October 19, 2010

တစ်ခါကကော့သောင်း-၁

အားလပ်ရက် မြန်မာပြည်ရောက်နေတုန်း တစ်နေ့တော့
ကော့သောင်းကိုသွားဖို့ အကြောင်းဖန်လာပါတယ်။
တကယ်တော့ ကော့သောင်းမှာနေတဲ့အစ်ကိုတစ်ဝမ်းကွဲရဲ့ကောင်းမှုပါ။
မနှစ်ကတည်းကလာလည်ဖို့ခေါ်နေတာ ဒီတစ်ခေါက်တော့သူလည်း
ထားဝယ်ရောက်နေတုန်းဆုံဖြစ်တဲ့အချိန်မှာ သူ့တို့ဆီလိုက်လည်မလားတဲ့။
ဒီကကောင်ကလည်းသွားချင်နေတာဆိုတော့ဘယ်ငြင်းမလဲ။
အင်း.....လိုက်မယ်ပေါ့။ ဘွတ်ကင်သွားလုပ်တော့
သူသွားမဲ့လေယာဉ်လိုင်းကလက်မှတ်ကုန်နေတယ်
ဆိုတာနဲ့တစ်ခြားလေယာဉ်လိုင်းတစ်ခုနဲ့လိုက်သွားရပါတယ်။
ကွင်းချိန်းကလည်း မတိမ်းမယိမ်းဆိုတော့မဆိုးဘူးပေါ့။

ထားဝယ်မြို့ကလေဆိပ်မှာ ဘယ်သွားမှာလဲဆိုပြီးလ.ဝ.က
ကမေးတော့ သော့သောင်းဆိုတာနဲ့ရစ်ပါတော့တယ်။
ဘာကြောင့်သွားမှာလဲ၊ဘယ်အိမ်မှာတည်းမှာလဲတဲ့။
အစ်ကိုကဟိုဘက်မှာအဝတ်အိတ်ပေါင်ချိန်နေတာသွား
ကြည့်နေတာကြောင့်ဟိုအစ်ကိုနဲ့တူတူပဲဆိုပြီး
လက်ညှိုးထိုးပြပြီးပြောတော့
လိပ်စာပြန်ပြောတဲ့။ခုဏက အဲဒီအစ်ကိုကြီးလိပ်စာအတိုင်းပဲ
ဆိုပြီးပြောပြန်တော့ မင်းသွားမဲ့အိမ်လိပ်စာကိုအတိအကျ
သိရမှာပေါ့တဲ့။ အတူတူလာတာ၊သူ့အရှေ့မှာပဲခုလေးတင်
စကားပြောတာလည်းမြင်တယ်။ အဲပုဂံကစာရွက်လစ်စ်မှာ
ရေးထားတဲ့လိပ်စာလေးပြန်ကူးလိုက်ယုံပဲကို သက်သက်မဲ့
အကြောင်းရှာကာရစ်ပါတယ်။မသိရင်မင်းကိုတက်ခွင့်
လက်မှတ်မပေးဘူးတဲ့။ ကောင်းရောဗျာ။
အဲဒီမှာကျနော်နဲ့ခင်နေတဲ့ပစ္စည်းကယ်ရီဝန်ထမ်းတစ်ယောက်
ကဝင်ပြီးရှင်းပေးတော့မှပြေလည်သွားပါတယ်။

အဲဒီလိုပြည်တွင်းခရီးသွားတောင်အဲလောက်ခက်ခဲနေရင်
ဘယ်လိုလုပ်ပြီးများ ခရီးသွားလုပ်ငန်းဖွံ.ဖြိုးတိုးတက်လာ
မှာပါလိမ့်။

မရောက်တာကြာပြီဖြစ်တဲ့ကော့သောင်းခရီးကတော့
စိတ်မကြည်မလင်နဲ့ပါ။လေယာဉ်ပေါ်မှ မြင်တွေ.ရတဲ့
ကမ်းရိုးတန်းအလှ၊ကျွန်းတွေရဲ့သဘာဝအလှ၊ငါးဖမ်းစက်လှေ သေးသေးလေးတွေရဲ့ရွေ.ရှားမှုအလှဟာကိုမြင်လိုက်တော့
လည်းညစ်ထွေးနေတဲ့စိတ်တွေပပျောက်သွားပါတယ်။

လေယာဉ်ကကျွန်းပတ်ဆိုတော့နာရီဝက်ကျော်ကျော်လောက်
စီးပြီးမြိတ်လေဆိပ်မှာ ခဏနားပါတယ်။ ခရီးသည်တင်ချ ၁၅
မိနစ်လောက်လုပ်ပြီးတော့ကော့သောင်းကိုဆက်မောင်းသွားပါတယ်။
မြိတ်လေဆိပ်မှာခဏတာ

နောက်ထပ်မိနစ်လေးဆယ်လောက်စီးပြီးတဲ့အချိန်မှာတော့
ကော့သောင်းမြို့ကိုဆိုက်ရောက်ပါတော့တယ်။


ရောက်ပါပြီ....ကော့သောင်းလေဆိပ်

လေဆိပ်နဲ့မြို့ထဲကိုသွားဖို့၁၀မိုင်လောက်ခရီးဝေးပါတယ်။
ဒါကတော့ရွှေဟင်္သာ၊၁မိုင်ဘက်ကအစ်ကို့အိမ်မှာပါ။


ဘရားသားအိမ်ပေါ်မှတွေ.ရတဲ့ ရွာမ၂လမ်း


ညနေဘက်ဘုရင့်နောင်ကုန်းပတ်လမ်းမှာရှိတဲ့အစ်မအိမ်ကို
သွားလည်ရင်းဘုရင့်နောင်ကုန်းကိုရောက်ဖြစ်ခဲ့တယ်။
ယိုးဒယားဘက်ကိုဓားထုတ်ပြီးမျက်နှာမူရပ်နေတဲ့ပုံက
ဇာတိသွေး၊ဇာတိမာန်အပြည့်နဲ့ပါ။ အလေးပြုပြီးအထွက်
ပေါက်ကစာအုပ်ဆိုင်မှာဂျာနယ်ဝယ်ပြီးအိမ်ပြန်ခဲ့တယ်။

နောက်တစ်နေ့တော့မြို့ထဲဆိုင်ကယ်
လျှောက်စီးရင်း ဦးထုပ်မဆောင်းလို့
မော်တော်ပီကယ်အတားခံရသေးတယ်။
မရပ်ပေးပဲမောင်းပြေးတော့ တော်ပါသေးရဲ့
အနောက်ကမလိုက်လာလို့။ ထားဝယ်မှာဆိုရင်
မောင်းပြေးရင်အသေပဲ။ဘဲဥတွေကနောက်က
နေအပီအပြင်လိုက်တာ။ ပြေးနိုင်မှလွတ်တယ်။
နောက်နေ့လေကျတော့လမ်းလည်းကျွမ်းသွား
တာကတစ်ကြောင်း၊ဘဲဥတွေဘယ်မှာရှိနိုင်တယ်
ဆိုတာခန့်မှန်းလို့ရသွားလို့ ရှောင်ကွင်းပြီးသွား
နိုင်တော့တယ်။

ကော့သောင်းဗြူးပွိုင့်ကနေသူဌေးကျွန်းမြင်ကွင်း


ပုလုံးတုံးတုံးဆိုတဲ့ထူးထူးဆန်းဆန်းနာမည်နဲ့ကျွန်းလေးလဲ
ရောက်ခဲ့တယ်။ ဘာမှတော့မရှိပါဘူး။ရေတွေရယ်၊
ရေသူမတစ်ကောင်ရယ်၊ကိုလာသောက်ပြီးပြန်ခဲ့တယ်။


ဒီရေတောတွေလည်းဒီလိုရှိပါသေးတယ်။

ကော့သောင်းရဲ့ထူးခြားတာတစ်ခုကရေကားတွေပါ။ပင်လယ်
နဲ့နီးတာကြောင့်ရေမကြည်လို့အိမ်တစ်ချို့ကတော့ရေဝယ်သုံး
ရပါတယ်။ညနေဘက်ခရာသံတွေပေးပြီးရေကားတွေရေလိုက်ဖြည့်
နေတာကိုလည်းနေ့စဉ်နဲ့အမျှမြင်တွေ.ရပါတယ်။

အစားအသောက်ခုံမင်တဲ့ကျွန်တော်ကတော့ယိုးဒယား
သင်္ဘောသီးထောင်း၊ကြက်ကင်၊ကွေ.တရို၊သျှမ်းမုန့်တီ၊
စတာတွေကိုကောင်းကောင်းကြီးခံတွင်းတွေ.ပါတယ်။

မူရမ်းလို့ခေါ်တဲ့အသားကင်ဟော့ပေါ့လည်းမဆိုးပါဘူး။
ရွှေနှင်းဆီလို့ခေါ်တဲ့ပင်လယ်စာစားသောက်ဆိုင်ကို
လည်းနှစ်ခြိုက်သလို၊ကမ်းနားလမ်းမှာရှိတဲ့ဂျီအီးစီနံဘေး
ကကော်ဖီဆိုင်လေးကိုလည်းသတိရနေမိတယ်။
မြို့ထဲကတောင်ကုန်းလေးအောက်မှာရှိတယ်
အအေးဆိုင်ကြီးကိုလည်းနှစ်သက်မိတယ်။
များပြားလှတဲ့ဘီယာစတေရှင်၊စင်တင်တွေကလည်း
ကာလသား၊ဦးဦး၊ဘိုးဘိုးများအကြိုက်ဖြစ်ပြီးစည်ကားလို့
နေပါရဲ့။

4 comments:

ရေတမာ said...

ဝမ်းရော မပျက်ခဲ့ဘူးလားးP

Moe Tain Nyo said...

ဘုရင့်နောင် ပုံ သဘောကျတယ်။

သံလွင် HeRo said...

@ရာတမေ>>>>ဆေးဆောင်ထားတယ်လေ
ဟားဟား....ဘာပဲစားစား မြန်မာဆေးလေး
သောက်လိုက်ရင် အိုခေသွားရေား)
@MTN>>>> ဟုတ်တယ်ဗျ....ကျနော်လည်း
အပြင်မှာအဲဒီရုပ်ထုကြီးကိုတော်တော်သဘော
ကျတယ်း)

ပန်းအိ said...

ကော့သောင်း ပုံရိပ်လေးတွေ ကြည့်သွားခဲ့ပါတယ်၊ သူငယ်ချင်းတွေနဲ့ သွားမယ်လို့ စိတ်ကူးထားတယ် :)