုလည်း ညီ၊မောင်၊သူငယ်ချင်း၊
အစ်ကို တစ်ယောက်လိုပြောဆို ဆုံးမ ခင်နိုင်မင်နိုင်ပါတယ်။
သတိတရနဲ့လာလည်ပြီးစီဗုံးမှာအော်ကြ၊ ကွန်မန်းပေးကြ၊
အချိန်ပေးပြီးကျနော့်အိမ်လေးကိုလာလာလည်ကြတဲ့
ညီအစ်ကို၊မောင်နှမအားလုံးကိုလည်း ကျေးဇူးအထူး
တင်ရှိကြောင်းပြောကြားရင်း အောက်မှာအကျွေးမွေးအစီစဉ်ကို
ပျော်ပျော်ပါးပါးကြီးသုံးဆောင်တော်မူကြပါကြောင်း...
ဖြောင်းဖြောင်းဖြောင်း...
(စကားရှည်နေလို့ လေကြောဖြတ်လိုက်တာ ဒါမှ
မြန်မြန်စားရမှာ...ဟီဟီး)

ညီကို၊မောင်နှမများအားလုံးအခုဆိုရင် အားရပါးရသုံးဆောင်နိုင်ပါပြီ။
ကျန်းမာရေးနဲ့ညီညွတ်စေရန်အတွက် Japanese Food တွေကို
ဂျပန်မှ စဖိုမှူးကြီးများကို ဖိတ်ကြား၍ သီးသန့်ချက်ခိုင်းထားပါတယ်။
လူမျိုးမရွေးဘာသာမရွေးသုံးဆောင်နိုင်ဖို့စီစဉ်ထားတဲ့အတွက်
စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
နည်းတယ်လို့တော့မထင်ကြပါနဲ့...တစ်ယောက်စာကို
နမူနာအနေနဲ့ပြထားတာပါ။ကြိုက်သလောက် မှာယူနိုင်ပါတယ်။
လုံးဝအားမနာစတမ်းဗျို့။


ဒီနေ့မှဖမ်းလာတဲ့အတွက်လတ်လတ်ဆတ်ဆတ် Sashimi



ဒါက normal chawanmushi (cheese ပါတာ
လည်းရှိတယ်)



တစ်ယောက်ကိုနှစ်ကောင်ကျ Soft shell crab
နဲ့ Edamame



Yaki Tori



ထမင်းမစားရရင်မတင်းတိမ်ဘူးဆိုသူတွေအတွက်
Unagi Rice




ဒါကတော့အကုန်လုံးအတွက် Makimono and Sushi



Hand Rolls (စိတ်ကြိုက်လိပ်ခိုင်းပါ။)



Tempura Mori (ပုစွန်ပဲစားချင်ရင် သီးသန့်မှာပါ)



Shiitake (ဂျပန်ကခူးလာတဲ့ မှို)



Baby Octopus



ပူပူနွေးနွေး Miso Soup



Kimchi



Shishamo (ဗိုက်ထဲမှာဥတွေရှိတယ်)



Sushi



Green Salad


အအေးမသောက်ချင်သူတွေအတွက်
Japanese Green Tea



အီသွားရင်တော့ Juice တွေရှိတယ်



နောင်တော်တွေအတွက် Asahi Beer


ခပ်ပြင်းပြင်းကြိုက်သူတွေအတွက်
Sake




အချဉ်အတွက်ကတော့
wasabi, radish+Tempura Sauce,
shoyu, pickled ginger,
Teriyaki Sauce

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။