လွန်ခဲ့တဲ့၂လလောက်က
Immix-international minority mix မှာ
Secretaryလုပ်နေတဲ့မျိုးမြင့်အောင်နဲ့Public Relation ဖြစ်တဲ့မအိတို့က
International Students'Nightမှာဒီနှစ်လည်းမြန်မာအကတစ်ခုထွက်ရ
အောင်ဆိုပြီးကျနော်နဲ့စကားပြောဖြစ်ခဲ့ကြတယ်။
ဟိုအကဒီအကတွေစဉ်းစား၊ကိုယ့်ထက်စီနီယာကျတဲ့အစ်ကို၊အစ်မတွေ
ကိုတိုင်ပင်ရင်းနောက်ဆုံးမှာတော့သင်္ကြန်အကကိုပဲရွေးဖြစ်ခဲ့တယ်။ အမြင်တစ်မျိုး
ဆန်းစေဖို့အတွက်
သင်္ကြန်မိုး၊ နွေဦးကဗျာ၊ ဖြူနီဝါပြာသုံးဖွဲ.ခွဲထွက်ဖို့လုပ်ခဲ့ကြပြီး
နောက်ဆုံးမှာ
မန်းတောင်ရိပ်ခိုနဲ့ အကုန်လုံးကိုပြန်ကစေခဲ့တယ်။
အကအတွက်လူစုရတာလည်းမလွယ်လှပါဘူး။ ဒီပလိုမာဘက်မှာ မအိကစုသလို
ယူနီဘက်မှာ မျိုးမြင့်အောင်နဲ့ကျနော်က လိုက်စုရပါတယ်။ အကမှာညီကျဖို့၊
တစ်ဦးနဲ့တစ်ဦး စည်းစည်းလုံးလုံးရှိကြဖို့၊ ချစ်ခင်ကြဖို့ကိုလည်း ချော့မော့ပြောရပါ
သေးတယ်။
သီချင်းကို အဆိုင်းမန့်တွေပိနေနဲ့ကြားကနေကိုသားဇော်ကအကြမ်းလုပ်ပေးခဲ့ကာ
စာမေးပွဲဖြေဖို့တောင်အာရုံမထားနိုင်ပဲသီချင်းကောင်းဖို့အတွက်
ကျနော်တို့စိတ်တိုင်းကျဖြစ်အောင်ကိုစတီဗင်က အချောကိုင်ပေးခဲ့ပါတယ်။
မနှစ်ကတည်းက စေတနာအရင်းခံကာသင်ကြားပေးခဲ့တဲ့ အန်တီသစ်သစ်၊သဲသဲနဲ့
မေမြတ်နိုးတို့ကလည်း ကြီးကျယ်ခန်းနားလှတဲ့ အရောင်သွေးစုံညီ နီအန်းပွဲသဘင်
ကြီးရှိနေတဲ့ကြားက အားလပ်ချိန်တွေမှာ SIMဘက်ကို ကူးလာပြီး တကူးတက
အက လာရောက်သင်ကြားပေးခဲ့ပါတယ်။ (ကျေးဇူးအထူးပါဗျ။း)
အင်္ကျီချုပ်တာတို့၊ student clubတွေနဲ့ညှိနှိုင်းရေးတွေမှာ မျိုးမြင့်အောင်နဲ့မအိတို့
ကပဲလူအင်အား၊အချိန်၊ငွေတွေစိုက်ထုတ်ကာ အားတက်သရောလုပ်ပေးခဲ့ကြသလို
ကျနော်ကတော့ရီဟာဇယ်တွေမှာအကမညီတာကိုပဲ ဇွတ်ဟောက်ခဲ့ပါတယ်။း)
မြန်မာကလပ်ထွက်ပေါ်လာဖို့၊ တင်ထားတဲ့proposalမြန်မြန်ကျဖို့၊အတွက်လည်း
ပွဲနေ့ရောက်ရင်မြန်မာတွေများများလာပြီးအင်အားလာပြဖို့ရာကျနော်တို့သုံးယောက်
မားကတ်တင်းဆင်းရပါသေးတယ်။
Breaking Borders,Bonding Livesလို့အမည်ပေးထားတဲ့ပွဲကိုတော့
Jurong EastကChevronsမှာ20.Nov.2009 ညနေ၆နာရီမှ၁၀နာ၃၀ထိ
ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်၊အင်ဒိုနီးရှား၊ဗီယက်နမ်တို့ကအကသီးသီးထွက်ကြသလိုimmix ကတော့
မြန်မာအကနဲ့ Korea၊Thai၊Philippinesသုံးနိုင်ငံရောသမမွှေအကထွက်ပါတယ်။
ဒီခန်းမထဲမှာလုပ်တာပါ

ရောက်ရောက်ခြင်းအထုပ်မချနိုင်ပဲစင်ပေါ်တက်ရိုက်ကြပါတယ်။

IMMIX လေးများ၊ သူတို့ကတော့ Nobody နဲ့ စားသွားပါတယ်

ကိုးရီးယားအက

ဗီယက်နမ် hip hop dance

ဗီယက်နမ် ယပ်တောင်အက

မကခင်စင်နောက်မှာ

သင်္ကြန်မိုး

နွေဦးကဗျာ

ဖြူနီဝါပြာ

မန်းတောင်ရိပ်ခို

Breaking Borders, Bonding Livesဆိုတဲ့ခေါင်းစဉ်အတိုင်းစားပွဲတွေအသီးသီးက
လူတွေကိုနံပါတ်နဲ့ခွဲလိုက်ပြီးထိုင်စေပါတယ်။နောက်တော့လက်မှတ်ရောင်းတုန်းက
ပေးထားတဲ့ Do You Know ???? ဆိုတဲ့၈နိုင်ငံအကြောင်းရေးထားတဲ့စာပိုဒ်တို
လေးတွေထဲက quizzes တွေကိုဖြေစေပြီး အမှန်ဆုံးနဲ့အမြန်ဆုံးစားပွဲကို
ဆုပေးပါတယ်။
အဖြေမှန်ကိုစောင့်နေကြတဲ့ စားပွဲအသီးသီးကျောင်းသား၊ကျောင်းသူများ

ဒီလိုဂိမ်းတွေလည်းဆော့ပါသေးတယ်။ Touchy Game ဆိုလားပဲ

Buffet

စောင်းတီးပြီးလက်စွမ်းပြနေတဲ့တရုတ်မ

ဝူရှူးတဲ့

အင်ဒိုကနာမည်ကျော်အကဆိုလားပဲ သူတို့ကတော့ထုံးစံအတိုင်းနောက်ဆုံးမှာ
modern dance ပြန်ကပါတယ်။

MC & Me

performers တွေနဲ့

ရောက်လာကြတဲ့ရွှေမြန်မာတွေ



လေးစားအားကျလောက်ဖို့ကောင်းတဲ့ကျနော်တို့ရဲ့စီနီယာကြီး မမေမြတ်သူ

Organizing Committee
ကျနော်က ရောရာပါရေရာပါ ဝင်ရိုက်တာပါး)

မြန်မာတွေရဲ့စည်းလုံးမှု
ဲ

DMS-gangsters ကြီးများနဲ့

နှစ်သစ်မှာစဖွဲ.တော့မဲ့ My-SIM က Ex-co တွေပါ။
(၂ယောက်ပျောက်နေပါတယ်)

ရိုက်ပေးမဲ့သူရိုတုန်းလေးရိုက်ထားရတာပါး)

သင်သိသလား ????

ပွဲအပြီး Boon Lay က Hawker မှာ incharge သုံးယောက်အပြုံး
အဲဒီနေ့က SIM International Studentsတွေစည်းလုံးမှုကိုပြနိုင်ခဲ့တယ်။အဲဒီနေ့က အားလုံးနီးပါးအပြုံးတွေဝေနေခဲ့ကြတယ်။အဲဒီနေ့က တစ်ချို့အလုပ်တွေရှုပ်နေကြသလို၊တစ်ချို့ကရင်ခုန်နေခဲ့ကြတယ်။အဲဒီနေ့က ကျနော်တို့ပျော်ခဲ့ကြတယ်။အဲဒီနေ့က မြန်မာတွေကိုယ်ရောင်တောက်ခဲ့ကြတယ်။