August 31, 2009

ကောင်လေး နဲ့ သူမ (သို့) ၅၁ဖူးစာ

မီးအမှောင်ချထားတဲ့ အခန်းလေးထဲ ကွန်ပျူတာ sound box ထဲမှ
တိုးတိုးလေးလွင့်ပျံ့နေတဲ့လေးဖြူရဲ့ စာမျက်နှာ ၁၅
" ဘယ်ဆီကိုမင်းရောက် နေမလဲ...ဘယ်သူနဲ့မင်းရှိမလဲ...
ဘာတွေကိုမင်းလုပ်နေမလဲ...တွေးမိပါတယ်...ငါစဉ်းစားရင်းနဲ့...
ငါလွမ်းမောရင်း နဲ့ တခါတလေတော့သတိရပါတယ်..."
ကောင်လေးတစ်ယောက် အချစ်ကိုရှေ့တန်းတင်မိသောကြောင့်
အသည်းခွဲဘီလူးမတွေကိုနာကျင်နေမိသလိုလို ...
အချစ်ကိုအလေးနက်မထားတဲ့သူတွေကို စက်ဆုတ်မိသည်။
မျော်လင့်ချက်တွေပေးထားပြီးမှ လာရာလမ်းအတိုင်းပြန်သွားသူတွေကို မုန်းတီးမိသည်။
ဒါပေမဲ့ ဖြစ်ခဲ့တဲ့အခြေနေတွေကိုသုံးသပ်ကြည့်ရင် ကောင်လေးတစ်ယောက်
ခံလိုက်ရသလို လူတစ်ယောက်ကိုမုန်းတီးမိနေပေမဲ့ အဲဒီလူကိုတော့
လွမ်းမိနေလားဆိုတော့ အဲဒီကောင် သူ့ကိုယ်သူ ဝေခွဲလို့မရ...
သောကပူလောင်ခြင်းတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားကိုမွဲခြောက်စေတယ်....
အစိတ်စိတ်မွှာမွှာကွဲကြေသွားတဲ့ နှလုံးသားကို ပြန်လည်စားထိုး ကုစားဖို့အတွက်
လူတစ်ယောက်ကောင်လေးရဲ့ ရင်ခွင်မှာ အမှန်တစ်ကယ်လိုအပ်နေလေပြီ...
ကဲ လှစ်လှပ်သွားတဲ့ နေရာကို ပြန်လည်ဖြည့်ဆည်းဖို့အတွက်ကံကြမ္မာရေ. ဖန်တီးပေးပါလေတော့...
အကြောင်းဖန်လေပြီ...
အဲဒီနေ့က သီတင်းကျွတ်လဆန်းပိုင်းလောက်ဖြစ်တာမို့ မိုးကခပ်အုံ့အုံ့ရှိနေဆဲ...
အရှေ့လေတိုက်ကာစ ကာလမို့ ကောင်လေးတစ်ယောက် အနွေးထည်နဲ့
ဂျင်းဘောင်းဘီ အရှည်ကိုဝတ်ထားပြီး စံပြမှတ်တိုင်မှာ ဒဂုံစင်တာဘက်သို့သွားသော ကားအလာကိုစောင့်နေသည်။ နားမှာကလည်း နားကျပ်ကြီးတပ်ပြီး
ပါးစပ်ကလည်း Rap သီချင်းတွေရွတ်နေသည်။ သိပ်မကြာလိုက် ၅၁ တစ်စီးလာပါပြီ...
နေ့လည်ပိုင်းမို့လို့ လူကချောင်ချောင်ချိချိရှိလှသည်။
ကားပေါ်ကို လှမ်းတက်လိုက်ပြီး ကားအနောက်ပိုင်းသို့ ဝင်ရပ်လိုက်သည်။
မဒီပျိုတစ်သိုက် (၅ ယောက်လောက်ရှိသည်) စကားကောင်းနေပြီး
ဟပ်ဟပ်ပက်ပက်ကြီး ရယ်မောကာ ပြောနေကြသည်။
လေးယောက်ကထိုင်နေပြီး တစ်ယောက်သောသူသာလျှင်
ရပ်နေတော့ သနားဖို့တော့အကောင်းသား...
ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတွေအပေါ်မှာနစ်နာခံတတ်တဲ့ အကျင့်ရှိသည်ဟု
ချက်ချင်းကောင်ချက်ချမိသည်။ ဘာတွေပြောနေလဲတော့ ကောင်လေးသတိထားမမိ
ဒါပေမဲ့ သူတို့ရဲ့ရယ်သံက J-Me သီချင်းဆူညံနေတာကိုပင်
ထိုးဖောက်နေစွမ်းရှိသည်ဆိုတော့ ရိုးရိုးရယ်တာထက်တော့
volume အဆမတန်ပိုပေမည်။ စိန်ဂျွန်းမီးပွိုင့်နားအရောက်
စပါယ်ရာအနောက်ကိုရောက်လာလို့ ပိုက်ဆံလှမ်းအပေး၊
မီးပွိုင့်အစိမ်းကိုကျော်ဖြတ်ချင်ပေမဲ့ ဝါသွားသည်မို့ ကားဒရိုက်ဘာရဲ့
အရှိန်ပြင်းပြင်းဘရိုတ်အုပ်မှုနဲ့အတူ ထိုအရှိန်ကိုမထိန်းနိုင်ဘဲ
သူမက ကောင်လေးရဲ့ အနောက်မှအနွေးထည်ကိုဆွဲလိုက်မှုတို့ကြောင့်
ဘုန်း...နှစ်ယောက်စလုံးအနောက်ပြန်လဲကျသွားသည်...
အားကျွတ်...ကျွတ်...ကျွတ်
"ဘယ်နားနာသွားသေးလဲဟင်..."ကောင်လေးမှ ဂရုနာသက်သောလေသံလေးဖြင့်
မေးလိုက်ပြီး လက်မောင်းလေးကို ကိုင်ကာဆွဲထူပေးလိုက်သည်။
သူ့ပုံလေးက တစ်ချို့မိန်းကလေးတွေလို ရှက်ကြောက်မနေပဲ
ကောင်လေးကိုပြုံးဖြီးဖြီးရယ်ပြရင်း "ဆောရီးနော်" တဲ့...
"အန်...အင်း ..ရပါတယ်..."
"ဟဲ့ကောင်မ မိတ်ဆက်လိုက်လေ..."
"အေးလေဟယ်သူ့ခမျာ နင်ဆွဲလို့လဲကျသွားတာမိတ်ဆက်လိုက်..."
ဘေးကသူ့သူငယ်ချင်းများရဲ့ မြှောက်ပေးမှုကြောင့်..သူမကစပြီး
"နင် ygn သုံးတယ်မဟုတ်လား၊ အဲဒီမှာငါ့နစ်ခ်က ဒီဇင်ဘာ
ငါတို့အကုန်လုံးက ဆေး-၂ က...နင်ကကော..."

ကောင်လေးနဲနဲကြောင်သွားသည်။ ပြီးမှ...
"ဟား..တိုက်ဆိုင်လိုက်တာ... ငါက ဒီဇင်ဘာဟီးရိုး လေ...ကြားဖူးလား Dental ကပါ"
"နိုး...မကြားဖူးဘူး..."
"ဒါနဲ့...ဆယ်တန်းကို ဘယ်တုန်းကအောင်တာလဲ ကျောင်းကကော..."
"၂၀၀၄ အောင်တာလေ...ဗိုလ်တစ်ထောင်ငါးကပါ
သင်ဇာဝင်ကျော်တို့နဲ့တူတူပေါ့"
"အော်..ကျနော်က ဒဂုံ-၁ ကပါ...၂၀၀၅ မှအောင်တာ မမတွေပေါ့ဒါဆိုရင်..."
"ဟားဟား...ဟုတ်ပါပြီ မောင်လေးရဲ့"
သူမကိုကောင်လေး အခုမှသေချာကြည့်မိသည်။ ရုပ်ရှင်မင်းသမီး ချစ်စနိုးဦးကို
အရပ်နဲနဲပုစေပြီး ဆံပင်တိုညှပ်ပေးလိုက် ...တစ်ပုံစံတည်းပါပဲ
အသားနဲနဲတောင်ပိုဖြူသေး...အဲဒီနေ့က သူမပြောပြလို့
ရှမ်းသွေးစပ်ကြောင်းသိလိုက်ရသည်။မြေနီကုန်းရောက်တော့ ကောင်လေးက
သူမအပါဝင် အားလုံးကိုနှုတ်ဆက်ပြီး သင်တန်းရှိရာ
မြေနီကုန်းပလာဇာအပေါ်ထပ် informatics ကို ခြေဦးတည့်လိုက်သည်။
သင်တန်းမှအပြန် ချက်ချင်းဆိုသလို ဒဂုံစင်တာကိုပြေးပြီး အင်တာနက်သွားသုံးမိသည်။ ကောင်လေးပုံမှန်ထက်ခြေလှမ်းတွေသွက်နေတာတော့
လုံးဝသေချာသည်။ နာရီဝက်လောက်သုံးပြီးတော့ ygn မှာ december
ဆိုတဲ့အကောင့်လေးပေါ်လာလို့ ကောင်လေးတိုင်းထက်အလွန်ဝမ်းသာမိသည်။

december-hero hello...
december hi...ur asl ?
december-hero 17 m ygn..nu.btw, khu na ka bus apaw mhar twe det ta youk ma hote woo lar ?
december 23 f mdy no... i m from mandalay
december-hero aww.sorry :P

တောက်...လုပ်ချလိုက်ပြန်ပြီ...ငါ့ကိုသူများနစ်ကြီးပေးပြီးနောက်လိုက်တယ်...
ကောင်းကိုမကောင်းဘူးလူတွေ...
၁ ရက် ၂ ရက် သုံး၊ လေး ရက်ကုန်သွားသည်။ ကောင်လေး အွန်လိုင်းမတက်မိ...။
ဒီလိုနဲ့...ထုံးစံအတိုင်း စံပြမှာကားစောင့်နေတုန်း
၅၁ ကားတစ်စီးပေါ်လာပြန်ပါသည်။ ကောင်လေးက အတက်...သူမကအဆင်း
"ဟိုက်...ဒီ...ဇင်...ဘာ...နင်ငါ့ကိုနစ်ခ်အတုပေးခဲ့တယ် ငါဟိုနေ့ကချက်တာနင်မဟုတ်ဘူး..."
"ဟေ့..ချာတိတ်တွေ ပြောစရာရှိတာနောက်မှပြော ခရီးသည်တွေအများကြီးတက်မှာ..."
စပါယ်ရာရဲ့အော်သံကြောင့် သူမဆင်းပြေးသွားပြီးအောက်ရောက်တော့
"ဟဲ့...ဒီဇင်ဘာဟီးရိုး ...ဆောရီးပဲ...ငါ့နစ်ခ်အနောက်မှာက အမှတ်သားလေးပါတယ်..."
ကောင်လေး...ဒီနေ့တော့တော်တော်ပျော်သွားသည်။ သူမအော်ပြောတဲ့အမူရာလေးကို မျက်စိထဲအကြိမ်ကြိမ်မြင်ယောင်နေမိသည်။
ကွန်ပျူတာသင်တန်းမှာ ဘာသင်နေမှန်းတောင်မသိတော့...
ကောင်လေး...သူမထံသို့သာ..အာရုံတွေ ရောက်နေမိသည်။
အဲဒီနေ့ ည ၇ နာရီလောက်မှာ သူမနဲ့သူ စတင်အော်လိုင်းမှာတွေ.သည်။

december-hero i think u lied me n gave me wrong name
december^_^ ha ha ...i m rarely to lie pepole :)
.
.
.
.
.
.
.
ဒီလိုနဲ့ အပြင်မှာမတွေ.ဖြစ်ပဲ အော်လိုင်းမှာပဲ နေ့တိုင်းစကားပြောဖြစ်တာ
၁ ပတ်လောက်ကြာမှာတော့ ကောင်လေးနဲ့သူမ နှစ်ယောက်တည်း
စိမ်းလန်းမှာ တွေ.ဖြစ်တယ်...ကောင်လေးကရင်ခုန်သံကို မထိန်းထားနိုင်တော့ပဲ အချစ်စကားတွေအန်ချမိလိုက်တော့ သူမက နဲနဲတော့မူတာပေါ့...
နောက်ဆုံးအိမ်ပြန်ခါနီးမှာ သူမ က ကောင်လေး နား အနားသို့ကပ်ပြီး ချစ်တယ်ဆိုတဲ့ စကားလေးပြန်ပြောလိုက်သည်။
ကောင်လေးနဲ့ သူမ အဲဒီအချိန်၊ အဲဒီနေ့ကစပြီးချစ်သူတွေဖြစ်သွားခြေပြီ...
CENSOR :)
လာချင်ရင်အနီးလေးပါလို့ သူမက ကောင်လေးကိုအမြဲပြောတက်သည်မို့
အချစ်ရဲ့စွမ်းအားတွေနဲ့ ကောင်လေး မြောက်ဥက္ကာလာဆေး-၂ကို
မြို့ထဲမှ ချောင်းပေါက်မတက်ရောက်ဖြစ်သည်။ တစ်ခါတစ်လေ နှစ်ယောက်လုံးအတန်းလစ်ပြီး ကန်ဘောင်ကိုရောက်ဖြစ်သည်။
ဘူးသီးကြော်စား... အာပူရှာပူသောက်...စိမ်းလန်းမှာတုတ်ထိုးသွားစား...
သူမက ကောင်လေးအပေါ် တစ်ခါတစ်လေ နွဲ.ဆိုးဆိုးချင်သည်။
အပေါင်းသင်းများတဲ့ကောင်လေးကို အချိန်မီမရောက်လျှင် စိတ်ကောက်ချင်သည်။
ရှိုးပွဲသွား၊ ကလပ်တတ်တက်တဲ့ ကောင်လေးကို သူမ ပိတ်ပင်ချင်သည်။
ဒါပေမဲ့ ကောင်လေး သူမအတွက်အတက်နိုင်ဆုံး ချစ်သူနဲ့ လူမှုရေး သဟဇာတ
ဖြစ်အောင်နေပေးခဲ့သည်။
တစ်ခါတစ်လေ သူမ...ကားကိုယ်စီနဲ့ချစ်သူစုံတွဲတွေကိုကြည့်ပြီး
အားကျစကားပြောသည်။
သီရိပစ္စယာလိုနေရာမှာ သူမနေ့တိုင်း ကော်ဖီသောက်ချင်သည်။
black canyon လိုနေရာမျိုးမှာ သူမညနေဘက်ထိုင်ချင်သည်။
ကောင်လေးမှာကားမရှိပေမဲ့ တက္ကစီငှားပြီးသူမလိုရာပို့ပေးသည်။
နေ့တိုင်းသီရိပစ္စရာကိုခေါ်မသွားနိုင်ပေမဲ့ cafe aroma မှာကော်ဖီတိုက်သည်။
ကန်ဘောင်ရှေ့က moon bakery လိုနေရာမှာနှစ်ယောက်သား ထမင်းစားဖြစ်သည်။
အဲဒီလိုနဲ့ သူတို့ရဲ့ပျော်စရာကောင်းတဲ့ အချိန်တွေဟာ သုံးလလောက်သာခံပါသည်။ အဘယ်ကြောင့်ဆိုသော်...သူမ ကောင်လေးကိုအမြဲတမ်းရန်တွေ.သည်။
အကြောင်းမရှိအကြောင်းရှာကာရန်ဖြစ်တက်သည်။
ထိုသို့ နေ့တိုင်းနီးပါး ear f--king ပေးလာတော့ ကောင်လေးသီးခံမနေနိုင်တော့...
ကောင်လေး...သူမကို စိမ်းလန်းက ခုံတန်းလေးတစ်ခုအပေါ်မှာထားခဲ့ပြီး...
ဘာမှ မပြောပဲလှည့်ထွက်လာခဲ့မိသည်။
ကောင်လေး...သူမကို စိတ်ကုန်သွားချေပြီ...မတက်နိုင်တော့...
သူ့ထိုက်နဲ့သူ့ကံပါပဲ...ဒါတွေဖြစ်လာအောင်သူဖန်တီးခဲ့တာပဲ...ရှိပါစေတော့...
တစ်ခါတစ်ရံ...ကောင်လေး...သူမကို ဒဂုံစင်တာမှာတွေ.သည်။
လှည်းတန်းမှာတွေ.သည်။ မြို့ထဲမှာတွေ.သည်။ သူမအပြုံးတွေနဲ့နှုတ်ဆက်သည်။
ကောင်လေးလည်း မကောင်းတက်လို့ ပြန်ပြုံးပြသည်။
ဒါပေမဲ့...ကောင်လေး သူမကိုပြန်ဆက်ဖို့နည်းနည်းမှ စိတ်ကူးမရှိတော့...
ထိုနေ့...ထိုချိန်မှစ၍ ကောင်လေးနဲ့ သူမအဆက်သွယ်ပြတ်သွားသလို ygn လည်းလုံးဝမတက်တော့ပဲစွန့်လွှတ်လိုက်ပြီး ကောင်လေးရဲ့အချစ်တွေလည်း တစ်ခန်းရပ်ခဲ့သည်။
ဤတွင် ကောင်လေး နဲ့ သူမ (သို့) ၅၁ဖူးစာ ဇာတ်လမ်းပြီးဆုံး၏။

တီဝါရေ...ဒီလောက်နဲ့ ကျေနပ်ပေးပါဗျ...စည်းကမ်းဖောက်ဖျက်မိလို့တောင်းပန်ပါတယ် ။
(အခုလက်ရှိရည်းစားမှမရှိတာလေ) ဟဲဟဲ
နောက်တစ်ကြိမ်တော့ အချစ်စစ်နဲ့တွေ.ဖူးချင်လှပါသည်။

10 comments:

ဝသန်မိုး said...

ညီလေးသံလွင်ရေ
စိတ်မပျက်နဲ့ 
ဒီထက်ကောင်းတဲ့တစ်ယောက်
ပေါ်လာဦးမှာပါ
မှန်ပါတယ် ညီလေးပြောတာ
ဘယ်ယောကျာ်းလေးမဆို
အမြဲတမ်း လာပြီး ပူညံပူညံ
လုပ်နေရင်တော့
ဘယ်သူမှ သည်းညည်းမခံနိုင်ပါဘူးကွာ။
အချစ်သစ်နဲ့ တွေ့ အချစ်စစ်ကိုရရှိနိုင်ပါစေနော်။

ဝသန်မိုး

သံလွင် HeRo said...

ကိုဝသန်မိုး...
ကွန်မန်းအတွက်လည်းကျေးဇူး
ဆုတောင်းပေးသွားတဲ့အတွက်လည်း
စပါယ်ရှယ်သိုင်းခကျူးပါဗျာ... :)

flowerworld said...

ခုနကမန့်တာ ပျက်သွားတယ် မ၇လိုက်ဘူး ရေးလိုက်တဲ့စာတွေတောင်မေ့ကုန်ြ့ပီး ဟွင့်
လက်ရှိရည်းစးမရှိတာကိုကြော်ငြာဝင်သွားသေးတယ်
မရှိတာလား ပူညံညံ သံကိုမခံစားနိုင်လို့ မထားတော့တာလားး)
တကယ့်ကိုနှစ်နှစ်ကာကာချစ်မိတဲ့ သူဆိုရင်တော့ အဲ့ပူညံပူညံလုပ်တာလေးတွေကလဲ အသေးအဖွဲလေးတွေဖြစ်သွားတတ်ပါတယ် အချစ်စစ်နဲ့ဆုံတွေ့နိုင်ပါစေနော် အားလုံးအဆင်ပြေပါစေနော်

သံလွင် HeRo said...

ကျနော် comment moderator လေးတက်ထား
မိလို့ဆောရီးဘာပဲဗျာ..
ဟဲဟဲ...မဇာကြီးက ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျို့...
တီဝါနဲ့ကိုချမ်းရဲ စူပါဆောရီးပါဗျာ
ဝမ်းသာအားရနဲ့ ဖတ်တောင်မဖတ်သေးပဲ
ကော်မန်းတွေကို တင်မယ်ဆိုပြီး
accept နဲ့ reject မှားလုပ်မိလို့
တောင်းပန်ပါတယ်ဗျား.. D:

yangonthar said...

တက်ဂ်ပို့ စ်လေးဆွဲခေါ်ရာပါသွားပါတယ်
ကိုယ်နဲ့ တရင်းတနှီးရှိနေတဲ့ နေရာတွေ
ကိုလည်း သတိရမိပါတယ် ဖြစ်တတ်တဲ့ 
ချစ်သူတွေကြားက ပြဿနာတွေကိုလည်း
တွေ့ ရတယ်ဗျာ .... ဖူးစာပဲရိုးစွပ်ကြပါစို့ :)
အရေးလေးက သွက်တယ်ဗျာကောင်းတယ်
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ

စိမ်း... said...

ဖြစ်ရပ်မှန်ပေါ့ဆိုတော့ ဖတ်လို့ကောင်းတယ်...
ဒီတစ်ခါဆို ဒုတိယနဲ့နောက်ဆုံးတစ်ယောက်ကို
တွေ့ပါစေနော်...

WWKM said...

ကွန်မန့် ပျက်သွားတယ်ဆိုလို့ ထပ်မန့်လိုက်ဦးမယ်။
ဟုတ်တယ်.. ယောကျာင်္းလေး စကားများတာလည်းမကောင်းသလို ၊မိန်းကလေးစကားများတာလည်း မကြိုက်ဖူး။ နားပူတယ်နော်.း))
တီဝါရေးခိုင်းတဲ့ တက်ဂ်ပို့စ်ရေးရင်းနဲ့ ကြော်ငြာဝင်သွား
သေးတာပေါ့.. ဘယ်လိုတုန်း မနေ့တုန်းက ဖူးစာရှင်မတွေ့ဘူးလား..တွေ့ရင်ပြော တီဝါ စပ်ပေးမယ်.ဟဟား.. အလကားပြောတာ ..တာဝန်မယူ.. :D

သံလွင် HeRo said...

မှန်တယ်ကိုရန်ကုန်သားရ...စိမ်းရေ...
ကျေးဇူးပါ...
တီဝါတော့...
အရောက်ပို့တယ်နော်..ဟီးဟီး
တွေ.လားဆိုတော့ ဟဲဟဲပေါ့နော်...
ကွန်ဖန်းဖြစ်ရင်ပြောပြမယ်... :P

"မင်းကိုချစ်တဲ့သူ" said...

မိုက်တယ်ကွာ... အကိုလားညီလားတော့မသိဘူး... ဒီလိုပါပဲ ဘ၀က ကြမ်းတမ်းတယ်... အချစ်ကနူးညံ့လွန်းတော့ ဘ၀ဒဏ်ကိုမခံနိုင်ကြဘူး...
အားမငယ်နဲ့... ဖြစ်ခဲ့တဲ့အတိတ်ကို အသိတစ်ခုမှတ်... နောက်တခေါက်မဖြစ်အောင်ကြိုးစား... ကိုလိုချင်တဲ့ လမ်းကို လှမ်းစရာမလိုပဲရောက်နိုင်ပါစေ...


ခင်မင်လျက်
မင်းကိုချစ်တဲ့သူ

သံလွင် HeRo said...

ကျေးဇူး ကိုဂျေး...
လုံးဝမှတ်သားထားပါ့မယ်