April 13, 2010

သင်္ကြန်အလွမ်း



တန်ခူးတော့မဟုတ်ဘူး။ အခါနှစ်ကူး ကဆုန်ရောက်ပြီ။
နွေဦးရဲ့ လေရူးနဲ့အတူ ဥသြသံတွေက
ဟိုတစ်စဒီတစ်စ အမိမြေမှာကြားနေရောပေါ့။ စလုံးကျွန်းရဲ့ မိုးခြိမ်းသံ
တွေကို ကြားမိရင်နွေအလယ်မှာ ရွာတဲ့ သင်္ကြန်မိုးကို တမ်းတမိသလို
စိန်းလန်းနေတဲ့ ပန်းပိတောက်ပင်တွေကတော့ သစ္စ္စာမဲ့စွာ အောချတ်လမ်းပေါ်မှာထီးထီးမားမားစီရရီပေါက်နေတာဖြင့်
အရွက်နု၊ အဖူးပွင့်ဝေဆာနေတဲ့ မြန်မာ့မြေက ပိတောက်တွေနဲ့
လားလားမှ မဆိုင်သလိုပါပဲ။

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်ရက်မှာ ကလေးသင်္ကြန်ဆိုတာ
ရှိတဲ့ ဟိုးငယ်ငယ်က ထားဝယ်သင်္ကြန်ကလည်း စိတ်ထဲမှာ
ရောက်ချင်နေမိသလို သင်္ကြန်ရက် ၃ ရက်ဆက်တိုက်
နှစ်တိုင်း မောင်းမကန်က ဘန်ဂလိုမှာမိဘ၊ဆွေမျိုး၊သူငယ်ချင်း
တွေနဲ့ ပျော်ခဲ့တဲ့ ရက်တွေကိုလည်း တားမရဆီးမရ
လွမ်းနေမိတယ်။

အမိမြေမှာ အခုဆိုပျော်နေကြပြီ။ မဏ္ဍပ်တွေအပြိုင်ဆိုင်နဲ့
ပရောဂျက်၁၊၂၊၃ အသံတွေညံနေတဲ့ ဒီနှစ်မရှိတော့ဘူးလို့
ပြောနေကြတဲ့ အင်းယားလမ်းကိုမေ့လို့မရ။

အဲဒီအချိန်တွေမှာ ရှမ်းကိုးမီးနဲ့ မိုးလင်းခဲ့တဲ့ရက်တွေ
ရှိသလို ရှန်ကီများပြီး တစ်နေကုန်အိပ်ခဲ့တဲ့နေ့တွေရှိတယ်။

ဒီဂျေနဲ့ စည်းချက်ကိုက်တဲ့ ရက်တွေရှိသလို
ဘုန်းကြီးကျောင်းသွား ကုသိုလ်ယူတဲ့ရက်တွေရှိတယ်။

မိသားစုနဲ့ပျော်ခဲ့တဲ့ရက်တွေရှိသလို
တစ်ယောက်ထဲ သီချင်းညဉ်းခဲ့တဲ့ သင်္ကြန်ရှိတယ်။

မုန့်လုံးရေပေါ်၊ မုန့်ဆီကြော်၊သင်္ကြန်ထမင်းစားရင်း
သာကူသောက်ခဲ့တဲ့နေ့တွေရှိသလို
ထမင်းထဲရေထည့်ပြီး ငါးပုတ်ခြောက်နဲ့ လွေးခဲ့တဲ့ရက်
တွေရှိတယ်။

မနက်စောစောထ တိုင်ကီရေဖြည့် တွေ.တဲ့လူပက်၊
မနက်စောစောထ ရှိုးအပြည့်နဲ့အင်းယားလမ်းသွားတဲ့
ရက်တွေရှိသလို
တူးပို့သံ အံတုပြီး စာကျက်ခဲ့တဲ့ရက်တွေရှိတယ်။

တစ်ချို့ တစ်ချို့ကလည်း ငွေငန်းကြီးကိုလွမ်းကြသလို
တစ်ချို့တွေကြပြန်တော့လည်း ဦးတာကိုလွမ်းတယ်
တစ်ချို့ကမန္တလေးသင်္ကြန်ကိုမှလွမ်းသလို
တစ်ချို့ကချစ်သူရည်းစားတွေကိုလွမ်းတယ်...

ငွေဖလားနဲ့ သပြေခက်ကိုလွမ်းမိကြသလို
ပရက်ရှာဂန်း၊ နို့ဆီခွက် နဲ့ မီးသတ်ပိုက်
ကိုလည်း ထိပ်တိုက်တွေ.ချင်မိပါရဲ့....

နှစ်သစ်မှာ ဘလော့ဂါအပေါင်း၊ စာဖတ်သူအပေါင်း၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။

photo ref: www.google.com


5 comments:

ရေတမာ said...

သံလွင်ရေ နှစ်သစ်မှာ ပျော်ရွင်ပါစေဗျာာာာာာာာာာာာာ

chocothazin said...

မောင်လေးသံလွင်ရေ မင်္ဂလာနှစ်သစ်ပါနော်။ ပျော်ရွှင်ပါစေ။

Sein Lyan Tun said...

တူတူလွမ်းသွားပါတယ် တူသံလွင်ရေးးး

"မင်းကိုချစ်တဲ့သူ" said...

သံလွင်

ဒီနေ့ ရုံးပြန်တုန်း မိုးမိတာ သင်္ကြန်မိုးကိုတောင် တမိတေးတယ်...

မင်းပေးတဲ့ဆု အများကြီးပြည့်ပါစေကွာ...

မင်းလည်းပျော်ပါစေကွာ...

Anonymous said...

သင်္ကြန်ကို လွမ်းသလို ထားဝယ်သူလေးကိုလည်း လွမ်းတယ်ပေါ့ :)

ပျော်ရွင်သော နှစ်သစ်ဖြစ်ပါစေ ညီ

ခင်မင်လျက်
တလနွန်