November 1, 2009

ဆေးပေါင်းခတဲ့ည

ဟိုးငယ်ငယ်ကတန်ဆောင်တိုင်ပွဲတော်တွေကိုထားဝယ်မြို့ရဲ့နှစ်ကျိပ်ရှစ်ဆူပွဲ မှာဘုရားဖူးရင်းကုန်လွန်ခဲ့တာများပါတယ်။အရွယ်ရောက်လာတော့
လမ်းမတော်ဘက်မှာနိဗာန်ဈေးပွဲတွေကိုလျှောက်တတ်လာတယ်။
မြရိပ်ညို၊ပိုင်အိုးနီးယားမှာလုပ်တဲ့ရှိုးတွေကိုသွားနေခဲ့တယ်။
အခုများတော့တန်ဆောင်တိုင်ပွဲဟာကျနော်တို့နဲ့ဘာမှမဆိုင်သလိုပါပဲ။ နိဗာန်ဆော်အော်သံတွေလည်းမကြား၊လပြည့်နေ့ရောက်ဖို့တောင်
မေ့နေခဲ့ပါတယ်။မယ်ဇလီဖူးသုပ်၊မယ်ဇလီဟင်းချိုလေးသောက်ရင်း
ဘုရားကြီးဝင်းထဲကချားရဟတ်လေးစီးချင်နေမိတယ်။ရပ်ကွက်တစ်ခုနဲ့တစ်ခု အပြိုင်ဘုရားကားတွေကိုအလှဆင်ချင်နေမိတယ်။ဟမ်ဘာဂါနဲ့အအေး၁၅၀၀ ဆိုတဲ့နာမည်မျိုးစုံ၊ကာလာစုံနဲ့လမ်းမတော်ပွဲကိုရောက်ချင်နေတယ်။
Emperorဝိုင်းတော်သားတွေရဲ့တီးခတ်မှုနဲ့ဇော်ဝင်းထွဋ်နဲ့အတူဆေးပေါင်းခတဲ့ည
သီချင်းကိုအော်ချင်နေတယ်။
ဒါပေမဲ့စတူဒီယို၃၅ရဲ့ကျေးဇူးကြောင့်တစ်ခါမှမရောက်ဘူးတဲ့တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကိုလိုက်ဖ်ကြည့်ရတာ၊စီဗုံးပွဲဈေးလျှောက်ရင်းမောသျှမ်းတွေရဲ့အပျော်တွေကူး စက်စေတာအခုဆိုရင်၂နှစ်ရှိပါပြီ။ ပျော်စရာကောင်းတဲ့အမိမြေကနေ့ရက်တွေကို
တမ်းတမိရင်း....
နက္ခတ်တာရာကြယ်တွေစုံတဲ့အချိန်၊မယ်ဇလီဖူးသုပ်စားရင်း
ဆေးပေါင်းခနိုင်ကြပါစေ။


6 comments:

ဂျပန်ကောင်လေး said...

အင်း.. ခက်တာက မယ်ဇလီဖူးတွေမရှိတာခက်တယ်.. သူခိုးညကို ဘယ်လိုဖြတ်သန်းရမှာပါလိမ့်....

Waing said...

တန်ဆောင်တိုင်ရောက်တိုင်း တောင်ကြီးသွားလည်ချင်တာ အရမ်းပဲ တောင်ကြီးတန်ဆောင်တိုင်ပွဲနဲ့ တစ်ခါမှ မကြုံဖူးဘူးလေ မယ်ဇလီဖူးသုပ်လည်းစားချင်တယ် ဒီမှာ ဘယ်လိုများရနိုင်ပါ့မလဲ ဒီနှစ်လည်း ဒီလိုပဲ ဖြတ်သန်းရဦးမယ် ထင်ပါရဲ့

Yu Ya said...

မယ်ဇလီဖူးသုပ်က ဒီနေ့မှ စားလိုက်ရတယ် ကိုသံလွင်ရေ.. ဆေးပေါင်းခမလားတော့မသိဘူး..:P

yu ya

စည်သူ said...

ဆေးပေါင်း မခတာလည်း ညီပြောသလိုပါပဲ ကြာလှပေါ့..

ဒီလိုရိုးရာဓလေ့ လေးတွေနဲ့ ဝေးကွားနေတာလည်း စိတ်မချမ်းမြေ့စရာ တစ်ခုထဲ အပါအဝင်ပေါ့..

ဘာဖြစ်ဖြစ် အဲဒီညက လက်ဖက်သုတ်ပဲ စားလိုက်တယ်ဟ..း)

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့် စည်သူ။

Anonymous said...

hi.. just dropping by here... have a nice day! http://kantahanan.blogspot.com/

သီဟသစ် said...

ညီသံလွင်ရေ

ဆေးပေါင်းခတဲ့ညလေးကို နောက်ကျပြီး လာဖတ်သွားတယ်
:D


ခင်မင်စွာဖြင့်
သီဟသစ်