ဒီပလိုမာက DMS တွေကလည်း ကျောင်းဖွင့်ပြီဆိုတာနဲ့ Assignment တွေ၊ Projectတွေနဲ့ လုံးလည်းလိုက်နေကြတာ project deadline နီးရင်တစ်ယောက်နဲ့တစ်ယောက်မခေါ်အားတဲ့အထိ...ကဲဘယ်မှလဲပျော်စရာ ?
ပိုလီကျောင်းကဘော်ဒါတွေကိုကြည့်ပြီးသူတို့ရဲ့ပျော်စရာကျောင်းသားဘဝ၊ သူတို့ရဲ့ကျောင်းကပွဲတွေကို
သွားကြည့်ပြီးအားပေးခဲ့ရတာ ကျနော်တို့ရဲ့ကျောင်းသား.ကျောင်းသူတွေပါ...သူများပွဲတွေကိုသာသွားကြည့်ပြီး
ကြည်နူးနေရတဲ့ကျနော်တို့ရဲ့ဘဝကို အခုလာမဲ့ ၂၁ ရက်နေ့မှာကျင်းပမဲ့ "SIM International Student Night"
ရင်ခုန်လှုပ်ရှားစေနေပါပြီ။ International ဆိုတဲ့အတိုင်းနိုင်ငံအသီးသီးကရောက်ရှိနေကြတဲ့ကျောင်းသား
တွေဆင်နွှဲကြမှာမို့ ကျနော်တို့မြန်မာတွေလည်းမနွဲ.စတမ်းပါဝင်ဖို့ပြင်ဆင်နေရောပေါ့ဗျာ။ လက်ချာတစ်ခု
လွတ်တာနဲ့ဒုက္ခဖြစ်ရတဲ့ UOL ကမမတွေကလည်းတတ်သည့်ပညာမနေသာဆိုတဲ့အတိုင်းစိန်စီသောတေးတစ်
ပုဒ်နဲ့ဖျော်ဖြေမှာပါတဲ့။ စာမေးပွဲဘယ် လောက်နီးနီး ကျောင်းသားဘဝမှာပျော်ရွှင်မှုကိုခံစားချင်ကြတဲ့ကျနော်တို့
DMS တွေကတော့ စည်းလုံးခြင်းသည်အင်အားနဲ့မြန်မာတွေဘယ်လောက်စည်းလုံးမှုရှိကြောင်းကိုပြကြမှာပါ။
ပရောဂျက်ဒက်လိုင်းနီးလည်းမရှောင်. စာမေးပွဲအတွက်လည်းစာကျက်ချိန်ထဲကဖဲ့ပြီးကြိုးစားပမ်းစား
အင်တိုက်အားတိုက်အက တိုက်နေကြပါပြီ။ ရှုစားဝေဖန်ပေးကြပါခင်ဗျား ။ training ဖြစ်သောကြောင့်အမှား
ပါရင်ခွင့်လွတ်ကြပါ။
စည်းလုံးခြင်းသည်အင်အား
youtube တွင်တင်ထားသော Ronald အားကျေးဇူးအထူးတင်ရှိပါသည်။