September 19, 2008

သူငယ်ချင်း




အလွမ်းသီဖွဲ.
မှန်းရည်တဲ့ စကားလုံးတွေနဲ.
မင်းတို့ရဲ့ရင်တွင်းခင်းကျင်းပြသချင်ရဲ့ ။

ဘ၀လမ်းတစ်ဆုံမှာ
အတူတကွ ဆုံလာကြပြီးမှ
ရည်မှန်းရာခရီးအတွက်
ဆက်ပြီးသွားရတော့မယ်
(သူငယ်ချင်းအားလုံးအတွက်)

အသည်းလွှာထက်မှာ
မျက်ရည်မိုးတွေရွာလို့
ကြည်ဖြူညီမျှထားခဲ့ကြတဲ့
သံယောဇဉ်အဆီအနှစ်တွေ
အသိမှတ်မပြုခံခဲ့ရတဲ့
အထိအရှ
အတိုက်စားခံ
ကမ်းပါးတစ်ခုရဲ့ဝေတနာ
မမြင်သာကြပါနဲ့ ။

ခွဲခွာရမယ်အသိနဲ့
ပြောမထွက်ခဲ့တဲ့
စကားလုံးတွေ
ရင်ထဲမှာအပြည့် ရှိနေတာ
ရဲရဲကြီး ယုံကြည်လိုက်ပါ
သူငယ်ချင်း ။

ရေးသူ မှူးအိနြေ္ဒ

၂၀၀၂ ခုနှစ် ထားဝယ်တက္ကသိုလ် - ရူပဗေဒမိသားစုက ထုတ်တဲ့ကဗျာစာအုပ်မှာပါလာတဲ့ကဗျာလေးပါ။ အခုထိအလွတ်ရဆဲ ကြိုက်နှစ်သက်ဆဲမို့ သူငယ်ချင်းအားလုံးကို မျှဝေလိုက်ပါတယ် ...

2 comments:

kalay lay said...

ကောင်းလေစွ ကောင်းလေစွ

Anonymous said...

ချစ်စရာ ကဗျာလေးပါ။
ငြိမ်းစိုးဦး