November 28, 2009

တစ်ဖက်ရိုက်ဖိတ်စာ



မျက်လုံးခြင်းဆုံခိုက်ခဏ
နှလုံးသားက ပင့်သက်တစ်ချက်ခြွေတယ်
အော်...မင်းသူ့ကိုရင်ခုန်မိပြီတဲ့....

နူးညံ့လွန်းတဲ့ အပြုံး
ဖြူစင်လွန်းလှတဲ့ အကြည့်တွေကြောင့်
ငါ့အသည်းကို ဖက်ထဲထုပ်ပြီး
မင်းကိုပေးလိုက်ပြီ
လိုချင်သလိုသာသုံး
ခဏခဏထုတ်သုံး
စိတ်ညစ်ချိန်
မီးကင်ပြီး ဝီစကီနဲ့တော့
မမြီးကြေး....

အဓိက.က
အချစ်တွေခိုင်ပြီး
လက်တွဲမြဲဖို့
ပလက်ဖောင်းမှာ
လမ်းလျှောက်ရင်
ဘေးတစ်ချက်တော့
မယိုင်လိုက်နဲ့....

မေတ္တာတွေလွှမ်းခြုံ
သစ္စာတွေရိပ်မြုံတစ်ခုဆောက်
သံယောဇဉ်ကိုရုံသွင်းပြီး
မင်းနဲ့ကိုယ် နှစ်ယောက်တည်း
နှစ်ပါးသွား ကမယ်....
ဇာတ်ကလို့ မဆုံးခင်
တောင်းပန်ပါတယ်
မီးတော့ မိုးလင်းထိပေးပါ....

အိပ်ပျက်အလွမ်းတေး
အဆွေးသီချင်းညည်းရင်း
နယ်လွန်အတွေးတွေနဲ့
ရင်ခုန်သံတွေထပ်တူကျ
ပျော်စရာဆောင်ကျင်း
နှလုံးသားခြင်းနီးချင်ပြီ။

11 comments:

မေလေး said...

နှလုံးသားချင်းနီးမှာပါ နီးမှာပါ
စိတ်မပူပါနဲ့းP

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

commentမတက်ဘူးထင်ပီးနှိပ်လိုက်တာ
အရှိန်လွန်သွားတယ်
လုပ်ပါအုန်း
ဖျက်ပေးပါ။ :D

သံလွင် HeRo said...

ဟားဟား....ကျေးဇူးဗျး)

puluque said...

မင်းနဲ့နီးချင်ပီး.....
မင်းနဲ့...
ဆိုတဲ့ သီချင်းလေးကို သွားသတိရနေမိတယ်ဗျာ


ပုလုကွေး

emodoll said...

"ငါ့အသည်းကို ဖက်ထဲထုပ်ပြီး
မင်းကိုပေးလိုက်ပြီ
လိုချင်သလိုသာသုံး
ခဏခဏထုတ်သုံး
စိတ်ညစ်ချိန်
မီးကင်ပြီး ဝီစကီနဲ့တော့
မမြီးကြေး..."
အဲ့ဒီ အပိုဒ်လေးကြိုက်တယ်.. ကဗျာလေးက အချစ်ကဗျာလေး လိုလိုနဲ့ ရီလဲရီရတယ်... ဟီးဟီး..

ကြယ်ပြာ said...

ကဗျာလေးဖတ်ပြီး သဘောကျမိတယ် .. အရွှန်းလေးတွေလဲပါတယ် .... ငါ့မောင်လေးက ကဗျာရေးကောင်းတယ်ဟ ....

သိင်္ဂါကျော် said...

နှလုံးသားချင်း နီးချင်ရင် နီးအောင်ကြိုးစားပေါ့... :P

ဧပရယ်လ်ပူး@ပူးတေ said...

ကောင်မလေးက ဖက်ထဲထုပ်ပြီးပေးလိုက်တဲ့ အသဲကို မုန့်ဖက်ထုပ်တို့၊ ငါးပေါင်းထုပ်တို့ထင်ပြီးစားလိုက်ရင် ဘယ်လိုလုပ်မလဲ။ :P ခင်လို့မင်လို့ စတာ စိတ်ဆိုးရဝူးနော်။ :)
အမြန်ဆုံးနီးစပ်ပါစေ။

yangonthar said...

အဆွေးသီချင်းတွေ ညည်းလွန်းလို့  လူလည်း ဆွေးမြေ့နေပါပြီ ခပ်ပြင်းပြင်းသာရိုက်ချလိုက်ရင် အေးချမ်းမေဖြစ်လောက်တယ် .... ဟဟ :))
နှလုံးသားချင်းနီးချင်သူအများ ပျော်စရာ ရင်ခုန်သံတွေ လျင်မြန်စွာထပ်တူကျစေသတည်း ......
ကဗျာလေးက မိုက်တယ် ညီသံလွင်ရေ .... မရောက်တာကြာလို့ အဆင်ပြေတယ်ဟုတ် ?
ခင်တဲ့
ရန်ကုန်သား

Anonymous said...

အံမယ် ကိုသံလွင်တို့က ဒါမျိုးလဲ ရတယ်ပေါ့လေ.. ခံစာချက်တွေ ပေါက်ထွက်လာပြီ လုပ်ဗျို့ ဟားဟား

ssa said...

d poem kg tal. =]