ထားဝယ်မိသားစုခရီးစဉ်ကကျနော့်အမေတို့ရန်ကုန်မှာတက္ကသိုလ်တက်
ကတည်းကရှိခဲ့တာပါ။ရန်ကုန်ရှိတက္ကသိုလ်အသီးသီးမှာကျောင်းတက်နေ
ကျတဲ့ ထားဝယ်သူ ထားဝယ်သားတွေ စုစုစည်းစည်းသွားကြတဲ့ခရီးပေါ့။
ခရီးစဉ်စစီစဉ်ကတည်းကအတန်းလစ်ချင်တဲ့ကျနော့်အတွက်တော့
လုံးဝငြင်းဆိုမှုမရှိဘဲစာရင်းပေးခဲ့တယ်။
ဖေဖော်ဝါရီ၇ရက်၂၀၀၆မှာကျနော်တို့ပြည်လမ်းစိန်ရတုအရှေ့ကနေညနေ
၃နာရီလောက်မှာစထွက်ခဲ့တယ်။အများစုမှာစီးပွားရေ၊ကွန်ပြူတာ၊ဒဂုံ၊
နိုင်ငံခြားဘာသာတက္ကသိုလ်တို့ကပါ။အုပ်ထိန်းသူနေနဲ့စီးပွားရေးတက္ကသိုလ်က
ထားဝယ်ဆရာမဒေါ်မြသန္တာနှင့်ဧည့်သည်ဆရာမတစ်ယောက်ပါပါတယ်။
ကားပေါ်မှာနာမည်၊တက္ကသိုလ်၊တက်နေသည့်နှစ်စသည်ဖြင့်နှုတ်ဆက်ကြ၊
ပါဆယ်ဂိမ်း၊၂လုံးဂဏန်း(၂ဒီအလောင်းကစားသဘောပါ.အရင်ကံစမ်းမဲလက်မှတ်
ရောင်းတယ်။ဖလား၂လုံးထဲကဂဏန်း၂ခုကိုရွေးပြီးပေါက်တဲ့သူပိုက်ဆံရပါတယ်)
ကစားနည်းတော်တော်များများကစားပြီးမှာတစ်ယောက်နဲ့တစ်တော်တော်
ရင်းနှီးလာကြတယ်။
ညနေ၆း၃၀လောက်တော့ပဲခူးရောက်ရော။ညနေစာကိုပဲခူးမှာအဝပြဲစား
ကြတယ်။(စားစရိတ်ပါကြိုကောက်ပြီးသားမို့ပိုက်ဆံပေးဖို့မပူရဘူးဟဲဟဲ)
ကားပေါ်ပြန်ရောက်တော့အီးစီတစ်ရောက်ကကာရာအိုကေဆိုတဲ့သူကိုမုန့်
ကြွေးမယ်လို့ဇာတ်လမ်းစလိုက်ရော၊အီးစီကြွေးတဲ့မုန့်ကိုစားချင်တာကနည်းနည်း
ကိုယ့်အစွမ်းကိုပြချင်သူကများများပါ။အပီပြင်သာဟစ်ကြပါတော့တယ်။
ဖြိုးကြီးရဲ့ချစ်သူများနေ့ဗွီစီဒီကထွက်ကာစမို့စုံတွဲသီချင်းသံတွေကညံနေပါတယ်
ကျနော်လည်းစိုင်းဆိုင်မောဝ်ရဲ့တစ်ရွာပါးအဆိုကောင်းလို့ချောကလက်
စားလိုက်ရတယ်(ဟဲဟဲ)
ည၁၂လောက်မှာဗိုက်ဆာနေမှုန်းသိတဲ့ကားဆရာကနောက်တစ်ခေါက်ရပ်ပေး
ပါတယ်တောင်ငူရောက်ပြီလားမေးတော့မလိုတော့ဘူးတဲ့၊ပေါက်တောသွား
သူကသွားကော်ဖီသောက်သူသောက်၊ကျနော်တို့သူငယ်ချင်းတစ်စုလည်း
ထမင်းကြော်ဝင်ကစ်လိုက်တယ်။ကားပေါ်ပြန်ရောက်ပြီးငိုက်မျဉ်းလာတဲ့အကုန်
လုံးကတစစအသံတိတ်လာကာတောင်ငူ၊ပျဉ်းမနား၊မိတ္ထိလာကိုကျော်သွားမှန်း
မသိဘဲမနက်၇း၃၀အမရပူရရောက်လို့အီးစီများကထလို့ရပြီဟေ့လို့လိုက်အော်
နှိုးတော့လို့ကားပေါ်မှဆရာမပါမကျန်နိုးလာပါတော့တယ်။ကျနော်နိုးလာ
လို့ကြည့်လိုက်ချိန်မှာတော့ကျောက်ဆည်ဆင်ကြီးက၊ကပြဖျော်ဖြေနေလေရဲ့။
အမရပူရမှာထမင်းနံနက်စာစားပြီးကားဆရာကကားကိုပြင်ဦးလွင်သို့ဦးတည်လိုက်
တယ်။မြွေလိမ်မြွေကောက်တောင်တက်လမ်းများနဲ့အတူစိုင်းထီးဆိုင်ရဲ့ကားပေါ်မှာ
လွှင့်ပျံ့နေတဲ့သီချင်းသံကမောသျှမ်းမြေရဲ့အငွေ.သက်ကိုထင်ဟပ်နေသလိုလို...
၂၁မိုင်မှာနာမည်ကြီးမုန့်ကိုစားပြီးစတော်ဘယ်ရီသီးများနဲ့စတင်မိတ်ဆက်
လေရော...တော်တော့ကိုတန်တာပါ။၃ခြင်းမှ၂၀၀တဲ့.ဘယ်နေရာတွင်မှမရနိုင်
တဲ့ဈေးပါ...ဆောင်းအကုန်ရဲ့အအေးဓာတ်ကပြင်ဦးလွင်နဲ့နီးလာလေလေသိသိ
သာသာအေးလာလေလေ...ပြင်ဦးလွင်ရောက်ရောက်ချင်း ဘိုးဘိုးကြီးနတ်
ကွန်းမှာကားဆရာကအရင်ဆုံးဦးတိုက်ပြီး...နေ့လည်စာစားကြတယ်။
မပာာအံ့ထူးကံသာပြည်ချစ်ဘုရား.နဲ့ပိတ်ချင်းမြေုာင်သွားပြီးအချိန်နောက်ကျသွား
လို့ထီးလှိုင်စတော်ဘယ်ရီခြံကိုမသွားလိုက်ရဘူး...ပြင်ဦးလွင်ညကတော်တော့်ကို ချမ်းပါတယ်...ညစာစားအပြီး...မြူနှင်းကျနေတဲ့ချိန်ဆိုင်ကယ်စီးတဲ့အရသာက
တော်တော်မိုက်တယ်ဗျာ။ကျနော့်သူငယ်ချင်း၂ယောက်က၁ဝတန်းကိုစိုးစံမှာ
နေဘူးတော့ပြင်ဦးလွင်လမ်းတော်တော်ကျွမ်းတယ်.ညကတော့ပြင်ဦးလွင်မြို့ထဲ
ကဘုန်းကြီးကျောင်းမှာအနားယူလိုက်တယ်...မနက်အစောကြီးမှာ...တို့ဟူးနွေး
ကြိုက်တဲ့ကျနော်ကတော့ရှယ်ဘဲ...အပီပြင်တီးပြီးတရုတ်ဘုံကျောင်းမှာသွား
ကတော့ကြတယ်.ပြီးတော့ပြင်ဦးလွင်ရဲ့နာမည်ကြီးရုက္ခဗေဒဥယျာဉ်..
ဥယျာဉ်ထဲကcafeတစ်ခုမှာပြင်ဦးလွင်မိတ်မက်မန်းဝိုင်သောက်ပြီးအလှတရားကို
အပီပြင်ခံစားခဲ့တယ်။ ပုလဲဖြှူဆွယ်တာဆိုင်ကဆွယ်တာတွေကလည်းအိမ်ပြန်
လက်ဆောင်အတွက်ပြင်ဦးလွင်အမှတ်တရပေါ့.
၁၀နာရီခွဲလောက်ပြင်ဦးလွင်ကပြန်ခဲ့ပြီးမန္တလေးကို ၁နာရီလောက်မှာရောက်ရော
ရာသီဥတုကချက်ချင်းကြီးပြောင်းသလိုလို...ချစ်ချစ်တောက်ပူနေတဲ့နေရောင်က
တိုးတိုးဝင်းရောက်တော့အေးချမ်းသွားပါတယ်...အညာလက်ရာဘူဖေးစားအပြီး ဘုရားကြီးကိုသွားဖူးပါတယ်...အကြိမ်ကြိမ်အခါခါဖူးလည်းမဝနိုင်တဲ့မျက်ရှင်တော်
ဘုရားပါ.နောက်တော့ကျနော်တို့ခရီးစဉ်ကမြနန်းစံကျော်ရွှေနန်းတော်ဆီကိုပါ။
မင်းတုန်းမင်း.သီပေါမင်းတို့ရဲ့အနေထိုင်အသုံးဆောင်များကရှေးမြန်မာ့
ယဉ်ကျေးမှုရဲ့ပြယုဂ်တွေပေါ့။ ရွှေကျောင်းတော်.အတုမရှိကျောင်းနဲ့အဲဒီနေ့က
မန္တလေးရဲ့နောက်ဆုံးခရီးစဉ်ကိုမန္တလေးတောင်မှအပြန်မှာအဆုံးသတ်လိုက်တယ်.
အီးစီတွေရဲ့ကောင်းမှုကြောင့်မန္တလေးဘုန်းကြီးကျောင်းကဓမ္မာရုံကြီးမှာ
ကျနော်တို့အတွက်နေရာရလိုက်တယ်ကျနော့်ဘဝရဲ့ပျော်စရာ
အကောင်းဆုံးညထဲကတစ်ညပေါ့။
ကျနော်မကစားဖူးတဲ့ကစားနည်းမျိုးစုံကိုဓမ္မာရုံထဲမှာကစားခဲ့တယ်.
အုပ်စုခွဲပြီးကစားကြတဲ့အချိန်မှာကျနော်တစ်ခါမှမတွေ.ဖူး...မခံစားခဲ့ဖူးတဲ့
Team spiritကိုရခဲ့တယ်...အပျော်ကြီးပျော်ခဲ့တာပါ။မနက်ရောက်တော့
ကားဆရာကတောင်သမာန်အင်းကိုအရင်သွားမလားဦးပိန်ကိုအရင်
သွားမလားတဲ့၊ကျနော်က...ဦးပိန်တံတားအောက်...
တောင်သမာန်အင်းအလည်က ထန်းရည်တဲကိုသွားမယ်လို့ပြန်ပြောလိုက်
တော့...မင်းမဆိုးဘူးဆိုပြီးကျနော့်ကိုကြည့်ပြီးရီနေတယ်...
(ဟဲဟဲ...ဘယ်ရမလဲ) ကျနော်တို့မနက်စောစောကြီးဦးပိန်တံတားပေါ်မှာ
လေညုင်းခံရင်း ထန်းရည်ချိုချိုလေးကိုငါးကလေးကြော်ကျွတ်ကျွတ်လေး
နဲ့မြည်းခဲ့တယ်။နောက်တော့စစ်ကိုင်းဆွမ်းဦးပုညရှင်.မုံရွာ မိုးညှင်းဘုရား၊ ကမ္ဘာအကြီးဆုံးရပ်တော်မူနှင့်ရွှေသာလျောင်းရှိတဲ့ဘောဓိတစ်ထောင်
ဘောဓိတစ်ထောင်ဆရာတော်ကိုဖူးခွင့်လည်းရခဲ့အတွက်ဝမ်းသာလှတယ်ဗျား။
မုံရွာမှအပြန်အတော်ညဥ့်နက်လှပြီမို့ စစ်ကိုင်းကောင်းမှုတော်ဘုရားမှာပဲ
ကျနော်တို့အိပ်ခဲ့ကြတယ်။မနက်ဖက်ကောင်းမှုတော်ဘုရားမှာ
ဘုရားဝတ်ပြုကြပြီးကျနော်တို့ရဲ့အပြန်ခရီးစခဲ့တယ်။
ပုလိပ်မြို့ကနာမည်ကြီးမြွေဘုရား.မိတ္ထိလာကန်တို့ဝင်ခဲ့သေးတယ်။
ငယ်ငယ်ကသင်ခဲ့ရတဲ့ကန်နံဘေးကနတ်ကွန်းကိုတော့မကန်တော့ခဲ့ရဘူး။
အပြန်ခရီးမှာ အကုန်လုံးခွဲရတော့မယ်အသိကုန်စီနဲ့မျက်နှာမကောင်းကြ
တော့ပါ...စီနီယာမမကြီးတစ်ယောက်ဆိုနောက်နှစ်လည်းလိုက်ချင်သေးလို့
နောက်semesterကိုစာမေးပွဲကြခံမယ်တဲ့လေ...။
ဘုရား.ဘုရား.ဘုရား...ကျနော်တို့မှာ...အစ်မရယ်စာမေးပွဲတော
့အောင်အောင်ဖြေပါ...နောက်နှစ်သွားရင်အစ်မကိုGuestအနေနဲ့ခေါ်ပါ့မယ် လို့မနည်းချော့လိုက်ရတယ်...ကျနော်တို့ရန်ကုန်မြို့ထဲဝင်လာ
တော့ မနက် ၅ နာရီ...ဖေဖော်ဝါရီ ၁၁ ရက်ရှိပါပြီ...ဇော်ပိုင်ရဲ့မြို့အဝင်ည
သီချင်းကတသဲ့သဲ့နဲ့.......လှည်းတန်းရောက်တော့...
ကားဆရာကသက်ြန်အကြိုသီချင်းနဲ့အတူအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်.....
....ပြန်ပါအုံးမယ်...ပြန်အုံးမယ်...နှုတ်ခွန်းဆက်ပါတယ်တဲ့.....၅နာရီခွဲမှာတော့
အားလုံးကစိန်ရတုခန်းမမျက်နှာချင်းဆိုင်ကမ္ဘောဇဘဏ်ရှေ့မှာ
လူစုခွဲလိုက်ကြပါတယ်...အီးစီများကတော့၇လပိုင်းမိတ်ဆုံညစာစားပွဲမှာပြန်
ဆုံဖို့လိုက်ပြောနေလေရဲ့.....
၂၀၀၆ခုနှစ်ထားဝယ်မိတ်ဆုံခရီးစဉ်မှာခင်မင်ခဲ့သောသူငယ်ချင်းများသို့အမှတ်တယ
သံလွင်ဟီးရိုး

2 comments:
မေမြို့ကိုသတိရလို့ ငိုတောင်ငိုချင်လာတယ်. :( ထီးလှိုင်မသွားခဲ့ရတာ နာတာပဲ.. ငါလည်း မေမြို့အကြောင်း ပို့စ်တစ်ခုတော့ ရေးဦးမယ်လို့ စိတ်ကူးထားတယ်.. အဲ့ဒီအချိန်ကျမှ အဝလည်တော့. :P
ထီးလှိုင်ကိုအရင်တစ်ခေါက်ကရောက်လိုက်လို့တော်သေးတာပေါ့ဗျာ...ဟုတ်ပြီ...ရေးပြီးရင်သံချောင်းခေါက်လိုက်
အဝလာလည်မယ်
Post a Comment