January 25, 2009

တရုတ်နှစ်ကူးပြီဆိုရင်.....



GONG XI GONG XI, GONG XI FA CHAI, XIN NIAN KUAI LE !!!

အားလုံးမဂ်လာနှစ်သစ်ပါခင်ဗျား။ ဒီနှစ်ကတော့ chinese calendar အရ
နွားနှစ် (the earth Ox) ဖြစ်ပါတယ်။နွားနှစ်ဖွားတွေဟာမိသားစုlifestyleကို
သဘောကြနှစ်သက်ပြီးပေါင်းသင်းဆက်ဆံရေးကိုအလွယ်တကူအ၀င်မဆံ့ပါဘူး။
ဒါပေမဲ့သူတို့ရဲ့ရိုးသားမှု၊ပါးနပ်မှု၊စည်းကမ်းရှိမှု၊ဖြေးဖြေးမှန်မှန်ဖြင့်
ကြိုစားမှုတွေကြောင့်နွားနှစ်ဖွားတွေဟာနယ်ပယ်အသီးသီးမှာ
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အလားလာပေါင်းများစွာရှိပါတယ်။
ဆက်ဒမ်ဟူစိန်၊အိုဘားမားတို့ဟာလည်းနာမည်ကြီးနွားနှစ်ဖွားများထဲကသူတွေပေါ့ဗျာ။

ကျနော့်ကိုတရုတ်လားလို့မေးကြတော့ပထမဆုံးအမျိုးစပ်ပြပါ့မယ်ခင်ဗျား။
အဖေရဲ့အဖေကျနော့်အဖိုးကပြည်ကြီးပေါက်တရုတ်စစ်စစ်ပါ။
စစ်ပြေးလို့ကောင်းတုန်းထားဝယ်သူကျနော့်အဖွားနဲ့တွေ.ကာရည်ငံချစ်ကြိုက်ပြီး ကျနော့်အဖေတို့မွေးဖွားလာတယ်ဆိုပါတော့။ဒါပေမဲ့အဖွားကတရုတ်စကား
ပြောလျှင်အဖိုးကိုမချစ်ဘူးဆိုလို့အိမ်မှာတရုတ်စကားတစ်ယောက်မှမတတ်ကြပါ။
ကျနော့်အမေဘက်ကအဖွားကလည်းတရုတ်-မြန်မာကပြားမို့လို့
တရုတ်သွေးနှောတယ်လို့ပြောလို့ရပါတယ်။

တရုတ်နှစ်ကူးဟာ ထားဝယ်မှာနေစဉ်က ကျနော့်အတွက်ပျော်စရာအကောင်းဆုံး
ပွဲတော်များထဲကတစ်ခုပါ။ ပထမတစ်ချက်က ဦးလေးတွေ၊ အဒေါ်တွေကအန်ပေါင်း
ပေးလို့ ရေလျှံတာရယ်၊ နှစ်ကူးပြီး နောက်တစ်နေ့ ဘုံကျောင်းကလူငယ်တွေစုပြီး
တစ်မြို့လုံး တရုတ်နဂါးအက၊ ခြင်္သေ့အကတွေ လှည့်လည်ရာမှာ ပါဝင်တာကြောင့်
ကိုယ့်ကိုယ်ကိုကျောင်းပိတ်၊ ကျူရုင်ဖြက်ပြီး ကဲလို့ကောင်းတယ်။

Chinese New Year's Eveမရောက်ခင်တစ်ရက်(မနေ့ကပေါ့)
အဲဒီနေ့ရောက်ရင်ကျနော်တို့ထားဝယ်တရုတ်တန်းလမ်းမှာ
တရုတ်ညဈေးဆိုတာရှိပါတယ်။ရှိခိုးကန်တော့ပွဲအတွက်သစ်သီးဝလံ၊
ကြံ၊ ကန်တော့ပစ္စည်းတွေ၊ မီးပန်းတွေ၊ ရောင်းပြီး
ပွဲဈေးတန်းလျှောက်ရတာပျော်ဖို့ကောင်းပါတယ်။ညပိုင်းရောက်ရင်
ဘုံကျောင်းမှာဆွမ်းတော်ကြီးတင်ပွဲ၊ခြင်္သေ့၊နဂါးအက
trainingတွေနဲ့လည်းစည်နေပြီပေါ့။

New Year Eve(ဒီနေ့)မျိုးမှာဆိုရင်မနက်စောစောကြီး
မိုးနတ်မင်းကိုအရင်ကန်တော့နောက်တော့
ခေါက်ဆွဲကြော်၊ဝက်သားပေါင်း၊ကြက်ဟင်းခါးသီးချက်၊
ဘဲကင်၊ဝက်ကောင်လုံးကင်၊ကြံဆန်ဟင်းချိုစတဲ့တရုတ်ဟင်းလျာမျိုးစုံနဲ့
ကွယ်လွန်သွားကြသောဘိုးဘွား၊ဆွေမျိုးတွေကိုကန်တော့ကြ
လာတဲ့လူတွေအကုန်လုံးကိုထမင်းကျွေးဧည့်ခံပြီးအန်ပေါင်းတွေပေးကြ၊
အပြင်းသောက်သူကသောက်ကြ၊ဖဲရိုက်ကြနဲ့အပျော်ကြီးပျော်ကြတဲ့ပွဲပါ။

မနက်ဖြန် New Year နေ့ရောက်ပြီဆိုရင် အကျီအသစ်၊ ဖိနပ်အသစ်တွေနဲ့
အနီရောင်တွေဝတ်ပြီး ဘုံကျောင်းသွားကန်တော့ကြ၊ စောစီကုန်း၊ ဘိုးဘိုးကြီး၊
စီးတော်ကျားစတဲ့ တရုတ်နတ်ဝင်ပွဲတွေ၊ ခြင်္သေ့၊ နဂါးအသက်သွင်းပွဲတွေနဲ့
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါတယ်။ New Year ပြီးလို့နောက်ထပ်သုံးရက်ဆက်တိုက်
ခြင်္သေ့က၊နဂါးအကတွေ၊ဝူခုန်း၊ပါကျဲ၊စတဲ့အရုပ်တွေနဲ့ဘုံကျောင်းကလူတွေ
စုပေါင်းပြီးအန်ပေါင်းလိုက်တောင်းတဲ့ပွဲကလည်းအခုလိုနှစ်ကူးရောက်ရင်
တစ်မြို့လုံးစည်ကားပြီးမီးပန်းသံတွေနဲ့ညံနေတတ်ပါတယ်။
တစ်ချို့နှစ်တွေမှာဆိုရင်စောစီကုန်းနတ်လှည့်လည်ပွဲနဲ့
ဆက်တိုက်ကျင်းပတတ်တာမို့အိမ်တိုင်းနီးပါးကန်တော့ပွဲတွေနဲ့၊
မီးရှူး၊မီးပန်းတွေချိတ်ဆွဲထားပြီး ကြိုဆိုကြပါတယ်။
ဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲဗျာ။

အခုတရုတ်နှစ်သစ်ကစပြီးစင်္ကာပူနိုင်ငံတွင်
အလုပ်အကိုင်အခွင့်လန်းကောင်းမွန်ပြီး
မြန်မာပြည်သူပြည်သားများအဆင်ပြေပါစေလို့
ဒီဘလော့ကနေဆုတောင်းလိုက်ရပါတယ်။
မနက်ဖြန်မှBugisကကွမ်ရင်ဘုံကျောင်းသွားပြီးဆုတောင်းအုံးမယ်ဗျို့။

8 comments:

WWKM said...

ပေါက်ဖော်ကြီးရေ..
အန်ပေါင်းပေးပါဗျို့...း)

:P said...

ခေါင်းစဉ်တော့ နားမလည်ဘူးဝေ့..
ပျော်ရွှင်သော နွားနှစ်သစ်ဖြစ်ပါစေ လို့ ရမ်းရွှီးလိုက်ပါတယ်..။

မဆုမွန် said...

အန်ပေါင်းပေးမယ် တူကြီး Happy New Year

မောင်bee said...

လု က တလုတ် လား? ဝက်ကောင်လုံး ကင် စားချင်ရင် ဝ ဆီလာခဲ့။ လု ကို ဝ ကျွေးမှာပေါ့။

Eduking said...

Gong Xi Fa Chai ပါ သံလွင်ကြီးရေ.. မင်းတရုတ်သွေးစပ်တာ အခုမှ သိပေါ့..း)

chanye` said...

နာလည်း တရုပ်စပ်..အဲ တရုပ်သွေးစပ်တယ် ဟီး

ဖိုးဂျယ် said...

နာကယဲ နည်းနည်းစပ်တယ်ကွဲ့
မသိမသာလေးထင်တာပဲ ဟီးး

tututha said...

အဲလိုမှန်းမသိလို့ မနေ့က အန်ပေါင်းတောင်းဖို့လူ လိုက်ရှာနေတာ ... သံလွင်ရေ .. လွမ်းစရာလေးတွေ ပြန်ပြောင်းရေးတာ မိုက်သကွာ။