August 24, 2009

ခရေပုံပြင်

ဆန်းဒေးမှာ ပျင်းပျင်းနဲ့ မျက်နှာစာအုပ်ကြီးကိုဖွင့် ဟိုလှန်ဒီလှန်၊ ဘလော့တွေကို
ဟိုလည်ဒီလည် ယူကျုမှာ ဟိုကြည့်ဒီကြည့်ရင်းနဲ့ အမှတ်မထင်ပဲ
www.burmeseclassic.com ကိုရောက်သွားတယ်။ အခုတလော
အလုပ်နဲနဲရှုပ်နေလို့ မြန်မာဗီဒီယိုတွေမကြည့်တာ
ကြာတာနဲ့ ခရေပုံပြင်ဆိုတဲ့ဇာတ်ကားလေးကိုဖွင့်မိလိုက်တယ်။
ဟိုးခပ်ငယ်ငယ်ကတည်းကပူးတတွဲတွဲရှိခဲ့ကြတဲ့ကလေးနှစ်ယောက်ရဲ့
သူငယ်ချင်းအချစ်၊ ဖြတ်တောက်လို့မရတဲ့ ဒီသံယောဇဉ်တွေက
ကြီးကောင်ဝင်လာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ လူတစ်ယောက်ခြင်းစီရဲ့ခံစားချက်၊
ဦးနှောက်ကိုဦးစားမပေးပဲ နှလုံးသားစေညွန်း
ချက်အတိုင်း မှန်ကန်စွာရွေးချယ်တတ်တဲ့ ကူးကူးနိုင်၊
အရာရာမှာ ပွင့်လင်းမှုမရှိပဲ မျိုသိပ်ထားတတ်တဲ့ ဂီဇိုရဲ့အကျင့်ဆိုး၊
နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေက
ချစ်နေတဲ့လူတစ်ယောက်အတွက် ပေးဆပ်မှု
နစ်နာဆုံးရှုံးမှုတွေ များနေတယ်ဆိုတာ ဒီဇာတ်ကားက သက်သေပြုထားပါတယ်။
မြန်မာကားတွေရဲ့ထုံးစံအတိုင်း တစ်ချို့သောပြကွက်တွေနဲ့
အယူဆတွေမှာကော်ပီများသွားလို့လား၊ ဇာတ်ကိုအတိုချုံးလိုက်လို့လားမပြောတတ်၊
ယုတ်တိသိပ်မရှိလှပေမဲ့ ဇာတ်ညွှန်း၊ ဇာတ်လမ်းမှာတစ်ခြား အချစ်ဇာတ်လမ်းတွေနဲ့မတူပဲ
တော်တော်ကြီးကိုပဲကောင်းတယ်လို့ယူဆရပါတယ်။
အဘယ်ကြောင့်ဆိုသော် (ဖြူဖြူကျော်သိန်းအသံဖြင့်ဖတ်ပါရန်)
ရိုးသားစွာဝန်ခံရရင် ငယ်ကအချစ်အနှစ်တစ်ရာတိုင်မမေ့နိုင်ဆိုသလိုသံလွင်ဟီးရိုးရဲ့
တစ်ချိန်ကငယ်ချစ်ဟောင်းဇာတ်လမ်းလေးနဲ့ ခပ်ဆင်ဆင်ပါပဲ။
ဂီဇိုလိုလေးစားစွာကောင်းလောက်အောင်တော့ အချစ်အတွက်ဘဝကို
အဆုံးရှုံးခံနိုင်တဲ့လူသားထဲမှာမပါတာ လုံးဝသေချာပါတယ်။
(အချစ်စစ်မဟုတ်ဘူးလို့တော့မဆိုလိုပါဘူး ဦးနှောက်နဲ့စဉ်းစားတာများသွားလို့ပါ။ :P )
ဒါပေမဲ့ ဒီဇာတ်ကားကတော့ ကြည့်ခဲ့တဲ့မြန်မာကားတွေထဲမှာ အမှတ်မထင်ပဲတိုက်ဆိုင်
မှုတွေနဲ့အတူသံလွင်ဟီးရိုးရဲ့ မျက်ရည်စတွေကို ချွေနိုင်သွားပါပြီ။
ဒီနေ့ကတော့ အမှတ်တရနေ့လေးပါပဲလေ...
နောက်ဆုံးမှာပါတဲ့ ကဗျာလေးကိုလည်းသေသေချာချာဖတ်စေချင်ပါတယ်။
ကြိုက်လို့ပြန်ကူးထားတာပါ။

နှလုံးသားသစ္စာ

ရင်ခုန်တာ နင်မသိပေမဲ့
နင်သိအောင်လည်း မပြောတော့ပါ...
ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတော့ပါ...
ရင်ခုန်သံ မျက်နှာချင်းတိုက်ဆိုင်သူမို့
ဗလာကျင်းတဲ့ (နင့်)နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ...
လိုအင်ကို အစိမ်းချုပ်
သိမ်းထုပ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျှော
နင်သောသော ရယ်ဖို့ပါ...
နင်မသိ မမြင်မိပေမယ့်
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ နင်မရအောင်
ခရေအသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်...
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ...
သြော်...
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ...

ဂီဇို

မြားစစ်သည်ရဲ့ ဝတ္ထုကို မြမြင့်မိုရ်ကဇာတ်ညွန်းရေးထားပြီး ဒါရိုက်တာမော်မျိုး က
ဟိန်းဝေယံနဲ့မိုးဟေကို တို့ဖြင့်ရိုက်ကူးထားပါတယ်။
အချိန်ရမယ်ဆိုရင် အောက်ကလင့်ခ်လေးကိုနှိပ်ပြီးကြည့်နိုင်ပါသည်။

http://www.burmeseclassic.com/type3.php?index=MDE4OA==&d=aW1nL21vdmllLzAxODguZ2lm&s=7&p=1&tp=2


6 comments:

တောင်ပေါ်သား said...

လင့်က ကြည့်ရဘူးဗျား(

သံလွင် HeRo said...

ကိုတောင်ပေါ်...
ကျနော်အခုပြန်ဖွင့်ကြည့်တာ ရပါတယ်ဗျ...
ဒါမှမဟုတ်ရင် www.burmeseclassic.com
ကိုသွားပြီး ရုပ်ရှင်ထဲမှာ ရှာကြည့်လို့ရပါတယ်...
ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ ဟဲဟဲ

Anonymous said...

ko thanlwin hero gyee yae zat lann nae kat sin sin tu tal so lo kyeet kyeet lite own mal. hee..

သံလွင် HeRo said...

ဇာတ်လမ်းသဘောအရပြောတာပါ...
မဆိုးပါဘူး...ကောင်းပါတယ်...ကြည့်ကြည့်ပါ။

စိမ်း... said...

ဟုတ်လား အချိန်ရရင် ကြည့်ဦးမှ...

Unknown said...

့humm... ngo ya tel so tot ta narr sa yar kg mhar pop... :(.... tmr mha kyi kyi own mel ^^ khu tot ein ka internet ka pain tain tain moh.. FB tg ma use ya tar kyar b T-T