October 19, 2010

တစ်ခါကကော့သောင်း-၁

အားလပ်ရက် မြန်မာပြည်ရောက်နေတုန်း တစ်နေ့တော့
ကော့သောင်းကိုသွားဖို့ အကြောင်းဖန်လာပါတယ်။
တကယ်တော့ ကော့သောင်းမှာနေတဲ့အစ်ကိုတစ်ဝမ်းကွဲရဲ့ကောင်းမှုပါ။
မနှစ်ကတည်းကလာလည်ဖို့ခေါ်နေတာ ဒီတစ်ခေါက်တော့သူလည်း
ထားဝယ်ရောက်နေတုန်းဆုံဖြစ်တဲ့အချိန်မှာ သူ့တို့ဆီလိုက်လည်မလားတဲ့။
ဒီကကောင်ကလည်းသွားချင်နေတာဆိုတော့ဘယ်ငြင်းမလဲ။
အင်း.....လိုက်မယ်ပေါ့။ ဘွတ်ကင်သွားလုပ်တော့
သူသွားမဲ့လေယာဉ်လိုင်းကလက်မှတ်ကုန်နေတယ်
ဆိုတာနဲ့တစ်ခြားလေယာဉ်လိုင်းတစ်ခုနဲ့လိုက်သွားရပါတယ်။
ကွင်းချိန်းကလည်း မတိမ်းမယိမ်းဆိုတော့မဆိုးဘူးပေါ့။

ထားဝယ်မြို့ကလေဆိပ်မှာ ဘယ်သွားမှာလဲဆိုပြီးလ.ဝ.က
ကမေးတော့ သော့သောင်းဆိုတာနဲ့ရစ်ပါတော့တယ်။
ဘာကြောင့်သွားမှာလဲ၊ဘယ်အိမ်မှာတည်းမှာလဲတဲ့။
အစ်ကိုကဟိုဘက်မှာအဝတ်အိတ်ပေါင်ချိန်နေတာသွား
ကြည့်နေတာကြောင့်ဟိုအစ်ကိုနဲ့တူတူပဲဆိုပြီး
လက်ညှိုးထိုးပြပြီးပြောတော့
လိပ်စာပြန်ပြောတဲ့။ခုဏက အဲဒီအစ်ကိုကြီးလိပ်စာအတိုင်းပဲ
ဆိုပြီးပြောပြန်တော့ မင်းသွားမဲ့အိမ်လိပ်စာကိုအတိအကျ
သိရမှာပေါ့တဲ့။ အတူတူလာတာ၊သူ့အရှေ့မှာပဲခုလေးတင်
စကားပြောတာလည်းမြင်တယ်။ အဲပုဂံကစာရွက်လစ်စ်မှာ
ရေးထားတဲ့လိပ်စာလေးပြန်ကူးလိုက်ယုံပဲကို သက်သက်မဲ့
အကြောင်းရှာကာရစ်ပါတယ်။မသိရင်မင်းကိုတက်ခွင့်
လက်မှတ်မပေးဘူးတဲ့။ ကောင်းရောဗျာ။
အဲဒီမှာကျနော်နဲ့ခင်နေတဲ့ပစ္စည်းကယ်ရီဝန်ထမ်းတစ်ယောက်
ကဝင်ပြီးရှင်းပေးတော့မှပြေလည်သွားပါတယ်။

အဲဒီလိုပြည်တွင်းခရီးသွားတောင်အဲလောက်ခက်ခဲနေရင်
ဘယ်လိုလုပ်ပြီးများ ခရီးသွားလုပ်ငန်းဖွံ.ဖြိုးတိုးတက်လာ
မှာပါလိမ့်။

မရောက်တာကြာပြီဖြစ်တဲ့ကော့သောင်းခရီးကတော့
စိတ်မကြည်မလင်နဲ့ပါ။လေယာဉ်ပေါ်မှ မြင်တွေ.ရတဲ့
ကမ်းရိုးတန်းအလှ၊ကျွန်းတွေရဲ့သဘာဝအလှ၊ငါးဖမ်းစက်လှေ သေးသေးလေးတွေရဲ့ရွေ.ရှားမှုအလှဟာကိုမြင်လိုက်တော့
လည်းညစ်ထွေးနေတဲ့စိတ်တွေပပျောက်သွားပါတယ်။

လေယာဉ်ကကျွန်းပတ်ဆိုတော့နာရီဝက်ကျော်ကျော်လောက်
စီးပြီးမြိတ်လေဆိပ်မှာ ခဏနားပါတယ်။ ခရီးသည်တင်ချ ၁၅
မိနစ်လောက်လုပ်ပြီးတော့ကော့သောင်းကိုဆက်မောင်းသွားပါတယ်။
မြိတ်လေဆိပ်မှာခဏတာ

နောက်ထပ်မိနစ်လေးဆယ်လောက်စီးပြီးတဲ့အချိန်မှာတော့
ကော့သောင်းမြို့ကိုဆိုက်ရောက်ပါတော့တယ်။


ရောက်ပါပြီ....ကော့သောင်းလေဆိပ်

လေဆိပ်နဲ့မြို့ထဲကိုသွားဖို့၁၀မိုင်လောက်ခရီးဝေးပါတယ်။
ဒါကတော့ရွှေဟင်္သာ၊၁မိုင်ဘက်ကအစ်ကို့အိမ်မှာပါ။


ဘရားသားအိမ်ပေါ်မှတွေ.ရတဲ့ ရွာမ၂လမ်း


ညနေဘက်ဘုရင့်နောင်ကုန်းပတ်လမ်းမှာရှိတဲ့အစ်မအိမ်ကို
သွားလည်ရင်းဘုရင့်နောင်ကုန်းကိုရောက်ဖြစ်ခဲ့တယ်။
ယိုးဒယားဘက်ကိုဓားထုတ်ပြီးမျက်နှာမူရပ်နေတဲ့ပုံက
ဇာတိသွေး၊ဇာတိမာန်အပြည့်နဲ့ပါ။ အလေးပြုပြီးအထွက်
ပေါက်ကစာအုပ်ဆိုင်မှာဂျာနယ်ဝယ်ပြီးအိမ်ပြန်ခဲ့တယ်။

နောက်တစ်နေ့တော့မြို့ထဲဆိုင်ကယ်
လျှောက်စီးရင်း ဦးထုပ်မဆောင်းလို့
မော်တော်ပီကယ်အတားခံရသေးတယ်။
မရပ်ပေးပဲမောင်းပြေးတော့ တော်ပါသေးရဲ့
အနောက်ကမလိုက်လာလို့။ ထားဝယ်မှာဆိုရင်
မောင်းပြေးရင်အသေပဲ။ဘဲဥတွေကနောက်က
နေအပီအပြင်လိုက်တာ။ ပြေးနိုင်မှလွတ်တယ်။
နောက်နေ့လေကျတော့လမ်းလည်းကျွမ်းသွား
တာကတစ်ကြောင်း၊ဘဲဥတွေဘယ်မှာရှိနိုင်တယ်
ဆိုတာခန့်မှန်းလို့ရသွားလို့ ရှောင်ကွင်းပြီးသွား
နိုင်တော့တယ်။

ကော့သောင်းဗြူးပွိုင့်ကနေသူဌေးကျွန်းမြင်ကွင်း


ပုလုံးတုံးတုံးဆိုတဲ့ထူးထူးဆန်းဆန်းနာမည်နဲ့ကျွန်းလေးလဲ
ရောက်ခဲ့တယ်။ ဘာမှတော့မရှိပါဘူး။ရေတွေရယ်၊
ရေသူမတစ်ကောင်ရယ်၊ကိုလာသောက်ပြီးပြန်ခဲ့တယ်။


ဒီရေတောတွေလည်းဒီလိုရှိပါသေးတယ်။

ကော့သောင်းရဲ့ထူးခြားတာတစ်ခုကရေကားတွေပါ။ပင်လယ်
နဲ့နီးတာကြောင့်ရေမကြည်လို့အိမ်တစ်ချို့ကတော့ရေဝယ်သုံး
ရပါတယ်။ညနေဘက်ခရာသံတွေပေးပြီးရေကားတွေရေလိုက်ဖြည့်
နေတာကိုလည်းနေ့စဉ်နဲ့အမျှမြင်တွေ.ရပါတယ်။

အစားအသောက်ခုံမင်တဲ့ကျွန်တော်ကတော့ယိုးဒယား
သင်္ဘောသီးထောင်း၊ကြက်ကင်၊ကွေ.တရို၊သျှမ်းမုန့်တီ၊
စတာတွေကိုကောင်းကောင်းကြီးခံတွင်းတွေ.ပါတယ်။

မူရမ်းလို့ခေါ်တဲ့အသားကင်ဟော့ပေါ့လည်းမဆိုးပါဘူး။
ရွှေနှင်းဆီလို့ခေါ်တဲ့ပင်လယ်စာစားသောက်ဆိုင်ကို
လည်းနှစ်ခြိုက်သလို၊ကမ်းနားလမ်းမှာရှိတဲ့ဂျီအီးစီနံဘေး
ကကော်ဖီဆိုင်လေးကိုလည်းသတိရနေမိတယ်။
မြို့ထဲကတောင်ကုန်းလေးအောက်မှာရှိတယ်
အအေးဆိုင်ကြီးကိုလည်းနှစ်သက်မိတယ်။
များပြားလှတဲ့ဘီယာစတေရှင်၊စင်တင်တွေကလည်း
ကာလသား၊ဦးဦး၊ဘိုးဘိုးများအကြိုက်ဖြစ်ပြီးစည်ကားလို့
နေပါရဲ့။

October 8, 2010

ထားဝယ်မသွားခင်သိစေချင်

ဘလော့မရေးဖြစ်တာလနဲ့ချီကြာနေပါပြီ။ ဒါပေမဲ့ဒီနေ့တော့
မနိုင်းနိုင်းစနေအိမ်မှာ စာဖတ်ရင်းနဲ့ထားဝယ်အကြောင်းပါလာ
လို့ ရေးဖို့ခွန်အားပေးလိုက်သလိုပါပဲ။
ကျေးဇူးပဲ မနိုင်းနိုင်း.......။

မိုင်လေးရာကျော်ဝေးတဲ့ရွှေမြို့တော်(ရန်ကုန်)ကနေ
ကားနဲ့လာနိုင်ပါတယ်။ကားခက ၁၂၀၀၀ဝန်းကျင်ပါ။ လေအိတ်မပါ
တဲ့ကားတွေပါ။ မော်လမြိုင်လောက်ထိလမ်းကောင်းပေမဲ့
အဲဒီနောက်ပိုင်း လမ်းဆိုးတော့ နဲနဲတော့ပင်ပန်းပါလိမ့်မယ်။
တစ်ရက်လောက်အချိန်ပေးနိုင်ပြီးသဘာဝတောတောင်တွေ
ကြည့်ရင်းအပင်ပန်းခံနိုင်တယ်ဆိုရင်တော့ သင့်တော်ပါတယ်။
ရွှေမြင်းပျံကားအသင်းကကားအကောင်းဆုံးလို့ကြားမိပါတယ်။

လေယာဉ်ဆိုရင် မြန်မာ့လေကြောင်း၊အဲပုဂံ၊
ရန်ကုန်အဲဝေး၊အဲမန်းတို့ရှိပြီး ဈေးနှုန်းမှာ ၃၅၀၀၀ မှ ၅၅၀၀၀
ထိရှိပါတယ်။ ၁နာရီအတွင်းအမြန်ရောက်ချင်တယ်ဆိုရင်တော့
အကောင်းဆုံးနည်းပါပဲ။

စီးပွားရေးအရ ရာဘာ၊ကွမ်းသီး၊ရေလုပ်ငန်းနဲ့
ယိုးဒယားကုန်ပစ္စည်းဆိုင်များအလုပ်ဖြစ်ပါတယ်။
ကော့သောင်းမှတိုက်ရိုက်ကုန်ပစ္စည်းတင်
သင်္ဘောများရှိတဲ့အတွက်လည်း သင့်တင့်သောဈေးဖြင့်
စားသောက်ကုန်များရရှိနိုင်တယ်။
မှတ်ချက် (singha or cheers beerရေခဲစိမ်၁လုံး၅၀၀ကျပ်)

ပူအိုက်စွတ်စိုတဲ့ရာသီဥတုပါ။ မြို့တွင်းသစ်ပင်အရိပ်နည်းတဲ့အတွက်
အလွန်ပူပါတယ်။ ဒါကြောင့်နေ့လည်ပိုင်းအပြင်ထွက်လျှင်ထီးဆောင်း
သွားဖို့မမေ့ပါနဲ့....။ ပေါ့ပါးပြီး လွတ်လပ်တဲ့အင်္ကျီများယူ
သွားသင့်ပါတယ်။

တစ်မြို့လုံးနီးပါးထားဝယ်စကားပြောပေမဲ့လည်း နားလည်လွယ်
ပါတယ်။ မြန်မာအသံထွက်ကို ခပ်ဝဲဝဲပြောပြီး တစ်ချို့အသုံးအနှုန်း
နဲ့ အခေါ်အဝေါ်တွေတော့ ကွဲလွဲပါတယ်။

ပင်လယ်နဲ့နီးတော့ ပင်လယ်စာတွေပေါပါတယ်။ ပင်လယ်ငါးမျိုးစုံ၊
ပုစွန်၊ကျောက်ပုစွန်၊ဂဏန်း၊ခရု၊ရေခူ၊ပြည်ကြီးငါးအစရှိသဖြင့်ပါ။
သား၊ငါးပေါပေမဲ့ ဟင်းသီးဟင်းရွက်တော့ရှားပါးပါတယ်။
ဒါကြောင့်စားသောက်ဆိုင်သွားရင်အရွက်ကြော်ကိုတော့ကန်စွန်းရွက်
ပလိန်းနဲ့ပဲစားရဖို့များပါတယ်။ ရေခူသုပ်၊ငါးမန်းသားရေသုပ်တို့
စားကြည့်ပါ။

မြို့တွင်းလမ်းအားလုံးနီးပါး ကျဉ်းပြီး ဆိုင်ကယ်များတော့ ယာဉ်အန္တရယ်
ဂရုစိုက်ပါ။

ကွေ.တရို၊ကိုးရီးယားဒုတ်ထိုး၊ဘဲသားသုပ်ဆိုင်တွေပေါသလို အချဉ်ကြိုက်
သူတွေအတွက်တော့ ပုအုန်းရည်နဲ့ချက်ထားတဲ့ ထားဝယ်မုန့်တီမြည်းကြည့်
စေချင်ပါတယ်။ မု့န်တော်တော်များများကတော့ (မုန့်လင်မယား၊ သာခွေယိုင်၊
ငှက်ပျောသီးပေါင်း) အုန်းနို့ပါတဲ့အတွက်သွေးတိုးမရှိသောသူများအတွက်သာ
စားသုံးရန်သင့်တော်ပါတယ်။

မနက်စာအတွက်
ထားဝယ်မုန့်ဟင်းခါး (တရုတ်တန်းလမ်း)
ရန်ကုန်မုန့်ဟင်းခါး (ကမ်းနားဈေး)
ဆီချက် (မိသားစုကဖီး)
စားဖွယ်စုံ (သဟာယကဖီး)

နေ့လည်စာ(သို့)ညစာ
မြန်မာထမင်းဟင်း (ဧရာဝတီ)
ယိုးဒယား (Miss you)
ကြေးအိုးဆီချက် (3D)
ကွေ.တရို (အောင်ပြည့်ဖြိုး)
ပင်လယ်စာ (နိုနို)

လည်ပတ်သင့်သောနေရာများ-ရွှေတောင်စားနှင့်ဘုရားကြီး၊ရှင်ကိုးရှင်၊
လျောင်းတော်မူ၊ရပ်တော်မူ၊တောက်ထိန်တောင်၊မောင်းမကန်ကမ်းခြေ၊
မျှော်ရစ်စေတီ၊ရေပူစမ်း၊ကျားခုန်အိုင်၊တောကျဲရေတံခွန်၊ဆင်ကိုးရပ်ရေတံခွန်။

တည်းခိုရန်
ပန်းဥယျာဉ်
ပုလဲဧကရီ
Golden Guest

လက်ဆောင်ပစ္စည်းများ
ပုစွန်ခြောက်၊ငါးခြောက်၊ငါးပိ၊ပိန္နဲမုန့်၊မုန့်ကုလားမဲ၊
ငါးမု့န်၊သီဟိုစေ့၊မုန့်လိပ်။

အနာဂတ်
၂၀၁၁မှ၂၀၁၅ထိဆောက်လုပ်မဲ့ ပင်လယ်ရေနက်ဆိပ်ကမ်းပြီးစီးသွားပါက
စီးပွားရေးပိုမိုကောင်းမွန်လာနိုင်ပြီး ထားဝယ်-ကန်ချနာဘူရီလမ်းမကြီး
ဖောက်လုပ်ပြီးစီးသွားပါကလမ်းပန်းဆက်သွယ်ရေးကောင်း
မွန်လာနိုင်ပါတယ်။

Ref: မနိုင်းနိုင်းစနေ၏ ကျွန်မရောက်ခဲ့တဲ့နေရာ ပို့စ်မှထားဝယ်စာပိုဒ်အား
ကိုးကားပါသည်။



April 13, 2010

သင်္ကြန်အလွမ်း



တန်ခူးတော့မဟုတ်ဘူး။ အခါနှစ်ကူး ကဆုန်ရောက်ပြီ။
နွေဦးရဲ့ လေရူးနဲ့အတူ ဥသြသံတွေက
ဟိုတစ်စဒီတစ်စ အမိမြေမှာကြားနေရောပေါ့။ စလုံးကျွန်းရဲ့ မိုးခြိမ်းသံ
တွေကို ကြားမိရင်နွေအလယ်မှာ ရွာတဲ့ သင်္ကြန်မိုးကို တမ်းတမိသလို
စိန်းလန်းနေတဲ့ ပန်းပိတောက်ပင်တွေကတော့ သစ္စ္စာမဲ့စွာ အောချတ်လမ်းပေါ်မှာထီးထီးမားမားစီရရီပေါက်နေတာဖြင့်
အရွက်နု၊ အဖူးပွင့်ဝေဆာနေတဲ့ မြန်မာ့မြေက ပိတောက်တွေနဲ့
လားလားမှ မဆိုင်သလိုပါပဲ။

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်ရက်မှာ ကလေးသင်္ကြန်ဆိုတာ
ရှိတဲ့ ဟိုးငယ်ငယ်က ထားဝယ်သင်္ကြန်ကလည်း စိတ်ထဲမှာ
ရောက်ချင်နေမိသလို သင်္ကြန်ရက် ၃ ရက်ဆက်တိုက်
နှစ်တိုင်း မောင်းမကန်က ဘန်ဂလိုမှာမိဘ၊ဆွေမျိုး၊သူငယ်ချင်း
တွေနဲ့ ပျော်ခဲ့တဲ့ ရက်တွေကိုလည်း တားမရဆီးမရ
လွမ်းနေမိတယ်။

အမိမြေမှာ အခုဆိုပျော်နေကြပြီ။ မဏ္ဍပ်တွေအပြိုင်ဆိုင်နဲ့
ပရောဂျက်၁၊၂၊၃ အသံတွေညံနေတဲ့ ဒီနှစ်မရှိတော့ဘူးလို့
ပြောနေကြတဲ့ အင်းယားလမ်းကိုမေ့လို့မရ။

အဲဒီအချိန်တွေမှာ ရှမ်းကိုးမီးနဲ့ မိုးလင်းခဲ့တဲ့ရက်တွေ
ရှိသလို ရှန်ကီများပြီး တစ်နေကုန်အိပ်ခဲ့တဲ့နေ့တွေရှိတယ်။

ဒီဂျေနဲ့ စည်းချက်ကိုက်တဲ့ ရက်တွေရှိသလို
ဘုန်းကြီးကျောင်းသွား ကုသိုလ်ယူတဲ့ရက်တွေရှိတယ်။

မိသားစုနဲ့ပျော်ခဲ့တဲ့ရက်တွေရှိသလို
တစ်ယောက်ထဲ သီချင်းညဉ်းခဲ့တဲ့ သင်္ကြန်ရှိတယ်။

မုန့်လုံးရေပေါ်၊ မုန့်ဆီကြော်၊သင်္ကြန်ထမင်းစားရင်း
သာကူသောက်ခဲ့တဲ့နေ့တွေရှိသလို
ထမင်းထဲရေထည့်ပြီး ငါးပုတ်ခြောက်နဲ့ လွေးခဲ့တဲ့ရက်
တွေရှိတယ်။

မနက်စောစောထ တိုင်ကီရေဖြည့် တွေ.တဲ့လူပက်၊
မနက်စောစောထ ရှိုးအပြည့်နဲ့အင်းယားလမ်းသွားတဲ့
ရက်တွေရှိသလို
တူးပို့သံ အံတုပြီး စာကျက်ခဲ့တဲ့ရက်တွေရှိတယ်။

တစ်ချို့ တစ်ချို့ကလည်း ငွေငန်းကြီးကိုလွမ်းကြသလို
တစ်ချို့တွေကြပြန်တော့လည်း ဦးတာကိုလွမ်းတယ်
တစ်ချို့ကမန္တလေးသင်္ကြန်ကိုမှလွမ်းသလို
တစ်ချို့ကချစ်သူရည်းစားတွေကိုလွမ်းတယ်...

ငွေဖလားနဲ့ သပြေခက်ကိုလွမ်းမိကြသလို
ပရက်ရှာဂန်း၊ နို့ဆီခွက် နဲ့ မီးသတ်ပိုက်
ကိုလည်း ထိပ်တိုက်တွေ.ချင်မိပါရဲ့....

နှစ်သစ်မှာ ဘလော့ဂါအပေါင်း၊ စာဖတ်သူအပေါင်း၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။

photo ref: www.google.com


March 12, 2010

တေလေငှက်ငယ်



တေလေငှက်ငယ်တစ်ကောင်
မန်းကျည်းပင်မှ တမာ
ပိတောက်ပင်မှ စံကား
ကူးလူးပျံသန်းလို့ရယ်....

သစ်တစ်ကိုင်းမှာနား
နောက်တစ်ကိုင်းမှာနား
တစ်ကောင်တည်းရယ် အဖော်မဲ့
ခိုကိုးရာကင်းမဲ့
ဦးတည်ရာမဲ့
လေလွင့်နေပါရဲ့....

အကျည်းတန်ပေမဲ့လည်း
လှပတဲ့နှလုံးသားရှိတယ်
ဘဝင်ရယ်သိပ်မမြင့်လှပါ
အသွင်တူမဲ့ အိမ်သူကို
ရှာပုံတော်ဖွင့်ရင်း
သူ့ခမျာနှယ်
အချစ်ရေးရယ်
ကံခေနေရရှာတယ်....

ဆက်ရက်က ကြက်တူရွေးကိုကြိုက်သလို
ကျီးကန်းက လင်းယုန်ကိုရင်ခုန်မိတယ်
ဥသြက နှံပြည်စုတ်နဲ့ အကောင်ချင်းယှဉ်နိုင်သေးပေမဲ့
စာကလေးက သိန်းငှက်ကိုမှကြိုက်မိတာ
နှလုံးသားရဲ့တောင်းဆိုမှုကို
လွန်ဆန်မှုမပြုနိုင်ကြတဲ့
သူတို့မှာအပြစ်ရှိကြလား ????

သြော်....အသင်ငှက်ငယ်
အမြင့်သို့ရဲရဲပျံပါ
အန္တရာယ် မုန်တိုင်းမမှုပါနဲ့...
ပျော်ရွှင်ခြင်းဆောင်ကျဉ်း
သာယာခြင်းနဲ့မိတ်ဆက်
မိသားစုဘဝတည်ဆောက်နိုင်ဖို့
မိုးလေကင်း အေးချမ်းတဲ့
တစ်နေရာမှာ အသိုက်မြုံဆောက်ရင်း
ဖြူစင်တဲ့မေတ္တာတရားတွေ
ငှက်အပေါင်းတို့ကို ပေးလိုက်ပါ.... ပေးလိုက်စမ်းပါ။

photo ref: www.google.com


March 8, 2010

SAKE SUSHI

uhh...this evening, met wif two fri.s who're gonna bak ygn tmr.
I followed wif them for buying some stuffs @ raffles city and
finally we chose a place to chill out that's something different
from peninsula. It is sake sushi in city link.
As usual it's quite crowded even in Monday evening.
So, we picked a corner seat to hv good conversation.


Japanese food wouldn't b perfect w/o pickled ginger
I missed to take wasabi photo though...



I go to Deluxe Bento Set



my choice is perfect for my dinner. I finished all these small
bowls plus rice n miso soup in 15 mins. Ha ha



Ebikko n small bits of octopus sushi



my stomach's delightfully full wif soft-shelled crab hand roll :)

Hv a wonderful weekends all ^^^

OSCAR 2010



Best Visual Effects

Avatar

Best Original Score

Up (Michael Giacchino)

Best Cinematography

Avatar (Mauro Fiore)

Best Sound Mixing

The Hurt Locker

Best Sound Editing

The Hurt Locker

Best Costume Design

The Young Victoria

Best Art Direction

Avatar

Best Supporting Actress

Mo'nique (Precious)

Best Adapted Screenplay

Geoffry Fletcher (Precious)

Best Makeup

Star Trek

Best Short Film

The New Tenants

Best Documentary (Short Subject)

Music by Prudence

Best short Film (animated)

Logorama

Best Original Screenplay

Mark Boal (The Hurt Locker )

Best Original Song

The Weary Kind

Best Animated Feature Film

Up

Best Supporting Actor

Christoph Waltz (Inglorious Basterds)

Best Foreign Language Film

Ei Secreto de Sus Ojos

Best Film Editing

The Hurt Locker

Best Documentary Feature

The Cove

Best Actor

Jeff Bridges (Crazy Heart)

Best Picture

The Hurt Locker

Best Director


Kathryn Bigelow ( The Hurt Locker )

Best Actress

Sandra Bullock (The Blind Side)

March 7, 2010

စားကြပါ

စန်းဒေးမှာ အပြင်ထွက်စားရမှာပျင်းနေတဲ့သူတွေအတွက်

ပုစွန် + မှိုကြော်


East coast မှာ ဦးစည်သူ ချက်ကျွေးတဲ့ ကြက်သားချက်ကို စိတ်ထဲမှန်းပြီး
မလုလု နဲ့ မမိုးကောင်းသူတို့ရဲ့ အိုင်ဒီယာကိုယူကာ ချက်ထားတဲ့
ကြက်ကချင်ချက်


newton circus ကပုစွန်ကင်


ဒါလည်းပုစွန်ကင်ပဲ


Chilli Crab


ကြက်ကုန်းဘောင်


ပဲပင်ပေါက်+ပဲပြား


sashimi + sushi


မုန့်လက်သုပ်


သင်္ဘောသီးသုပ်


ပုစွန်အစိမ်းသုပ်


ခရမ်းချဉ်သီးငပိချက်


avocado ramen


ဘာ ramen လည်းမသိတော့ဝူး....


deep fried cuttle fish + baby octopus


ပျောက်နေတာကြာတဲ့အတွက် ပြန်လာတဲ့အထိမ်းမှတ် အိမ်လာလည်
တဲ့သူတွေကို ဧည့်ခံပါရစေ။း)