
ချစ်သက်လက်ဆောင်
နှင်းဆီပန်းစည်းတွေပေးဖို့
Floral တွေမှာ ပုရိသတို့
တန်းစီနေကြပြီ...
နိုင်ငံပေါင်းစုံက
brand အမျိုးမျိုးနဲ့
ချောကလက်တွေကလည်း
ချစ်သူတွေရဲ့လက်ထဲမှာကိုင်လို့...
မြူးဇစ်ပေါင်းစုံနဲ့
ဝုန်းဒိုင်းကျဲနေတဲ့
ရှိုးပွဲတွေမှာ
ချစ်သူစုံတွဲတို့ပျော်နေကြတယ်...
အေးမြတဲ့ညချမ်းမှာ
ချစ်သူနဲ့ dinner စားဖို့
ဟိုတယ်ကြီးတွေက
menu ပေါင်းစုံနဲ့
ဖိတ်ခေါ်နေပြီပေါ့...
အောချတ်လမ်းမကြီးမှာ
အကျီဆင်တူနဲ့ ချစ်သူတို့...
မာရီနာဘေးမှာ
မယ်ကပန်းစည်း
မောင်ကချောကလက်ကိုင်လို့...
စန်တိုစာက
siloso beach မှာ
လေညှင်းခံနေတဲ့ ချစ်သူတို့...
city hall မှာ. river side မှာ
raffles city မှာ.bugis မှာ
shopping malls မှာ
cineleisure မှာ
စင်္ကာပူရဲ့နေရာပေါင်းစုံမှာ...
ချစ်စုံတွဲတို့ ချစ်ရည်လူးကာ
Valentine's Day မှာ
ပျော်ရွှင်နေတဲ့အချိန်...
သံလွင်ဟီးရိုးခမျာ
ချစ်သူနဲ့ချောကလက်စားဖို့
အခွင့်လမ်းရယ်မသင့်
ကံကြမ္မာရယ် ဖိစီး
နှလုံးသားရေးအကျိုးမပေးလို့
vodka လေးကိုင်ကာ
power station မှာ
ဘော်ဒါပေါင်းဖော်တွေနဲ့ပဲ
ပျော်ကာမြူးပါတော့မယ်...
6 comments:
ကဲလာ ဘဝတူတွေပဲ ညီရေ အတူတူသောက်ရအောင်..ကိုက vodka တော့ မသောက်နိုင်ဘူး beer လောက်တော့ရပါတယ်
Valentine's day ကဗျာလေးလာဖတ်သွားပါတယ်မောင်လေးသံလွင်ရေ။
ဒါနဲ့ မောင်ပုလုကွေးပြန်လာပြီလား။
တီဝါ သူ့ဘလော့ ဖွင့်လို့မရလို့။
ကဗျာလေးဖတ်သွားတယ် Happy Valentine's Day
အဲဒီ အကြောင်းတွေမပြောကြပါနဲ့။ ငိုမှာနော် ။
ဟ..အဲဒါဘယ်လောက်ကောင်းသလဲ ။
ပန်းစည်းဖိုးလည်း ပိုက်ဆံမကုန်ဘူး ။
ရည်းစားအတွက်လည်း စိတ်ရှုပ်မခံရဘူး ။
ကံကောင်းတာ..ကံကောင်းတာ။ အရက်ပဲအေးအေးဆေးဆေးသောက်ပါ ငါ့ညီရာ :D
အပျော်ရှာ သကာတွေ့။သကာကတင်လဲ၊တင်လဲကနေ
စိမ်ရည်၊စိမ်ရည်မှ ..ဒီလိုပါပဲ၊ကောင်းတယ်။
ငြိမ်းစိုးဦး
Post a Comment