August 4, 2009

ကီးမား (သို့) လမ်းသရဲမုန့်




ရန်ကုန် ဆေးဝါးကျွမ်းကျင်မှ Gangsters မကြီးများနဲ့ဟိုတစ်လောက အော်လိုင်းမှာတွေ.လို့
သူတို့က နင်ဘာစားချင်လဲပြောငါတို့ပို့ပေးလိုက်မယ်လေ တဲ့...
ကျနော်လဲ အဲ...အခုတစ်လော ခံတွင်းတွေ.နေတာက ကီးမားလို့ ပြောလိုက်မိတယ်။
ဒီတစ်ပါတ်ပြန်တွေ.တော့ ရော့နင်စားချင်တဲ့ကီးမားတဲ့...မေးထဲကိုပို့ထားတယ်...
ဖွင့်ကြည့်လိုက်တော့ မြင်တဲ့အတိုင်းပါပဲဗျာ...
ဆိုင်မှာသွားဝယ်ရင်းနဲ့ရိုက်လာတာလို့ ပြောတာပဲ...နေရာက လှည်းတန်းဈေးနားမှာ
ရန်ကုန်မှာတုန်းက ကီးမားတော်တော်စားဖြစ်တယ်...
တွေ.တဲ့နေရာတိုင်းမှာပဲဗျာ အဲဒီလှည်းတန်းဈေးနားကတစ်ဆိုင်
ဖရေဇာလမ်းပေါ် ဗိုလ်တစ်ထောင် ၅ နားမှာကတစ်ဆိုင်
ရန်ကင်းစက်မှု ၁ နားမှာကတစ်ဆိုင်
အဲဒီသုံးဆိုင်ကတော့ ရေလည်ကောင်းတယ်ဗျို့...အဲဒီအထဲမှာအကောင်းဆုံးကတော့
စက်မှု ၁ နားကတစ်ဆိုင်ပဲ...ဆီဒိုးနားအနောက်နားက...အချည်ရည်ကလည်းကောင်း
ရေနွေးကြမ်းလေးနဲ့မြည်းလိုက်ရရင်တော့ ဘာပြောကောင်းမလဲဗျာ။
ရန်ကုန်မှာတင်မဟုတ်ဘူး...တောင်ငူသွားတုန်းက မှတ်မှတ်ရရ ကီးမားဆိုင်
တစ်ဆိုင်ရောက်ဖြစ်တယ်...ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်မှာ
အထင်တော့မသေးနဲ့ဗျ...တစ်ကယ့်ကိုဆိုင်ကြီးကြီးမှာ ကီးမား Menu တွေဘာတွေနဲ့
ဆိုင်နာမည်တော့မေ့သွားပြီ...
ထားဝယ်မှာကတော့ အခုလိုမျိုးမရှိဘူး...သကြားရည်တွေ၊ ကြက်ဥတွေနဲ့ပဲရှိတယ်
အဲဒါလည်းတစ်မျိုးစားကောင်းတာပဲဗျ...
ဘာပဲဖြစ်ဖြစ်... iT Is what i wAnnA eAt riGht NoW !!!

3 comments:

Anonymous said...

စားမယ် ဝါးမယ်။

လင်းလက်ကြယ်စင် said...

စားတောင် စားချင်သွားပြီ :D

ဆောင်းနှင်းရွက် said...

စားချင်တယ် ။
စားချင်တယ် ...>>>