January 26, 2009

BUGIS ကွမ်ရင်ဘုံကျောင်းသို့တစ်ခေါက်

ကျနော့်သူငယ်ချင်းမျိုးမြင့်အောင်နဲ့ဒီနေ့မနက်ကပဲBugisက
ကွမ်ရင်ကျောင်းကိုနှစ်သစ်မှာအစစအရာရာအဆင်ပြေစေရန်
ဆုတောင်းဖို့သွားခဲ့တယ်ဗျား။မနှစ်ကမသွားဖြစ်လို့ဒီနှစ်တော့
ရောက်အောင်သွားဖို့ဆုံးဖြတ်ချက်နဲ့အတူအရောက်လှမ်းခဲ့ပါတယ်။
MRTနဲ့စီးတီးဟောပြီးနောက်တစ်မှတ်တိုင်ဘူးဂစ်စ်ကိုရောက်တော့
ကျနော်တို့အပါအဝင်ရထားတစ်ဝက်လောက်နီးပါးကဆင်းကုန်ကြပြီ။
Bugis JunctionကနေBugis streetကိုဖြတ်ကွမ်ရင်ကျောင်းသွားရာ
လမ်းတစ်လျှောက်အမွှေးတိုင်၊ပန်း၊တရုတ်ပစ္စည်းရောင်းတဲ့
ဆိုင်တန်းတွေ၊နှစ်ကူးမှာကန်တော့ဖို့လာတဲ့လူတွေနဲ့တော်တော်ကြီးကို
စည်နေပါတယ်။
ပထမဆုံးလမ်းဆုံမှာစိုက်ထူထားတဲ့ Chinese Zodiac monument က
ကျနော်တို့မွေးနှစ် နဂါးနှစ်မှာ ဒီနှစ်အတွက်ဗေဒင်ကိုဖတ်ခဲ့ပါတယ်။

ဒါကတော့နဂါးနှစ်ဖွား(1976, 1988, 2000,etc;) များအတွက် horoscope



ဗေဒင်ဖတ်ပြီးတော့ ကန်တော့ဖို့အတွက်အမွှေးတိုင်ဝယ်၊ သွားရာလမ်းတစ်လျှောက်
ကြည့်လိုက်တော့ လူတွေနဲ့ပြည့်ကျပ်လုနီးပါးဖြစ်နေပြီ။

ကွမ်ရင်ကျောင်းသွားရာလမ်းအဝင်ဝ

အမွှေးတိုင်မီးညှိဖို့ ဆီမီးခွက်ပုံးလေးတွေထားပေးထားတဲ့အတွက်လည်း
အဆင်ပြေလှပါတယ်။


လူတွေကြားထဲ ဟိုတိုး ဒီဝေ့ပြီးတော့ အရှေ့ကိုကြည့်လိုက်တော့...

အားးးးး...ပါးးးးး...များလှတဲ့လူတွေ
နာရီဝက်ကျော်ကျော်လောက် နံ့သာတိုင်အခိုးငွေ.၊ လူတွေကြားမှာတိုးပြီးမှ
နောက်ဆုံးမျော်လင့်ချက်ပန်းတိုင်အတိုင်း ကွမ်ရင်ကျောင်းထဲသို့ချောချော
မွေ.မွေ.ရောက်သွားပါတော့တယ်။
မိုးနတ်မင်းကြီးနဲ့ ကွမ်ရင်မယ်တော်ကိုဆုတောင်းပြီးကျနော်တို့ဘုံကျောင်းထဲ
မှပြန်ထွက်လာအချိန်မှာတော့...
ဘုံကျောင်းအဝင်ဝမှာတန်းစီနေတဲ့လူတွေက များသထက်များလာကြပါပြီ။
မင်းတို့လက်တွေလေထဲကိုမြှောက်ထားလိုက်...အဲဟုတ်ပါဝူး...
အမွှေးတိုင်ကြီးတွေလေထဲကိုမြှောက်ထားလိုက်
နေပူပူ၊ မီးခို့ငွေ.ကြားမှာစိတ်ရှည်ရှည်ရပ်စောင့်နေကြတဲ့လူတွေ


နောက်တော့မြို့ထဲရောက်နေတဲ့ကျနော်တို့နှစ်ရောက် ဗိုက်ဆာဆာနဲ့ပင်နီဆူးလားကို
ကိုးခြောက်ကိုးသုံးနဲ့ ဆက်လက်ချီတက်ခဲ့ကြပြီး မြနန္ဒာမှာ မြန်မာထမင်း၊ဟင်း
အပီကြိတ်ပြီးမှ အိမ်ပြန်ခဲ့ကြပါတယ်...
ထိုနေရာတွင် ဘုံကျောင်းသွား မြို့လားခရီးစဉ်ပြီးဆုံး၏။
သင်္ကြန်ရောက်လို့ တူးပို့သံကြားရင်မနေနိုင်သလို နှစ်ကူးရောက်ရင်
ဒီသီချင်းလေးတွေကြားလိုက်ရတော့ ဟိုးငယ်ငယ်က နဂါးအက၊ခြင်္သေ့အက
တွေကို ပြန်လည်အောက်မေ့မိတယ်ဗျာ။

11 comments:

ဖိုးဂျယ် said...

ဆုတောင်းတွေ ပြည့်ပါစေ ညီငယ်ရေ

မောင်bee said...

မောင်bee said...

လိုက်မလို့ဘဲ၊ ညက blog ရေးနေလို့မထနိုင်ဘူး ဟီး

မောင်bee said...

khin oo may said...

kom : http://thanlwinhero.blogspot.com/2009/01/bugis.html စိတ်ဝင်စားစရာဘဲ

Anonymous said...

မမလည်း နှစ်ကူးရင် ပျော်တယ်။ chinese တော့ဟုတ်ဖူး :P

chanye` said...

ငါလည်း ဒီနေ့ ဘူးဂစ် ရောက်တယ်ကွ ဟီး ။
လူတွေများလွန်လို့ တိုးရမှာ စိတ်မပါတာနဲ့ riverside သွားပြီးပဲ ဘီယာသောက်လိုက်တယ် အဟိ... :P

ဒါနဲ့... ငါလည်း နဂါးနှစ်ဖွားပဲဟ.. 88 born ။ ကိုချမ်းရဲလို့ ခေါ်နဲ့ နောက်ဆို...

တောင်ပေါ်သား said...

သြော် နင်က ငါ့ အလုပ်နားရောက်ခဲ့တယ်ပေါ့ ဟဲဟဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျား)

လေးစားလျက်
တောင်ပေါ်သား

WWKM said...

နှစ်သစ်မှာ ပျောရွှင်ပါစေ မောင်လေးရေ..
နှစ်သစ်မှာ စိုင်းစိုင်းခမ်းလှိုင် စလုံးမှာ သီချင်းလာဆို
သွားသေးတယ်ပေါ့.. တိဘူးရယ်..
( မင်းတို့လက်တွေ လေထဲကိုမြှောက်ထားလိုက်) :D
come on come on !!!!!!!

ရွှေပြည်သူ (ShwePyiThu) said...

တခါမှ မရောက်ဖူးသေးပါဘူး။ ဓာတ်ပုံတွေ ကြည့်ရတာ ကျေးဇူးတင်ပါတယ် မောင်လေးသံလွင် ရေ...

katloveshome said...

နဂါးနှစ်ဖွား horoscope ကငါ့ကိုများ တိုက်ရိုက်ပြောနေလားထင်ရတယ် hehehe