October 25, 2009

အကြွေစောတဲ့ကလောင်တစ်လက်





နီကိုရဲ...ဆုံးပြီတဲ့...မျက်နှာစာအုပ်ရဲ့
new feedမှာသူငယ်ချင်းတစ်ယောက်ရေးထား
တာလေး။တွေ.တွေ.ချင်းဟုတ်မှဟုတ်ရဲ့လားလို့ ဘလော့တွေ၊ဆိုက်တွေမှာလျှောက်
ကြည့်မိတော့ အစ်မမိုးချိုသင်းဆီမှာတင်ထားတာတွေ.တယ်လေဗျာ။
သက်ပျင်းရှည်ရှည်ချမိတယ်။ ဟူး....ဒါဆို.သေချာသွားပြီပေါ့။

ကျနော်တို့ဟိုက်စကူးဘဝတည်းက သူငယ်ချင်းတွေရောကျနော်ပါကြိုက်ခဲ့တဲ့
စာရေးဆရာ။ စာအုပ်ဆိုင်မှာလကုန်တိုင်း ဒီလနီကိုရဲဘာထွက်လဲလို့မေးဖြစ်တဲ့
အထိ။ ပေါ့ပေါ့ပါးပါးနဲ့ဖတ်ရင်းရယ်ပြီးဘဝအမောတွေဖျောက်ခဲ့တဲ့အချိန်တွေကို
သတိရနေမိတယ်။
နီကိုရဲ....နီကိုရဲ....သူ့ရဲ့အလွဲတွေကိုစာပေါ်တင်ပြီးလူတွေကိုအပန်းဖြေစေခဲ့သူ။
ခေတ်ရေစီးကြောင်းအလိုက်ရသတွေကိုဖန်တီးပေးခဲ့သူ။ဒါတင်မကဗီဒီယို၊ရုပ်ရှင်
တွေမှာပါဇာတ်ကားကောင်းအောင်ပံ့ပိုးဆောင်ရွက်ပေးသောသူ။
အခုတော့ သူချစ်တဲ့အနုပညာ၊မိသားစု၊အသိုင်းဝိုင်း၊ပရိသတ်တွေကိုနှုတ်ဆက်ဖို့
တောင်အချိန်မရပဲထွက်သွားခဲ့ခြေပြီ။ ဒီခရီးကိုလူတိုင်းသွားရမယ်ဆိုတာသိပေမဲ့
လေးစားအားကျနှစ်သက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အတွက်လည်း
အကြွေစောလို့နှမြောမိပါတယ်။ ကောင်းရာသုဂတိလားပါစေ။


13 comments:

ဝက်ဝံလေး said...

အေးဟာ ငါလဲ ကိုလူထွေး တင်မှပဲ သိတော့တယ် သူ့ရဲ့ လှည့်စားနဲ့ နတ်ဆိုးတကောင်ရဲ့ ရင်လွဲသူ ဖတ်ဖူးတယ် ဟ ကြိုက်တယ် နောက် ရှိပါသေးတယ် ငါမမှတ်မိတော့လို့ဟ အော် တမာပင်လား အဲဒါ လေ သိလား အဲဒါလဲ ဖတ်ဖူးတယ်

စိတ်မကောင်းဘူးကွယ် (အလဲ့ လူကြီးလေသံနဲ့ ပြောသွားတယ်နော် ဟိဟိ)

ဖိုးသင်္ကြန် said...

အင်း သွားနှင့်တယ်ဆိုပေမယ့် စောလွန်းလှတယ်ကွာ...
ကျန်ခဲ့တဲ့ မိသားစုလေးအတွက် ရင်မောပါရဲ့

Unknown said...

ဟယ် ခုမှသိတယ်... နှမြောစရာကြီးပါလား
နှလုံးသားထဲကြွက်ဝင်နေသည်တို့ တို့ဖေဖေတို့ လှည့်စားတို့ဆို အသည်းစွဲပဲ...
တကယ်တော်တဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက်အကြွေစောလှချည်လားနော်...

khin oo may said...

စိတ်မကောင်းပါ

Anonymous said...

စိတ်မကောင်းစရာပါပဲဗျာ... တော်တဲ့သူများကျတော့ အသေစောလိုက်ကြတာ။

ဂျပန်ကောင်လေး said...

အင်း .. အခုတလော နာမည်ကျော် အနုပညာရှင်တွေ မြန်မာမှာရော.. ကမ္ဘာမှာရော တဖြုတ်ဖြုတ်ကြွေနေပါ့လားဗျာ....

~ဏီလင်းညို~ said...

ကျွန်တော် ဒီနေရာလေးကိုရောက်မှသိရတာပါ...။ စိတ်တောင်မကောင်းဘူးဗျာ...။
သူ့ရဲ့စာတွေကို “မကြည်ပြာနှင့် သူ၏အလွဲများ”...ကတည်းက ဖတ်ခဲ့ရတာ...
တစ်ကယ်...စိတ်မကောင်းဖြစ်မိရတယ်ဗျာ...။

ညလင်းအိမ် said...

အင်း... ဟုတ်တယ်...
ကျွန်တော်လည်း မမနော်ဟရီက တင်လိုက်လို့ သိရတာ...
သိသိချင်းစိတ်မကောင်းအရမ်းဖြစ်မိတာ...
သူရောက်လေရာ ဘ၀မှာငြိမ်းချမ်းပါစေလို့ ဆန္ဒပြုမိတယ်...

ဒဏ္ဍာရီ said...

မနေ့က ဒီသတင်းလေးကို ကြားရတော့ စိတ်မကောင်း ဖြစ်မိတယ်။ အခုဘလောဂ့် တော်တော်များများမှာလည်း ဒီသတင်းလေးတွေပဲ ဖတ်နေရတယ် စိတ်မကောင်းခြင်းများစွားနဲ့ပေါ့။

ခင်မင်လေးစားလျှက်

Ree Noe Mann said...

စိတ်မကောင်းဖြစ်မိတယ် ညီရေ

ခင်တဲ့ ကိုရီနို

ညီညီ said...

ကျွန်တော်အကြိုက်ဆုံး ဆရာဆရာတစ်ယောက်ပါ. “မကြည်ပြာနှင့် သူ၏အလွဲများ” ကတည်းက စပြီးကြိုက်ခဲ့တာပါ. နောက်ထွက်သမျှတွေလည်းအကုန်ကြိုက်တယ်. အဓိကက ပျော်ရွှင်ရယ်မောဖွယ် ဇာတ်ကောင်စရိုက်လေးတွေက စိတ်ညစ်နေတာတွေကိုပြေပျောက်စေလို့ပါ.။ အရမ်းနှမြောမိတယ်ဗျာ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

စည်သူ said...

သံဝေဂ ရစရာပေါ့ညီမရာ..

ပျော်ရွှင်ပါစေ..

ခင်မင်စွာဖြင့်
စည်သူ

ခရေညို said...

အမလည်း နီကိုရဲ ရဲ့စာတွေကိုအရမ်းကြိုက်တဲ့အ အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ ကောင်းတာတစ်ခုက ၂၀၁၂ မှာကမ္ဘာကြီး ပျက်မယ်
ဆိုရင် သူမခံစားရတော့ဘူးပေါ့ အဆိုးထဲက အကောင်းပေါ့ ။ ဆရာ နီကိုရဲ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။