September 6, 2009

ခေါင်းစဉ်ပေးလို့မရတဲ့နေ့

အခုအချိန်နဲ့ ပြောရရင် မနေ့ကပေါ့ဗျာ ၅.၀၉.၂၀၀၉ မှာ ဦးဥာဏ်+တီဝါ
ညီမလေး ခိုင်တို့နဲ့ အတူစင်္ကာပူက ဘလော့ဂါတွေ စုစည်းပြီးတော့ စန်တိုစာကို
သွားပို့ကြတယ်။ အချိန်မရတော့Merlion, 4-D, Siloso Beach တွေကိုပဲ
အချိန်လုကာအားချင်းပို့ခဲ့ရတယ်။
အဲဒီနောက်မမရောင်တို့အိမ်မှာမမေလေး၊ ကိုတောင်ပေါ်သားတို့ အဖွဲ.
လက်စွမ်းပြချက်ထားတဲ့ ထမင်းသွားစားကြပါတယ်(ကျနော်ကသူငယ်ချင်းတွေနဲ့
ချိန်းထားလို့ ဒီအစီစဉ်ကိုလွတ်သွားတယ် D: ) နောက်တော့ Pasir Ris Park ကို
အခက်ခဲ အမျိုးမျိုးကြားက မရရအောင်သွားခဲ့တာကလည်း တစ်ကယ့်အမှတ်တရပါပဲ။
ဦးဥာဏ်ကို အကုန်လုံးနဲ့ပျော်ပျော်ပါးပါးကြီး Congratulation လုပ်နိုင်တဲ့အတွက်လည်း
ဝမ်းသာမိပါတယ်။တစ်ယောက်နဲ့ တစ်ယောက်အားတဲ့အချိန်တွေကို စုပြီးလုပ်ခဲ့ရလို့
အချိန်ကနည်းသွားတဲ့အတွက်တီဝါရေ နောက်တစ်ခေါက်ပြန်လာလှည့်ပါ။
အဲဒီအခါကျမှ အကုန်လုံးပြန်ပြီးစုစုစည်းစည်းနဲ့ ဝဝလင်လင်ပျော်ကြမယ်...
အခုတော့ ဆန့်ငင် ဆန့်ငင်ဖြစ်ပြီးစင်္ကာပူမှာ ကျန်ခဲ့ကြပြီ...
ဒီအပွဲဖြစ်မြောက်ရေးအတွက် အဓိကစီစဉ်ပေးကြတဲ့ မမရောင်၊ မမမေလေး၊
ကိုတောင်ပေါ်သား၊ နဲ့ ကျန်တဲ့လူအားလုံးကော၊
တစ်နေကုန် မနားစတမ်းဓာတ်ပုံမှတ်တမ်းတင်ပေးတဲ့ကိုမိုးကုတ်သား
ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ဗျာ။
(စာကြွင်း- တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူညီကြပြီးမောင်နှမတွေလို
တစ်ရင်းတစ်နှီးရှိကာ ဖော်ရွေပျူငှာကြတဲ့အတွက် ဒီနေ့အဖို့သံလွင်ဟီးရိုးရဲ့ ပိုလျှံနေတဲ့
အချိန်တွေ အကျိုးရှိရှိပျော်နိုင်ခဲ့ပါတယ်) အားလုံးပဲ အိပ်ပြီ...တာ့တာ ဂွတ်နိုက်

10 comments:

ကြယ်ပြာ said...

လာဖတ်သွားပါတယ် ...း)

တောင်ပေါ်သား said...

တချိန်ချိန်ပေါ့း) ညီရေ ဘယ်လိုမှ မေ့မရတဲ့ အမှတ်တရလေးကို မှတ်ထားမှာပါး)

လေးစားလျက်
တောင်ပေါ်သား

ဆောင်းနှင်းရွက် said...

မမောနိုင် ၊ မပန်းနိုင်
ညဘက် မိုးချုပ်မှ ပြန်ရောက်တာတောင်
ပို့စ် တင်နိုင်သေးတယ် ..။
တော်လိုက်တဲ့ hero ..!

Waing said...

တကယ့်အမှတ်တရနေ့ပါပဲ မ၀ါတို့မိသားစုရယ်၊ မရောင်၊ မမေလေး၊ ကျန်တဲ့ဘလော့ဂါသူငယ်ချင်းတွေအားလုံးကို ပျော်ပျော်ရွှင်ရွှင်တွေ့ခဲ့ရတဲ့ နေ့လေးတရက်ပဲ စင်ကာပူ ဘလော့ဂါမောင်နှမတွေ အားလုံးရဲ့ ရင်ထဲမှာတော့ မမေ့နိုင်တဲ့ နေ့လေးအဖြစ်နဲ့ ကျန်နေမှာပါ။
ခင်လျက်
ဝိုင်း

WWKM said...

အရှည်ကြီး မန့်တာ မရ။

WWKM said...

သြော်.. ဒါတော့ရတယ်.း)

WWKM said...

မောင်သံလွင်ရေ..
ပို့စ်လေးအတွက်ကျေးဇူးစ်စ်
တီဝါတို့ ဂျပန်ပြန်ရောက်ကြပါပြီ။
မနေ့တုန်းက အကြောင်းလေးကို အချိန်ယူပြီး ပို့စ်လေး
ရေးဦးမယ်။အရမ်းပျော်မိတယ်။
နောက်ထပ်လား... အင်းးး လာပါဦးမယ်. အဲခါကျရင်တော့ စလုံးက ကလေးတွေ လမ်းသိအောင်လုပ်ထားကြနော်.း)))

တီဝါ

မေလေး(ဆုံနိုင်ခွင့်) said...

သံလွင်ရေ
ဘယ်တော့မှ မမေ့နိုင်စရာနေ့လေးပါဘဲ။ အမြဲ အမှတ်ရနေမှာပါ.။ နောက်လုပ်တဲ့ ပွဲတွေကျရင် ခေါ်လိုက်မယ်နော်။ မမဝါပြောနေပြီ အရှက်တော့ကွဲပါဘီဟယ်။ နောက်ကိုလမ်းသိအောင် လုပ်ထားမှ ။

ဝသန်မိုး said...

သံလွင်ညီ ရေ
ပျော်စရာနေ့ လေးပဲပေါ့
ဒီကနေပြီးတော့ပဲ ပျော်လိုက်တယ်
အဆင်ပြေပျော်ရွှင်ပါစေညီရေ

ခင်တဲ့
ဝသန်မိုး

စိမ်း... said...

ဟယ် ဟိုဘလော့ဂ်သွားလဲ ဒီအကြောင်း ဒီဘလော့ဂ်လဲ ဒီအကြောင်း ... အားငယ်လိုက်တာ... တို့များ... :P