June 18, 2009

Tavoy Youth Vs ကဆုန်ညောင်ရေသွန်းပွဲ

မေလ ၇ ရက်နေ့မှာ ရွှေတောင်စားစေတီတော်ဝင်းအတွင်း
(၆၉) ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းပွဲနဲ့အတူ
ပထမဆုံး နှစ်ကျိပ်ရှစ်ဆူ (ထိုင်တော်မူ-နေ့ဘက်) ဒေဿစာရီလှည့်လည်ပူဇော်ပွဲ ရှိတယ်လို့သတင်းရလာတဲ့အတွက် TAVOY YOUTH ရဲ့
ဥက္ကဋ္ဌ နေလင်းထူးက နီးစပ်ရာသူငယ်ချင်းများစုကာ ကဆုန်လပြည့်နေ့မှာ
ကျွန်တော်တို့ကောင်းမှူကုသိုလ်ပြုခဲ့ကြပါတယ်။ ပထမဆုံးနေ့ဘက်လှည့်လည်
ပူဇော်တဲ့ပွဲဖြစ်တာတစ်ကြောင်း၊ လူတိုင်းနီးပါးမသိကြိုမသိလိုက်တာတစ်ခု၊
ရပ်ကွက်တိုင်း ဘုရားကားအတွက်ပြင်ဆင်ချိန်မရတာ တစ်ဖုံ၊
တန်ဆောင်တိုင်တိုင်းမှာပူဇော်ခံတဲ့ နှစ်ကျိပ်ရှစ်ဆူ (ရပ်တော်မူ-ညဘက်)
လောက်ကြက်ပျံမကြမစည်ကားခဲ့ပေမဲ့အောင်အောင်မြင်မြင်
မိုးရွာသွန်းမှုမရှိပဲပြီးဆုံးခဲ့ပါတယ်။Tavoy Youth မှတာဝန်ရှိသူများ
ပြောကြားချက်အရသူတို့မှာလည်း ရက်နီးမှသိလိုက်ရတဲ့အတွက်
အရင်ကလို မဏ္ဍပ်ထိုးအလှဆင်၊members အားလုံးကိုမဖိတ်ကြား
နိုင်ပဲနေရာအတွက်ကမန်းကတန်းအ.ထ.က (၁)ကျောင်းအုပ်ကြီး
ခွင့်ပြုချက်ကိုယူကာလက်လှမ်းမှီရာဘော်ဒါတွေနဲ့ပဲ
အချိုရည်လှူခဲ့ပါတယ်။

P.S- ကျနော်တို့ အမှတ်တရအနေနဲ့ နေ့လည်ဘက်
မောင်းမကန်သွားခဲ့ကြသလိုအဲဒီနေ့မှာသူငယ်ချင်းတစ်ယောက်
မိန်းမခိုးသွားတဲ့အတွက် အားလုံးအံ့အားသင့်ခဲ့ကြပါတယ်။


No comments: