February 23, 2009

တစ်ချိန်တုန်းကဒုက္ခ အခုတော့ဟာသ





တစ်အိမ်တည်းနေ...တစ်ရေတည်းသောက်...တစ်အိုးတည်းစားတဲ့ မောင်မောင်ဘီးက တက်ခ်ထားလေတော့ ဟိုင်ပါဘစ်ဇီးဖြစ်နေ
တဲ့ကြားက အချိန်ရသလောက်ဖဲ့ယူကာ ရေးလိုက်ပါတယ်။ :)
ခေါင်းစဉ်ကတော့တစ်ခါတုန်းကဒုက္ခအခုတော့ဟာသ တဲ့...
ဒုက္ခ...ဒုက္ခ...ဒုက္ခ
ကိုယ်တိုင်တွေ.ကြုံခံစားဖူးတဲ့ဒုက္ခလှလှလေးတွေဟာအခုအချိန်ကြတော့လည်း
ဟာသဖြစ်သွားစမြဲပါပဲလေ။ငယ်ငယ်ကကျောင်းကားစောင့်ရင်းအီအီးပါချင်တဲ့ဒုက္ခ၊
ခရီးသွားရင်းကားဘိန်းပေါက်၊ကားပျက်တဲ့ဒုက္ခ၊စာမေးပွဲခန်းထဲမှာကျက်ထားတဲ့
စာတွေမမေးပဲမမြင်ဖူးတဲ့မေးခွန်းတွေကိုအာဖြီးညာရွှီးရတဲ့ဒုက္ခ၊ရှိုးရိုက်ရင်း run ကို
နှစ်ပူးနဲ့ဟောက်စ်ရောင်ဆောင်ပြီးရှိုးရတဲ့ဒုက္ခ၊ဘိုင်ပြတ်ရင်ခေါက်ဆွဲပြုတ်နဲ့နှစ်ပါး
သွားတဲ့ဒုက္ခ.....သြော်...ဒုက္ခ...ဒုက္ခ...များလဲ များပါပေ့။

၂၀၀၆ခုနှစ်(သံလွင်ဟီးရိုး၏ခရီးသွားနှစ်မှာ)ထားဝယ်မိသားစု
(တက္ကသိုလ်များရန်ကုန်)နဲ့
ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေးသွားတဲ့ခရီးစဉ်မှာ
ဒုက္ခလှလှလေးတစ်ခုနဲ့ကြုံခဲ့တယ်။ခရီးစဉ်ရဲ့ပထမဆုံးမြို့က
ပြင်ဦးလွင်ဆိုတော့လည်းရောက်ရောက်ချင်းရေရေလည်လည်ပျော်နေကြတာလေ။

ပြင်ဦးလွင်ရောက်ပြီးတစ်နေကုန်လည်လို့ပတ်လို့ဝတဲ့အချိန်မှာ
ညဘက်ကြီးအီးစီတွေနဲ့ဆိုင်ကယ်စီးပြီး မြို့ကိုဆက်ပတ်ကြတာပေါ့ဗျာ။ ဖေဖော်ဝါရီလဆိုပေမဲ့အအေးဓာတ်ကတော့မလျှော့သေးဘူး။
ဒါကြောင့်ဘွတ်တွေရွှတ်တွေနဲ့ပုလဲဖြူဆွယ်တာဆိုင်ကလက်အိတ်တွေ
ဝယ်ပြီးတော့ဆိုင်ကယ်စီးကြပါတယ်။ပထမတော့ဆိုင်ကယ်၅စီး၊
လူက၁၁ယောက်။စိုးစံဘော်ဒါတို့၊စာပန်းအိမ်တို့ကိုသွားပြီးတော
အီးစီတွေပါတဲ့ဆိုင်ကယ်သုံးစီးကမနက်ဖြန်အတွက်အစီစဉ်တွေ
တိုင်ပင်စရာရှိလို့ဆိုပြီး ဘုန်းကြီးကျောင်းကိုပြန်ပြီး နားကြတော့မယ်တဲ့။
သူငယ်ချင်းသုံးယောက်ရယ်၊ကျနော်ရယ်ကလည်လို့မဝသေးလို့
ဒီညတော့သူငယ်ချင်းဟိုတယ်တစ်ခုမှာအိပ်လိုက်တော့မယ်လို့
ခွင့်တောင်းပြီး အီးစီတွေကိုပြန်လွှတ်လိုက်ပါတော့တယ်။
ဟဲဟဲ...နဲနဲအတွန့်တတ်လိုက်ရမှလေ။ဒီမှာခရီးစဉ်ကစပြီ။

အချိန်က၁၀ကျော်လုနီးပါး...
တစ်ယောက်ကညပိုင်းကန်တော်ကြီးမှာလေညှင်းသွားခံပြီး
အတွဲသွားချောင်းမယ်ဆိုတော့အားလုံးကသဘောတူလိုက်ကြတာပေါ့ဗျာ။
မြူတွေကျနေတဲ့ညပိုင်းမှာလမ်းတစ်လျှောက်ထွန်းထားတဲ့ဓာတ်တိုင်များက
မေမြို့ဆောင်းရဲ့အအေးဓာတ်ကိုအံတုပြီးအလင်းရောင်
ပေးစွမ်းနေရှာတယ်။ခြံဝင်းအကျယ်ကြီး၊ပန်းပေါင်းစုံဥယျာဉ်ကြီးနဲ့
ရှေးခေတ်အိမ်အိုကြီးများ၊ဘန်ဂလိုပုံစံအိမ်လေးများကလည်းပြင်ဦးလွင်ရဲ့အလှကို ဖြည့်ဆီးပေးနေသယောင်ယောင်။
ဟိုလမ်း၊ဒီလမ်းစမ်းတဝါးဝါးနဲ့ဘော်ဒါနေခဲ့ဖူးတဲ့နှစ်ယောက်
ကိုအားကိုးတစ်ကြီးလမ်းပြခိုင်းပြီးတော့၁၅မီနစ်လောက်အကြာမှာ
ကန်ပတ်လမ်းအတွင်းကိုရောက်နေပြီ။
ဇာတ်လမ်းကဒီမှာစပါတော့တယ်။ကျနော်မောင်းနေတဲ့ဆိုင်ကယ်က
ဖွတ်ချက်...ဖွတ်ချက်...ဖွတ်ချက်နဲ့ဆီကုန်သွားပါရော။
ပထမတော့မသိသေးဘူး။ဘက်ထရီကုန်သွားတယ်ထင်ပြီး
အောက်နှိုးနဲ့နှိုးလဲမရဆီကလုံးဝမလိုက်လာတော့တာမို့လက်လျှော့လိုက်ရတယ်။
"ဟေ့ကောင်တွေဘယ်လိုလုပ်မလဲ...? "
"ဘယ်လိုလုပ်ရမလဲကွာ မြို့ထဲကိုသွားပြီးဆီသွား
ဝယ်ရမှာပေါ့ကွတစ်ခြားနည်းမရှိတော့ဘူး..."
"ကောင်းရောကွာဒါဆိုလဲဖက်တီးနဲ့အောင်ကို
မင်းတို့ပဲသွားဝယ်လိုက်တော့ငါနဲ့သီဟ
ဒီမှာစောင့်ကျန်ခဲ့မယ်မကြာစေနဲ့မြန်မြန်သွားပြီးပြန်ခဲ့ကွ"
"အေး...အိုခေ စိတ်ချ" ဆိုပြီးဟိုနှစ်ကောင်ထွက်သွားပြီး
ကျနော်နဲ့သီဟနှစ်ကောင်ပဲဝိုင်ပုလင်းလေး၃လုံးနဲ့ကျန်ခဲ့ပါတော့တယ်။
"ဟေ့ကောင်သီဟမင်းသရဲဆိုတာယုံလားကွ"
ဝိုင်ပုလင်းတစ်လုံးကိုဖောက်လိုက်ရင်းရုတ်တရက်
မေးလိုက်သောကျနော့်စကားကြောင့်
နဂိုကတည်းကမှအာဇာနည်သွေးအပြည့်ဝပါသောသီဟခမျာ
" ဟ...ဟကောင်.ဘာတွေလာမေးတာလဲကွာ...အရေးထဲ"
"ရှေ့ကသစ်ပင်ကြီးကို ကြည့်ကြည့်ကွ...ကုက္ကိုလ်ပင်ကြီး...
ဟိုဘက်မှာကလည်းဘာအပင်လည်းမသိဘာဘူးကွာ...နွယ်ကြိုးကြီးတွေနဲ့...
သရဲကြီးငုတ်တုတ်ထိုင်နေတာ ကြနေတာပဲကွာ..."
"သားကြီး...မင်းပါးစပ်ပိတ်ထားတော့...ငါကြောက်တယ်ကွ"
တုန်တုန်ရီရီနဲ့သီဟစကားကြောင့်ကျနော်လည်းသူ့ကိုသနားသွားပါတယ်။
ကြောက်စရာတော့အကောင်းသားဗျ။
လမ်းတစ်လျှောက်မီးတိုင်များကဟိုတစ်တိုင်၊ဒီတစ်တိုင်။
မျက်နှာချင်းဆိုင်မှာကလည်းတောအုပ်လိုလို
ခြံလိုလိုသစ်ပင်ကြီးတွေနဲ့မှောင်မှောင်မဲမဲကြီး။
အဲဒီဘေးမှာကလည်း ခြံတွေနဲ့အိမ်ငယ်လေးများ...
ကျနော်တို့အနောက်ဘက်မှာက
ခြံအကျယ်ကြီးအလယ်မှာအိမ်ကြီးကထီးထီးမားမား...မီးရောင်တစ်ခုမှမမြင်ရပဲ
လရောင်အောက်မှာအိပ်စက်နေတယ်။
ဟိုက်ရှာလဘတ်ရည်...ကျနော်လည်းဘေးပတ်ဝန်းကျင်လေ့လာပြီးမှ
ကြက်သီးထလာပါတော့တယ်။
အူ..................အူ.............အူ...............အူ..........

ဆွဲငင်ကာအူနေသောခွေးသံများကဟိုတစ်စဒီတစ်စကြားလာရတဲ့
အချိန်မှာတော့သီဟခမျာကြောက်စိတ်အထွတ်ထိတ်ရောက်ကာ
" ဟိုကောင်တွေကို ဖုံးဆက်ကွာ...တွေ.တဲ့ဆိုင်မှာမြန်မြန်ဝယ်ပြီးပြန်လာခဲ့တော့လို့..."
" လူကြီးမင်းခေါ်ဆိုသောဂျီစက်စ်အမ်တယ်လီဖုန်းမှာဆက်သွယ်မှု......"
၂ ခေါက်...၃ခေါက်..."
တူ.....တူ....ဝင်ပြီကွ...
ဟေ့ကောင် ဖက်တီးကြားလား...ဘယ်လိုလဲ...အဆင်ပြေလားကွ"
"အေး...အိုခေပြီကွ...
ဆိုင်တွေကပိတ်ကုန်တော့...မနည်းရှာလိုက်ရတယ်...လာပြီ ၁၀မီနစ်အတွင်း
"
အခုမှပဲနည်းနည်းစိတ်သက်သာရသွားပြီး...ကြောက်ကြောက်နဲ့ဆက်စောင့်လိုက်ရပါတော့
တယ်။ခဏကြာတော့ဟိုနှစ်ကောင်ကဆီပုလင်း၂ပုလင်းနဲ့ကတော့တစ်ခုကိုင်ကာ
ရောက်လာတော့မှကျနော်တို့နှစ်ယောက်သက်ပြင်းအခါခါချ...ကြောက်စိတ်ပျယ်ပြီး
ဆီထည့်နေတုန်း....ဝုတ်...ဝုတ်...ဝုတ်...အယ်လ်ဇေးရှင်းခွေးနှစ်ကောင်ကသူတို့ခြံရှေ့မှာ
ဆူညံ...ဆူညံလုပ်နေလို့ ဆက်တိုက်ဟောင်နေကာ...ကျနော်တို့လဲမြန်မြန်ထည့်ပြီး
ဆက်သွားမဲ့ခရီးစဉ်ကိုဖျက်ကာဆိုင်ကယ်သွားအပ်လိုက်ပါတော့တယ်။
အဲဒီအကြောင်းတွေကိုသူငယ်ချင်းတွေပြန်ဆုံဖြစ်ရင်ဟာသတစ်ပုဒ်အနေနဲ့သတိတရ
ပြောစမြဲပါပဲ...။ကျနော်နဲ့သီဟဘယ်လောက်ကြောက်ခဲ့ကြောင်း၊အောင်ကိုနဲ့ဖက်တီးက
ဘယ်လိုဆီသွားရှာရကြောင်းစုံနေတာပါပဲဗျာ။
ကဲ...မောင်ဘီးကလပ်သွားနေသည်။အဲယောင်လို့မောင်ဘီးစာရေးနေသည်ရေ.....
အထူးကြိုးစားပြီးရေးထားပြီးပါပြီ...ကျေနပ်မယ်ထင်ပါတယ် ။

February 17, 2009

ခေါင်းစဉ်မပေးရသေးတဲ့ ကဗျာ



အိပ်မရတဲ့ည...
လ က ကမ္ဘာကိုပတ်တာ နှစ်ခါရှိတော့မယ်
ငါ့စိတ်ထဲမှာ အကြိမ်ပေါင်းများစွာပတ်ခဲ့ပြီ...
ပြုခဲ့တဲ့ကောင်းမှုတောင်းဆုပြည့်မယ်ဆိုရင်
ဘုရားဆိုတဲ့ပုဂ္ဂိုလ်...လူသားကိုကြင်နာရင်
အချိန်တွေကို ကျော်ဖြတ်သွားနိုင်မဲ့စွမ်းအား
ရချင်တယ်...

နူးညံ့အိစက်ချင်းမရှိ...သက်မဲ့တဲ့
အိပ်ယာပေါ်မှာ...အထီးကျန်ခြင်းနဲ့ လှဲလျောင်းနေလည်း
အိပ်စက်မရ...
ငါ့မျက်လုံးတွေ ငါ့ကိုဆန္ဒပြနေပြီ ..
သူမြင်ချင်တဲ့မင်းရဲ့ပုံရိပ်တွေတောင်းဆိုနေတယ်...

ဘယ်လိုပဲကြိုးစားပြီးမေ့ဖျောက်ပြစ်ပြစ်၊ စိတ်ဖြေဖြေ
နှလုံးသားဆိုတဲ့ကောင်က သွေးထိုးပေးနေတယ်...
ဒီကောင်က အဓိက...ပြဿနာ
ငါတို့တွေ ဘာကြောင့် ဝေးနေရတယ်...
ဘာအတွက် ခွဲခွာရတယ်ဆိုတာ...သူသိတယ်
ဒါပေမယ့် ခေါင်းမာတယ်ကွာ...
နှလုံးသားက ငါ့ကိုတောင်းဆိုနေတယ်
သူအသက်ရှင်ဖို့၊အလုပ်ဆက်လုပ်နိုင်ဖို့
မင်းရဲ့အချစ်တွေလိုနေတယ်တဲ့
သူ့ကိုသနားတယ်...

ငါတို့နှစ်ယောက်ရဲ့...ဘဝ...အချစ်...ရည်ရွယ်ချက်.....
ငါ့ရဲ့ ဝဋ်ကြွေးတွေ ကျေချင်ပြီ...
နှလုံးသားဗလာ...စီးဆင်းစရာ အချစ်မရှိ...
အခု...ငါ့ရဲ့ဘဝက လူသေတစ်ကောင်လို ပါပဲကွာ...

ထူး(ထူးမင်းအောင်) 5.11.08 ( 3:48 am )

P.S ဒီကဗျာက ရန်ကုန်မှကျနော့်သူငယ်ချင်း ထူးမင်းအောင်ရေးထားတာပါ။
အခုချိန်ထိ မှတ်မှတ်ရရဒီတစ်ပုဒ်ပဲရေးဖူးခဲ့တယ်၊ တစ်ယောက်သောသူအတွက်
ရည်ရွယ်ခဲ့တယ်ဆိုလို့ ခံစားချက်မိမိကဗျာလေးကို ကျနော့်ဘလော့မှာတင်လိုက်ရပါတယ်။

February 14, 2009

Valentine's Day Vs သံလွင်ဟီးရိုး



ချစ်သက်လက်ဆောင်
နှင်းဆီပန်းစည်းတွေပေးဖို့
Floral တွေမှာ ပုရိသတို့
တန်းစီနေကြပြီ...
နိုင်ငံပေါင်းစုံက
brand အမျိုးမျိုးနဲ့
ချောကလက်တွေကလည်း
ချစ်သူတွေရဲ့လက်ထဲမှာကိုင်လို့...
မြူးဇစ်ပေါင်းစုံနဲ့
ဝုန်းဒိုင်းကျဲနေတဲ့
ရှိုးပွဲတွေမှာ
ချစ်သူစုံတွဲတို့ပျော်နေကြတယ်...
အေးမြတဲ့ညချမ်းမှာ
ချစ်သူနဲ့ dinner စားဖို့
ဟိုတယ်ကြီးတွေက
menu ပေါင်းစုံနဲ့
ဖိတ်ခေါ်နေပြီပေါ့...
အောချတ်လမ်းမကြီးမှာ
အကျီဆင်တူနဲ့ ချစ်သူတို့...
မာရီနာဘေးမှာ
မယ်ကပန်းစည်း
မောင်ကချောကလက်ကိုင်လို့...
စန်တိုစာက
siloso beach မှာ
လေညှင်းခံနေတဲ့ ချစ်သူတို့...
city hall မှာ. river side မှာ
raffles city မှာ.bugis မှာ
shopping malls မှာ
cineleisure မှာ
စင်္ကာပူရဲ့နေရာပေါင်းစုံမှာ...
ချစ်စုံတွဲတို့ ချစ်ရည်လူးကာ
Valentine's Day မှာ
ပျော်ရွှင်နေတဲ့အချိန်...
သံလွင်ဟီးရိုးခမျာ
ချစ်သူနဲ့ချောကလက်စားဖို့
အခွင့်လမ်းရယ်မသင့်
ကံကြမ္မာရယ် ဖိစီး
နှလုံးသားရေးအကျိုးမပေးလို့
vodka လေးကိုင်ကာ
power station မှာ
ဘော်ဒါပေါင်းဖော်တွေနဲ့ပဲ
ပျော်ကာမြူးပါတော့မယ်...

February 5, 2009

CRUSH

David Archuleta ရဲ့ Crush သီချင်းလေးကိုကြိုက်လွန်းလို့
ကျနော်ကိုယ်တိုင် ပေါက်တတ်ကရစပ်ထားတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
အားလုံးရှုစားသုံးသပ်တော်မူကြပါကုန်...တစ်ခါမှအဲလို မစပ်ဘူးသေးတော့
တစ်မျိုးကြီးပဲ...anyway...အမှတ်တယလေးပေါ့ဗျာ။ အမှားပါရင်ခွင့်လွှတ်ပါ ဟဲဟဲ။

CRUSH

YOU, you are the only one when I ever think...
YOU, you make me crazy and hypnotized...
Every middle of the night,
dreaming about your kiss and touch
that beat my heart thousands of time/min
I know, you are playing hearts...
I know, you always pretend to me...
I know, you are lying at any time...
I know, you are killing human love...
I know, I know, I know...
Why you are so hard to forget and
still can accept you till now
even I know cheating on me...
If you hv great affection to someone else
more than my love, I will go away from u guys...
But, it won't never be happened
Coz I belive my love on you is pure, consummate,
perfect and no word on dictionary can specify...