December 31, 2009

၂၀၀၉ ကိုမျှော်ကြည့်ခြင်း


ဘာလိုလိုနဲ့မနက်ဖြန်ဆိုရင်၂၀၁၀ကိုရောက်တော့မယ်။
ကမ္ဘာပျက်မဲ့နေ့ကလည်းတဖြေးဖြေးနဲ့နီးလာပြီပေါ့။ ၂၀၀၉ကို
သူ့ရဲ့နောက်ဆုံးနေ့မှာလှမ်းကြည့်လိုက်မယ်ဆိုရင် အဖြစ်ပျက်၊
အပြောင်းအလဲ၊အချိန်ကုန်ဆုံးမှုတွေဟာ မြန်ဆန်လွန်းလှသလို
ဘဝဆိုတာဒီလိုပါလားဟုအကြိမ်ကြိမ်အခါခါ ရေရွတ်မိတာများပါတယ်။

၂၀၀၉နေ့ရက်များကတော့ မောဟ၊ဒေါသတွေပြည့်နေ
သလို တစ်ချို့နေ့တွေမှာဆိုရင် မုဆိုးထီးသွားရာမိုးလိုက်လို့ရွာ
ဆိုသလို ဘဝတွေကြမ်းနေခဲ့တယ်။ ဒါပေမဲ့တစ်ချို့ရက်တွေ
ကျပြန်တော့လည်း ပျော်ရွှင်ခြင်း၊ပြည့်စုံခြင်းတွေနဲ့အတိုင်းထက်
လွန်ရှိတက်တာမို့ ကံဆိုးခြင်းတွေကလည်း သူမဟုတ်တဲ့အတိုင်းပဲ။
နောက်ဆုံးတော့လည်း အရိုးရဲ့ ကံဆိုသည်မှာသီချင်းလေးအတိုင်းပဲ
အတက်အကျတွေအရမ်းများလွန်းလှပြီးသင်ခန်းစာတွေအများကြီး
ရကာ ခံနိုင်ရည်ရှိအောင်နေထိုင်ခဲ့တာအခုထိပဲ။

လူတွေရဲ့အရိပ်အပါးကိုနားလည်အောင်၊လူတွေအကြောင်း
ကောင်းကောင်းကြီးသိအောင်သင်ပေးခဲ့သလို၊ကြိုးစား
မှုရှိမှရလဒ်ကောင်းမယ်ဆိုတာလည်းသဘောပေါက်ခဲ့တယ်။

နှစ်စပိုင်းတုန်းကဆိုးမလိုလိုနဲ့သင်္ကြန်လောက်ထိကောင်းနေ
ခဲ့သေးတယ်။မေလောက်လဲရောက်ရောလုပ်သမျှအရာမထင်၊
အဆင်မပြေသလို၊ရက်စက်မှုတွေနဲ့ပြည့်နေတယ်။အိမ်မက်ဆိုး
တွေ၊အဆိပ်ရေတွေကိုယူဆောင်လာတဲ့လူသားတွေကိုလည်း
နာကျဉ်းမိပေမဲ့စေတနာမပျက်၊သည်းခံတရားလက်စွဲပြုပြီး
အေးအေးဆေးဆေးသာတုန့်ပြန်နိုင်ခဲ့တယ်။အဲဒီအချိန်တွေဟာ
အောက်တိုဘာလကုန်လောက်အထိရှိခဲ့ပြီးကျနော့်အတွက်တော့
ပြဇာတ်တစ်ပုဒ်ကိုကနေရသလိုပါပဲ။ ဘေးကထိုင်ကြည့်နေတဲ့
သူတွေကတော့သနားသလို၊ခံပြင်းတဲ့လူတွေလည်းရှိတယ်။
ဒါတွေထားလိုက်ပါတော့....။နောက်ထပ်လူဆိုတာကိုယ်ကလွဲ
ပြီးဘယ်သူ့ကိုမှယုံဖို့မကောင်းဘူးဆိုတာသိလာသလို
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုတောင်လိမ်နေခဲ့တာမို့
အမှန်တရားတွေကိုရင်ဆိုင်ဖို့၊မလိမ်ဖို့ကြိုးစားရအုံးမည်။

နောက်ထပ်ဆက်ပြောရမယ်ဆိုရင်....
အထီးကျန်ဆန်မှုတွေများသလို အချစ်ကြောင့်ယစ်မူးခဲ့တာတွေ
လည်းရှိတယ်။ သာယာမှုတွေလက်ကမ်းလာတဲ့လူတွေကို
မျက်စိမှိတ်ပြီးရိုက်ချဖူးသလို မမီတဲ့ပန်းကိုတံခြူနဲ့လှမ်းပြီး
ခွေးခြေပေါ်ကပြုတ်ကျလို့ အမှောင်ဖုံးခဲ့တဲ့နေ့တွေလည်းရှိတယ်။
အဲဒီအချိန်မှာရယူခြင်းလို့လူတကာပြောတတ်တဲ့အချစ်က
ကျွန်ုပ်အတွက်တော့ပေးဆပ်ခြင်းလို့ပဲအဓိပ္ပာယ်ကောက်နိုင်ခဲ့
တယ်။အခုတော့ဒါတွေပြန်တွေးကြည့်ပြန်တော့လည်းရယ်စရာ
တစ်ပုဒ်လိုပါပဲ။ ရေပွက်ပမာလို့ပြောရင်ပိုတောင်မှန်မယ်။
အချစ်ဟာပြောင်းလဲတက်သလို တားဆီးပိတ်ပင်ခွင့်လည်း
မရှိပါဘူး။ ဒါကြောင့်တဒင်္ဂပျောက်ရှသွားတဲ့၁၅၀၀ဟာ
နောင်ထပ်ဘယ်သူ့ဆီမှာပြန်ပေါ်လာမလဲဆိုတာကတော့
မျှားနတ်မောင်သာအသိဆုံးဖြစ်မှာပါ။

ပိုက်ဆံချွေတာတဲ့အချိန်မှာ ကျစ်ကျစ်ပါအောင်စုနိုင်ခဲ့သလို
ကုန်တဲ့အချိန်ရောက်ပြန်တော့လည်းရေကာတာထဲကရေ
တွေလွှတ်ချလိုက်သလို ဟောခနဲ....ဟောခနဲ ။

အေးပါကွာ ၂၀၀၉။ မင်းငါ့ကိုဒဏ်ခတ်ခဲ့တယ်။အမုန်းတွေ
ပေးခဲ့သလို ယုံကြည်ချက်၊မျှော်လင့်ချက်တွေကိုစောင့်
စားပြီးဖြတ်သန်းစေခဲ့တယ်။ ငါ့ကိုသင်ခန်းစာတွေပေးခဲ့လို့
မင်းကိုငါ မမုန်းဘူး။ကျေးဇူးလည်းတင်တယ်။ ဒါပေမဲ့
ငါ့ကိုတစ်ခုပဲတောင်းဆိုခွင့်ပြုပါ။ လာမဲ့၂၀၁၀မှာကံဆိုး
ခြင်းတွေမှကင်းလွတ်ပြီးငြိမ်းချမ်းသာခွင့်ပြုပါတော့။

ဆိုးခဲ့သမျှမသိချင်ယောင်ဆောင်ပြီးလွတ်လပ်
စွာရွေးချယ်ပိုင်ခွင့်ပေးခဲ့တဲ့အဖေ....
လိုအင်ဟူသမျှဖြည့်ဆည်းပေးပြီးပဲ့ကိုင်ပေးခဲ့
တဲ့အမေ.... ကျေးဇူးကြီးမားလှပါတယ်။
နေ့စဉ်နဲ့အမျှဦးထိပ်ပန်ပြီးကန်တော့လျက်ပါ။

ကျရှုံးအချိန်မှာ ဘေးမှာနေပြီးအားပေးခဲ့တဲ့ဘော်ဒါတွေ....
ပျော်ရွှင်မှုတွေကို ပေးခဲ့တဲ့ ဘလော့ဂါတွေ....အားလုံး
ကျေးဇူးအထူးဥပကာရတင်ရှိပါကြောင်းရေးသားရင်း
နောင်တစ်ချိန်မှာ အမှတ်ရဖို့အတွက် ဒိုင်ယာရီတစ်ပုဒ်
အနေနဲ့ ဘလော့တစ်နေရာမှာသိမ်းဆည်းထားလိုက်ပါပြီ။

အားလုံးကိုချစ်ခင်လျက်
သံလွင်ဟီးရိုး


December 29, 2009

စိတ်ကူးအိမ်မက်


တီဝါတက်ခ်ထားတာ(၁၀)ရက်လောက်ရှိပါပြီ။ရေးမယ်ရေးမယ်နဲ့စိတ်ထဲမှာ
တေးထားတာဒီနေ့မှပဲအပြင်မထွက်၊အိမ်တွင်းအောင်း၊ဘလော့တွေခိုးလည်
ဂျီမေးထဲကစလုံးဘလောဂါအရေးပေါ်သတင်းတွေကိုနားစွင့်ရင်း
ရေးဖြစ်လိုက်တော့တယ်။


၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.(မိမိရဲ့ စိတ်ကူးထဲမှာကိုယ်လုပ်
ချင်တဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ။)ကျွန်မရဲ့
စိတ်ကူးများထဲက
ကျွန်မလုပ်ချင်တဲ့ အလုပ်တွေအကြောင်းကို
တော့
စိတ်ကူးများနဲ့ ကျွန်မဆိုပြီး ပို့စ်လေးရေးဘူးခဲ့ပါတယ်။

တီဝါရဲ့မေးခွန်း(၁)ကတော့ လွယ်မလိုလိုနဲ့ဖြေရတာတော့အတော်
ခက်ပါတယ်။စိတ်ကူးဆိုတာကတော့ပိုက်ဆံမပေးရပဲယဉ်လို့ကောင်း
သလိုလက်တွေ.မှာအကောင်ထည်ဖော်ဖို့ကျတော့ခက်ခဲမှုတွေကအရမ်း
များနေပြီးလုံ့လစိုက်ထုတ်အား၊ကြိုးစားမှု၊ကံကြမ္မာ၊မိမိကိုယ်တိုင်ပေါ်မှာ
လုံးဝမူတည်နေပါတယ်။ စိတ်ကူးကလည်းအောင်မြင်မှုကိုရယူ
ဖို့အိမ်မက်တစ်ခုဖြစ်သလို၊ဘယ်အလုပ်မဆိုကိုယ်ကစိတ်ကူးယဉ်ထား
ပြီးမှစတော့ပိုအဆင်ပြေမည်(ဗြုန်းစားကြီးထက်ဆိုရင်ပေါ့ဗျာ)
အလုပ်ကစိတ်ကူးထားတဲ့အတိုင်းထွက်ပေါ်လာတော့ကိုယ်ဖြစ်ချင်တာ
နဲ့အလုပ်ထပ်တူညီမည်၊ တစ်နည်းအားဖြင့် ဆန္ဒနဲ့ဘဝထပ်တူပါကျနိုင်သလို
ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ရတာကလည်းတစ်ခြား မလုပ်ချင်တဲ့အလုပ်
ကိုလုပ်နေရတာထက်စာရင်တော့ ကောင်းကျိုးတွေပိုမိုခံစားနိုင်သလို
အောင်မြင်မှုတွေကိုပိုလှမ်းနိုင်မည်။

စိတ်ကူး(၁)

ပထမဆုံးအနေနဲ့ဖြစ်နိုင်ခြေအများဆုံး၊ဖြစ်သင့်တာ၊ဖြစ်လိမ့်မှာ
တစ်ခုကတော့ကျောင်းပြီးတာနဲ့စလုံးကကုမ္ပဏီတစ်ခုမှာအကောင်းတင်း
(သို့)ဖိုင်းနက်စ်နဲ့ပက်သက်တဲ့အလုပ်တစ်ခုကိုရှာရမှာသေချာပါတယ်။
ဒါမှလည်းကိုယ်သင်ချင်လွန်းလို့ရွေးထားတဲ့လမ်းတစ်ခုဖြစ်သလို၊
ဆက်လျှောက်ဖို့ရာတာဝန်တွေကလည်းကိုယ့်အပေါ်မှာရှိလာပြီ
မဟုတ်ပါလား။ဒါကလည်းနောင်တစ်ချိန်မှာအင်အားကြီးကုမ္ပဏီတစ်ခုရဲ့
CEO တစ်ယောက်ဖြစ်ဖို့ခြေလှမ်းတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူး။

သာမာန်နေ့လေးတွေမှာShop inတို့၊မူစတာဖာကပေါချောင်ကောင်းဝယ်
လာတဲ့office wearလေးတွေဝတ်လို့ mrt ကိုမှီစီးရင်းမှသည်....
အဆင်နည်းနည်းပြေလာတော့G2000နဲ့city cab တွေခပ်စိတ်စိတ်စီး
လာနိုင်သလို၊အောင်မြင်မှုတွေထပ်ဆင့်ဝင်လာတော့Gucciကိုခြေတောက်
မှာချစီးပြီးLamborghiniကိုအောချတ်မှာပတ်မောင်းရင်းရုံးကိုသွားနိုင်ပါပြီ။
ဒီလိုအခြေအနေမျိုးရောက်ဖို့ဘာအလုပ်လုပ်မှာလဲဆိုတော့ကာ သာမာန်
အကောင်းတန့်ဘဝလေးမှသည်မန်နေဂျာကြီးဖြစ်ဖို့ရာကြိုးစားရမည်ဆိုပါ
တော့။အဲဒီမှာအခြေအနေပေးလို့ကမ္ဘာ.sharesဈေးကွက်ကြီးကိုလက်ဝါး
ကြီးအုပ်နိုင်သလို၊ထိုမှသည်ဘဏ်လုပ်ငန်းတို့၊ရေနံလုပ်ငန်းတို့ကိုအခြေဆန့်
မည်ဆိုပါတော့....

စိတ်ကူး(၂)

ဒါကတော့ တော်တော့်ကိုကြီးမားတဲ့စိတ်ကူးပါ။ဒါဖြစ်ဖို့အတွက်ကတော့
ရန်ကုန်ကသိန်း(၁၀၀၀)ထီပေါက်ရင်မဆိုးသလို၊တိုတို(သို့)၄ဒီကိုက်ရင်
လည်းဖြစ်မှာဧကန်ပါပဲ။ ဒီစိတ်ကူးကိုတီဝါပြောခိုင်းလို့သာပြောရတာ။
လက်ဦးသွားလို့ကတော့ရင်ခံမှာပဲ။ စလုံးကဘလော့ဂါတို့....
ပင်နီစူးလားအောက်ထပ်ရနံ့သစ်အရှေ့၊ဧရာဝတီအရှေ့ကတရုတ်၊ကုလား၊
ဖျော်ရည်ဆိုင်တွေပေါင်းစပ်ထားတဲ့၎ခန်းတွဲကြီးကိုသိတယ်
မဟုတ်လား ???? ကျနော့်စိတ်ကူးက အဲဒီမှာဈေးနှုန်း
အထူးချိုသာ၊လက်ရာဆွေမျိုးမေ့လောက်အောင်ကောင်းမွန်လှပြီး
သန့်ရှင်းခမ်းနားလှတဲ့စားသောက်ဆိုင်ကြီးတစ်ခုဖွင့်ချင်သတဲ့ဗျား။
ဝင်ဝင်ခြင်းမှာရွှေရင်အေး၊သာကူ၊မုန့်လက်ဆောင်းမှသည်အသီးမျိုးစုံ ဖျော်ရည်၊ရေခဲချစ်တွေရတဲ့ရေကျော်ပန်းတောက်ရိပ်ထက်ကောင်းတဲ့
အအေးကောင်တာ။ အဲဒီဘေးမှာစိမ်းလန်းကဝက်သားဒုတ်ထိုးနည်းပညာ
ကိုရယူပြီးပူပူနွေးနွေးဝက်သားဒုတ်ထိုးခြင်း။ဆေးပေါင်းစုံနဲ့ကွမ်းယာတဲ
ကတစ်ခု။ဆိပ်၊ကျ၊ပေါ့၊ချိုအရသာစုံတဲ့ကဖေးပိစိကွေးတစ်ခုမှာတော့
မလိုင်နံပြား၊ပဲပလာတာ။မန်းပေါက်စီ၊ဆီထမင်းအဆုံးစားဖွယ်
စုံစုံရစေရမည်။မြန့်မာ့ရိုးရာကျောက်ကျော၊ငှက်ပျောသီးဆနွင်းမကင်း၊
ရွှေကြည်၊လက်ဖက်စတဲ့စားသောက်ကုန်မှပန်းပု၊ပန်းချီ၊ရုပ်သေးစတဲ့
လက်ဆောင်ပစ္စည်းတွေချိတ်ဆွဲထားတဲ့gift shopကတစ်ခု၊တိုဖူးနွေး၊
ရှမ်းခေါက်ဆွဲ၊မာလာဟင်း၊မြီးရှည်တွေရတဲ့ရှမ်းစာတစ်ဆိုင်၊ရန်ကုန်
ဗိုလ်ချုပ်ဈေးကဦးအညာသားကိုအက်စ်ပတ်စ်ပေးပြီးသူ့ပုံစံအတိုင်းခုံ
သေးသေးတွေနဲ့ဟင်းအိုးကြီးဘေးမှာချ၊ပဲကြော်၊ဘူးကြော်၊အိုးဘဲဥ အစုံမုန့်ဟင်းခါးနဲ့မင်းလမ်းကရခိုင်မု့န်တီထက်ကောင်းတဲ့အာပူရှာပူ။
ကတ်ကြေးကိုက်၊ကြေးအိုး၊ခေါက်ဆွဲကြော်မှကုန်းဘောင်ကြီး၊ဂဏန်းချက်
စတဲ့မီနူပေါင်းစုံရတဲ့စားဖွယ်စုံ။ဒါတင်မကဓနုဖြူက၊အောင်သုခ၊၂၀၃တို့မှာ
ရလေ့ရှိတဲ့မြန်မာ့အစားသောက်တစ်နေ့ကိုအမျိုး၂၀ထက်မနည်းအသင့် စားသုံးနိုင်မည့်ချက်ပြီးသားဟင်းတွေနဲ့ကလည်းကောင်တာတစ်ခု။ မှန်မှန်လေးဖြစ်ချင်သူတွေအတွက်လည်းရွှေတံဆိပ်ဆုရမြန်မာဘီယာတွေ။

မဂ်လာဆောင်မောင်နှံများအတွက်လည်းစိတ်တိုင်းကျဖြစ်အောင်ခန်းမ
တစ်ခုသဖွယ်ပြင်ဆင်ပေးသလို၊မွေးနေ့၊ပါတီပွဲများ၊အိမ်သစ်တက်၊အတွက်
အော်ဒါလက်ခံပြီးCatering Serviceကိုစလုံးကျွန်းအနှံ့ပို့ဆောင်ခ
သက်သာစွာဖြင့်ဆောင်ရွက်ပေးပါမည်။ကျောင်းဖျော်ဖြေပွဲစတဲ့အက
ပွဲတွေမှာလည်းမေးစပွန်စာအနေနဲ့အမြဲပေးမှာဖြစ်ပါတယ်။

နေရာကောင်းလိုချင်သူများအတွက်၃နာရီလောက်ကြိုတင်ပြီးဘွတ်ကင်
လုပ်နိုင်သလို၊အပတ်စဉ်သောကြာနေ့တိုင်းအယောက်၂၀သီးသန့်ဝိုင်းရှည်
တစ်ခုအား သောကြာစကားဝိုင်းလုပ်နိုင်ရန်အတွက်ဘလော့ဂါများအား
၅၀%ဒစ်စကောင့်ပေးပါအုံးမည်။

ဤတွင်စိတ်ကူးအိမ်မက်(စိတ်ကူးများနှင့်ရွက်လွှင့်ခြင်း)(ဝါ)တီဝါ၏
တက်ခ်ပို့စ်ပထမပိုင်းအစီစဉ်ပြီးဆုံးပါကြောင်း....။


December 19, 2009

ထားဝယ်လူငယ်များအကြောင်း တစေ့တစောင်း

ရည်ရွယ်ချက်
အခုလက်ရှိထားဝယ်ခရိုင်အတွင်းနေလူငယ်တို့၏နေထိုင်သွားလာမှုတစ်ချို့ကို
ထားဝယ်လူငယ်တစ်ယောက်၏အမြင်ဖြင့်ပွင့်ပွင့်လင်းလင်းကွက်ကွက်ကွင်းကွင်း
မြင်အောင်ရိုးရှင်းစွာရေးသားခြင်းသာဖြစ်ပေသည်။ဆင်ခြင်တွေးတောပြီးကိုယ့်ရပ် ကိုယ့်ရွာလှပအောင်ကြံဆဖို့ရန်ရည်ရွယ်ချက်ဖြစ်ပါသည်။တစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်စောင်းမြောင်းပြီးမရေးသားသလိုအိမ်တွင်းအောင်းလိမ္မာလှတဲ့လောက
ကြီးကိုဘောင်ခတ်ပြီးကြည့်နေသော၊ အရာရာကိုအကောင်းမမြင်နိုင်သောသူများကို
လည်းမဆိုလိုပါပေ။

ထားဝယ်သားများသည် ဖော်ရွယ်ပျူငှာလှပြီးစိတ်ထားအထူးကောင်းမွန်ကြသည်။
ရိုးသားပွင့်လင်းကြပြီးဘော်ဒါစိတ်အပြည့်ဝရှိသူများဖြစ်ပေသည်။လူကြီးသူမများကို
လည်းရိုသေစွာဆက်ဆံတက်ကြပြီးအနေအထိုင်အေးဆေးတက်ကြသည်။ဘာသာ
တရားကိုင်းရှိုင်းပြီးပရဟိတလုပ်ငန်းများကိုလည်းအားတက်သရောလုပ်ဆောင် တက်ကြသည်။ထိုသို့သောလူငယ်တို့စုဝေးရာနေရာကိုကမ္ဘာမှာရှာ၍ရှားလတ္တံ.။
ဒါပေမဲ့ မဟုတ်မခံစိတ်ဓာတ်ပြင်းထန်ပြီး အေးနေသောသူကိုရန်စပါက
မြွေဟောက်ထက်အဆိပ်ပြင်းလှသည်။စိန်ခေါ်ကတိမ်ပေါ်ထိလိုက်တက်သလို
အညှိုးအတေးကြီးလှသည်။ မကျေနပ်ပါကပေါ်တင်လိုက်ချဲတက်သလို
တစ်ချို့ချို့တွေကလည်း ချောင်းရိုက်တက်ကာ ချိန်းပွဲတွေလည်းများလှသည်။
ပေါ်ပေါ်ထင်ထင်နေပါက လူမုန်းများပြီးအစာကြေမည်မဟုတ်။ ကဲ့ရဲ့အပြစ်တင်
လိုစိတ်ပျင်းပြသည်။အမှားတစ်ခုလုပ်မိပြီဆိုပါကလည်းလူတကာ၏တံတွေးခွက်တွင် ပက်လက်မျောပြီဖြစ်ကြောင်းမှတ်လိုက်ပါ။အမည်းစက်တစ်ခုကားလွတ်လပ်ရေး
စတိတ်ရှိုးကဲ့သို့သောပွဲတော်များတွင်ရိုက်ပွဲမဖြစ်လျှင်ပွဲမစီဟုပြောစမှတ်ပင်
ပြုကြသည်။

ကျောင်းသားကျောင်းသူတို့ကသူတို့၏တစ်နေ့တာဆောင်ရွက်ချက်များနဲ့
အလုပ်များနေတက်သလိုလုပ်ငန်းခွင်ဝင်နေသူများကလည်းတစ်နေကုန်မအား လပ်ပဲရှိနေတက်သည်။ညနေဘက်(၆နာရီနောက်ပိုင်း)မှစပြီးရေမိုးချိုးသန့်ပြန့်စွာ ဝတ်စားကာစက်ဘိန်း၊ဆိုင်ကယ်များဖြင့်ဝိုင်းဖွဲ.သွားလာတတ်ကြသည်။
မိန်းကလေးတစ်ချို့ကအလှသစ်လိုနေရာမျိုးမှာရှိတက်သလို၊အအေးဆိုင်၊
လက်ဘက်သုပ်ဆိုင်တို့တွင်ဝိုင်းဖွဲ.နေတက်သည်။ဗြူးတီးစလွန်းများကလည်း
ည၁၁နာရီလောက်ထိလက်မလည်အောင်ပြည့်နေတက်ပြီးကောက်၊ဖြောင့်၊ညှပ်
များနဲ့ စည်ကားလှပါသည်။ယောက်ျားလူငယ်တစ်ချို့ကသီချင်းကောင်းကောင်း
ဖွင့်သော လက်ဘက်ရည်ဆိုင်များတွင်ရှိတက်သလိုတိတ်ဆိတ်အေးချမ်းသော
ဘီယာဆိုင်(သို့)အမြီးဈေးချိုသောအရက်ဆိုင်တစ်ချို့တွင်ရေချိန်ကိုက်နေတက်
ကြသည်။ ထိုကဲ့သို့သူငယ်ချင်းများနဲ့တစ်နေ့တာအတွေ.ကြုံကိုဖလှယ်ကာဘဝ
အမောကို ဖျောက်ကြသည်မှာလည်းထားဝယ်မြို့နေလူငယ်တို့၏မရိုးနိုင်လှသော
နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုလိုပါပဲ။

ခေတ်ရေစီးကြောင်းပြောင်းလဲလာသည်နှင့်အမျှလူငယ်တို့၏နေထိုင်မှုစရိုက်တွေကိုပါ
အကျိုးသက်ရောက်မှုရှိလာသည်။အရင်ကမိန်းကလေးကို"ဆော်"လို့ခေါ်သော
အသုံးအနှုံးပျောက်ကာ"ဇ(သို့)က"ဟုပြောင်းလဲခေါ်ဝေါ်ကြသည်။အရင်ရက်ပါတွေ
ခတ်မှအခုအီမိုပုံစံလူငယ်တွေ၊ကိုးရီးစတိုင်လ်နဲ့မိန်းကလေးတွေပေါများလာသည်။
နောက်ဆုံးပေါ်အဝတ်အစားများနဲ့အမ်ပီသရီးတပ်ပြီးစတိုင်ကျကျ
125စီးကာ ဆိုင်ကယ်ဦးထုပ်ဖမ်းသောပုလိပ်လက်မှလွတ်အောင်ပြေးနိုင်သော
လူငယ်တွေများလာသည်။ထိုကဲ့သလို့ဖက်ရှင်ရေစီးကြောင်းအတိုင်းခေတ်မီလာသည်မှာ
ကောင်းသောတိုးတက်မှုများပါ။မိန်းကလေးများအဖို့တစ်မြို့လုံးကမျက်စိ
ဒေါက်ထောက် ကာကြည့်နေကြ၍အဝတ်စားဆင်ယင်မှုများမှာအကွဲအပြဲများ
သိပ်မရှိ။အချောအလှတွေလည်းပေါလာသည်။အင်တာနက်ဆိုင်တွေ၊
ကွန်ပျူတာသင်တန်းတွေ၊ ရှိလာသည့်အတွက်မြို့နေလူငယ်တွေအမြင်
တွေကျယ်လာသည်။လူအနည်းစုမှာချက်တင်မတက်ရလျှင်မနေနိုင်မထိုင်နိုင်ရှိ လာသလိုတစ်ကမ္ဘာလုံးနဲ့အဆက်သွယ်တွေရှိလာသည့်အတွက်အတွေ့ကြုံ သစ်တွေရလာကြသည်။ဒီဂျစ်တယ်ခေတ်ရောက်လာသည့်အတွက်လည်း မိန်းကလေးများအဖို့အနေထိုင်မတက်လျှင်ခြိမ်းခြောက်မှုတွေရှိလာသည်ဟုဆိုသည်။
ကမ်းရိုးတန်းဖုံး၊ဂျီအက်စ်အမ်စတဲ့ဖုံးများနဲ့နောက်ဆုံးပေါ်ဟန်းဆက်တွေခါးမှာ
ချိပ်ပြီးစတိုင်မိလာကြပါပြီ။ယခုလိုဆက်သွယ်ရေးစနစ်ပါတိုးတက်
လာ တဲ့အတွက်ထားဝယ်လူငယ်တွေ နေထိုင်မှုအဆင့်မြင့်လာကြပါပြီ။
တစ်ချို့တွေကလည်းရေကြည်ရာမြက်နုရာမြန်မာနိုင်ငံ၏မြို့ကြီးများအပါအဝင်
နိုင်ငံရပ်ခြားထိခြေဆန့်ကြသည်။ရန်ကုန်မြို့တွင်လည်းစီးပွားရေး၊ပညာရေး၊
လူမှုရေးစတဲ့ နယ်ပယ်အသီးသီးတွင်အောင်မြင်နေကြသောထားဝယ်လူငယ်
အများပြားရှိနေတာ ကိုဂုဏ်ယူဖွယ်တွေ.မြင်ကြရပါမည်။

အခုထားဝယ်လူငယ်တို့ဘောလုံး၊Tennis၊ကြက်တောင်၊Golfစတဲ့အားကစား
တွေကိုအရင်ကထက်လိုက်စားလာကြသည်ကိုတွေ.မြင်ကြရမည်။ဒါပေမဲ့
ကစားတာများသွားပြီး အင်တာနေရှင်နယ်အဆင့်မီလာကာနိုင်ငံတကာပွဲစဉ်
တွေကိုလောင်းပွဲတွေရှိလာသလိုကြေးတွေလည်းမြင့်လာပါပြီ။ဒါတင်မကကံကြမ္မာ
ရဲ့အကျိုးပေးမှုကြောင့် ငွေကြေးချမ်းသာလာသောသူတွေကိုအားကျကာနှစ်လုံး၊
သုံးလုံးတွေပါလုပ်လာကြသဖြင့် ဘဝပျက်သည်အထိရောက်ဖြစ်သွားအောင်
လူငယ်လူရွယ်တို့ရှိသလို၊ကံမကောင်းအကျိုးမလှကာရာဇဝတ်မှုပြေးမလွတ်တာ
ကြောင့်သံတိုင်ကြားမှာ အချိန်တွေစတေးရတဲ့လူငယ်တွေလည်းဒုနဲ့ဒေးပါ။

ထားဝယ်တက္ကသိုလ်အသစ်ကြီးနဲ့နည်းပညာတက္ကသိုလ်တွေပေါ်ထွက်လာသည့်
အတွက်ပညာရေးအဆင့်မြင့်လာသည်မှာဂုဏ်ယူစရာပါ။မိဘတွေနဲ့ဝေးကွာပြီး ရန်ကုန်မှာတက္ကသိုလ်သွားတက်ရသောအခြေနေမှကင်းဝေးလာကာဘွဲ.တွေလည်း အောင်တာနဲ့ချက်ခြင်းဆိုသလိုပေးလာကြပြီဖြစ်တဲ့အတွက်ကိုယ့်မျက်စိရှေ့မှာပဲ
ကျောင်းတက်ဘွဲ.ရသည်။ကောင်း၏။ ဆိုတဲ့အယူအဆတွေလူကြီးမိဘများအတွက်
ရှိလာကြပါသည်။နီးစပ်ရာမြို့နယ်၊ကျေးရွာများကလူငယ်တို့သည်လည်းပညာရေး ကိုပူပင်စရာသိပ်မရှိလှပဲထားဝယ်တက္ကသိုလ်သို့ဆိုင်ကယ်တစ်တန်ကားတစ်တန်ဖြင့် လာရောက်တက်ကြသလို၊သူငယ်ချင်းတွေစုကာအိမ်ငှား၊အဆောင်နေကြတဲ့
လူငယ်တွေပေါများလာပါသည်။ ဒါကြောင့်အိမ်ရှေ့ပြင်မှရေဖြူ၊နှမ်းကြဲ၊ကလိန်အောင်၊
ကန်ဘောက်။ ပေါက်တိုင်းအလွန်ကျောက်ရပ်မှသရက်ချောင်း၊ရငဲ၊ကနက်သီရိ၊
ပုလော။ကမျောကင်းတံတားအလွန်မှသာယာကုန်း၊လောင်းလုံး၊ဇလွတ်။ မောင်းမကန်မှ၊သဘော့ဆိပ်၊ပန်းတက်အင်း၊နဘုလယ်ထိ။ ဇလွန်း၊တလိုင်းတောင်မှ
တောင်သုံးလုံးအဆုံး။လေးမြို့နယ်ချစ်ကြည်ရေးမှာခိုင်မြဲလာကြသလိုအရင်ကလို မောင်းမကန်ထိသာခြေဆန့်ခဲ့ရာမှအခုတော့နီးစပ်ရာမြို့ရွာများအထိအရောက်
အပေါက်ရှိလာကြသည်။

သံယောဇဉ်တွေငြိတွယ်လာသည့်အတွက်နှလုံးသားရေးရာမှာရွေးချယ်စရာတွေ
ပေါများလာပါသည်။တံတားတွေမကျော်ခင်(ကမျောကင်းတံတား)
ဆိုင်ကယ်နှစ်စီးနဲ့သွားနေရာမှတံတားအလွန်ရောက်တော့အတွဲကိုယ်စီ
နဲ့ဖြစ်သွားကြတဲ့ကြည်နူးစရာ အတွဲလေးတွေများသထက်များလာပြီး
တစ်ချို့ချို့တွေကစိတ်အလိုလိုက်ကြသည်။အချစ်တွေပိုကြပြီးအချိန်ဇယားနဲ့မချစ်မိ၊ အကာကွယ်မယူမိတာတွေကြောင့်မဖြစ်သင့်တာတွေဖြစ်၊ မမှားသင့်တာတွေ
မှားလာကြတယ်။ မီးပုံးပျံကြီးမပူလာခင်အိမ်ကသဘောမတူတာကြောင့် နီးစပ်ရာ
သူငယ်ချင်းတွေအကူအညီနဲ့ကိုယ့်ချစ်သူနောက်လိုက်သွားတော့ အိမ်ကလူကြီးတွေခမျာ
ဘယ်နေရာရောက်လို့ပေါက်နေမှန်းမသိ။ အရှောင်အတိမ်းကောင်းလို့ဘယ်သူမှ
ရှာလို့ဖွေလို့မတွေ.သလို၊ ဘော်ဒါတွေကလည်းအားကိုးရသောကြောင့်
ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းတွေ ဆန်းသစ်လာကြပါတယ်။ နောက်ဆုံးတော့လည်း
မိဘတွေကအလျော့ပေးကာ တောင်းဆိုးပုလင်းဆိုးသာပစ်ရိုးထုံးစံရှိမယ်။
သားသမီးကိုချစ်ကြတော့အိမ်ပေါ်ခေါ်တင်ကာငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကြ သားသမီးကိုယ်စီနဲ့မော်ဒန်မိသားစုလေးတွေများလာပါပြီ။

မောင်မဲရှောင်ရောက် ဂျီတီစီက သယ်ရင်းတို့မှာတစ်ရက်တစ်ခြားဖောဖောလာသလို လမ်းတစ်လျှောက်ထနောင်းတဲတွေလည်းအလုပ်ဖြစ်လာကြပါတယ်။
တစ်ချို့ထနောင်းတက်သူတို့မှာစီးပွားရေးကောင်းသမြင့်တိုက်တောင်ဆောက်နေ
ကြပါပြီ။ဒါကြောင့်အသက်၁၈နှစ်မပြည့်သေးသောလူငယ်တို့မှာအရက်ဆိုင်(သို့)
ထနောင်းတဲတွင်တွေ.ရများလာသလို၊ဆေးလိပ်သောက်သုံးမှုမှာလည်းစတိတ်
ကျောင်းသားတို့ပင် ၈တန်း၊၉တန်းလောက်ကတည်းကကျောင်းရှေ့ပတ်ဝန်းကျင်
အနီးနားတွင်ဖွာနေကြသည်ကိုတွေ.လာရပါသည်။

တစ်ချို့ကပျော်လို့သောက်သည်။စိတ်ညစ်လို့သောက်သည်။အပေါင်းသင်းကြောင့်
သောက်သည်စတဲ့အကြောင်းပြချက်တွေနဲ့ပဲအရက်သေစာသောက်စားခြင်း၊
ဆေးလိပ် သောက်ခြင်းစသည်တို့ကိုမူလူငယ်များစုမကျော်လွန်နိုင်ကြပါပေ။
၎င်းအကြောင်းပြချက် တွေနဲ့အရက်သမားလုံးလုံးမဖြစ်နိုင်သလိုဆိုးကျိုးကို
သိစွာဖြင့်ဆေးလိပ်သောက်ခြင်းမှာလည်းကျန်းမားရေးမကောင်းမည်မှတပါး
ဆေးသမားလည်းမဖြစ်နိုင်ပါ။သို့ပေမဲ့ထိုကဲ့သို့ပျော်ရွှင်ဖွယ်ရာများနဲ့မတင်းတိမ်နိုင် တဲ့လူငယ်တစ်ချို့မှာမူးယစ်ဆေးကိုစတင်သုံးစွဲလာကြသည်။လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်တဲ့နည်းလမ်းတွေရှိလာသလိုမူးယစ်ဆေးများလည်းပေါများလာခြင်း ကြောင့်ရသည့်မုန့်ဖိုးများကိုမစားရက်မသောက်ရက်ပဲဆေးနောက်ကို တစ်ကောက်ကောက်လိုက်ကာမူးယစ်သားကောင်များဖြစ်နေပြီဖြစ်တဲ့ လူငယ်တွေတစ်နေ့တစ်ခြားများပြားလာတဲ့အတွက်ဝမ်းနည်းစရာပါ။

ယခုထားဝယ်မြို့တွင်ပညာရေးထူးချွန်ထက်မြက်ပြီးနိုင်ငံတကာရင်ပေါင်တန်း
နိုင်တဲ့လူငယ်တွေရှိသလို၊စီးပွားရေးတွင်အောင်မြင်နေတဲ့လူငယ်တွေလည်းရှိပါ
သည်။ဆုံးဖြတ်ချက်ခိုင်မာပြီးရည်ရွယ်ချက်မြင့်မားတဲ့လူငယ်တွေရှိသလို၊နှလုံး
သားဖြူစင်ပြီးလိမ္မာယဉ်ကျေးတဲ့လူငယ်တွေလည်းရှိပါသည်။ပုထုဇဉ်လူသားများ
ဖြစ်ကြတဲ့အတွက်အမှားများ လည်းမကင်းနိုင်သလိုတစ်ဦးတစ်ယောက်တည်းနဲ့
ပတ်ဝန်းကျင်တစ်ခုလုံးလှပအောင် မဖန်တီးနိုင်ပါ။ဒါကြောင့်လူငယ်အားလုံးစူးစမ်း
ဆင်ခြင်သုံးသပ်နိုင်ပြီးမှန်ကန်သော ဆုံးဖြတ်ချက်များဖြင့်ထားဝယ်မြို့ကြီး
လှပအောင်ဖန်တီးရင်းကျွန်ုပ်၏နှလုံးသားသည်လည်းထားဝယ်လူငယ်များနဲ့
ထပ်တူအမြဲရှိနေပါကြောင်း "ထားဝယ်လူငယ်များအကြောင်းတစေ့တစောင်း"
ကိုပွင့်ပွင့်လင်းလင်းဖြင့်ရေးသားလိုက်ရပါသည်။

ဝန်ခံချက်
ကျွန်ုပ်မရင့်ကျက်သေးသလိုလူမှုရေးလည်းမကောင်းလှပါ။မိဘစကားမြေဝယ်မကျ
နားထောင်ပြီးလိမ္မာရေးခြားရှိလှတဲ့သားလိမ္မာတစ်ယောက်လည်းမဟုတ်ပါ။ အရေးသားလည်းမညက်ညောသလိုအပြောလည်းမချိုလှပါ။အောင်မြင်နေတဲ့ လူတစ်ယောက်လည်းမဟုတ်သလိုအမှားများနဲ့လည်းမလွတ်ကင်းနိုင်သေးသူပါ။
ဝေဖန်ခြင်းလည်းမဟုတ်သလိုအပုပ်ခတ်ခြင်းလည်းမဟုတ်ပါ။သို့သော်ဒီပို့စ်ကြောင့် တစ်ချို့တွေမကြေနပ်မှုများရှိချင်ရှိမည်။ဝေဖန်လိုစိတ်များပြင်းပျနေပေလိမ့်မည်။
ဒါကြောင့်စိတ်ထဲရှိသည်များကိုလွတ်လပ်စွာရေးသွားနိုင်ပါသည်။

ရွှေထားဝယ် တစ်နှစ်ပြည့်အမှတ်တယ

သံလွင်ဟီးရိုး

December 16, 2009

အိမ်ပြောင်းခြင်း

စလုံးမှာ အိမ်ပြောင်းရတာလည်းမလွယ်လှပါဘူးဗျာ။
အိမ်အဟောင်းကစာချုပ်မပြည့်ခင်နှစ်လလောက်အလိုကတည်းက
ပွဲစားတွေဆီကိုဖုံးဆက်ပြီး ဘယ်လိုအိမ်မျိုး၊ဘယ်နေရာ
မှာလိုချင်တယ်ဆိုတာပြောရတယ်။သူတို့ပြန်ဆက်သွယ်လာ
ပြန်တော့မအား.အားအောင်လုပ်ပြီးအိမ်တွေကိုသွားကြည့်ရပြန်တယ်။ စိတ်တိုင်းကျဖြစ်ဖို့၊သွားလာရေးအဆင်ပြေဖို့၊ပွဲစားစိတ်ချရဖို့အရေးကြီးသလို၊ ကြိုက်သွားလို့အိမ်ရှင်နဲ့စာချုပ်ချုပ်တော့မယ်ဆိုရင်လည်းကိုယ်လိုချင်
တာတွေထည့်ပေးဖို့ မှာရပြန်ပါတယ်။ စာချုပ်ချုပ်တော့ပွဲခကလဝက်စာ၊
depositကတစ်လစာနဲ့ဒီတစ်လအတွက်တစ်လစာ....ဂိ....(တက်သွားခြင်းပါ။)

အိမ်အဟောင်းရဲ့depositကလည်းရေဖိုးမီးဖိုးနှုတ်၊ဟိုနှုတ်ဒီနှုတ်နဲ့
ဘယ်လောက်ကျန်မလဲမသိသေး။အိမ်ပြောင်းဖို့အတွက်mover
ခေါ်ရသေးသည်။နောက်သုံးယောက်နဲ့ကျနော်ကအိတ်တွေသိပ်မများ။
ကျန်တဲ့နှစ်ယောက်ကဝယ်ထားတဲ့ပစ္စည်း၊ကိရိယာစုံသဖြင့်ကား
ကြီးကြီးနဲ့မှအဆင်ပြေမည်ဖြစ်သလို၊ကူသယ်ပေးမဲ့လူတွေပါခေါ်ရသည်။

ဒါကတော့အိမ်အဟောင်းပါ။woodlands, Civic Centerနားမှာ။
သွားရေးလာရေးလုံးဝအဆင်မပြေပေမဲ့
နှစ်နှစ်နီးပါး
အိမ်ကြိုက်လွန်းလို့သည်းခံပြီးနေခဲ့ပါသည်။

အိမ်ရှင်ကarchitectureဆိုတော့လည်းHDBကိုမိုက်အောင်သထားသည်။
4plus1ဆိုပေမယ့်၁ခန်းကိုပိတ်ထားပြီးကျယ်တာမှဖြင့်living roomမှာ
street soccerကန်လို့တောင်ရပါသည်။

ကျွန်ုပ်တစ်ယောက်စာ...ဘာမှသိပ်မရှိပါဘူး နည်းနည်းလေးပါ။း)


နေချင်တာက clementi, sunset way နား။ ဒါပေမဲ့ပွဲစားပဲရှာမတက်
လို့လား၊ငှားမဲ့လူပဲမရှိလို့လားမသိ။ ၁အိမ်လောက်ပဲတွေ.ပါသည်။
ဒါပေမဲ့လည်းအားလုံးကမကြိုက်ပြန်တော့မငှားဖြစ်။
နောက်ဆုံးတော့Jurong Eastမှာပဲဂိတ်ဆုံးဖြစ်တော့သည်။
အရင်woodlandsထက်စာရင်တော့နည်းနည်းမြို့ထဲဝင်လာပါပြီ။

ဘလော့မောင်နှမတွေကိုအိမ်အလည်ခေါ်သွားပါ့မယ်။
ကဲအိမ်ထဲဝင်ကြစို့....


အိမ်ကအရင်လောက်သိပ်မကျယ်ပေမဲ့သိပ်တော့လည်းမကျဉ်းပါဘူး။
အိမ်သစ်တက်အနေနဲ့ဒီမှာသောက်သွားပါအုံးး)

သံလွင်ဟီးရိုးအခန်း

မီးဖိုချောင်နဲ့အိမ်နောက်ဖေး။


Enjoy :)

December 13, 2009

သားရေစာ

Mochi၊Yaki Tori၊Donutsတွေမကြိုက်ဘူးလားမဟုတ်ပါဘူး။
Burger၊Pizzaတွေမစားချင်ဘူးလားမဟုတ်ပါဘူး။
အစားသောက်ကောင်းဟူသမျှကြိုက်ပါတယ်။အထူးသဖြင့် နေရာသစ်တစ်ခုကိုရောက်တိုင်း(သို့)အမြင်ဆန်းစေတဲ့နာမည်ကြီး
အစားသောက်တွေကိုစားကြည့်လေ့ရှိသည်။ စလုံးရောက်ပြန်တော့သူ့ရဲ့အစားသောက်တွေဖြစ်တဲ့rojakတို့ဘာတို့
ညာတို့စားကြည့်သည်။မဆိုးပါဘူး။ဒါပေမဲ့laksaကိုတော့မကြိုက်ပါ။
အုန်းနို့သိပ်မကြိုက်တာကတစ်ကြောင်း၊အစပ်မစားနိုင်တာက
တစ်ဖုံအဲဒါကိုတော့လုံးဝမစားပါ။ယိုးဒယားသင်္ဘောသီးထောင်း
ကတော့ချွင်းချက်ပေါ့ဗျာ။

အဲဒါတွေထက်ကိုယ့်တိုင်းပြည်ရဲ့ဒေသအစားသောက်တွေကိုပို၍ခုံမင်သည်။
အခုလည်းကြည့်လေ။တစ်မြို့တည်းသားတွေဖြစ်တဲ့ကျောင်းကသူငယ်ချင်း
တစ်ယောက်ဟိုတပတ်ကပြန်ရောက်လာလို့လက်ဆောင်တစ်ထုပ်ပါလာတယ်။
ရောက်ရောက်ခြင်းဘာတွေပါလာလည်းလို့ကြည့်လိုက်တော့ငါးမုန့်အစိမ်း၊
ဒုရင်းယို၊သီဟို၌စေ့၊ဂုံးခြောက်တွေပါ။အိမ်ပြောင်းနေတာကတစ်ကြောင်း၊
အခုတလောအိမ်မှာသိပ်မရှိတာကြောင့်မစားဖြစ်သေးဘူး။

ဒါပေမဲ့ဒီနေ့မှာတော့အားလုံးကိုနည်းနည်းစီနှိုက်မြီးကြည့်လိုက်တယ်။

ငါးမုန့်


ဒါကိုကြော်လိုက်တော့....


ဒါမျိုးဖြစ်သွားတယ်။
ဒီကPrawn crackers တွေလောက်မထူပေမဲ့ငါးအရသာအပြည့်နဲ့ငါးမုန့်ပါ။
ကျနော်တို့မြို့မှာစံမတူ၊အောင်ပင်လယ်နဲ့မြင့်မြင့်ဆိုတဲ့နာမည်ကြီးငါးမုန့်ဆိုင်
တွေရှိတယ်။အဲဒီအထဲမှာကျနော်အကြိုက်ဆုံးကတော့မြင့်မြင့်ပါ။သူကတော့
ဟိုးအရင်မိဘ၊ဘိုးဘွားအစဉ်ဆက်ကနေငါးမုန့်ပညာကိုလက်ဆင့်ကမ်းလာ
တဲ့အတွက်အရသာကလည်းကောင်း၊အိမ်နဲ့လည်းနီးလို့အမြဲလိုလိုဝယ်စား
ဖြစ်ပါတယ်။အခုပါလာတဲ့အောင်ပင်လယ်ဆိုလည်းမဆိုးပါဘူး။
export qualityအတိုင်းစနစ်တကျလုပ်ထားတာမို့အရသာကတော့
ပြောစရာမလိုပါဘူး။နှမ်းပါတာတို့၊လေးထောင့်ပုံစံတို့လည်းရှိပါသေးတယ်။
ရန်ကုန်ကစီးတီးမတ်တို့oceanတို့မှာရောင်းတဲ့ငွေပင်လယ်ဆိုတဲ့တံဆိပ်နဲ့
တူတူပဲဖြစ်ကြောင်းကြားဖူးပါတယ်။

ဒူးရင်းယို



အသီးနှံပေါတဲ့ကျနော်တို့ဆီမှာနာနတ်ယို၊ဒူးရင်းယို၊ပိန္နဲယို၊စသည်ဖြင့်
လုပ်ရောင်းလေ့ရှိတယ်။ဒူးရင်းသီးအနံ့မွှေးမွှေးနဲ့ဒူးရင်းသီးအပြည့်ဝပါတဲ့
ဒူးရင်းယိုကိုတော့ဒူးရင်းသီးကြိုက်တဲ့သူများအတွက်ထူးရှယ်....

ဂုံးခြောက်

ကုန်းပေါ်မှာသွားနေတဲ့အကောင်တွေကို
မစားပဲသာနေမယ်။ပင်လယ်ထဲကအကောင်တွေကိုတော့
ဘာကောင်ပဲဖြစ်ဖြစ်ကြိုက်ပါတယ်။
ရေထွက်ပစ္စည်းစုံလင်လှတဲ့မွေးရပ်မြေမှာဒီလိုအစားသောက်တွေ
ပေါတာကတော့မထူးဆန်းပါဘူး။ဂုံးခြောက်၊ပြည်ကြီးငါးခြောက်၊စမတ်
ခြောက်၊ပုဇွန်ခြောက်၊ငါးခြောက်မျိုးစုံရှိပါတယ်။ဂုံးခြောက်ကို
မီးကင်ပြီးစားရင်ကောင်းသလိုပုံထဲကမျိုးဒယ်အိုးပူပူမှာဆီနည်း
နည်းထည့်ပြီးအိုးကပ်ကြည့်တော့လည်းစားလို့ကောင်းတဲ့
သားရေစာတစ်ခုပါပဲ။

သီဟို၌စေ့

ရာဘာ၊ကွမ်းသီးခြောက်တို့လိုပဲသီဟို၌စေ့ဟာလည်းဈေးကောင်းတဲ့
ဒေသထွက်ကုန်တစ်မျိုးအနေနဲ့ပါဝင်ပါတယ်။ ထောပတ်၊ဆားအနည်း
ငယ်ထည့်ပြီးကြော်စားလို့ကောင်းတဲ့သီဟို၌စေ့ကိုကျနော်တို့ဒေသမှာ
ဈေးနှုန်းချိုတဲ့အတွက်မျက်နှာပန်းလှတဲ့လက်ဆောင်ပစ္စည်းတစ်ခု
အနေနဲ့နေရာယူထားဆဲပါပဲ။