October 8, 2010

ထားဝယ်မသွားခင်သိစေချင်

ဘလော့မရေးဖြစ်တာလနဲ့ချီကြာနေပါပြီ။ ဒါပေမဲ့ဒီနေ့တော့
မနိုင်းနိုင်းစနေအိမ်မှာ စာဖတ်ရင်းနဲ့ထားဝယ်အကြောင်းပါလာ
လို့ ရေးဖို့ခွန်အားပေးလိုက်သလိုပါပဲ။
ကျေးဇူးပဲ မနိုင်းနိုင်း.......။

မိုင်လေးရာကျော်ဝေးတဲ့ရွှေမြို့တော်(ရန်ကုန်)ကနေ
ကားနဲ့လာနိုင်ပါတယ်။ကားခက ၁၂၀၀၀ဝန်းကျင်ပါ။ လေအိတ်မပါ
တဲ့ကားတွေပါ။ မော်လမြိုင်လောက်ထိလမ်းကောင်းပေမဲ့
အဲဒီနောက်ပိုင်း လမ်းဆိုးတော့ နဲနဲတော့ပင်ပန်းပါလိမ့်မယ်။
တစ်ရက်လောက်အချိန်ပေးနိုင်ပြီးသဘာဝတောတောင်တွေ
ကြည့်ရင်းအပင်ပန်းခံနိုင်တယ်ဆိုရင်တော့ သင့်တော်ပါတယ်။
ရွှေမြင်းပျံကားအသင်းကကားအကောင်းဆုံးလို့ကြားမိပါတယ်။

လေယာဉ်ဆိုရင် မြန်မာ့လေကြောင်း၊အဲပုဂံ၊
ရန်ကုန်အဲဝေး၊အဲမန်းတို့ရှိပြီး ဈေးနှုန်းမှာ ၃၅၀၀၀ မှ ၅၅၀၀၀
ထိရှိပါတယ်။ ၁နာရီအတွင်းအမြန်ရောက်ချင်တယ်ဆိုရင်တော့
အကောင်းဆုံးနည်းပါပဲ။

စီးပွားရေးအရ ရာဘာ၊ကွမ်းသီး၊ရေလုပ်ငန်းနဲ့
ယိုးဒယားကုန်ပစ္စည်းဆိုင်များအလုပ်ဖြစ်ပါတယ်။
ကော့သောင်းမှတိုက်ရိုက်ကုန်ပစ္စည်းတင်
သင်္ဘောများရှိတဲ့အတွက်လည်း သင့်တင့်သောဈေးဖြင့်
စားသောက်ကုန်များရရှိနိုင်တယ်။
မှတ်ချက် (singha or cheers beerရေခဲစိမ်၁လုံး၅၀၀ကျပ်)

ပူအိုက်စွတ်စိုတဲ့ရာသီဥတုပါ။ မြို့တွင်းသစ်ပင်အရိပ်နည်းတဲ့အတွက်
အလွန်ပူပါတယ်။ ဒါကြောင့်နေ့လည်ပိုင်းအပြင်ထွက်လျှင်ထီးဆောင်း
သွားဖို့မမေ့ပါနဲ့....။ ပေါ့ပါးပြီး လွတ်လပ်တဲ့အင်္ကျီများယူ
သွားသင့်ပါတယ်။

တစ်မြို့လုံးနီးပါးထားဝယ်စကားပြောပေမဲ့လည်း နားလည်လွယ်
ပါတယ်။ မြန်မာအသံထွက်ကို ခပ်ဝဲဝဲပြောပြီး တစ်ချို့အသုံးအနှုန်း
နဲ့ အခေါ်အဝေါ်တွေတော့ ကွဲလွဲပါတယ်။

ပင်လယ်နဲ့နီးတော့ ပင်လယ်စာတွေပေါပါတယ်။ ပင်လယ်ငါးမျိုးစုံ၊
ပုစွန်၊ကျောက်ပုစွန်၊ဂဏန်း၊ခရု၊ရေခူ၊ပြည်ကြီးငါးအစရှိသဖြင့်ပါ။
သား၊ငါးပေါပေမဲ့ ဟင်းသီးဟင်းရွက်တော့ရှားပါးပါတယ်။
ဒါကြောင့်စားသောက်ဆိုင်သွားရင်အရွက်ကြော်ကိုတော့ကန်စွန်းရွက်
ပလိန်းနဲ့ပဲစားရဖို့များပါတယ်။ ရေခူသုပ်၊ငါးမန်းသားရေသုပ်တို့
စားကြည့်ပါ။

မြို့တွင်းလမ်းအားလုံးနီးပါး ကျဉ်းပြီး ဆိုင်ကယ်များတော့ ယာဉ်အန္တရယ်
ဂရုစိုက်ပါ။

ကွေ.တရို၊ကိုးရီးယားဒုတ်ထိုး၊ဘဲသားသုပ်ဆိုင်တွေပေါသလို အချဉ်ကြိုက်
သူတွေအတွက်တော့ ပုအုန်းရည်နဲ့ချက်ထားတဲ့ ထားဝယ်မုန့်တီမြည်းကြည့်
စေချင်ပါတယ်။ မု့န်တော်တော်များများကတော့ (မုန့်လင်မယား၊ သာခွေယိုင်၊
ငှက်ပျောသီးပေါင်း) အုန်းနို့ပါတဲ့အတွက်သွေးတိုးမရှိသောသူများအတွက်သာ
စားသုံးရန်သင့်တော်ပါတယ်။

မနက်စာအတွက်
ထားဝယ်မုန့်ဟင်းခါး (တရုတ်တန်းလမ်း)
ရန်ကုန်မုန့်ဟင်းခါး (ကမ်းနားဈေး)
ဆီချက် (မိသားစုကဖီး)
စားဖွယ်စုံ (သဟာယကဖီး)

နေ့လည်စာ(သို့)ညစာ
မြန်မာထမင်းဟင်း (ဧရာဝတီ)
ယိုးဒယား (Miss you)
ကြေးအိုးဆီချက် (3D)
ကွေ.တရို (အောင်ပြည့်ဖြိုး)
ပင်လယ်စာ (နိုနို)

လည်ပတ်သင့်သောနေရာများ-ရွှေတောင်စားနှင့်ဘုရားကြီး၊ရှင်ကိုးရှင်၊
လျောင်းတော်မူ၊ရပ်တော်မူ၊တောက်ထိန်တောင်၊မောင်းမကန်ကမ်းခြေ၊
မျှော်ရစ်စေတီ၊ရေပူစမ်း၊ကျားခုန်အိုင်၊တောကျဲရေတံခွန်၊ဆင်ကိုးရပ်ရေတံခွန်။

တည်းခိုရန်
ပန်းဥယျာဉ်
ပုလဲဧကရီ
Golden Guest

လက်ဆောင်ပစ္စည်းများ
ပုစွန်ခြောက်၊ငါးခြောက်၊ငါးပိ၊ပိန္နဲမုန့်၊မုန့်ကုလားမဲ၊
ငါးမု့န်၊သီဟိုစေ့၊မုန့်လိပ်။

အနာဂတ်
၂၀၁၁မှ၂၀၁၅ထိဆောက်လုပ်မဲ့ ပင်လယ်ရေနက်ဆိပ်ကမ်းပြီးစီးသွားပါက
စီးပွားရေးပိုမိုကောင်းမွန်လာနိုင်ပြီး ထားဝယ်-ကန်ချနာဘူရီလမ်းမကြီး
ဖောက်လုပ်ပြီးစီးသွားပါကလမ်းပန်းဆက်သွယ်ရေးကောင်း
မွန်လာနိုင်ပါတယ်။

Ref: မနိုင်းနိုင်းစနေ၏ ကျွန်မရောက်ခဲ့တဲ့နေရာ ပို့စ်မှထားဝယ်စာပိုဒ်အား
ကိုးကားပါသည်။



11 comments:

ရေတမာ said...

တခေါက်လောက်တော့ အရောက်လှမ်းခဲ့ချင်တယ်... ရှိန်းခိုသီးလသုလ် လည်းစားမယ်းP

Taungoo said...

ညီလေးက
ထားဝယ်ဇာတိလား။ တနင်္သာရီတိုင်းကို ရောက်ဖူးချင်တာ ခုထိ မအောင်မြင်သေးဘူး။ ကျောင်းတုန်းက ထားဝယ်နဲ့ မြိတ်က သူငယ်ချင်းတွေ ရှိတယ်။ ဒါပေမယ့် အဆက်သွယ်ပြတ်နေတယ်။ တစ်နေ့တော့ ရောက်အောင် သွားမယ်။ မောင်းမကန်ကို ရောက်ဖူးသူတွေက တော်တော်သန့်ရှင်း သာယာတယ်ပြောကြတယ်။ တခြားကမ်းခြေတွေထက် ထားဝယ်ဖက်က သွားရတာ လှမ်းလို့သာ စည်ကားမှု အားနည်းနေတာလို့ ကြားဖူးတယ်။ ကားလမ်းက ဓါးမြတိုက်တာ ရှိတတ်တယ် ကြားတယ်။ လေယာဉ်လက်မှတ်ကကော သာမန် ပြည်သူတွေ အလွယ်တကူ ဝယ်ယူလို့ရလား။ အဲဒီဈေးအတိုင်းပဲလား။

လမ်းညွှန်အတွက် ကျေးဇူးပဲ သံလွင်။

သံလွင် HeRo said...

အခုတော့ကားလမ်းမှာ တော်တော်အေးချမ်း
နေပါပြီ။ လက်မှတ်ကတော့ အလွယ်တကူ
ရနိုင်ပါတယ်။ ဈေးကလည်း ကိုယ်ရွေးတဲ့
လိုင်းအပေါ်မူတည်ပြီးအပြောင်းအလဲရှိတယ်။
အများဆုံးကတော့ ၅၅၀၀၀ တဲ့။

chanye` said...

ထားဝယ်သူတွေ ချောလားဟင် :P

သံလွင် HeRo said...

သူပဲငပိဖုတ်နဲ့တူတယ်လို့ပြောပြီးတော့....
ဟွန်း....

နွေးနေခြည် said...

တနသာင်္ရီတိုင်းဖက် မရောက်ဖူးဘူး။ လာလည်ချင်စရာကောင်းလိုက်တာ.. အစားအသောက်တွေကလည်း အကြိုက်တွေချည်းပဲ

သံလွင် HeRo said...

သွားဖို့အစီအစဉ်ရှိရင် ကျနော့်ကိုပြောပေါ့အစ်မ
လမ်းညွှန်ပေးလို့ရပါတယ်း)

chocothazin said...

ထားဝယ်မှာ ကျောင်းသားအားကစားပွဲတော် လုပ်တုန်းက ၁ လနေခဲ့ဖူးတယ်။ သိပ်ပျော်ဖို့ ကောင်းတယ်။ ရှပ်ခြောက်ကင်၊ ငါးမုန့် ၊ အုန်းစိမ်းရည်၊ မုန့် ကုလားမဲ ဒါတွေကတော့ အကြိုက်ပဲဟေ့။ ရှင်ကိုးရှင်ကတော့ ၅ရှင်ပဲဖူးခဲ့ရတယ်။ မောင်းမကန်မှာ ငါးကင်စားခဲ့တာလည်း ကောင်းမှကောင်း။
ကျေးဇူးသန်း၊ ဟန်းလျှို၊ ရေနည်းနည်းလောက်ပေးသောပါ၊ လည်ပိုင်းယောနေတယ် ... အဲလိုလေးတွေလည်း မတောက်တခေါက် ရောချပြီး ပြောခဲ့သေးတယ်း)

သံလွင် HeRo said...

ဟုတ်လားအစ်မ....အဲဒီတုန်းက ငယ်သေးတော့
ဘာမှမပါဖြစ်ဘူး....ဒါပေမဲ့နေ့စဉ်ရက်ဆက်
စတိတ်ရှိုးတော့ကြည့်ဖြစ်တယ်ဗျ......ရှင်ကိုးရှင်
ကတော့ ကျနော်လည်းပဲ ၇ရှင်ပဲရှိသေးတယ်
ရှင်မော်နဲ့ ရှင်တောပုံကိုအခုထိမရောက်ဖူး
သေးဘူးဗျ...

သော်ဇင်စိုး said...

စားစာရာဆိုင်နာမည်တွေ ဖတ်ပြီး သွားရည်တောင် ကျတယ်.. ခိခိ.. အကိုကလညိးဗျာ.. ထန်းပင်ပေါပြီး.. ထားဝယ် လေးဖက်လေးတန်မှာ ထန်းရည်ဆိုင်တွေ ရှိတဲ့ အကြောင်းလည်း ထည့်မရေးဘူး.. :P
ကျွန်တော်ကတော့ ဘိုဥာဏ်ဆိုင်ကိုပဲ လွမ်းတယ်..

သံလွင် HeRo said...

ဒါကဒိုင်လျှိုထားတာလေ....တော်ကြာ
အန်တီစန်းတို့၊မမိုးအေးတဲတို့ပဲသွားချင်နေ
ကြရင်ဘယ်လိုလုပ်မလဲ ဟားဟား