October 31, 2010

တစ်ခါကကော့သောင်း-၃

ရနောင်းမှပြန်ရောက်ပြီး ညနေဘက်မှာမြန်မာပြည်ကုန်းမြေရဲ့အစွန်းဖျားဆုံး
ဖြစ်တဲ့ ဘုရင့်နောင်အငူကိုသွားရောက်ခဲ့တယ်။ နေ့တိုင်းလိုလိုဆိုင်ကယ်နဲ့
ဖြတ်နေပေမယ့်လည်းသတိထားမမိခဲ့ဘူး။ ဒါနဲ့အစ်မကိုမေးတော့မှနဂါး
နှစ်ကောင်နဲ့ကလေးလေးတစ်ယောက်ရှိနေတာဘုရင့်နောင်အငူပါဆိုလို့
သေချာလိုက်ရှာကြည့်တော့ဆီအုန်းပင်များနဲ့လှပတဲ့ကမ်းနားလမ်းရဲ့အဆုံးအစွန်း
ပိုင်းလေးနားမှာတွေ.တယ်။ညနေပိုင်းမို့လို့လမ်းလျှောက်သူများနဲ့စည်ကား
လျက်ရှိပါတယ်။


ဘုရင့်နောင်အငူ


အသက်သုံးနှစ်လောက်နဲ့ပဲများလှတဲ့ကော့သောင်းသူတူမငယ်
အိုက်စကရင်စားချင်တယ်ဆိုလို့နေရာပြဆိုတာနဲ့
သူပဲလမ်းပြပြီးမုန့်ဆိုင်ကိုခေါ်သွားတယ်။

သတ္တမအကြိမ်မြောက်ကျောင်းသားအားကစားပွဲတော်သီချင်းတစ်ပုဒ်
မှာပါတဲ့စာသားတစ်ကြောင်းဖြစ်တဲ့"သူဌေးကျွန်းလည်းမဝေးပါ.....
သူဌေးကျွန်းလည်းမဝေးပါ၊မြန်မာပြည်တောင်ဘက်အစွန်းမှာ"တဲ့။
မဝေးဘူးသာပြောတယ်.....အခုမှပဲတစ်ခေါက်ရောက်ဖူးတော့တယ်။
မပြန်ခင်တစ်ရက်မှာတော့သူဌေးကျွန်းကိုဆွေမျိုးနီးစပ်ရာတွေနဲ့
ချီတက်ခဲ့ကြတယ်။ကျွန်းပြန်ကြီးတွေဆီကကြားဖူးတဲ့ကြားစကားတွေ
ဖြစ်တဲ့ဟိုတယ်ကြီးကဘယ်လောက်ခမ်းနားကြောင်း၊ကာစီနိုကြီးကဘယ်
လိုရှိကြောင်း၊အော်ဇီကအကမယ်တွေဘယ်လိုချောကြောင်းစတဲ့
စကားတွေကြောင့်အနေ့နေ့ညညမက်ခဲ့တဲ့သူဌေးကျွန်းကြီးကိုရောက်
တော့မယ်ဆိုတော့ကြိုတင်ပျော်နေမိတယ်။

သူဌေးကျွန်းကိုကော့သောင်းမှခရီးသည်ကြိုပို့လှေမရှိတော့
ဟော်တယ်မှာအလုပ်လုပ်သူတွေစီးတဲ့ဖယ်ရီလှေပဲခရီးသွားတွေ
အားကိုးကာသွားရတယ်။သူတို့အလုပ်ဆင်းချိန်၊ပြန်ချိန်စတဲ့နေ့ဆိုင်း၊
ညဆိုင်းလဲလှယ်တဲ့အချိန်တွေကိုကြိုတင်သိထားရပါတယ်။
ဒါမှလည်းဘယ်အချိန်လှေထွက်ပြီးကော့သောင်းကမ်း
ဘယ်အချိန်ပြန်ရောက်နိုင်မလဲဆိုတာသိနိုင်ပါတယ်။

ကျနော်တို့သွားတော့ညနေ၅း၀၀အခေါက်နဲ့ပါ။မိုးဖွဲဖွဲကျနေတဲ့အတွက်
ရာသီဥတုကတော့အေးချမ်းကာမှောင်မဲနေပါတယ်။ရှုခင်းတွေကြည့်
ဖို့အတွက်လှေရဲ့အပေါ်ထပ်ကိုတက်ကာနေရာယူလိုက်တယ်။
လှေထဲမှာတော့အလည်လာတဲ့ဧည့်သည်ဆိုလို့ကျနော်တစ်ယောက်
တည်းနဲ့ကျန်တာတွေကကော့သောင်းမြို့ခံတွေ၊အလုပ်ဆင်းမဲ့သူတွေပါ။


မြန်မာ့ကုန်းမြေအစွန်းဖျားဆုံးဘုရင့်နောင်အငူ


ကော့သောင်းမြို့ကိုလှေပေါ်မှတွေ.ရစဉ်


Andaman Club Myanmar


တွေ.ပါပြီဗျာ....သူဌေးကျွန်းဟိုတယ်
ကျွန်းရဲ့ထိပ်မှာဆောက်ထားတဲ့အတွက်ထီးထီးမားမားနဲ့
အမြင်မှာတော့သားနားပါတယ်။


ကျွန်တော်တို့စီးလာတဲ့လှေလေးကမ်းကပ်ပါပြီ။

အောက်ဆင်းလိုက်တော့


ဒီလိုမျိုးလှေတွေလည်းရှိတယ်။ရနောင်းကကာစီနိုလာကြတဲ့
လှေတွေလို့တော့ပြောတာပဲ။

တံတားလေးပေါ်မှာဟိုကြည့်ဒီကြည့်နဲ့လမ်းလျှောက်လာပြီးကောင်တာ
တစ်ခုတွေ.တယ်။လေယာဉ်ကွင်းတွေမှာလိုပစ္စည်းစစ်တဲ့နေရာ
အသေးလေးပါ။ဒါပေမဲ့လည်းစစ်သူမရှိပဲဒီအတိုင်းထားထားပါတယ်။
ဖုန်တောင်နဲနဲတက်နေလားပဲ။
နောက်ကောင်တာတစ်ခုထပ်တွေ.တယ်။တောင်ပေါ်ကိုကားနဲ့တက်
ဖို့စီစဉ်ပေးတာပါတဲ့။ဘယ်နှစ်ယောက်လည်းမေးတော့ကျနော်တို့
အားလုံးက၁၂ယောက်။ ဒါနဲ့ကားနှစ်စီးခွဲပြီးတက်ခဲ့တယ်။


ဒီကားလေးနဲ့


ဒီလိုလမ်းတွေကိုဖြတ်ပြီးတက်ခဲ့တယ်။ ၅မီနစ်လောက်ပါပဲ။


ဟိုတယ်ရှေ့ကိုဆိုက်ရောက်ပါပြီ။



ဟိုတယ်အထဲမဝင်ခင်တစ်နေရာမှာပါ။ အရင်ကပိုစတာတွေထဲမှာတော့
ခဏခဏမြင်ဖူးနေတာပဲ။ အခုမှမျက်မြင်ကိုယ်တွေ.တွေ.ရတော့
တော်တော်လှပါလားလို့တော့မှတ်ချက်ချလိုက်ပါတယ်။
အပြင်မှာတော့ဟိုးဘက်မှာပင်လယ်ကိုမြင်နေရတယ်။

အထဲရောက်တော့မြန်မာ့ဆိုင်းဝိုင်းကြီးကကြိုဆိုနေပါတယ်။
ပထမဆုံးကျနော်ကကြားဖူးနားဝအတိုင်းအော်ဇီကချေသည်တွေ
ကတဲ့ကပွဲသွားကြည့်ရအောင်လို့ပြောတော့အဲဒါမရှိတော့ဘူးတဲ့။
ဟိုတယ်ပိုင်သူဌေးကအရှုံးပေါ်နေလို့ဈေးကြီးတာနဲ့မခေါ်နိုင်ဘူး
ဆိုပဲ။ဒါနဲ့ပဲကာစီနိုထဲဝင်ကာအောက်ထပ်မှာအခြေအနေနဲနဲ
ကြည့်လိုက်တယ်။ဂျက်ပေါ့စက်တွေမှာတော့လူတွေပြည့်လုနီးပါးပဲ။
အတူလာတဲ့သုံးလေးယောက်လောက်ကတော့လက်စမ်းမယ်
ဆိုပြီးအကြွေလဲကာအသီးသီးနေရာယူလိုက်တယ်။

ကျနော်ကတော့အရင်ကအထူးစပါယ်ရှယ်လူသားများသာတက်ခွင့်
ရတဲ့အပေါ်ထပ်ကိုအခုလူတိုင်းကိုတက်ခွင့်ပေးထားတာနဲ့ဘာများရှိမလဲ
လို့သိချင်စိတ်နဲ့တက်ဖြစ်တယ်။တွေ.ပါပြီ။ ဖဲဝိုင်းတွေ။တွယ်တီဝမ်းကတစ်ဝိုင်း
လောက်သာရှိပြီးကျန်တာတွေကရှမ်းကိုးမီးတွေပါ။ အစ်ကိုကမင်းဆော့မလား
တဲ့။ စိတ်ကိုဆွပေးလိုက်သလိုပဲ။ ဘယ်ရမလဲ.....ကိုယ့်အကြိုက်ပဲလေ။
နာရီဝက်လောက်ထိုင်လိုက်တာဘတ်၁၅၀၀လှူလိုက်ရတယ်.....။
သာဓု.....သာဓု....သာဓု.....။

ကာစီနိုကထွက်တော့ဖဲရှုံးလို့ဗိုက်ဆာစပြုလာတာနဲ့ထမင်းဆိုင်ဘက်ကို
ဦးတည်လိုက်တယ်။အစ်မရယ်၊သူ့သူငယ်ချင်းနဲ့တူမငယ်ကတော့
သူတို့မှာဘူဖေးလက်မှတ်အလကားရထားတာတွေရှိတယ်ဆိုတာတဲ့နဲ့
ဘူဖေးကြိတ်မယ်တဲ့။ကျနော်တို့ကတော့ယိုးဒယားစာနဲ့ဆာရှီးမီကိုအခါးရည်
နဲနဲနဲ့မြည်းခဲ့တယ်။

စကားစမြည်ပြောပြီးတာနဲ့ကာစီနိုအရှေ့ကစတိုးဆိုင်ထဲဝင်ပြီး
ဝင်မွှေပြန်တယ်။ အရက်ပုလင်း၊ဆေးလိပ်ဗူး၊ကျောက်မျက်ရတနာ၊
အဝတ်အစားနဲ့မု့န်တွေရောင်းတဲ့ဆိုင်လေးပါ။နက်ဖြန်ပြန်တော့မှာဆိုတော့
လက်ဆောင်လေးဝယ်သွားမှဆိုပြီးမြေပဲကြက်ဥနဲ့ချောကလက်နဲနဲဝယ်ခဲ့
လိုက်တယ်။

လှေပြန်ထွက်ဖို့အချိန်နဲနဲစောသေးတာနဲ့လော်ဘီမှာထိုင်ပြီးယိုးဒယားအဖိုး
ကြီးတစ်ယောက်စန္ဒယားတီးပြီးသီချင်းဆိုတာနားထောင်နေလိုက်တယ်။
ယပလက်သူအချို့ကတော့သီချင်းလိုက်ဆိုနေပြီးပျော်နေကြလေရဲ့။

ဒီလိုနဲ့ပဲညဆယ်နာရီလောက်မှာကော့သောင်းကမ်းကိုပြန်ရောက်ခဲ့တယ်။
အိမ်မပြန်ခင်ကော်ဖီဆိုင်ထိုင်နေတုန်းပိုစတာတစ်ခုတွေ.ခဲ့သေးတယ်။
သူဌေးကျွန်းမှာမဂ်လာဆောင်ချင်တဲ့မောင်နှံများအတွက်လူဘယ်လောက်
စာကိုမည်မျှကျမည်ဖြစ်ကြောင်းသေချာရှင်းပြထားပါတယ်။တစ်ညတည်း
ခိုခွင့်လည်းပေးမယ်တဲ့။

မနက်ရောက်တော့ပြန်ခါနီးအစ်မတစ်ယောက်အိမ်သွားနှုတ်ဆက်တာ
ဆဲလွှတ်လိုက်တယ်။ကော့သောင်းလိုနဲ့ပါ။ပြီးတော့ပြောသေးတယ်
ဘုရားပဲသိတော့မယ်...ဘာလဲမောင်နှမကော့သောင်းတစ်ပတ်လာတာ
အလာတစ်ရက်နဲ့အပြန်တစ်ရက်ပဲတွေ.တယ်။နင့်မိကိုငါတိုင်အုံးမယ်တဲ့....
သူအားတဲ့အချိန်ကျနော်ကလျှောက်လည်နေပြီးကျနော်အားပြန်တော့
သူကဟိုဘက်ကမ်းရောက်နေတယ်လေ။ဘယ်တွေ.မလဲး)

ကျနော်ကဘုကလန့်ကောင်ဆိုတော့လေယာဉ်ကွင်းရောက်တော့
ပြေပြေလည်လည်လေးပြောပေးလိုက်မှပဲအဆင်ပြေပါတော့တယ်။
ဒါမှလည်းအိမ်ပြန်ရောက်မှာကိုး။ ဒါတောင်သူတို့ကရွဲ.သလိုနဲ့စောင်းပြီး
ပြောနေသေးတယ်။မှတ်ပုံတင်၁၀နှစ်ကနေ၁၈ပြည့်ကိုလဲထားတာ
မရသေးလို့ထားဝယ်လ.ဝ.က ကထောက်ခံစာပေးလိုက်တာလည်းယုံပုံမရပါဘူး။
ခက်ပါပေ့ဗျာ။ပြီးတော့စာရွက်လေးတစ်ရွက်ထုတ်ပေးတယ်။ ၁၀ချက်ဖြည့်တဲ့။
နောက်ထပ်တစ်နေရာလောက်သွားပြီးအမေးမြန်းခံပြီးမှရှိသမျှအကွက်တွေ
မှာလက်မှတ်ထိုးထားတာအပြည့်ရပါတယ်။


ဒါပဲကြည့်ပါတော့ဗျာ.....။

ကော့သောင်းခရီးစဉ်ပြီးပါပြီ။း)

4 comments:

သော်ဇင်စိုး said...

ကော့သောင်းမှာက အဖွဲ့တွေများတယ်လေ.. ဘာနဲ့မှကို အဆင်ချောချော ဖြစ်တယ်လို့ကိုမရှိဘူး..
ကော့သောင်းပုံတွေကိုမြင်တော့ ကော့သောင်းကိုတောင် ပြန်လွမ်းသွားတယ်ဗျာ.. နွားကြီး ကျွန်းကို သွားမလည်တော့ဘူးလား.. နွားကြီးကျွန်းက ဟော်တယ်လည်း ကောင်းတယ်.. လေယာဉ်ကွင်းကတော့ ကျွန်တော်တို့ တနင်္သာရီ တိုင်းဒေသကြီးမှာ ရှိတဲ့ လေယာဉ်ကွင်းတွေ ထဲမှာ အကောင်းဆုံးလို့ကို ပြောလို့ရတယ်.. ဒါလည်း အရင်ကပါ.. ခုတော့ ဘယ်လိုနေမှန်းမသိ.. တခြားကွင်းတွေကတော့ သွားမလုပ်နဲ့.. လေယာဉ် တောင် နွားလှည်း အောင့်မေ့သွားရတယ်.. ဟီး.ဟီး..

တလနွန် said...

စိတ်ဝင်စားစရာနေရာတွေ မှတ်ထားလိုက်ပါတယ် :P
ကျနော့မှာလည်း ကော့သောင်းမှာအဲဒီလို တစ်ဝမ်းကွဲ ညီမသေးသေးကွေးကွေးလေးတွေရှိတယ်..:P(မြန်မာပြည်ပြန်လည်ရင် ကော့သောင်းသွားလည်အုံးမယ်:)

ခင်မင်လျက်
တလနွန်

Kyel Pyar said...

ဘယ်တုန်းကပြန်သွားလိုက်တာလဲဟေ .... ဖတ်လို့ကောင်းတယ် ... ပုံလေးတွေနဲ့တွဲတင်ပေးတော့ တွဲပြီး မြင်ကြည့်လို့ရတယ် ...

...အလင်းစက်များ said...

ကောသောင်းဆိုရင် “ကော့သောင်း - မြိတ် - ထားဝယ်(သရက်ချောင်း)” ပြေးဆွဲနေတဲ့ ရှပ်ပြေးအမြန်ယာဉ်ကို ဓါတ်ပုံလေး ထည့်သင့်တယ်... အတော်မြန်တယ်ဗျ... ကော့သောင်းကနေ ထားဝယ်(သရက်ချောင်း) ကို ၈ နာရီကျော်ကျော်လောက်ပဲ မောင်းတယ်... ကျပ်ငွေ လေးသောင်းကျပါသဗျာ..... ရှားရှားပါးပါး တိုးတက်မှုလေးတွေ တင်စေချင်.......... :)