December 13, 2009

သားရေစာ

Mochi၊Yaki Tori၊Donutsတွေမကြိုက်ဘူးလားမဟုတ်ပါဘူး။
Burger၊Pizzaတွေမစားချင်ဘူးလားမဟုတ်ပါဘူး။
အစားသောက်ကောင်းဟူသမျှကြိုက်ပါတယ်။အထူးသဖြင့် နေရာသစ်တစ်ခုကိုရောက်တိုင်း(သို့)အမြင်ဆန်းစေတဲ့နာမည်ကြီး
အစားသောက်တွေကိုစားကြည့်လေ့ရှိသည်။ စလုံးရောက်ပြန်တော့သူ့ရဲ့အစားသောက်တွေဖြစ်တဲ့rojakတို့ဘာတို့
ညာတို့စားကြည့်သည်။မဆိုးပါဘူး။ဒါပေမဲ့laksaကိုတော့မကြိုက်ပါ။
အုန်းနို့သိပ်မကြိုက်တာကတစ်ကြောင်း၊အစပ်မစားနိုင်တာက
တစ်ဖုံအဲဒါကိုတော့လုံးဝမစားပါ။ယိုးဒယားသင်္ဘောသီးထောင်း
ကတော့ချွင်းချက်ပေါ့ဗျာ။

အဲဒါတွေထက်ကိုယ့်တိုင်းပြည်ရဲ့ဒေသအစားသောက်တွေကိုပို၍ခုံမင်သည်။
အခုလည်းကြည့်လေ။တစ်မြို့တည်းသားတွေဖြစ်တဲ့ကျောင်းကသူငယ်ချင်း
တစ်ယောက်ဟိုတပတ်ကပြန်ရောက်လာလို့လက်ဆောင်တစ်ထုပ်ပါလာတယ်။
ရောက်ရောက်ခြင်းဘာတွေပါလာလည်းလို့ကြည့်လိုက်တော့ငါးမုန့်အစိမ်း၊
ဒုရင်းယို၊သီဟို၌စေ့၊ဂုံးခြောက်တွေပါ။အိမ်ပြောင်းနေတာကတစ်ကြောင်း၊
အခုတလောအိမ်မှာသိပ်မရှိတာကြောင့်မစားဖြစ်သေးဘူး။

ဒါပေမဲ့ဒီနေ့မှာတော့အားလုံးကိုနည်းနည်းစီနှိုက်မြီးကြည့်လိုက်တယ်။

ငါးမုန့်


ဒါကိုကြော်လိုက်တော့....


ဒါမျိုးဖြစ်သွားတယ်။
ဒီကPrawn crackers တွေလောက်မထူပေမဲ့ငါးအရသာအပြည့်နဲ့ငါးမုန့်ပါ။
ကျနော်တို့မြို့မှာစံမတူ၊အောင်ပင်လယ်နဲ့မြင့်မြင့်ဆိုတဲ့နာမည်ကြီးငါးမုန့်ဆိုင်
တွေရှိတယ်။အဲဒီအထဲမှာကျနော်အကြိုက်ဆုံးကတော့မြင့်မြင့်ပါ။သူကတော့
ဟိုးအရင်မိဘ၊ဘိုးဘွားအစဉ်ဆက်ကနေငါးမုန့်ပညာကိုလက်ဆင့်ကမ်းလာ
တဲ့အတွက်အရသာကလည်းကောင်း၊အိမ်နဲ့လည်းနီးလို့အမြဲလိုလိုဝယ်စား
ဖြစ်ပါတယ်။အခုပါလာတဲ့အောင်ပင်လယ်ဆိုလည်းမဆိုးပါဘူး။
export qualityအတိုင်းစနစ်တကျလုပ်ထားတာမို့အရသာကတော့
ပြောစရာမလိုပါဘူး။နှမ်းပါတာတို့၊လေးထောင့်ပုံစံတို့လည်းရှိပါသေးတယ်။
ရန်ကုန်ကစီးတီးမတ်တို့oceanတို့မှာရောင်းတဲ့ငွေပင်လယ်ဆိုတဲ့တံဆိပ်နဲ့
တူတူပဲဖြစ်ကြောင်းကြားဖူးပါတယ်။

ဒူးရင်းယို



အသီးနှံပေါတဲ့ကျနော်တို့ဆီမှာနာနတ်ယို၊ဒူးရင်းယို၊ပိန္နဲယို၊စသည်ဖြင့်
လုပ်ရောင်းလေ့ရှိတယ်။ဒူးရင်းသီးအနံ့မွှေးမွှေးနဲ့ဒူးရင်းသီးအပြည့်ဝပါတဲ့
ဒူးရင်းယိုကိုတော့ဒူးရင်းသီးကြိုက်တဲ့သူများအတွက်ထူးရှယ်....

ဂုံးခြောက်

ကုန်းပေါ်မှာသွားနေတဲ့အကောင်တွေကို
မစားပဲသာနေမယ်။ပင်လယ်ထဲကအကောင်တွေကိုတော့
ဘာကောင်ပဲဖြစ်ဖြစ်ကြိုက်ပါတယ်။
ရေထွက်ပစ္စည်းစုံလင်လှတဲ့မွေးရပ်မြေမှာဒီလိုအစားသောက်တွေ
ပေါတာကတော့မထူးဆန်းပါဘူး။ဂုံးခြောက်၊ပြည်ကြီးငါးခြောက်၊စမတ်
ခြောက်၊ပုဇွန်ခြောက်၊ငါးခြောက်မျိုးစုံရှိပါတယ်။ဂုံးခြောက်ကို
မီးကင်ပြီးစားရင်ကောင်းသလိုပုံထဲကမျိုးဒယ်အိုးပူပူမှာဆီနည်း
နည်းထည့်ပြီးအိုးကပ်ကြည့်တော့လည်းစားလို့ကောင်းတဲ့
သားရေစာတစ်ခုပါပဲ။

သီဟို၌စေ့

ရာဘာ၊ကွမ်းသီးခြောက်တို့လိုပဲသီဟို၌စေ့ဟာလည်းဈေးကောင်းတဲ့
ဒေသထွက်ကုန်တစ်မျိုးအနေနဲ့ပါဝင်ပါတယ်။ ထောပတ်၊ဆားအနည်း
ငယ်ထည့်ပြီးကြော်စားလို့ကောင်းတဲ့သီဟို၌စေ့ကိုကျနော်တို့ဒေသမှာ
ဈေးနှုန်းချိုတဲ့အတွက်မျက်နှာပန်းလှတဲ့လက်ဆောင်ပစ္စည်းတစ်ခု
အနေနဲ့နေရာယူထားဆဲပါပဲ။

12 comments:

ဖိုးသင်္ကြန် said...

အဟမ်း...
လက်ဆောင် လက်ခံသည်။
:E

khin oo may said...

နဲနဲလောက်.

khin oo may said...

နဲနဲ မလောက်လို့ကတော့ ခဲနဲ့ပေါက်မှာဘဲ။

ဏီ(န်)ကင်း said...

လာစားမယ်...ဗျို့..

Anonymous said...

ကြည့်ရင်းတောင် သွား၇ည်ကျတယ်ဗျာ.. တောက် တကယ်သာ စားလို့ရရင် တထိုင်ထဲ အကုန်ဝါးပစ်တယ် အဟုတ်။

သိင်္ဂါကျော် said...

သားရေစာ ဆို ကြိုက်ပြီးသား ....

ဏီ(န်)ကင်း said...

ဂုံးလေးတွေထပ်လာကြည့်သွားတယ်...စားချင်လို့..ဂလု

:P said...

တို့ငယ်ငယ်ကတည်းက မြို့မှာ အောင်ပင်လယ် စပါယ်ရှယ် ထားဝယ်ငါးမုန့် ဆိုပြီးရောင်းတဲ့ဆိုင်၇ှိတယ်

စားချင်လိုက်တာ

ကြယ်ပြာ said...

အုန်းနို့ပါရင် မကြိုက်ဘူးဆိုတော့ အုန်းနို့ခေါက်ဆွဲကြိုက်တယ်ဆိုတာညာပြောတာပေါ့လေ ...
ဟုတ်လား သံလွင် ...

yangonthar said...

အကြိုက်တွေချည်းတွေ့ လို့ မြည်းသွားတယ် ညီသံလွင်ရေ မတွေ့ တာကြာလို့  အဆင်ပြေတယ် ဟုတ် ?
ခင်တဲ့
ရန်ကုန်သား :))

ရေတမာ said...

တော်တော်ဆိုးတဲ့လူဗျာ။ နှိပ်စက်တယ်။ တီကွမ်းရေးထားတာလည်း တကယ်ရီရတယ်

ဧပရယ်လ်ပူး@ပူးတေ said...

ထားဝယ်ကလူတွေ လာလည်ရင် ရှပ်သီတွေ လက်ဆောင်တယ်။ ကိုသံလွင်သားပြောတဲ့ ဂုံးဆိုတာပေါ့။ ရှပ်သီကင်ကို အရမ်းကြိုက်တယ်။ ငါးမုန့်လဲကြိုက်၊ သီဟိုဠ်စေ့ ဒူးရင်းယိုတော့ သိပ်မကြိုက်၊ စားတော့စားတယ်။ :)