March 5, 2009

အရေးပေါ်သတင်း

ဒီနေ့ ည ၁၂ နာရီသတင်းအရ သံလွင်ဟီးရိုးတစ်ယောက် ၆ ရက်နေ့ မတ်လ ၂၀၀၉ မှာ
ချစ်လှစွာသော MAI လေယာဉ်ကြီးကို စီးနင်းပြီး မြန်မာပြည်ကို ခဏစတေးရှောင်မည်ဟု
အတိအကျ သတင်းရရှိထားသဖြင့် ညတွင်းခြင်း အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။
တီ.....တီ.....တီ.....ဟဲလို.....
မေး... ညီ...မနက်ဖြန်မြန်မာပြန်မယ်ဆို ?
ဖြေ...ဟုတ်တယ်ဗျ။ ဒီနေ့ပဲစာမေးပွဲပြီးတယ်လေ။ မနက်ဖြန်ပြန်ပြီ။ ဟားဟား
မေး...ဘယ်လောက်ကြာမှာလဲ ?
ဖြေ...သိပ်မကြာပါဘူးဗျာ။ ၂လလောက်ပါပဲ။ သင်္ကြန်ကဲမယ်လေ...
မေး...ရန်ကုန်မှာပဲနေမှာလား... ?
ဖြေ...ရန်ကုန်မှာ ၂ ပတ်လောက်ပဲနေဖြစ်မှာပါ။ ပြီးရင် ထားဝယ်ပြန်မယ်။ အမေနဲ့ရွာကိုလွမ်းနေပြီဗျ။
မေး...အိုခေလေ...ဒီက ညီရဲ့ ချစ်လှစွာသောဘလော့ဂါတွေကိုဘာများပြောချင်ဘာသေးလဲ ?
ဖြေ... ဟုတ်ခဲ့... ကျနော့်ဘလော့လေးကို ၂ လလောက်ခေတ္တပိတ်ခဲ့ပါ့မယ်။ ကျနော်မရှိတဲ့အချိန်လေးတွေမှာ အိမ်လေးကိုလည်းလာလည်ကျပါလို့။ မြန်မာပြည်ကအပြန် ပို့စ်အတွက်ကုန်ကြမ်းတွေ ရှာခဲ့ပြီး စားစရာတွေ၊ လည်စရာ ပတ်စရာတွေအတွက် ဓာတ်ပုံရိုက်လာခဲ့ပါမယ်။ ကျနော်ဘလော့လောကလေး နဲ့အဆက်သွယ်ပြတ်သွားပေမဲ့ ပြန်လာတာနဲ့ ချက်ချင်း ဓာတ်ပုံတွေနဲ့ဧည့်ခံပါ့မယ်။ အားလုံးကျန်းမာ ရွှင်လန်းပြီး အလုပ်ကိုင်အဆင်ပြေကျပါစေ။

7 comments:

ကိုရင်နော်ခင်လေးငယ် said...

မုန့်မုန့်ဝယ်လာနော်..း)
မိသားစုနဲ့ ပျော်ရွှင်ပါစေကွယ်..

တောင်ပေါ်သား said...

ပြန်လာလို့ နာအတွက် မပါရင်တွေ့မယ် ဟွန်းးးး ပျော်ရွှင်ဖွယ်ရာတွေနဲ့ ပြည့်စုံပါစေ ညီသံလွင်ရေ
ကျနော်လဲ ပြန်ချင်တယ် အလုပ်ကရှိနေတော့လဲ လဲ လဲ........

လေးစားလျက်
တောင်ပေါ်သား

Unknown said...

သင်္ကြန်သွားးကဲမယ်ပေါ့လေ..
အ၀သာကဲခဲ့ပေတော့ဟေ့ ။

puluque said...

အော် မရောက်တာကြာလို့လာလည်ပါတယ် သူက အိမ်ပြန်သွားပီးကိုး...ကောင်းလေစွ ကောင်းလေစွ

Anonymous said...

ပြန်သွားပြီပေါ့လေ

မုန့် လက်သုတ်စားချင်တယ်။
ဇရစ်လား ခုံဝင်းဒပ်လား သေချာမသိတော့ဘူး။
မချို မုန့် လက်သုတ်စားချင်တယ်

အောင်ပင်လယ် ငါးမုန့် ဝယ်လားခဲ့နော်။
မှာချင်တာတွေအများကြီးဘဲ။
း(

WWKM said...

မတွေ့တာကြာလို့ လာလည်ပါတယ် ...
သူက အိမ်ပြန်သွားတာကိုးးးးး
ဘိတ်ကတ်ကြေးကိုက် ပိုစားလာခဲ့ မောင်သံလွင်ရေ.

Anonymous said...

ပြန်မလာသေးဘူးလားဗျို့