November 28, 2009

တစ်ဖက်ရိုက်ဖိတ်စာ



မျက်လုံးခြင်းဆုံခိုက်ခဏ
နှလုံးသားက ပင့်သက်တစ်ချက်ခြွေတယ်
အော်...မင်းသူ့ကိုရင်ခုန်မိပြီတဲ့....

နူးညံ့လွန်းတဲ့ အပြုံး
ဖြူစင်လွန်းလှတဲ့ အကြည့်တွေကြောင့်
ငါ့အသည်းကို ဖက်ထဲထုပ်ပြီး
မင်းကိုပေးလိုက်ပြီ
လိုချင်သလိုသာသုံး
ခဏခဏထုတ်သုံး
စိတ်ညစ်ချိန်
မီးကင်ပြီး ဝီစကီနဲ့တော့
မမြီးကြေး....

အဓိက.က
အချစ်တွေခိုင်ပြီး
လက်တွဲမြဲဖို့
ပလက်ဖောင်းမှာ
လမ်းလျှောက်ရင်
ဘေးတစ်ချက်တော့
မယိုင်လိုက်နဲ့....

မေတ္တာတွေလွှမ်းခြုံ
သစ္စာတွေရိပ်မြုံတစ်ခုဆောက်
သံယောဇဉ်ကိုရုံသွင်းပြီး
မင်းနဲ့ကိုယ် နှစ်ယောက်တည်း
နှစ်ပါးသွား ကမယ်....
ဇာတ်ကလို့ မဆုံးခင်
တောင်းပန်ပါတယ်
မီးတော့ မိုးလင်းထိပေးပါ....

အိပ်ပျက်အလွမ်းတေး
အဆွေးသီချင်းညည်းရင်း
နယ်လွန်အတွေးတွေနဲ့
ရင်ခုန်သံတွေထပ်တူကျ
ပျော်စရာဆောင်ကျင်း
နှလုံးသားခြင်းနီးချင်ပြီ။

November 25, 2009

လှမ်းခဲ့ထားဝယ်မြေ



Find more videos like this on Shwe - Dawei

ခိုင်မြဲသာ ဆိုထားတဲ့သီချင်းကို ရွှေထားဝယ် မှကိုတောသားလေးက
စိတ်ကူးဖြင့်ပုံဖော်ထားတဲ့ ဓာတ်ပုံ slide show လေးပါ။
မရောက်ဖူးတဲ့သူတွေအတွက်ဒေသရဲ့အထင်ကရနေရာတစ်ချို့ကို
ဗဟုသုတအနေနဲ့တွေ.နိုင်သလို အိမ်လွမ်းသူတွေအတွက်တော့ အလွမ်းပြေလေး
ပေါ့ဗျာ။

November 22, 2009

Breaking Borders, Bonding Lives

လွန်ခဲ့တဲ့၂လလောက်က Immix-international minority mix မှာ
Secretaryလုပ်နေတဲ့မျိုးမြင့်အောင်နဲ့Public Relation ဖြစ်တဲ့မအိတို့က
International Students'Nightမှာဒီနှစ်လည်းမြန်မာအကတစ်ခုထွက်ရ
အောင်ဆိုပြီးကျနော်နဲ့စကားပြောဖြစ်ခဲ့ကြတယ်။
ဟိုအကဒီအကတွေစဉ်းစား၊ကိုယ့်ထက်စီနီယာကျတဲ့အစ်ကို၊အစ်မတွေ
ကိုတိုင်ပင်ရင်းနောက်ဆုံးမှာတော့သင်္ကြန်အကကိုပဲရွေးဖြစ်ခဲ့တယ်။ အမြင်တစ်မျိုး
ဆန်းစေဖို့အတွက်သင်္ကြန်မိုး၊ နွေဦးကဗျာ၊ ဖြူနီဝါပြာသုံးဖွဲ.ခွဲထွက်ဖို့လုပ်ခဲ့ကြပြီး
နောက်ဆုံးမှာမန်းတောင်ရိပ်ခိုနဲ့ အကုန်လုံးကိုပြန်ကစေခဲ့တယ်။
အကအတွက်လူစုရတာလည်းမလွယ်လှပါဘူး။ ဒီပလိုမာဘက်မှာ မအိကစုသလို
ယူနီဘက်မှာ မျိုးမြင့်အောင်နဲ့ကျနော်က လိုက်စုရပါတယ်။ အကမှာညီကျဖို့၊
တစ်ဦးနဲ့တစ်ဦး စည်းစည်းလုံးလုံးရှိကြဖို့၊ ချစ်ခင်ကြဖို့ကိုလည်း ချော့မော့ပြောရပါ
သေးတယ်။
သီချင်းကို အဆိုင်းမန့်တွေပိနေနဲ့ကြားကနေကိုသားဇော်ကအကြမ်းလုပ်ပေးခဲ့ကာ
စာမေးပွဲဖြေဖို့တောင်အာရုံမထားနိုင်ပဲသီချင်းကောင်းဖို့အတွက်
ကျနော်တို့စိတ်တိုင်းကျဖြစ်အောင်ကိုစတီဗင်က အချောကိုင်ပေးခဲ့ပါတယ်။
မနှစ်ကတည်းက စေတနာအရင်းခံကာသင်ကြားပေးခဲ့တဲ့ အန်တီသစ်သစ်၊သဲသဲနဲ့
မေမြတ်နိုးတို့ကလည်း ကြီးကျယ်ခန်းနားလှတဲ့ အရောင်သွေးစုံညီ နီအန်းပွဲသဘင်
ကြီးရှိနေတဲ့ကြားက အားလပ်ချိန်တွေမှာ SIMဘက်ကို ကူးလာပြီး တကူးတက
အက လာရောက်သင်ကြားပေးခဲ့ပါတယ်။ (ကျေးဇူးအထူးပါဗျ။း)
အင်္ကျီချုပ်တာတို့၊ student clubတွေနဲ့ညှိနှိုင်းရေးတွေမှာ မျိုးမြင့်အောင်နဲ့မအိတို့
ကပဲလူအင်အား၊အချိန်၊ငွေတွေစိုက်ထုတ်ကာ အားတက်သရောလုပ်ပေးခဲ့ကြသလို
ကျနော်ကတော့ရီဟာဇယ်တွေမှာအကမညီတာကိုပဲ ဇွတ်ဟောက်ခဲ့ပါတယ်။း)
မြန်မာကလပ်ထွက်ပေါ်လာဖို့၊ တင်ထားတဲ့proposalမြန်မြန်ကျဖို့၊အတွက်လည်း
ပွဲနေ့ရောက်ရင်မြန်မာတွေများများလာပြီးအင်အားလာပြဖို့ရာကျနော်တို့သုံးယောက်
မားကတ်တင်းဆင်းရပါသေးတယ်။
Breaking Borders,Bonding Livesလို့အမည်ပေးထားတဲ့ပွဲကိုတော့
Jurong EastကChevronsမှာ20.Nov.2009 ညနေ၆နာရီမှ၁၀နာ၃၀ထိ
ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်၊အင်ဒိုနီးရှား၊ဗီယက်နမ်တို့ကအကသီးသီးထွက်ကြသလိုimmix ကတော့
မြန်မာအကနဲ့ Korea၊Thai၊Philippinesသုံးနိုင်ငံရောသမမွှေအကထွက်ပါတယ်။

ဒီခန်းမထဲမှာလုပ်တာပါ

ရောက်ရောက်ခြင်းအထုပ်မချနိုင်ပဲစင်ပေါ်တက်ရိုက်ကြပါတယ်။

IMMIX လေးများ၊ သူတို့ကတော့ Nobody နဲ့ စားသွားပါတယ်

ကိုးရီးယားအက

ဗီယက်နမ် hip hop dance

ဗီယက်နမ် ယပ်တောင်အက

မကခင်စင်နောက်မှာ

သင်္ကြန်မိုး

နွေဦးကဗျာ

ဖြူနီဝါပြာ

မန်းတောင်ရိပ်ခို



Breaking Borders, Bonding Lives
ဆိုတဲ့ခေါင်းစဉ်အတိုင်းစားပွဲတွေအသီးသီးက
လူတွေကိုနံပါတ်နဲ့ခွဲလိုက်ပြီးထိုင်စေပါတယ်။နောက်တော့လက်မှတ်ရောင်းတုန်းက
ပေးထားတဲ့ Do You Know ???? ဆိုတဲ့၈နိုင်ငံအကြောင်းရေးထားတဲ့စာပိုဒ်တို
လေးတွေထဲက quizzes တွေကိုဖြေစေပြီး အမှန်ဆုံးနဲ့အမြန်ဆုံးစားပွဲကို
ဆုပေးပါတယ်။
အဖြေမှန်ကိုစောင့်နေကြတဲ့ စားပွဲအသီးသီးကျောင်းသား၊ကျောင်းသူများ

ဒီလိုဂိမ်းတွေလည်းဆော့ပါသေးတယ်။ Touchy Game ဆိုလားပဲ

Buffet

စောင်းတီးပြီးလက်စွမ်းပြနေတဲ့တရုတ်မ

ဝူရှူးတဲ့

အင်ဒိုကနာမည်ကျော်အကဆိုလားပဲ သူတို့ကတော့ထုံးစံအတိုင်းနောက်ဆုံးမှာ
modern dance ပြန်ကပါတယ်။

MC & Me

performers တွေနဲ့

ရောက်လာကြတဲ့ရွှေမြန်မာတွေ



လေးစားအားကျလောက်ဖို့ကောင်းတဲ့ကျနော်တို့ရဲ့စီနီယာကြီး မမေမြတ်သူ

Organizing Committee
ကျနော်က ရောရာပါရေရာပါ ဝင်ရိုက်တာပါး)

မြန်မာတွေရဲ့စည်းလုံးမှု

DMS-gangsters ကြီးများနဲ့

နှစ်သစ်မှာစဖွဲ.တော့မဲ့ My-SIM က Ex-co တွေပါ။
(၂ယောက်ပျောက်နေပါတယ်)

ရိုက်ပေးမဲ့သူရိုတုန်းလေးရိုက်ထားရတာပါး)

သင်သိသလား ????

ပွဲအပြီး Boon Lay က Hawker မှာ incharge သုံးယောက်အပြုံး


အဲဒီနေ့က SIM International Studentsတွေစည်းလုံးမှုကိုပြနိုင်ခဲ့တယ်။
အဲဒီနေ့က အားလုံးနီးပါးအပြုံးတွေဝေနေခဲ့ကြတယ်။
အဲဒီနေ့က တစ်ချို့အလုပ်တွေရှုပ်နေကြသလို၊တစ်ချို့ကရင်ခုန်နေခဲ့ကြတယ်။
အဲဒီနေ့က ကျနော်တို့ပျော်ခဲ့ကြတယ်။
အဲဒီနေ့က မြန်မာတွေကိုယ်ရောင်တောက်ခဲ့ကြတယ်။

November 18, 2009

What is that ????

ဆေးပေါင်းခတာ၂ပတ်ကျော်နေပါပြီ။အသစ်မတင်ပဲပျောက်ချက်သားကောင်း
နေတာမို့သံယောဇဉ်ဖြတ်ကြည့်တာလည်းမဟုတ်ပါဘူး။ စာတွေပဲကျက်နေပြီးအဆိုင်းမန့်တွေ၊ပရော့ဂျက်တွေနဲ့ပိနေလားဆိုတော့လည်း
သိပ်မဟုတ်ချင်။တစ်ပတ်ဆိုတဲ့အချိန်ကကုန်တာရေလည်မြန်တယ်
လို့ခံစားနေရတယ်။ကြည့်လေဗျာ။
နိုဝင်ဘာစတာမှမကြာသေးဘူး။ဒီနေ့Calendarပြန်ကြည့်တော့လကုန်ဖို့က
နီးလာပြန်ပြီ။တစ်ရက်တစ်ရက်လုပ်ရမဲ့ကိစ္စတွေ၊လုပ်ချင်တာတွေကများ
လွန်းနေလို့၂၄နာရီဟာမလောက်သလိုခံစားနေရတယ်။ဟိုတစ်နေ့ကတောင် မျက်နှာစာအုပ်မှာနာရီ၃၀လောက်ရှိရင်ကောင်းမှာပဲလို့ရေးမိတော့ လင်းလက်ကြယ်စင်ကတောင်ဒါဆိုအလုပ်လုပ်ရတဲ့သူတွေကြွကုန်တော့မှာပဲတဲ့။
ဟီး...အဲဒါလည်းဟုတ်တာပဲဗျာ့။ဒါပေမဲ့နေ့စဉ်ဆောင်ရွက်ချက်တွေ
ထဲမှာမပျက်မကွက်လုပ်နေတာ၂ခုတော့ရှိတယ်။အဲဒါကတော့မနက်မိုးလင်းလင်းချင်း
မျက်နှာစာအုပ်ဖွင့်တာနဲ့၊ လူသူမသိအောင်ဘလော့ခိုးလည်ခြင်းပါ။း)

ဒီနေ့လည်း သယ်ရင်းတစ်ယောက်ရဲ့မျက်နှာစာအုပ်မှာဒါလေးတွေ.လို့ကြည့်မိရင်းနဲ့
ဘလော့မောင်နှမတွေကိုသတိရလို့ ဒီဗီဒီယိုဖိုင်လေးကိုမျှလိုက်ပါတယ်။
ကြည့်ပြီးရင် တစ်ခုခုတော့ သိလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။



ref:www.youtube.com

November 1, 2009

ဆေးပေါင်းခတဲ့ည

ဟိုးငယ်ငယ်ကတန်ဆောင်တိုင်ပွဲတော်တွေကိုထားဝယ်မြို့ရဲ့နှစ်ကျိပ်ရှစ်ဆူပွဲ မှာဘုရားဖူးရင်းကုန်လွန်ခဲ့တာများပါတယ်။အရွယ်ရောက်လာတော့
လမ်းမတော်ဘက်မှာနိဗာန်ဈေးပွဲတွေကိုလျှောက်တတ်လာတယ်။
မြရိပ်ညို၊ပိုင်အိုးနီးယားမှာလုပ်တဲ့ရှိုးတွေကိုသွားနေခဲ့တယ်။
အခုများတော့တန်ဆောင်တိုင်ပွဲဟာကျနော်တို့နဲ့ဘာမှမဆိုင်သလိုပါပဲ။ နိဗာန်ဆော်အော်သံတွေလည်းမကြား၊လပြည့်နေ့ရောက်ဖို့တောင်
မေ့နေခဲ့ပါတယ်။မယ်ဇလီဖူးသုပ်၊မယ်ဇလီဟင်းချိုလေးသောက်ရင်း
ဘုရားကြီးဝင်းထဲကချားရဟတ်လေးစီးချင်နေမိတယ်။ရပ်ကွက်တစ်ခုနဲ့တစ်ခု အပြိုင်ဘုရားကားတွေကိုအလှဆင်ချင်နေမိတယ်။ဟမ်ဘာဂါနဲ့အအေး၁၅၀၀ ဆိုတဲ့နာမည်မျိုးစုံ၊ကာလာစုံနဲ့လမ်းမတော်ပွဲကိုရောက်ချင်နေတယ်။
Emperorဝိုင်းတော်သားတွေရဲ့တီးခတ်မှုနဲ့ဇော်ဝင်းထွဋ်နဲ့အတူဆေးပေါင်းခတဲ့ည
သီချင်းကိုအော်ချင်နေတယ်။
ဒါပေမဲ့စတူဒီယို၃၅ရဲ့ကျေးဇူးကြောင့်တစ်ခါမှမရောက်ဘူးတဲ့တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကိုလိုက်ဖ်ကြည့်ရတာ၊စီဗုံးပွဲဈေးလျှောက်ရင်းမောသျှမ်းတွေရဲ့အပျော်တွေကူး စက်စေတာအခုဆိုရင်၂နှစ်ရှိပါပြီ။ ပျော်စရာကောင်းတဲ့အမိမြေကနေ့ရက်တွေကို
တမ်းတမိရင်း....
နက္ခတ်တာရာကြယ်တွေစုံတဲ့အချိန်၊မယ်ဇလီဖူးသုပ်စားရင်း
ဆေးပေါင်းခနိုင်ကြပါစေ။


October 25, 2009

အကြွေစောတဲ့ကလောင်တစ်လက်





နီကိုရဲ...ဆုံးပြီတဲ့...မျက်နှာစာအုပ်ရဲ့
new feedမှာသူငယ်ချင်းတစ်ယောက်ရေးထား
တာလေး။တွေ.တွေ.ချင်းဟုတ်မှဟုတ်ရဲ့လားလို့ ဘလော့တွေ၊ဆိုက်တွေမှာလျှောက်
ကြည့်မိတော့ အစ်မမိုးချိုသင်းဆီမှာတင်ထားတာတွေ.တယ်လေဗျာ။
သက်ပျင်းရှည်ရှည်ချမိတယ်။ ဟူး....ဒါဆို.သေချာသွားပြီပေါ့။

ကျနော်တို့ဟိုက်စကူးဘဝတည်းက သူငယ်ချင်းတွေရောကျနော်ပါကြိုက်ခဲ့တဲ့
စာရေးဆရာ။ စာအုပ်ဆိုင်မှာလကုန်တိုင်း ဒီလနီကိုရဲဘာထွက်လဲလို့မေးဖြစ်တဲ့
အထိ။ ပေါ့ပေါ့ပါးပါးနဲ့ဖတ်ရင်းရယ်ပြီးဘဝအမောတွေဖျောက်ခဲ့တဲ့အချိန်တွေကို
သတိရနေမိတယ်။
နီကိုရဲ....နီကိုရဲ....သူ့ရဲ့အလွဲတွေကိုစာပေါ်တင်ပြီးလူတွေကိုအပန်းဖြေစေခဲ့သူ။
ခေတ်ရေစီးကြောင်းအလိုက်ရသတွေကိုဖန်တီးပေးခဲ့သူ။ဒါတင်မကဗီဒီယို၊ရုပ်ရှင်
တွေမှာပါဇာတ်ကားကောင်းအောင်ပံ့ပိုးဆောင်ရွက်ပေးသောသူ။
အခုတော့ သူချစ်တဲ့အနုပညာ၊မိသားစု၊အသိုင်းဝိုင်း၊ပရိသတ်တွေကိုနှုတ်ဆက်ဖို့
တောင်အချိန်မရပဲထွက်သွားခဲ့ခြေပြီ။ ဒီခရီးကိုလူတိုင်းသွားရမယ်ဆိုတာသိပေမဲ့
လေးစားအားကျနှစ်သက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အတွက်လည်း
အကြွေစောလို့နှမြောမိပါတယ်။ ကောင်းရာသုဂတိလားပါစေ။


October 23, 2009

A to Z Hero

Image magazine ကိုဖတ်ပြီးအတွေးပေါက်လာလို့ရေးကြည့်လိုက်တယ်။
အေတူဇက် ဟီးရိုးလေးပါ။

A accounting အခုသင်ကြားနေတဲ့ဘာသာရပ်။ စာမေးပွဲမှာbalance
ညီဖို့ကြိုးစားရအုံးမယ်။

B blog ညစ်နေတဲ့စိတ်တွေဒီထဲရောက်တော့ပျောက်သွားတယ်။

C camera ဒီ၅၀၀ တစ်လုံးလောက်တော့ အလိုရှိနေတယ်ဗျ။

D dinosaur အဲကောင်တွေကိုစိတ်ဝင်စားတယ်။ သူတို့ပါတဲ့ကားတွေ
ကိုမလွတ်တမ်းကြည့်တာငယ်ငယ်ကတည်းက အခုထိပဲ။

E egypt အသွားချင်ဆုံးသော နိုင်ငံများထဲကတစ်နေရာ။တစ်ချိန်ချိန်
တော့ ကုလားအုပ်စီးပြီးပရစ်မစ်တွေနဲ့ဓာတ်ပုံတွဲရိုက်မယ်။

F facebook ကွန်ပြူတာဖွင့်လိုက်တာနဲ့ ပထမဆုံးဖွင့်တဲ့ဆိုက်။

G gucci ခရေဇီအဖြစ်ဆုံး Brand ပါ။ ဂျီစာလုံးတွေထက် အနီနဲ့
အစိမ်းစပ်ထားတာကိုသဘောကြတယ်။ တိုတိုပေါက်လို့ကတော့
ဟင်းဟင်း....ဝယ်မယ်။း)

H home sweet home ပျော်စရာကောင်းတဲ့ အိမ်ကလေးမှာ
မိသားစုတွေနဲ့အတူအပူပင်ကင်းစွာနေချင်တယ်။

I internet အဲဒါကြီးမရှိရင် တစ်ခုခုလိုနေသလိုပဲ။သူမရှိတဲ့နေရာ
ရောက်သွားပြန်တော့လဲတစ်ခြားကိစ္စတွေမှာ အချိန်ပိုပေးဖြစ်တယ်။

J justin timberlake အဲကောင်သီချင်းတွေကိုနှစ်သက်တယ်။

K kiwi ဒီအသီးရဲ့အရသာကတစ်မျိုးလေးပဲ။ စားပြီးရင်လန်းသွား
တယ်လို့ခံစားရတယ်။

L libra ကျနော်မွေးတဲ့ရာသီခွင်ပါ။ တရားမျှတမှုကို လိုလားတယ်။
အနစ်နာခံတတ်တယ်။အချစ်ကြီးတယ်။မုန်းပြီဆိုရင်လုံးဝလှည့်မကြည့်ကြေးပါ။

M mother နားလည်ပေးနိုင်ဆုံးသော လူသားတစ်ဦး။

N never never never...give up စိတ်ဓာတ်တွေပြိုလဲတဲ့အချိန်မှာ
Churchill ရဲ့ဒီစကားလေးကိုနှလုံးအမြဲသွင်းမိတယ်။

O oil ဆီလျော့စားကြပါ။ ကျန်းမာရေးအတွက်မကောင်းပါဘူး။
ကမ္ဘာ.ရေနံဈေးကွက်ကြီးကိုချုပ်ကိုင်နိုင်တဲ့သူတစ်ဦးဖြစ်ချင်တယ်။ :)

P passport အသက်တစ်မျှရေးကြီးသောအရာ။

Q quill ပုရစ်ကြော်စားပြီးလို့ အခုငုံးကြော်၊ ငုံးကလီစာဒုတ်ထိုးစားချင်တယ်။

R red ရဲရဲတောက်တို့ဗမာတွေပါ။
အကျီအရောင်ရွေးရင်အနီကိုပထမဆုံးကိုင်မိတယ်။

S swimming ရေကူးချံပီယံတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကအိမ်မက်။
အခုတော့ အသုံးမကျလို့စနစ်တကျတောင်မကူးတက်တော့ဘူး။

T thanlwin လူနာမည်ထက် သံလွင်မြစ်ကြီးကို သဘောကျတယ်။

U understanding တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်ဖို့က
အရေးကြီးဆုံးအရာတစ်ခုပါ။

V violin တယောထိုးတတ်ချင်တယ်။

W womanizer song ကိုကြားရင်တစ်မျိုးကြီးပဲ ရယ်ချင်တယ်။ပြုံးမိတယ်။

X x-men ရုပ်ရှင်ထဲကလို လူတွေအပြင်မှတစ်ကယ်ဆိုရင် ရေလည်မိုက်မယ်ဗျာ။

Y yoghurt အကြိုက်ဆုံးထဲက အစားစာတစ်ခု။ အန်တီယူစီကဒိန်ချဉ်
ဘယ်လောက်ကောင်းကောင်း လှည်းကလေးနဲ့ဒိန်ချဉ်ကိုတော့အလွမ်းသား။

Z zip စလုံးကမိဘပြည်သူများ အပြင်ထွက်ရင်ဇစ်တပ်ဖို့မမေ့ကြပါနဲ့ဗျာ။

အင်း...ကျနော်တော့ မမစိမ်း နဲ့ ဝက်ဝက်ကြီး ရဲ့ အေတူဇက်လေးတွေကိုဖတ်ချင်
တယ်ဗျာ။ အားရင်လုပ်ကြပါအုံး။း)