November 8, 2008

" Myanmar Dance Training Session "

SIMကမြန်မာကျောင်းသားကျောင်းသူတွေ၊ဒီဂရီအတန်းဆိုလည်း UOL/RMIT အလိုက်ကျက်လိုက်ရ.မှတ်လိုက်ရတဲ့စာတွေ.လက်ချာတွေကလည်းဟိုပြေးဒီပြေးတက်ကြရ ။
ဒီပလိုမာက DMS တွေကလည်း ကျောင်းဖွင့်ပြီဆိုတာနဲ့ Assignment တွေ၊ Projectတွေနဲ့ လုံးလည်းလိုက်နေကြတာ project deadline နီးရင်တစ်ယောက်နဲ့တစ်ယောက်မခေါ်အားတဲ့အထိ...ကဲဘယ်မှလဲပျော်စရာ ?
ပိုလီကျောင်းကဘော်ဒါတွေကိုကြည့်ပြီးသူတို့ရဲ့ပျော်စရာကျောင်းသားဘဝ၊ သူတို့ရဲ့ကျောင်းကပွဲတွေကို
သွားကြည့်ပြီးအားပေးခဲ့ရတာ ကျနော်တို့ရဲ့ကျောင်းသား.ကျောင်းသူတွေပါ...သူများပွဲတွေကိုသာသွားကြည့်ပြီး
ကြည်နူးနေရတဲ့ကျနော်တို့ရဲ့ဘဝကို အခုလာမဲ့ ၂၁ ရက်နေ့မှာကျင်းပမဲ့ "SIM International Student Night"
ရင်ခုန်လှုပ်ရှားစေနေပါပြီ။ International ဆိုတဲ့အတိုင်းနိုင်ငံအသီးသီးကရောက်ရှိနေကြတဲ့ကျောင်းသား
တွေဆင်နွှဲကြမှာမို့ ကျနော်တို့မြန်မာတွေလည်းမနွဲ.စတမ်းပါဝင်ဖို့ပြင်ဆင်နေရောပေါ့ဗျာ။ လက်ချာတစ်ခု
လွတ်တာနဲ့ဒုက္ခဖြစ်ရတဲ့ UOL ကမမတွေကလည်းတတ်သည့်ပညာမနေသာဆိုတဲ့အတိုင်းစိန်စီသောတေးတစ်
ပုဒ်နဲ့ဖျော်ဖြေမှာပါတဲ့။ စာမေးပွဲဘယ် လောက်နီးနီး ကျောင်းသားဘဝမှာပျော်ရွှင်မှုကိုခံစားချင်ကြတဲ့ကျနော်တို့
DMS တွေကတော့ စည်းလုံးခြင်းသည်အင်အားနဲ့မြန်မာတွေဘယ်လောက်စည်းလုံးမှုရှိကြောင်းကိုပြကြမှာပါ။
ပရောဂျက်ဒက်လိုင်းနီးလည်းမရှောင်. စာမေးပွဲအတွက်လည်းစာကျက်ချိန်ထဲကဖဲ့ပြီးကြိုးစားပမ်းစား
အင်တိုက်အားတိုက်အက တိုက်နေကြပါပြီ။ ရှုစားဝေဖန်ပေးကြပါခင်ဗျား ။ training ဖြစ်သောကြောင့်အမှား
ပါရင်ခွင့်လွတ်ကြပါ။

စည်းလုံးခြင်းသည်အင်အား




youtube တွင်တင်ထားသော Ronald အားကျေးဇူးအထူးတင်ရှိပါသည်။

16 comments:

ဗီလိန် said...

ဟဟဟဟ.... တိုတိုလေးတွေနဲ့ဆိုတော့ ကြည့်ရတာ အဆင်ပြောသား တကယ့်ပွဲကျ အဲ့ဒီ့ဝတ်စုံနဲ့ဆိုရင် လာအားပေးမယ်။ :) :) :)

:P said...

ကြည့်လို့ကောင်းတယ်။ ရွေးတဲ့သီချင်းလေးလည်းကောင်းတယ်..
ဝတ်စုံပြည့်နဲ့ ထပ်တင်ပေးဦးလေ....

SuPeR-MaN said...

Rakhine Couple ka a kaung sone par byoeeeeeee!! :D to 'sin dan lar' .. wit soen pyae ne' ka tot ... ae de performance lar kyi mah pel ya mal ^_*

Anonymous said...

ခရီးရောက်မဆိုက် အင်တိုက်အားတိုက် ကပြလှုပ်ရှားဖျော်ဖြေ ယှဉ်ပြိုင်ကြတော့မယ်ပေါ့လေ၊
အကောင်းဆုံးအခန်းကဏ္ဍက ပါဝင်လှုပ်ရှားနိုင်ပါစေရယ်လို့ ဆန္ဒပြု အားပေးလိုက်ပါတယ် ညီရေ။ ဗရာဗို ... ။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ဟီ........ ဒို့လဲပါချင်တယ်(အီးမဟုတ်ဘူးနော်)
မမ၊ညညလေးတွေနဲ့ တွဲကချင်လို့

ဇင်ယော် said...

ညီရော ၀င်ကမှာလား။ သံလွင်မင်းသားကို လာအားပေးမယ်လေ။ အခွင့်ရရင် နာလည်း မင်းသားလုပ်ပြီး နှစ်ပါးသွားလေး ကချင်ပါရဲ့။ အဟီး။

Anonymous said...

ဟား ကြည့်လိုက်ရတာ တစ်ကယ့် မြန်မာပြည်ပြန်ရောက်သွားသလိုပဲဗျာ ..
နွေးနွေးထွေးထွေးနဲ့ အားလည်းကျပါရဲ့ ..
ဒီမှာကတော့ မြန်မာမိန်းကလေးဆိုတာကို မြန်မာပြည် ပြန်ရောက်မှ မှတ်မိအောင် ပြန်ကြည့်ရမလို ဖြစ်နေပြီ
ဒါနဲ့ ကျနော့်တို့ မင်းသား ( သံလွင်ဟီးရိုး) က ဘယ်မှာတုန်းဗျ :P

chanye` said...

အဟွန်းဟွန်း... ငါ့ညီ ဟီးရိုးဘလော့ဖြစ်နေလို့ပေါ့နော် ။ အတင်းပြောဝေဖန်ချင်တာ ပါးစပ်ကို ယားနေတာပဲ :D

Anonymous said...

သိပ်ကောင်းတဲ့ပြကွက်လေးပေါ့။ ဂုဏ်ယူပါတယ်ဗျာ။

WWKM said...

ဟဟဟားး ကြည့်ပြီးပျော်စရာကောင်းလိုက်တာ.
မောင်သံလွင်က လက်ခုတ်တီးပြီးကတာ အတော်ဆုံးပဲ.
အဟတ်. ပျော်စရာကြီး..နောက်ကျမှ ကြည့်ရတယ်.
ဝတ်စုံအပြည့်နဲ့ ကရင်လည်းတင်ပေးနော်။
မောင်သံလွင်က စွပ်ကျယ်အနက်ကြီးနဲ့ပေါ့။
ဟဟ

ခင်တဲ့
တီတီဝါ

Unknown said...

အားပေးပါတယ်....
သတိရလိုက်တာ.. တစ်ခုသော ကျောင်းသားစုံညီ ပွဲတော်ကို....
အဲဒီမှာ.. ပေါ့လေ.. အဟွင်း..အဟွင်း
:P

GreenGirl said...

ကြည့်လို့ကောင်းတယ်။ တော်တယ်း)

တက်လူငယ် said...

မြန်မာလူငယ်တွေစည်းစည်းလုံးလုံး
ပျော်ပျော်ရွှင်ရွှင် ကနေကြတာကို ကြည့်ပြီးတော့ ရင်ထဲမှာ တစ်ခုတစ်ခုဟာနေသလိုပဲဗျာ။

Anonymous said...

ThanLwin yay,, please write about the actual day performance, too!! let them freaked out for our splendid performance!! :P hehe (too show off!!) sorry!!! :P

Anonymous said...

ဒီအကမျိုး ကျောင်းတစ်ကျောင်းက ပွဲမှာတွေ့ဖူးသလိုဘဲ..။

ခေါင်ခေါင် said...

အဟားး ပျော်စရာကြီး.. ငါ့မောင်လေး တို့ အတွဲ က. ကတာ အလှ ဆုံး...