မွေးနေ့ရှိလို့ သူ့အိမ်မှာမာလာဟင်းနဲ့ကျောက်ပွင့်သုပ်ကျွေးပါတယ်။
မာလာဟင်းချက်ကောင်းတယ်လို့နာမည်ကြီးနေတဲ့သူမို့
recipeရအောင်စောစောသွားပြီးကူညီသလိုနဲ့နည်းသွားယူခဲ့တယ်။

အရွက်တွေကစုံလှပါတယ်။
ကြွက်နားရွက်မှိုကိုကျနော်လက်နဲ့ဖဲ့ထားတာပါ။

မာလာဟင်းအနှစ်ကိုဆီသတ်ပြီးခရမ်းချဉ်သီး၊
ဆား၊ဟင်းချိုမှုန့်နဲ့ပြန်ချက်ပါတယ်။

ဒါကကျနော်ကိုယ်တိုင်ရေစင်အောင်ဆေးပေးထားတဲ့
မုန်ညှင်းရွက်

ဒါတွေကိုလည်းရေဆေးပေးပြီးကူညီခဲ့တယ်။

ဒီခေါက်ဆွဲတွေကိုတော့သူကမနက်ကတည်းကရေ
စိမ်ထားတာတဲ့။

အသားတု၊ရုံးပတေသီး၊မှိုတွေလည်းပါတယ်။

မာတဲ့အသီး၊အရွက်တွေကိုအရင်ပြုတ်၊ပြီးရင်ခေါက်ဆွဲကို
ရေနွေးစိမ်ထားတာကိုထည့်၊အကျက်မြန်တဲ့
အရွက်တွေထည့်၊ဟင်းအနှစ်ထည့်၊ဆား၊
အချိုမှုန့်၊သကြား၊နှမ်း၊မြေပဲတို့ထည့်ပြီးမွှေ
စိတ်ကြိုက်ပြင်ပြီးအရသာရှိလှတဲ့ မာလာဟင်းရပါပြီ။

ကျောက်ပွင့်သုပ်ပါ။
ငရုပ်သီး၁၇တောင့်၊ကြက်သွန်နီသုံးလုံး၊
သံပုရာသီးနှစ်လုံး၊ကြက်သွန်ဖြူနီဆီကျက်၊
ဆား၊သကြား၊ဟင်းချိုမှုန့်အနည်းငယ်စီ၊
နံနံပင်တို့ရောသမလိုက်ရင်တော့
ဂွတ်ရှယ်ကျောက်ပွင့်သုပ်ပေါ့ဗျာ။
6 comments:
မာလာဟင်းရော..ကျောက်ပွင့်သုပ်ရော..
ရမ်းရမ်းကိုကြိုက်တယ်။
ရယ်ဒီမိတ်အထုတ်တွေနဲ့ အိမ်မှာလုပ်စားဖူးတယ်၊ ဆိုင်ကလောက်တော့မကောင်းဘူးရယ်..
ဒါကတော့ အစဆုံးကိုယ်တိုင်လုပ်တော့ကောင်းမှာသေချာဧ။်
သံလွင်ရေ
မာလာဟင်းစားချင်နေတာ အတော်ကြာပြီ...မာလာဟင်းဆိုတာတွေ့တော့ ပြေးလာတာပဲ။ သေချာနည်းယူလာတယ်ဆိုတော့ ဘယ်တော့ ချက်ကျွေးမှာလဲ ပြော... ချက်ကျွေးတော့မယ်ဆို အကြောင်းကြားလိုက်နော်....
ပူးတေ
ဟုတ်ပါ့...ရန်ကုန်မှာဆိုတရုတ်တန်းသွားပြီးခဏခဏ
သွားစားဖြစ်တယ်...ရှလွတ်....
@SDK အရသာမဆိုးဘူးဗျ....ဆိုင်ကနဲ့သိပ်
မကွာဘူး...စားကောင်း၏း)
@PT ဟားဟား ဟုတ်ခဲ့ဗျ.......
@NK တရုတ်တန်းကထက် ရွှေလီကဟာပို
ကြိုက်တယ်း)
Hi, nice blog & good post. overall You have beautifully maintained it, you must submit your site for free in this website which really helps to increase your traffic. hope u have a wonderful day & awaiting for more new post. Keep Blogging!
မာလာဟင်းတော့ ကြိုက်သား၊ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ် :)
Post a Comment