November 18, 2009

What is that ????

ဆေးပေါင်းခတာ၂ပတ်ကျော်နေပါပြီ။အသစ်မတင်ပဲပျောက်ချက်သားကောင်း
နေတာမို့သံယောဇဉ်ဖြတ်ကြည့်တာလည်းမဟုတ်ပါဘူး။ စာတွေပဲကျက်နေပြီးအဆိုင်းမန့်တွေ၊ပရော့ဂျက်တွေနဲ့ပိနေလားဆိုတော့လည်း
သိပ်မဟုတ်ချင်။တစ်ပတ်ဆိုတဲ့အချိန်ကကုန်တာရေလည်မြန်တယ်
လို့ခံစားနေရတယ်။ကြည့်လေဗျာ။
နိုဝင်ဘာစတာမှမကြာသေးဘူး။ဒီနေ့Calendarပြန်ကြည့်တော့လကုန်ဖို့က
နီးလာပြန်ပြီ။တစ်ရက်တစ်ရက်လုပ်ရမဲ့ကိစ္စတွေ၊လုပ်ချင်တာတွေကများ
လွန်းနေလို့၂၄နာရီဟာမလောက်သလိုခံစားနေရတယ်။ဟိုတစ်နေ့ကတောင် မျက်နှာစာအုပ်မှာနာရီ၃၀လောက်ရှိရင်ကောင်းမှာပဲလို့ရေးမိတော့ လင်းလက်ကြယ်စင်ကတောင်ဒါဆိုအလုပ်လုပ်ရတဲ့သူတွေကြွကုန်တော့မှာပဲတဲ့။
ဟီး...အဲဒါလည်းဟုတ်တာပဲဗျာ့။ဒါပေမဲ့နေ့စဉ်ဆောင်ရွက်ချက်တွေ
ထဲမှာမပျက်မကွက်လုပ်နေတာ၂ခုတော့ရှိတယ်။အဲဒါကတော့မနက်မိုးလင်းလင်းချင်း
မျက်နှာစာအုပ်ဖွင့်တာနဲ့၊ လူသူမသိအောင်ဘလော့ခိုးလည်ခြင်းပါ။း)

ဒီနေ့လည်း သယ်ရင်းတစ်ယောက်ရဲ့မျက်နှာစာအုပ်မှာဒါလေးတွေ.လို့ကြည့်မိရင်းနဲ့
ဘလော့မောင်နှမတွေကိုသတိရလို့ ဒီဗီဒီယိုဖိုင်လေးကိုမျှလိုက်ပါတယ်။
ကြည့်ပြီးရင် တစ်ခုခုတော့ သိလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။



ref:www.youtube.com

6 comments:

kaungkinpyar said...

လာကြည့်သွားတယ်ချင့်

ဒဏ္ဍာရီ said...

တနေ့ နာရီ (၃၀)တော့ မလုပ်ပါနဲ့ သံလွင်ရယ်.... အစ်မတို့ တကယ်အသက်ထွက်လိမ့်မယ်...။ အခု တနေ့ (၈) နာရီ အလုပ်လုပ်နေရတာတောင် စိတ်မောနေရတာ။ မလောက်ရင် ပိုနေတဲ့သူတွဆီ ချေးပြီးသုံးနော်။း)

ခင်မင်လေးစားလျှက်

Waing said...

အချိန်နဲ့အမျှ အလုပ်လုပ်၊ ကြိုးစားနေရတဲ့ သူတွေကတော့ ဘယ်တော့မှ အချိန်မလောက်ပါဘူးကွယ်
ဗီဒီယိုလေးကတော့ တရားကျဖို့ကောင်းပါတယ် မိဘတွေကတော့ သားသမီးတွေ အပေါ် အနစ်နာခံပြီး ချစ်ခဲ့ရတာပါ ဒါပေမယ့် သားသမီးတွေ အလှည့်ကျတော့.......

chanye` said...

ကြည့်ဖူးတယ်ဗျ။ စကြည့်ကြည့်ချင်းတုန်းကတော့ ခံစားမိတယ်။
နောက်တော့ စဉ်းစားကြည့်တာ..အဖေလုပ်သူက လူကြီးဖြစ်နေပြီလေ..
ကလေးက မသိလို့မေးတာ ထားတော့။ အဖေလုပ်သူက သိရက်နဲ့ ထပ်ခါထပ်ခါ မေးနေတာဆိုတာကို သားကသိတယ်လေ။
အဲဒါကြောင့်စိတ်တိုသွားတာ..။ အဖေမေတ္တာကို အ၇မ်းကြီးပေါ်လွင်စေတဲ့ ဗီဒီယိုလို့တော့ မခံစားမိဘူး။
အဖေ ၊ ဝေလည်းမွှေး ကြွေလည်းမွှေး တို့လို ဇာတ်ကားက ကျော်ဟိန်း ကာရိုက်တာကို ပိုကြိုက်တယ်

Sein Lyan Tun said...

အဲဒီဗီဒီယိုလေးကိုကြည့်တိုင်း အဖေ့ကိုလွမ်းမိတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Ree Noe Mann said...

http://reenoemann.blogspot.com/2009/10/blog-post_05.html
ဒီလင့်လေးမှာတော့ အကိုနားလည်သလို ဘာသာပြန်ပြီး
ရေးထားဖူးတယ်. မလေးရှာတီဗွီလိုင်းက
လွှင့်တာကိုကြည့်ပြီးပေါ့။

ကိုရီနို