February 17, 2009

ခေါင်းစဉ်မပေးရသေးတဲ့ ကဗျာ



အိပ်မရတဲ့ည...
လ က ကမ္ဘာကိုပတ်တာ နှစ်ခါရှိတော့မယ်
ငါ့စိတ်ထဲမှာ အကြိမ်ပေါင်းများစွာပတ်ခဲ့ပြီ...
ပြုခဲ့တဲ့ကောင်းမှုတောင်းဆုပြည့်မယ်ဆိုရင်
ဘုရားဆိုတဲ့ပုဂ္ဂိုလ်...လူသားကိုကြင်နာရင်
အချိန်တွေကို ကျော်ဖြတ်သွားနိုင်မဲ့စွမ်းအား
ရချင်တယ်...

နူးညံ့အိစက်ချင်းမရှိ...သက်မဲ့တဲ့
အိပ်ယာပေါ်မှာ...အထီးကျန်ခြင်းနဲ့ လှဲလျောင်းနေလည်း
အိပ်စက်မရ...
ငါ့မျက်လုံးတွေ ငါ့ကိုဆန္ဒပြနေပြီ ..
သူမြင်ချင်တဲ့မင်းရဲ့ပုံရိပ်တွေတောင်းဆိုနေတယ်...

ဘယ်လိုပဲကြိုးစားပြီးမေ့ဖျောက်ပြစ်ပြစ်၊ စိတ်ဖြေဖြေ
နှလုံးသားဆိုတဲ့ကောင်က သွေးထိုးပေးနေတယ်...
ဒီကောင်က အဓိက...ပြဿနာ
ငါတို့တွေ ဘာကြောင့် ဝေးနေရတယ်...
ဘာအတွက် ခွဲခွာရတယ်ဆိုတာ...သူသိတယ်
ဒါပေမယ့် ခေါင်းမာတယ်ကွာ...
နှလုံးသားက ငါ့ကိုတောင်းဆိုနေတယ်
သူအသက်ရှင်ဖို့၊အလုပ်ဆက်လုပ်နိုင်ဖို့
မင်းရဲ့အချစ်တွေလိုနေတယ်တဲ့
သူ့ကိုသနားတယ်...

ငါတို့နှစ်ယောက်ရဲ့...ဘဝ...အချစ်...ရည်ရွယ်ချက်.....
ငါ့ရဲ့ ဝဋ်ကြွေးတွေ ကျေချင်ပြီ...
နှလုံးသားဗလာ...စီးဆင်းစရာ အချစ်မရှိ...
အခု...ငါ့ရဲ့ဘဝက လူသေတစ်ကောင်လို ပါပဲကွာ...

ထူး(ထူးမင်းအောင်) 5.11.08 ( 3:48 am )

P.S ဒီကဗျာက ရန်ကုန်မှကျနော့်သူငယ်ချင်း ထူးမင်းအောင်ရေးထားတာပါ။
အခုချိန်ထိ မှတ်မှတ်ရရဒီတစ်ပုဒ်ပဲရေးဖူးခဲ့တယ်၊ တစ်ယောက်သောသူအတွက်
ရည်ရွယ်ခဲ့တယ်ဆိုလို့ ခံစားချက်မိမိကဗျာလေးကို ကျနော့်ဘလော့မှာတင်လိုက်ရပါတယ်။

4 comments:

မောင်bee said...

ခေါင်းစဉ်ပေးသွားတယ် :)

Anonymous said...

ဒီကဗျာ ကောင်းတယ်.. ^^

WWKM said...

ကောင်းပါ၏။ဖတ်သွားပါ၏။

chanye` said...

ခေါင်းစဉ်အတွက် စဉ်းစားပြီးပြီ..
"သွေးစုတ်ဖုတ်ကောင်ရဲ့ အဆာလွန် အိပ်ပျက်ည"
မော်ဒန်ဆန်တယ် .. စိတ္တဇဆန်တယ် .. ရသအမှန်လဲ ပ်ါလွင်စေတယ် ။ ကောင်းလွန်းလို့ ကြက်သီးပါ ဖြန်းကနဲ ထသွားစေရမယ့် ဟဲဟဲ :P