January 20, 2009

Woodlands family's Tuesday Dinner

ဒီနေ့ ကျနော်တို့ woodlands ကရွှေညီကိုတို့ရဲ့ ညစာနဲ့ ဘလောဂါကိုကို၊ မမ၊ ဦးဦး၊ တီတီ တို့ကို
ဧည့်ခံပါ့မယ်ခင်ညား။ Hawker Center က chicken rice, Kway Teo, Economic rice တွေနဲ့
နေ့စဉ်နဲ့ အမျှနှစ်ပါးသွားနေရတဲ့ ကျနော်တို့ ဒီနေ့တော့ အပြောင်းအလဲတွေဖြစ်အောင် မြန်မာ့
အစားစာတွေကို တတ်သလောက်မှတ်သလောက် ကြော်၊ ချက်၊ ပြုတ်၊ လှော်၊ ကင်၊ ဖုတ် ကြပါ
တယ်။

ဒါကတော့ မနေ့ကပဲ ပူပူနွေးနွေးအကယ်ဒမီရထားတဲ့ ကိုချမ်းရဲရဲ့
ကြက်ဥမကျက်တကျက်ကြော်နည်း ကို ပြန်လည်ဆန်းသစ် modified
လုပ်ပြီး ကျနော်ကိုယ်တိုင် home made ကြက်ဥမွှေကြော်ပါ။



အမည်မဖော်လိုသူတစ်ယောက် (ကောင်းလွန်းသဖြင့် လာကြော်ခိုင်း
မှာစိုးရိမ်သောကြောင့်တဲ့) ကန်စွန်းရွက်နဲ့ မှိုကို ငရုတ်သီးစိမ်း၊
ခရုဆီတို့နဲ့ ရှယ်ကြော်ထားပါတယ်။





မနိုင်းနိုင်းစနေဘလော့က ပဲပုတ်ကိုသားရေကျလွန်းသဖြင့်
အိမ်ကလက်ကျန်ထားဝယ်ငပိကို ကျွတ်နေအောင်ဖုတ်ထားပြီး
အချိုမှုန့်နဲနဲဖြူးကာ ပဲဆီစစ်စစ်ကို ဆမ်းထားတဲ့
အနံ့အရသာပြီးပြည့်စုံသော ထားဝယ်ငပိဖုတ်ဆီဆမ်းပါ။





ဖြူးသား နဲ့ ပျော်ဘွယ်သားနှစ်ယောက်လက်စွမ်းပြထားတဲ့
မြန်မာပြည်အပေါ်မရောက် အောက်မရောက်
လက်ဖက်သုတ်ပါ။ နည်းနည်းမြည်းကြည့်ပါအုံးဗျ။





ဒါကတော့ရန်ကုန်သူစစ်စစ် ချက်ထားတဲ့ ဝက်သားခရမ်းချဉ်သီး
အချိုချက်ပါ။ နတ်သုဒ္ဒါအလား အရသာထူးကဲလွန်းပါသဖြင့်
ဆွေမျိုးမေ့နိုင်လောက်ပါတယ်။



ချောတီးဗျို့။ ထမင်းကျန်ခဲ့လို့ ဟဲဟဲ။ လိုက်ပွဲပါဆွဲသွားကြပါ။


ကျနော်ကတော့ အခုစားပြီးသွားလို့တော်တော်ကြီးဗိုက်တင်းနေပါပြီဗျို့။ ကျနော့်ရဲ့ချစ်လှစွာသော
ဘလောဂါတွေလည်း အားရပါးရသုံးဆောင်ကြပါ။ ခံတွင်းတွေ.မှာသေချာပါတယ်။ ဟဲဟဲ
သတင်းအထူးအနေနဲ့ နောက်ထပ်စားချင်သော ဟင်းများရှိခဲ့ရင် ကျနော့်ဘလော့မှာ
ကြိုတင်စာရင်းပေးသွင်းလို့ရပါပြီ။ ကျနော်တို့အိမ်ကညီကိုမောင်နှမများမှ ကြုံရင်ကြုံသလို
ရှယ်ချက်ကျွေးပါ့မယ်တဲ့ ခင်ညား။ ဖြောင်းဖြောင်းဖြောင်း ။

13 comments:

chanye` said...

ရုတ်တရက်ဖတ်လိုက်တော့ ဖြူးသား ဆိုလို့...
ဖြူးကောင်ကြီးကိုများ ဟင်းချက်ထားတာလားလို့ လန့်သွားတာပဲ (အာခေါင်ဆူးမယ့်ဟင်း :P)
စားချင်စဖွယ်ပါဗျာ

ကိုရင်နော်ခင်လေးငယ် said...

အဟိုးဟိုး.... ဟင်းတွေက စားချင်စဖွယ်..
ဦးနော်အကြိုက် ဝက်သားအချိုချက် ဂွတ်တယ်..
စားမယ် စားမယ်..
ခင်လေးနဲ့ သူ့သမီး ကလေးလေး လည်းပါတယ်..
သူတို့လည်း စားကြမယ်..
အဲ့.. ထမင်းမတွေ့ပါလား.. ထမင်းလေး သုံးပွဲလောက်ပေးပါကွယ်.. :P

Anonymous said...

ဟင်းတွေကြီးပဲ..... ထမင်းရော .....
ဗိုက်ဆာနေတာ.... ပိုဆာသွားပြီ
လက်ဖက်သုတ်လေးလဲဝိုက်သွားတယ် မစားရတာကြာပေါ့.. :P :P
ကောင်းမှကောင်း......

ဖိုးဂျယ် said...

တောက်ကွာ မနာလိုဘူးဒီက
ဟင်းမကောင်းလို့ ညစ်နေတာ
လာအော်သွားသေးတယ်

puluque said...

အင်း ငပိထောင်းနဲ့ ထမင်း နဲ့ ပီးတော့လက်ဖက်သုပ် ဝက်သား အကုန်တီးသွားတယ်။ ကျတော့ က ငပိထောင်းတော့ နဲနဲကြိုက်တယ်။ ကြိုက်ဆိုရခိုင်သွေးပါတာကိုး....

တောင်ပေါ်သား said...

ဝေးးးး တယ်ကောင်းနေတာကိုး လက်တောင် မတို့ဘူးဟ စားချင်နေတာနော့် ဟဲဟဲ လာစားသွားတယ် ညီရေ ပျော်ရွှင်စရာ စားဖွယ်စုံနဲ့ မိုက်နေရော သောက်စရာလေး ပါရင်တော့ ပိုကောင်းမယ်ထင်တယ် ဟား ဟား

katloveshome said...

bite taung sar lar p. :P ta nay kone bar mha sar ya thay par woo so. thu blog phat mi tar mhar b. :D

ခေါင်ခေါင် said...

အာ..ငပိထောင်းနဲ့ ၀က်သားဟင်းနဲ့.. လက်ဖက်သုတ်နဲ့... ကြက်ဥမွှေကြော်..မှိုကန်စွန်း..
အမယ်လေးနော်... စားချင်လိုက်ဒါ....
ငါ့မောင်လေးချက်တဲ့ ကြက်ဥကြော်လေးက အကောင်းဆုံးပဲ နေမှာပါ..အဟိ..
နောက်တစ်ခါ အဲလို ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ချက်စားကြရင် ခေါ်လေကွာ....

WWKM said...

ဝေးးး.. ဂလု ဂလု.. သွားရည်ကျ..တွံတွေးတွေမျိုချသွား
တယ်။ နောက်ကျသွားပြီလား မသိ။ ထမင်းကနဲလိုက်
တာ။ ထမင်းလိုက်ပွဲလုပ်ပါဦး မောင်သံလွင်ရေ...
ဝက်သားနှပ်ကလေးကရှယ်ပဲ..
ကန်ဇွန်းရွက်ကြော်ရော ၊ ထားဝယ်ငါးပိထောင်းရော၊
လဘက်သုတ်ရော.. အကုန်ကြိုက်တယ်။
ကြကိဥကြော်တော့ စားတော့ဘူး မောင်သံလွင်ပဲ အဝ
စားတော့... ဟတ်ဟတ်.
တီဝါတို့ အလည်လာရင် ချက်ကျွေးနော်. တောင်ပေါ်သားလေးက ဥထမင်းပဲချက်ကျွေးမှာတဲ့။

တီဝါ အခု Oriental House က Dimsum ကိုအလွမ်း
ပြေ ကြက်ခြေထောက် Dim Sum ချက်နေတာ. မမ
အလည်လာတုန်းကသင်ပေးသွားတာလေ။ အရသာက
အတူတူပဲ သိလား။ အရမ်းစားကောင်းတာပဲ..ဟတ်ဟတ်
တီဝါက အိုရီရန်တယ်ဟောက်စ် ရောက်ရင် နိုင်လွန်
ပုဇွန်ရယ်၊ ပုဇွန်ကော်ပြန့်ကြော်ရယ်၊ ကြက်ခြေထောက်
ရယ်ကို အများကြီးစားတာလေ။း)

တာ့တာ.. အနံ့ရလာပြီ..စားလိုက်ဦးမယ်။ :D

:P said...

ကြက်ဥကြော်ကို အသားကင်တွေမှတ်လို့...။

Anonymous said...

အိုး ... ဟင်းတွေက ရှယ်တွေချည့်ပါပဲလား ... အကို့အကြိုက်နဲ့ ကွက်တိပဲ ဗိုက်ဆာနေတုန်း လာကြည့်မိတော့ ပိုလို့တောင် စားချင်သွားတယ်ကွာ၊ မိုက်သဟေ့ အရသာနဲ့ ရနံ့ကတော့ မြင်တာနဲ့ တောင် သရေကျလောက်ပါရဲ့ ... ဧည့်ခံတာ ကျေးဇူးညီရေ ...
အဲဗျ ... အပြန်နောက်ကျလို့ အကို့ အိမ်မှာ ဘာဟင်းမှ မကျန်တော့ဘူးတဲ့ ... ဒွတ်ခ ... :O ။

Anonymous said...

ဝါးသွားတယ်ဗျို့ အားရပါးရကို ၀ါးတာ ပိုးစိုးပက်
စက်ကိုဝါးတာ လူမြင်မကောင်းအောင်ဝါးတာ
ဟီဟီ အဲလိုစားချင်တာဗျ ဒါပေမဲ့ ပုံဆိုတော့ ဘီလိုလပ်ရပါ့ဗျာ

မီးတောင် said...

အကုန်းစားချင်တယ် ။
အဝစားသွားပါတယ် ။ ဘလော့ပေါ်မှာကျွေးတာဆိုတော့ ဘလော့ပေါ်မှာပဲ အပြတ်တွယ်သွားတယ် ။ သာဓု သာဓု