October 22, 2010

တစ်ခါကကော့သောင်း-၂

ကော့သောင်းမှာ ၂ရက်လောက်နေပြီးတဲ့နောက်မှာတော့ ဘရားသားက
သူအားတဲ့တစ်နေ့မှာရနောင်းကိုလိုက်ပို့ပါတယ်။ ဒေသအခေါ်ပဲ့ချိပ်ဆိုတဲ့
လှေမှာမော်တာတပ်ထားတဲ့ဟာလေးနဲ့သွားရတာပါ။မသွားခင်ကမ်းနားလမ်းမှာ ဟိုဘက်ကိုကူးဖို့အတွက်ဘယ်သူကထောက်ခံပေးကြောင်း၊ကော့သောင်း
အိမ်ထောင်စုစာရင်းတွေကအစပြရပြီးပြန်လာမှလာရွေးဖို့
ထားခဲ့ရပါတယ်။ လူကုန်ကူးမှုကိုလျှော့ချဖို့အတွက်နည်းလမ်းတစ်ခုလား
လို့တွေးမိပါသေးတယ်။ ဒါပေမဲ့ သူ့နည်းသူ့ဟန်တော့သွားနေကြမှာပေါ့။
(ကျနော်ထင်တာပါ။)

ဓာတ်ပုံရိုက်ပြီးကဒ်ပြားလေးတစ်ပြားထုတ်ပေးပါတယ်။မြန်မာအင်မီ
ဂရေးရှင်းကအသိမှတ်ပြုထားတာလေးပါ။

ပဲ့ချိပ်ပေါ်မှ မြင်နေရတဲ့ Honey Bear Hotel

လှေအပေါ်မှာရှိတဲ့သစ်သားအပြားတွေမှာထိုင်ရပြီး နေပူဒဏ်ကို
ကာကွယ်ဖို့အတွက် ထီးတစ်ယောက်တစ်ချောင်းစီပေးပါတယ်။

ကော့သောင်းကမ်းရဲ့အိမ်တစ်ချို့


ကော့သောင်းမြို့မျက်နှာချင်းဆိုင်ကကျွန်းတစ်ခု

အဲဒီကျွန်းရဲ့အနောက်ဖက်မှာ လူဝင်၊လူထွက်စစ်ဆေးရေးဆိုတာရှိ
ပါတယ်။ ကော့သောင်းကမ်းကပေးလိုက်တဲ့ကဒ်ပြားလေးပြပြီး
လှေပေါ်မှာဘယ်နှစ်ယောက်ပါတယ်ကြည့်ပြီးသွားခွင့်ပြုပါတယ်။




တစ်ဖြေးဖြေးနဲ့ဝေးလာတဲ့ ကော့သောင်းမြို့လေး

ဒီလိုနဲ့ ကပ္ပလီပင်လယ်ပြင်ကြီးကိုဖြတ်ကျော်ပြီး ၁၅ မိနစ်လောက်
ကြာလာတဲ့အချိန်မှာတော့....

ဟိုးအဝေးကမြင်နေရတဲ့ မျှော်စင်လား၊မီးပြတိုက်လေးလားတော့မသိဘူး။
ရနောင်းဖက်ကို မြင်နေရပါပြီ။


အနောက်နိုင်ငံသားတစ်ချို့ရနောင်းမှ မြန်မာပြည်ဖက်ကိုသွားနေတာ
ပါ။ စင်းဂါးတစ်လုံးစီနဲ့ပျော်ရွှင်နေပုံရပါတယ်။း)
အနောက်မှာတော့ Jansom Beach Resort


ရနောင်းအင်မီဂရေးရှင်းကိုရောက်တော့ အပေါ်တက်ပြီး ဗီဇာယူရ
ပါတယ်။ ၁ပတ်တဲ့။ ဒါပေမဲ့ဘယ်လောက်ကီလိုမီတာအထိပဲသွားလို့
ရတယ်လို့ရေးထားပါတယ်။ ဒီမြို့ကကျော်လို့မရတဲ့သဘောပဲ။
ကားစီးပြီးဖူးခက်သွားရင်ကောင်းမှာပဲလို့ပြောတော့အစ်ကိုက
ငါအေးအေးဆေးဆေးအိမ်ပြန်ပါရစေတဲ့။ ဟားဟား


ဒီလိုလေးတစ်ခုထုတ်ပေးပါတယ်။

လှေကဆက်သွားပြီး ရှေ့နားရောက်တော့ တစ်ခါရပ်ပြန်တယ်။
ခုလေးတင်ထုတ်ပေးလိုက်တဲ့ ဝင်ခွင့်ကဒ်ကို ဒီမှာတစ်ခါပြရ
ပြန်ပါသတဲ့။

ကွမ်ရင်မယ်တော်ရဲ့အအောက်မှာရှိတဲ့စစ်ဆေးရေးဂိတ်ပါ။


အနီးအနားကကျွန်းလေးတွေကိုဖြတ်ပြီးဝင်လာပါပြီ။

ကမ်းပေါ်ရောက်ရောက်ချင်းအပြင်ထွက်လိုက်တာနဲ့
ငှားထားတဲ့ကားက ၁နာရီလောက်အဲကွန်းဖွင့်ပြီးကြို
စောင့်နေပါသတဲ့။ ကျွဲရိုင်းတစ်လုံးသောက်အပြီးမှာတော့
အမောနဲနဲပြေသွားပါပြီ။ မြို့အနှံ့မှာ125Dream/Waveဆိုင်ကယ်တွေ
နဲ့အတူdouble cabကားအများအပြားကိုတွေ.ရပါတယ်။ပထမဆုံး
ဟိုတယ်တစ်ခုကိုအရင်သွားပြီးအခန်းတစ်ခန်းယူကာပစ္စည်းတွေထား
ခဲ့တယ်။

ထမင်းစားချိန်ရောက်နေပြီမို့လို့ကားဆရာကရေပူစမ်းလမ်းလေးအတိုင်း
ကွေ.သွားပြီး အစားအသောက်ကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုခေါ်သွားပါတယ်။
တောင်စောင်းလေးအပေါ်မှာအဝိုင်းတိုင်းကိုအမိုးသေးသေးတစ်ခုအောက်မှာ
ကွပ်ပျစ်တစ်ခု၊စားပွဲကြီးတစ်လုံးနဲ့အေးအေးဆေးဆေး
ထိုင်စားနိုင်အောင် အိုင်ဒီယာကောင်းကောင်းနဲ့ဆောက်လုပ်ထားပါတယ်။
အစားအသောက်မှာတာကလည်းအဆင့်မြင့်မှမြင့်ပဲ။ဝေတာတစ်ယောက်
စီမှာဝေါ်ကီတော်ကီတစ်လုံးစီနဲ့တစ်ခုမှာတိုင်းအပေါ်မှအောက်ဆင်းပြောစရာ
မလိုပဲ ချက်ခြင်းပြောလိုက်ရုံပါပဲ။


ပုစွန်ပွကြော်၊ငါးပွကြော်နဲ့သရက်သီးထောင်း၊တောက်ဝက်သားချက်၊
သီးစုံတောဟင်းတဲ့။ စပ်ချက်ကကမ်းကုန်ပါပဲ။


ဒါလေးတော့ကောင်းတယ်ဗျ။ ပိန်းဥနဲ့ငါးခေါင်းဟင်းချို။


ထမင်းကိုငွေဖလားနဲ့ထည့်ပေးပါတယ်။


အစပ်ဆုံးသော၊အမွှေးဆုံးသောအရွက်၊အစေ့၊အသီးများနဲ့သီးစုံ
တောဟင်းတဲ့။

စားလို့အပြီးမှာတော့ ရေပူစမ်းသွားပါတယ်။နေပူလွန်းလို့အောက်တောင်
မဆင်းပဲအပေါ်ကပဲကြည့်ပြီးပြန်ခဲ့တယ်။ နောက်တော့ဘရားသားက
ငါးစာကျွေးချင်တယ်ဆိုတာနဲ့ ငါးကန်သွားကြတယ်။


ငါးကန်နားကဘုရားဆင်းတု။


ဘုရင်ပုံလို့ထင်ရတာပဲ။အဲဒီအနောက်မှာဘုန်းကြီးတွေတရားအားထုတ်
တဲ့အဆောင်လေးတွေရှိတယ်။


ငါးတွေကအစုံပဲဗျ။ငါးရံတွေရော၊ငါးခူတွေရော၊တလားပီးယား၊ရွှေဝါငါးကြင်း
မမြင်ဖူးတဲ့အကောင်တွေရော၊သေးသေးလေးမှအကြီးကြီးထိအရွယ်အမျိုးမျိုး
ရှိပါတယ်။အစာတစ်ပုံးပစ်ချလိုက်တာနဲ့ဝုန်းဝုန်းဝုန်းနဲ့လာကြတာဖြင့်
အကောင်ကြီးတွေဝင်တိုးလိုက်ရင်ငယ်တဲ့အကောင်တွေကလေပေါ်တောင်
မြှောက်တက်သွားတယ်။ထူးခြားတာတစ်ခုကဘုန်းကြီးကျောင်းတိုင်းမှာမီးသဂြိင်္ုလ်
စက်တွေရှိတာပါပဲ။ နဲနဲတော့ကြက်သီးထသွားတယ်။

ငါးကန်ကပြန်တော့ Lotusဆိုတဲ့ရှော့ပင်းမောတစ်ခုရောက်တယ်။
ကျနော်စိတ်ထဲတော့၉မိုင်ကအိုးရှင်းကိုရောက်သွားသလိုပဲ။
ဆိုင်းဘုတ်တွေကိုမြန်မာ၊ယိုးဒယား၊အင်္ဂလိပ်သုံးဘာသာနဲ့ညွှန်ပြထား
ပါတယ်။ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးဆူရှီတစ်ဗူးနဲ့သစ်ချသီးလှော်တစ်ထုပ်
ဝယ်ကာပြန်ခဲ့တယ်။

ပင်ပန်းစပြုလာပြီမို့ဟိုတယ်ပြန်ကာခဏအနားယူလိုက်တယ်။
ဒီဟိုတယ်လေးကအဆင့်မမြင့်လှပေမဲ့ဈေးချိုပြီးဆားဗစ်လည်း
ကောင်းတယ်။တစ်ညမှဘတ်၈၅၀လားပဲ။ရေကူးကန်လေးတောင်
ပါသေး။



ညရောက်တော့ဝမ်းကွဲအစ်မတစ်ယောက်ရဲ့ယောင်္ကျား(ယောက်ဖကြီး)
ကရနောင်းရောက်နေတာမို့လို့ထမင်းလိုက်ကျွေးမယ်ဆိုတာနဲ့
sea foodကောင်းကောင်းတစ်ဆိုင်ရောက်သွားပါတယ်။နောက်တော့
ကလပ်သွားချင်တဲ့ကျနော့်ကိုခေါင်းချကာလိုက်ပို့မယ်လုပ်တော့
တစ်ခုတည်းသောကလပ်ကအကြီးစားပြင်ဆင်မှုလုပ်
နေလို့မသွားလိုက်ရပဲ၊ဘားမှာပဲယိုးဒယားသီချင်းဆိုတာလေးတွေကို
ကြည့်ပြီးအပြင်းသောက်ခဲ့ရတယ်။ ဟိုတယ်ပြန်ခါနီးညဘက်ဖွင့်တဲ့
ဆန်ပြုတ်ဆိုင်လေးမှာဆန်ပြုတ်သွားသောက်လိုက်သေးတယ်။

မနက်ရောက်တော့ကားဆရာလာတာနဲ့ဟိုတယ်ချက်အောက်လုပ်ပြီး
ဒင်းဆန်းအရင်သွားစားကြတယ်။
နောက်တော့ဘရားသားကအလုပ်ရှိလို့သူ့ရဲ့သွားစရာနေရာတွေ
ခဏသွားပြီးတာနဲ့မြို့ထဲကဈေးဘက်ကိုရောက်တယ်။အီလက်ထရောနစ်၊
သစ်သီးဆိုင်တွေ၊အင်္ကျီဆိုင်တွေစုံလှပါတယ်။အကျီင်္ဆိုင်တွေဝင်ကြည့်တော့
မသားနားပေမဲ့ရန်ကုန်ကအမ်ကေထဲရောက်သွားသလိုပဲ။အဲဒီကဘရန်းတွေ
အားလုံးနီးပါးရှိပါတယ်။ ကျနော်လည်းဈေးအပေါဆုံးသောအကျီင်္၂ထည်လောက်
နဲ့ဖိနပ်တစ်ရံဝယ်ခဲ့သေးတယ်။

ဆေးရုံနားကဘုရားတွေလည်းရောက်တယ်။

အထဲမှာဓာတ်ပုံတော့မရိုက်ဖြစ်ဘူး။အပြင်မှာစာရေးပြထားတာလေးပါ။



ဒါကဘုန်းကြီးကျောင်းလား၊ပန်းခြံလားမသိဘူး။

ဘရားသားကကွန်ပြူတာဆိုင်ခဏဝင်နေတုန်းအနီးအနားလျှောက်ကြည့်
မိတယ်။

သူတို့မြို့လမ်းညွှန်ဆိုင်းဘုတ်လေးတွေလည်းဒီလိုထောင်ထားတယ်။

၁၂နာရီလောက်ရှိပြီမို့ထမင်းသွားစားကြတယ်။ထမင်းဆိုင်သွားတဲ့လမ်းမှာ
တွေ.ရတဲ့ရနောင်းမြို့ဟောင်းကအုတ်ကျိုးတွေ၊မြို့ရိုးတွေထင်တယ်။



ထမင်းဆိုင်ကဖိနပ်ချွတ်ဆိုင်ဆိုလားပဲ။အရင်ကဖိနပ်ချွတ်ပြီးမှဆိုင်ထဲဝင်ရလို့
ဖိနပ်ချွတ်ဆိုင်လို့နာမည်ပြောင်ပေးထားတာပါတဲ့။အဲဒီဆိုင်မှာတစ်ခုသော
ဟင်းတစ်မျိုးကိုအလွန်ကြိုက်မိတယ်။ ပုစွန်တုတ်ကိုသကြားနဲ့အချိုကြော်ပြီး
ကြက်သွန်နီကြွပ်ကြွပ်ကြော်၊ငရုပ်သီးခြောက်ကြော်တွေနဲ့ပြန်ပြီးလုံးထားတဲ့
အတွက်မွှေးပြီးတော့စားကောင်းတယ်။ ကျနော်ကဘယ်လိုချက်လဲလို့မေးတော့
ဗင်နီကာပါနဲနဲထည့်တယ်တဲ့။ (စားချင်လာပြီ)

ဗိုက်ပြည့်တော့ဘရားသားအိမ်မှာသစ်ပင်စိုက်ဖို့ဆိုပြီးသစ်ပင်ဆိုင်
လေးငါးဆိုင်လောက်ရောက်ဖြစ်သေးတယ်။

သစ်ပင်ဆိုင်ကအရုပ်တွေကိုသဘောကျလို့ရိုက်မိလိုက်တယ်း)

အိမ်ပြန်တော့လှေတစ်စီးလုံးသစ်ပင်တွေအပြည့်နဲ့ပါ။မြန်မာအင်မီဂရေး
ရှင်းမှာသစ်ပင်တွေကိုကြည့်ပြီးအပေါ်ကမိုက်ချက်ချက်နေပါတယ်။


မြေသြဇာတွေလည်းပါတယ်။သစ်ပင်ညှပ်တဲ့ကပ်ကြေးတစ်လက်
တောင်ပျောက်သွားသေးတယ်။ဘယ်မှာကျန်ခဲ့လဲမသိဘူး။


ပြန်ရောက်ပြီ။

6 comments:

မြူးမြူး said...

ရောက်ဖူးချင် စားဖူးချင်သွားပြီ.. သစ်ပင်တွေကလဲ လှမှလှ..

ဧပရယ်လ်ပူး@ပူးတေ said...

ကော့သောင်းမြို့ကြီးကို ရောက်ဖူးချင်သွားတယ်... ရနောင်းလဲ မြန်မာကားတွေ(လူကုန်ကူးတဲ့ ပညာပေးကား)မှာ ကြည့်ရထဲက အရမ်းသဘောကျနေတာ... တခေါက်လောက်သွားဖူးကြည့်ချင်တာ....စားစရာတွေကလဲ မိုက်မှမိုက်ပဲ....

ခင်တဲ့
ပူးတေ

nyimuyar said...

ဒေသန္တရ ဗဟုသုတတွေ ရသွားကြောင်းပါဗျာ။ နောင်များလည်း ဒီလို ခရီးသွား ဗဟုသုတတွေ မျှဝေပါဦးလို့ ။

မိုးခါး said...

အစာတွေ မြင်ပြီး သရေယိုသွားတယ် .. :D
လျှောက်သွားချင်လိုက်တား)

MrDBA said...

ကော့သောင်း ခရီးစဉ် ဖတ်လို့ကောင်းတယ်ဗျာ။ မရောက်ဖူးသေးဘူး။

~ဏီလင်းညို~ said...

ပိန်းဥဟင်းချိုဆိုတာလေး.....မြည်းကြည့်ချင်စမ်းပါရဲ့ဗျာ.......။
ဓာတ်ပုံလေးတွေကြည့်ရလို့ ကျေးဇူး.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို