October 30, 2010

အင်ဒိုအစာ

အင်ဒိုနီးရှားအစာသွားစားဖို့သူငယ်ချင်းတစ်ယောက်ကဖုံးဆက်ခေါ်တာနဲ့
လပ်ကီးပလာဇာဒုတိယအထပ်မှာရှိတဲ့ Resto Surabayaကိုဒီတစ်ပတ်
ရောက်ခဲ့တယ်။
ဆိုင်လိပ်စာကLucky Plaza #02-63/64.Far East Plaza မှာဆိုရင်
#05-26/26Aပါ။ ဆိုင်ကတော့ နာမည်တူတူပါပဲ။

ကြားရက်မို့လို့ညနေဘက်ဆိုင်မှာလူရှင်းနေပါတယ်။တစ်ယောက်က
သက်သတ်လွတ်မို့လို့Ayam Penyetစားလို့မရတာနဲ့ အသုပ်တစ်ပွဲနဲ့
ကန်စွန်းရွက်ကြော်တစ်ပွဲမှာတယ်။ သူ့ရဲ့သက်သတ်လွတ်ကလည်း
ဆန်းပါပေ့ဗျာ။အသားမစားမိရင်ပြီးရောတဲ့။ အသုပ်မှာလည်း
ငါးမုန့်ကြော်တွေကိုဖယ်စားသွားရှာတယ်။


Gado-gado
ပဲပင်ပေါက်၊ကြက်ဥ၊မြေပဲအနှစ်၊ပဲသီး၊မုန်လာဥတွေရောသမမွှေထားပြီး
အပေါ်ကငါးမုန့်တွေတင်ပေးထားတယ်။


အင်ဒိုကန်စွန်းပလိန်း


Ayam Penyet
ငရုပ်သီးဆော့ကစပ်တာနဲ့ပဲငံပြာရည်များများထည့်ပြီးစားခဲ့ရတယ်။


ချဉ်ချဉ်၊ချိုချို၊စပ်စပ် သီးစုံဟင်း


အအေးတွေကြည့်တော့ မု့န်လက်ဆောင်းလိုဟာတွေလဲရှိတယ်။
ရွှေရင်အေးလိုမျိုးလဲရတယ်။အင်ဒိုနာမည်တွေတော့မေ့သွားပါပြီ။
သောက်ကျတာကတော့ကျောက်ကျောအမဲကတစ်ခွက်၊
ကျန်သုံးခွက်ကတော့အုန်းသီး၊ပေသီး၊ပင်မွှားတွေနဲ့အစိမ်းက
သခွားမွှေးအနံ့ထင်တယ်။အနီကတော့ဘာလဲမသိတော့ဘူးဗျာ။

အရသာလည်းရှိတယ်။ စားလို့လဲကောင်းတယ်။ ဈေးနှုန်းလဲသင့်
တယ်။ စပ်တာကလွဲရင်ပေါ့။ စားပြီးတာနဲ့ ဗိုက်တင်းသွားလို့
အောချတ်လမ်းမမှာ လမ်းခဏလျှောက်ရင်း ဘရမ်းဒက်တွေကို
သားရေကျကာ အမ်အာတီကိုဆင်းခဲ့ပြီး အားလုံးလမ်းခွဲခဲ့တယ်။

Enjoy :)

5 comments:

သော်ဇင်စိုး said...

စားချင်လိုက်တာဗျာ... ခွီး.. ခွီး.. ခွီး... :D

Anonymous said...

ငါတို့ကျောင်းက
Ayam Penyet
ကို လာစားကြည့် ...

စားလို့ကောင်းတယ် ..

Ayam Penyet
ဆိုရင်
ကျောင်းက ဟာပဲ
ကြိုက်တယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

စန္ဒကူး said...

tempe လေးရောမပါဘူးလားဗျို့...

သံလွင် HeRo said...

SNY>မစားဘူး....လက်ကီးပလာဇာကပဲကောင်း
တယ်း)

SDK>tempe ကြော်ထားတာလေးပါတယ်း)

Candy said...

ကြည့်ရင်းနဲ့ သရေကျလာပြီ.. ရှလွတ်... :P