December 29, 2009

စိတ်ကူးအိမ်မက်


တီဝါတက်ခ်ထားတာ(၁၀)ရက်လောက်ရှိပါပြီ။ရေးမယ်ရေးမယ်နဲ့စိတ်ထဲမှာ
တေးထားတာဒီနေ့မှပဲအပြင်မထွက်၊အိမ်တွင်းအောင်း၊ဘလော့တွေခိုးလည်
ဂျီမေးထဲကစလုံးဘလောဂါအရေးပေါ်သတင်းတွေကိုနားစွင့်ရင်း
ရေးဖြစ်လိုက်တော့တယ်။


၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.(မိမိရဲ့ စိတ်ကူးထဲမှာကိုယ်လုပ်
ချင်တဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ။)ကျွန်မရဲ့
စိတ်ကူးများထဲက
ကျွန်မလုပ်ချင်တဲ့ အလုပ်တွေအကြောင်းကို
တော့
စိတ်ကူးများနဲ့ ကျွန်မဆိုပြီး ပို့စ်လေးရေးဘူးခဲ့ပါတယ်။

တီဝါရဲ့မေးခွန်း(၁)ကတော့ လွယ်မလိုလိုနဲ့ဖြေရတာတော့အတော်
ခက်ပါတယ်။စိတ်ကူးဆိုတာကတော့ပိုက်ဆံမပေးရပဲယဉ်လို့ကောင်း
သလိုလက်တွေ.မှာအကောင်ထည်ဖော်ဖို့ကျတော့ခက်ခဲမှုတွေကအရမ်း
များနေပြီးလုံ့လစိုက်ထုတ်အား၊ကြိုးစားမှု၊ကံကြမ္မာ၊မိမိကိုယ်တိုင်ပေါ်မှာ
လုံးဝမူတည်နေပါတယ်။ စိတ်ကူးကလည်းအောင်မြင်မှုကိုရယူ
ဖို့အိမ်မက်တစ်ခုဖြစ်သလို၊ဘယ်အလုပ်မဆိုကိုယ်ကစိတ်ကူးယဉ်ထား
ပြီးမှစတော့ပိုအဆင်ပြေမည်(ဗြုန်းစားကြီးထက်ဆိုရင်ပေါ့ဗျာ)
အလုပ်ကစိတ်ကူးထားတဲ့အတိုင်းထွက်ပေါ်လာတော့ကိုယ်ဖြစ်ချင်တာ
နဲ့အလုပ်ထပ်တူညီမည်၊ တစ်နည်းအားဖြင့် ဆန္ဒနဲ့ဘဝထပ်တူပါကျနိုင်သလို
ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ရတာကလည်းတစ်ခြား မလုပ်ချင်တဲ့အလုပ်
ကိုလုပ်နေရတာထက်စာရင်တော့ ကောင်းကျိုးတွေပိုမိုခံစားနိုင်သလို
အောင်မြင်မှုတွေကိုပိုလှမ်းနိုင်မည်။

စိတ်ကူး(၁)

ပထမဆုံးအနေနဲ့ဖြစ်နိုင်ခြေအများဆုံး၊ဖြစ်သင့်တာ၊ဖြစ်လိမ့်မှာ
တစ်ခုကတော့ကျောင်းပြီးတာနဲ့စလုံးကကုမ္ပဏီတစ်ခုမှာအကောင်းတင်း
(သို့)ဖိုင်းနက်စ်နဲ့ပက်သက်တဲ့အလုပ်တစ်ခုကိုရှာရမှာသေချာပါတယ်။
ဒါမှလည်းကိုယ်သင်ချင်လွန်းလို့ရွေးထားတဲ့လမ်းတစ်ခုဖြစ်သလို၊
ဆက်လျှောက်ဖို့ရာတာဝန်တွေကလည်းကိုယ့်အပေါ်မှာရှိလာပြီ
မဟုတ်ပါလား။ဒါကလည်းနောင်တစ်ချိန်မှာအင်အားကြီးကုမ္ပဏီတစ်ခုရဲ့
CEO တစ်ယောက်ဖြစ်ဖို့ခြေလှမ်းတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူး။

သာမာန်နေ့လေးတွေမှာShop inတို့၊မူစတာဖာကပေါချောင်ကောင်းဝယ်
လာတဲ့office wearလေးတွေဝတ်လို့ mrt ကိုမှီစီးရင်းမှသည်....
အဆင်နည်းနည်းပြေလာတော့G2000နဲ့city cab တွေခပ်စိတ်စိတ်စီး
လာနိုင်သလို၊အောင်မြင်မှုတွေထပ်ဆင့်ဝင်လာတော့Gucciကိုခြေတောက်
မှာချစီးပြီးLamborghiniကိုအောချတ်မှာပတ်မောင်းရင်းရုံးကိုသွားနိုင်ပါပြီ။
ဒီလိုအခြေအနေမျိုးရောက်ဖို့ဘာအလုပ်လုပ်မှာလဲဆိုတော့ကာ သာမာန်
အကောင်းတန့်ဘဝလေးမှသည်မန်နေဂျာကြီးဖြစ်ဖို့ရာကြိုးစားရမည်ဆိုပါ
တော့။အဲဒီမှာအခြေအနေပေးလို့ကမ္ဘာ.sharesဈေးကွက်ကြီးကိုလက်ဝါး
ကြီးအုပ်နိုင်သလို၊ထိုမှသည်ဘဏ်လုပ်ငန်းတို့၊ရေနံလုပ်ငန်းတို့ကိုအခြေဆန့်
မည်ဆိုပါတော့....

စိတ်ကူး(၂)

ဒါကတော့ တော်တော့်ကိုကြီးမားတဲ့စိတ်ကူးပါ။ဒါဖြစ်ဖို့အတွက်ကတော့
ရန်ကုန်ကသိန်း(၁၀၀၀)ထီပေါက်ရင်မဆိုးသလို၊တိုတို(သို့)၄ဒီကိုက်ရင်
လည်းဖြစ်မှာဧကန်ပါပဲ။ ဒီစိတ်ကူးကိုတီဝါပြောခိုင်းလို့သာပြောရတာ။
လက်ဦးသွားလို့ကတော့ရင်ခံမှာပဲ။ စလုံးကဘလော့ဂါတို့....
ပင်နီစူးလားအောက်ထပ်ရနံ့သစ်အရှေ့၊ဧရာဝတီအရှေ့ကတရုတ်၊ကုလား၊
ဖျော်ရည်ဆိုင်တွေပေါင်းစပ်ထားတဲ့၎ခန်းတွဲကြီးကိုသိတယ်
မဟုတ်လား ???? ကျနော့်စိတ်ကူးက အဲဒီမှာဈေးနှုန်း
အထူးချိုသာ၊လက်ရာဆွေမျိုးမေ့လောက်အောင်ကောင်းမွန်လှပြီး
သန့်ရှင်းခမ်းနားလှတဲ့စားသောက်ဆိုင်ကြီးတစ်ခုဖွင့်ချင်သတဲ့ဗျား။
ဝင်ဝင်ခြင်းမှာရွှေရင်အေး၊သာကူ၊မုန့်လက်ဆောင်းမှသည်အသီးမျိုးစုံ ဖျော်ရည်၊ရေခဲချစ်တွေရတဲ့ရေကျော်ပန်းတောက်ရိပ်ထက်ကောင်းတဲ့
အအေးကောင်တာ။ အဲဒီဘေးမှာစိမ်းလန်းကဝက်သားဒုတ်ထိုးနည်းပညာ
ကိုရယူပြီးပူပူနွေးနွေးဝက်သားဒုတ်ထိုးခြင်း။ဆေးပေါင်းစုံနဲ့ကွမ်းယာတဲ
ကတစ်ခု။ဆိပ်၊ကျ၊ပေါ့၊ချိုအရသာစုံတဲ့ကဖေးပိစိကွေးတစ်ခုမှာတော့
မလိုင်နံပြား၊ပဲပလာတာ။မန်းပေါက်စီ၊ဆီထမင်းအဆုံးစားဖွယ်
စုံစုံရစေရမည်။မြန့်မာ့ရိုးရာကျောက်ကျော၊ငှက်ပျောသီးဆနွင်းမကင်း၊
ရွှေကြည်၊လက်ဖက်စတဲ့စားသောက်ကုန်မှပန်းပု၊ပန်းချီ၊ရုပ်သေးစတဲ့
လက်ဆောင်ပစ္စည်းတွေချိတ်ဆွဲထားတဲ့gift shopကတစ်ခု၊တိုဖူးနွေး၊
ရှမ်းခေါက်ဆွဲ၊မာလာဟင်း၊မြီးရှည်တွေရတဲ့ရှမ်းစာတစ်ဆိုင်၊ရန်ကုန်
ဗိုလ်ချုပ်ဈေးကဦးအညာသားကိုအက်စ်ပတ်စ်ပေးပြီးသူ့ပုံစံအတိုင်းခုံ
သေးသေးတွေနဲ့ဟင်းအိုးကြီးဘေးမှာချ၊ပဲကြော်၊ဘူးကြော်၊အိုးဘဲဥ အစုံမုန့်ဟင်းခါးနဲ့မင်းလမ်းကရခိုင်မု့န်တီထက်ကောင်းတဲ့အာပူရှာပူ။
ကတ်ကြေးကိုက်၊ကြေးအိုး၊ခေါက်ဆွဲကြော်မှကုန်းဘောင်ကြီး၊ဂဏန်းချက်
စတဲ့မီနူပေါင်းစုံရတဲ့စားဖွယ်စုံ။ဒါတင်မကဓနုဖြူက၊အောင်သုခ၊၂၀၃တို့မှာ
ရလေ့ရှိတဲ့မြန်မာ့အစားသောက်တစ်နေ့ကိုအမျိုး၂၀ထက်မနည်းအသင့် စားသုံးနိုင်မည့်ချက်ပြီးသားဟင်းတွေနဲ့ကလည်းကောင်တာတစ်ခု။ မှန်မှန်လေးဖြစ်ချင်သူတွေအတွက်လည်းရွှေတံဆိပ်ဆုရမြန်မာဘီယာတွေ။

မဂ်လာဆောင်မောင်နှံများအတွက်လည်းစိတ်တိုင်းကျဖြစ်အောင်ခန်းမ
တစ်ခုသဖွယ်ပြင်ဆင်ပေးသလို၊မွေးနေ့၊ပါတီပွဲများ၊အိမ်သစ်တက်၊အတွက်
အော်ဒါလက်ခံပြီးCatering Serviceကိုစလုံးကျွန်းအနှံ့ပို့ဆောင်ခ
သက်သာစွာဖြင့်ဆောင်ရွက်ပေးပါမည်။ကျောင်းဖျော်ဖြေပွဲစတဲ့အက
ပွဲတွေမှာလည်းမေးစပွန်စာအနေနဲ့အမြဲပေးမှာဖြစ်ပါတယ်။

နေရာကောင်းလိုချင်သူများအတွက်၃နာရီလောက်ကြိုတင်ပြီးဘွတ်ကင်
လုပ်နိုင်သလို၊အပတ်စဉ်သောကြာနေ့တိုင်းအယောက်၂၀သီးသန့်ဝိုင်းရှည်
တစ်ခုအား သောကြာစကားဝိုင်းလုပ်နိုင်ရန်အတွက်ဘလော့ဂါများအား
၅၀%ဒစ်စကောင့်ပေးပါအုံးမည်။

ဤတွင်စိတ်ကူးအိမ်မက်(စိတ်ကူးများနှင့်ရွက်လွှင့်ခြင်း)(ဝါ)တီဝါ၏
တက်ခ်ပို့စ်ပထမပိုင်းအစီစဉ်ပြီးဆုံးပါကြောင်း....။


9 comments:

ဆောင်းနှင်းရွက် said...

သံလွင်
Lamborghini အမြန်ဆုံး စီးနိုင်ပါစေ ..

၎ ဒီ နဲ့ ရှည်ရှည် လည်း အမြန်ဆုံး ပေါက် ပါ စေ ...

WWKM said...

ဟဟား ကောင်းလိုက်တဲ့ စိတ်ကူးတွေပဲ..
ထီပေါက်အောင် မြန်မြန်လုပ်နော်..တော်ကြာသူများလက်ဦးသွားလို့ တီဝါကြောင့်လို့ မပြောနဲ့... စားစရာတွေကလည်း သူစားချင်တာတွေ
အကုန်ရောင်းဘို့ စီစဉ်ထားတာလားမသိပါဘူး။
စားစရာတွေဖတ်ပြီး သွားရည်ကျသွားပြီ.

မောင်သံလွင်က ဘရန်းတွေအရမ်းကြိုက်တဲ့သူဆိုတော့
သူဌေးကြီးဖြစ်မှ ဖြစ်မှာပါ..မဟုတ်ရင်မလွယ်ဘူး..ဘရန်း
တွေဝတ်ပြီး မွဲရချည်ရဲ့.း))

ကဲ ဒီပေါက်စေ..
ဘရန်းဒက်တွေ အမြဲဝတ်ဆင်နိုင်တဲ့ ကုမ္ပဏီသူဌေးကြီး
ဖြစ်စေသော်...

ရေးပေးတာကျေးဇူးစ်..ပါ မောင်သံလွင်ရေ..
တီဝါလည်း အကြံတစ်ခုတိုးသွားပြီ တီဝါအရင်ထီပေါက်
ရင် မောင်သံလွင်စိတ်ကူးထဲကဆိုင်ကြီးကို မူစတာဖာမှာ
လာဖွင့်မယ်.. မောင်သံလွင်ကို စားပွဲထိုးခန့်မယ်..အဲ..အဲ.
မန်နေဂျာခန့်မယ်..နော်..ဒီလောက်အကြံကောင်းကြီး ချပြထားတဲ့သူကို ကျေးဇူးတင်စွာနဲ့ မန်နေဂျာလောက်တော့ ခန့်သင့်တာပေါ့..း))))

ပျော်ပါစေ.

တီဝါ

WWKM said...

အဲ..ထီပေါက်စေ လို့ဆုတောင်းပေးတာကို ဒီပေါက်စေဖြစ်သွားတယ်တော့... မတတ်နိုင်ဘူး..း))

မေလေး said...

ဒူတိယစိတ်ကူးအကောင်အထည်ဖော်ရင် ရှယ်ရာပါမယ်
ငါလဲအဲဒီလိုစိတ်ကူးရှိတယ်
ပိုက်ပိုက်မလိုက်နိုင်သေးလို့
ကိုယ်ပိုင်လုပ်ငန်းလေးဘဲလုပ်ချင်တယ်ဟယ်
သူများလခစားလုပ်ရတာ စိတ်ပင်ပန်းတယ်

Sein Lyan Tun said...

စကာင်္ပူက ဘလော့ဂါတွေ အတွက် တံဆိပ်ရ ဘီယာတွေ တင်ပေးအုံးမယ်တဲ့...


ရင်လေးပါတယ်... တူလေး သံလွင်ဘဝ။။။။


အံရင်ထည့်ဖို့ ခွက်လေးတွေပါ ဝယ်စုထားပါ တူလေးရေ...


မှန်လုံးအခန်းဆိုရင် ပိုစည်လိမ့်မယ်.။။။။

ဘာဖြစ်ဖြစ် ရှယ်ယာပါမယ် ကဲချင်တိုင်းကဲလို့ ရအောင်ပေါ့


ချစ်ခင်စွာဖြင့်
ဖိုးစိန်

နွေးနေခြည် said...

စိတ်ကူး၂ စိတ်ဝင်စားတယ်ဟေ့... အကောင်အထည်ဖော်ရင် လက်တို့ပါး)))

Anonymous said...

စိတ်ကူးကောင်းတယ် ညီ
စိတ်ကူးနဲ့ လက်တွေ့ အမြန်ထပ်တူကျပါစေကွာ

ခင်မင်ခြင်းများနှင့်
တလနွန်

ကြယ်ပြာ said...

စိတ်ကူး(၂)ကိုသဘောကျတယ်မောင်လေးရေ ....

JulyDream said...

အိပ်မက်တွေကို ရှာဖွေတူးဖော်သွားပါတယ်။
အိပ်မက် မက်ဖို့အတွက် အိပ်နိုင်ကြပါစေ..
အိပ်မက်တွေ ရှင်သန်လှပနေပါစေ...