October 23, 2009

A to Z Hero

Image magazine ကိုဖတ်ပြီးအတွေးပေါက်လာလို့ရေးကြည့်လိုက်တယ်။
အေတူဇက် ဟီးရိုးလေးပါ။

A accounting အခုသင်ကြားနေတဲ့ဘာသာရပ်။ စာမေးပွဲမှာbalance
ညီဖို့ကြိုးစားရအုံးမယ်။

B blog ညစ်နေတဲ့စိတ်တွေဒီထဲရောက်တော့ပျောက်သွားတယ်။

C camera ဒီ၅၀၀ တစ်လုံးလောက်တော့ အလိုရှိနေတယ်ဗျ။

D dinosaur အဲကောင်တွေကိုစိတ်ဝင်စားတယ်။ သူတို့ပါတဲ့ကားတွေ
ကိုမလွတ်တမ်းကြည့်တာငယ်ငယ်ကတည်းက အခုထိပဲ။

E egypt အသွားချင်ဆုံးသော နိုင်ငံများထဲကတစ်နေရာ။တစ်ချိန်ချိန်
တော့ ကုလားအုပ်စီးပြီးပရစ်မစ်တွေနဲ့ဓာတ်ပုံတွဲရိုက်မယ်။

F facebook ကွန်ပြူတာဖွင့်လိုက်တာနဲ့ ပထမဆုံးဖွင့်တဲ့ဆိုက်။

G gucci ခရေဇီအဖြစ်ဆုံး Brand ပါ။ ဂျီစာလုံးတွေထက် အနီနဲ့
အစိမ်းစပ်ထားတာကိုသဘောကြတယ်။ တိုတိုပေါက်လို့ကတော့
ဟင်းဟင်း....ဝယ်မယ်။း)

H home sweet home ပျော်စရာကောင်းတဲ့ အိမ်ကလေးမှာ
မိသားစုတွေနဲ့အတူအပူပင်ကင်းစွာနေချင်တယ်။

I internet အဲဒါကြီးမရှိရင် တစ်ခုခုလိုနေသလိုပဲ။သူမရှိတဲ့နေရာ
ရောက်သွားပြန်တော့လဲတစ်ခြားကိစ္စတွေမှာ အချိန်ပိုပေးဖြစ်တယ်။

J justin timberlake အဲကောင်သီချင်းတွေကိုနှစ်သက်တယ်။

K kiwi ဒီအသီးရဲ့အရသာကတစ်မျိုးလေးပဲ။ စားပြီးရင်လန်းသွား
တယ်လို့ခံစားရတယ်။

L libra ကျနော်မွေးတဲ့ရာသီခွင်ပါ။ တရားမျှတမှုကို လိုလားတယ်။
အနစ်နာခံတတ်တယ်။အချစ်ကြီးတယ်။မုန်းပြီဆိုရင်လုံးဝလှည့်မကြည့်ကြေးပါ။

M mother နားလည်ပေးနိုင်ဆုံးသော လူသားတစ်ဦး။

N never never never...give up စိတ်ဓာတ်တွေပြိုလဲတဲ့အချိန်မှာ
Churchill ရဲ့ဒီစကားလေးကိုနှလုံးအမြဲသွင်းမိတယ်။

O oil ဆီလျော့စားကြပါ။ ကျန်းမာရေးအတွက်မကောင်းပါဘူး။
ကမ္ဘာ.ရေနံဈေးကွက်ကြီးကိုချုပ်ကိုင်နိုင်တဲ့သူတစ်ဦးဖြစ်ချင်တယ်။ :)

P passport အသက်တစ်မျှရေးကြီးသောအရာ။

Q quill ပုရစ်ကြော်စားပြီးလို့ အခုငုံးကြော်၊ ငုံးကလီစာဒုတ်ထိုးစားချင်တယ်။

R red ရဲရဲတောက်တို့ဗမာတွေပါ။
အကျီအရောင်ရွေးရင်အနီကိုပထမဆုံးကိုင်မိတယ်။

S swimming ရေကူးချံပီယံတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကအိမ်မက်။
အခုတော့ အသုံးမကျလို့စနစ်တကျတောင်မကူးတက်တော့ဘူး။

T thanlwin လူနာမည်ထက် သံလွင်မြစ်ကြီးကို သဘောကျတယ်။

U understanding တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်ဖို့က
အရေးကြီးဆုံးအရာတစ်ခုပါ။

V violin တယောထိုးတတ်ချင်တယ်။

W womanizer song ကိုကြားရင်တစ်မျိုးကြီးပဲ ရယ်ချင်တယ်။ပြုံးမိတယ်။

X x-men ရုပ်ရှင်ထဲကလို လူတွေအပြင်မှတစ်ကယ်ဆိုရင် ရေလည်မိုက်မယ်ဗျာ။

Y yoghurt အကြိုက်ဆုံးထဲက အစားစာတစ်ခု။ အန်တီယူစီကဒိန်ချဉ်
ဘယ်လောက်ကောင်းကောင်း လှည်းကလေးနဲ့ဒိန်ချဉ်ကိုတော့အလွမ်းသား။

Z zip စလုံးကမိဘပြည်သူများ အပြင်ထွက်ရင်ဇစ်တပ်ဖို့မမေ့ကြပါနဲ့ဗျာ။

အင်း...ကျနော်တော့ မမစိမ်း နဲ့ ဝက်ဝက်ကြီး ရဲ့ အေတူဇက်လေးတွေကိုဖတ်ချင်
တယ်ဗျာ။ အားရင်လုပ်ကြပါအုံး။း)

12 comments:

ပုံ့မေ said...

အဟားးးးးး Gucci တဲ့ အကောင်းမကြိုက်တတ်ဘူး ကြည့်စမ်းး ငါ့မောင်လေးက.... တိုတိုပေါက်ရင် အမတွက်လဲ အလုံးလောက် လက်ဆောင်များ ပေးချင်စိတ်မရှိဘူးလားး :D

Facebook လဲတူတယ်..

ဟေးးဟေးးး accounting နဲ့ ကွိုင်တက်နေတာလားကွ... ပြသနာရှိရင် လက်တို့ လိုက် ရှင်းပြမယ်... ရှင်းပြနိုင်တာဆိုရင်...

ကြိုတော့ပြောပေါ့... ခိခိ :P

ပုံ့မေ said...

အဲ စာလုံးပေါင်း မှားသွားတယ် Gucci တလုံးလောက်လို့ ပြောတာ...ဘယ့်နှယ် အလုံးလောက် ဖြစ်သွားတယ် :P

ပြင်ဖတ်ပေးးးးးးးးးးးး

သံလွင် HeRo said...

ကိုယ့်အစ်မတွေပဲ တစ်ကိုယ်လုံးကိုဝမ်းဆက်စာ
ဝယ်ပေးမယ်ဗျာ။း)
တကယ်လား...အခုတော့နဲနဲအိုခေနေပါသေး
တယ်။ မေးစရာရှိရင် ဆက်လိုက်မယ်။
ကျေးဇူး....ကျေးဇူးး)

yangonthar said...

စိတ်ဝင်စားဖို့ ကောင်းပါရဲ့ ညီသံလွင်ရေ ... တချို့ ဟာလေးတွေ ကျနော်လည်း သဘောကျ ပါရဲ့ ....
ခင်တဲ့
ရန်ကုန်သား :)

Yu Ya said...

A to Z တဲ့လား ကိုသံလွင်ရေ..
က မှ အ အထိကိုရော မရေးတော့ဘူးလားဗျ.. အဟီး။

yu ya

ညီညီ said...

အောင်မလေး မနက်မနက်ဆို ဇစ်မပြောနဲ့ ဘောင်ဘီတောင်ဝတ်မိရဲ့လား ပြေးရင်းစမ်းရတယ်ညီရေ.အဟီး. အိပ်ယာထ စောလို့လေ :P.

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဝက်ဝံလေး said...

ဟီးရိုးအင်းရာ ကိုယုယ ပြောသလိုပဲ က ကနေ အ အထိ ရေးလေဟာ
ငါ ညစ်တယ် နေဦး လာမယ် မျှော် အရှေ့မှာ တဂ်တခုရှိသေးတယ် နော် ဟီးးးးး

ရေတမာ said...

ဟုတ်ပါ့ ကိုယုယ ပြောသလို က ကနေ အ အထိရေးဗျာ နောက်တခေါက်

Waing said...

ဖြစ်ချင်တာတွေ အများကြီးပါလားဝေ့ စားချင်တာတွေလည်း တူနေပြီဟေ့ မြန်မြန်အကောင်အထည်ပေါ်စေသတည်း :-)

Waing said...

ဖြစ်ချင်တာတွေ အများကြီးပါလားဝေ့ စားချင်တာတွေလည်း တူနေပြီဟေ့ မြန်မြန်အကောင်အထည်ပေါ်စေသတည်း :-)

Unknown said...

ဟားဟား.. အခုမှပဲ ငုံးကလီစာဒုတ်ထိုး ဆိုတာကြားဖူးတော့တယ်... Internet နဲ့ facebook ကိုတော့ အပြည့်အဝထောက်ခံပါတယ်...း)

သံလွင် HeRo said...

ဟီး...က ကနေ အ အထိလားဗျ...
အင်း....ရေးပါ့မယ်း)
မကြာမီလာမည်မျှော်....
လားအုံးကျေးဇူးပါဗျို့