March 12, 2010

တေလေငှက်ငယ်



တေလေငှက်ငယ်တစ်ကောင်
မန်းကျည်းပင်မှ တမာ
ပိတောက်ပင်မှ စံကား
ကူးလူးပျံသန်းလို့ရယ်....

သစ်တစ်ကိုင်းမှာနား
နောက်တစ်ကိုင်းမှာနား
တစ်ကောင်တည်းရယ် အဖော်မဲ့
ခိုကိုးရာကင်းမဲ့
ဦးတည်ရာမဲ့
လေလွင့်နေပါရဲ့....

အကျည်းတန်ပေမဲ့လည်း
လှပတဲ့နှလုံးသားရှိတယ်
ဘဝင်ရယ်သိပ်မမြင့်လှပါ
အသွင်တူမဲ့ အိမ်သူကို
ရှာပုံတော်ဖွင့်ရင်း
သူ့ခမျာနှယ်
အချစ်ရေးရယ်
ကံခေနေရရှာတယ်....

ဆက်ရက်က ကြက်တူရွေးကိုကြိုက်သလို
ကျီးကန်းက လင်းယုန်ကိုရင်ခုန်မိတယ်
ဥသြက နှံပြည်စုတ်နဲ့ အကောင်ချင်းယှဉ်နိုင်သေးပေမဲ့
စာကလေးက သိန်းငှက်ကိုမှကြိုက်မိတာ
နှလုံးသားရဲ့တောင်းဆိုမှုကို
လွန်ဆန်မှုမပြုနိုင်ကြတဲ့
သူတို့မှာအပြစ်ရှိကြလား ????

သြော်....အသင်ငှက်ငယ်
အမြင့်သို့ရဲရဲပျံပါ
အန္တရာယ် မုန်တိုင်းမမှုပါနဲ့...
ပျော်ရွှင်ခြင်းဆောင်ကျဉ်း
သာယာခြင်းနဲ့မိတ်ဆက်
မိသားစုဘဝတည်ဆောက်နိုင်ဖို့
မိုးလေကင်း အေးချမ်းတဲ့
တစ်နေရာမှာ အသိုက်မြုံဆောက်ရင်း
ဖြူစင်တဲ့မေတ္တာတရားတွေ
ငှက်အပေါင်းတို့ကို ပေးလိုက်ပါ.... ပေးလိုက်စမ်းပါ။

photo ref: www.google.com


14 comments:

kaungkinpyar said...

တို့ ယုန် ကလေးက ရော ဘာကြိုက်ပါလိမ့်...

ဖြူစင်တဲ့ မေတ္တာ တရားတွေ..ယုန်ကလေး ကို ပေးလိုက်ပါ ပေးလိုက်စမ်းပါ....

း)

noblemoe said...

ကဲပါလေ သာယာခြင်းနဲ့ မိတ်ဆက်လို့  မိသားစုဘဝတည်
ဆောက်နိုင်ဖို့ မိုးလေကင်း အေးချမ်းတဲ့  တစ်နေရာမှာ အသိုက်မြုံဆောက်ရင်း ဖြူစင်တဲ့မေတ္တာတရားတွေရယ်
သာယာချမ်းမြေ့မှုအပြည့် ရှိတဲ့ ဘဝကို ပိုင်နိုင်ပါစေကွယ်
မိုး

သံလွင် HeRo said...

မပြာ>>> မုန်လာဥ မုန်လာဥး)

မမိုး >>> ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျားး)

Mogok Thar said...

ယုန်ကလေးးး တဲ့

ဆောင်ကျင်း က ဆောင်ကျဉ်း လား မသိဘူးနော်

သံလွင် HeRo said...

ကျေးဇူး ဦးမိုးကုတ်... ဟီး

ဆရာဒိုးတပည့်လုပ်ပြီး မြန်မာစာ အဲလောက်တော်တား)

မိုးခါး said...

ကဲ
ရော့ရော့
မုန်လာဥ လာပေးသွားတယ်
အနီလားအဖြူလား
:P

သံလွင် HeRo said...

အန်တီမိုးခါးရယ်...ရပါတယ်ဗျာ
အဖြူဖြစ်ဖြစ် အနီဖြစ်ဖြစ် စားရရင်ပြီးရေား)

chocothazin said...

ဘာ အခုမှ မုန်လာဥလုပ် တာလဲ။
(ခင်လို့ နောက်တာ)

သံလွင် HeRo said...

ဟားဟားး)

Angel Shaper said...

ဖြူစင်တဲ့ မုန်လာဥတွေ အဲလေ.. အပေါ်က ကွန်မန့်တွေကြောင့် မှားကုန်ပြီ။ ဟိဟိ
ဖြူစင်တဲ့မေတ္တာတရားတွေ တေလေ ငှက်ငယ်လေးတွေရော၊ တေလေ လူသားလေးတွေ ပိုင်ဆိုင်ပါစေနော့်။

ဆောင်းနှင်းရွက် said...

နင် ရတဲ့ မုန်လာဥ တွေနဲ့
ပြန်ပြီး ဟင်းချက်ကျွေးးး ...
ပြောရင်းးးး မုန်လာဥ ချဉ်ရည်ဟင်း
သောက်ချင်လာပြီ ... >>>

ကဗျာ ထဲ က စာသားလေးတွေ ကောင်းတယ် ..!

ရွှေပြည်သူ (ShwePyiThu) said...

အမြင့်မှာ ပျော်ပျော်ကြီးပျံရင်း လှပတဲ့မိသားစုသိုက်မြုံကို တည်ဆောက်နိုင်ပါစေ တေလေငှက်ငယ်ရေ...

Anonymous said...

မိုးသည်းသည်း မုန်တိုင်းထန်
အာကာယံ မှောင်တတိုင်းမှာ
လျှပ်ရိုင်းတွေလှုပ်။
တလင်းမြေ
ကွင်းအခြေက လေဆန်တက်
ငှက်ရိုင်း တစ်အုပ် ...။
ငြိမ်းစိုးဦး

ပန်းအိ said...

ကဗျာလေးထဲမှာ အငွေ့အသက်လေးတွေ လွှမ်းနေတာ ကိုက နှစ်သက်စရာ၊ ယုံကြည်ရာကို ပျံသန်းပါ .. ရှေ့ကိုလဲ မမျှော်နဲ့ နောက်ကိုလဲ မလှည့်နဲ့ ပျံသန်းချိန်မှာ တောင်ပံရိုက်ခတ်သံလေး မာန်ပါပြီး လှနေဖို့ပဲ လိုတယ်။
(ကဗျာလေးအပေါ် ပြန်ခံစားသွားတာလေးပါ) :)