September 19, 2008

ချစ်သူ


ချစ်သူ.....

မင်းရဲ့အပြုံးကငါ့ကိုလှည့်စားခဲ့တယ်

မှင်သက်နေမိတဲ့မင်းရဲ့အလှကို
ထိုင်ကြည့်နေတဲ့ငါက

အရူးတစ်ယောက်များဖြစ်နေပြီလား ။

ချစ်သူ.....

မချစ်ခင်က ကွဲနေကြတဲ့နှလုံးသားပိုင်ရှင်တွေ

ဘယ်လောက်ရှိလဲလို့ကမ္ဘာကြီးကို

ခြေစုံဆန့်ပြီးမေးလိုက်ချင်ပါရဲ့

(ခံစားချက်ချင်းနားလည်ကုစားပေးဖို့ပါ။)

ချစ်သူ.....

နေ့နေ့ညညစိတ်ကူးရင်ခဲ့တဲ့

မင်းနဲ့ငါရဲ့ချိုမြိန်တဲ့အနမ်းတွေ

နာဂစ်နဲ့အတူပါသွားခဲ့ပြီလား

ချစ်သူ.....

မျော်စင်ကျွန်းကရှိုးပွဲတွေကိုလဲ

တစ်ယောက်တည်းမကြည့်ချင်တော့ဘူး

အင်းယားကခုံတွေကလည်းမျော်နေတာကြာရောပေါ့

စိမ်းလန်းကပန်းတွေကော

ယုန်ကလေးတွေကပါမေးနေကြပြီ ။

ချစ်သူ.....

မင်းအရင်ကကြိုက်ခဲ့တဲ့

Bambino ရဲ့ပြောမထွက်ခဲ့သူသီချင်း

အခုရောကြိုက်သေးရဲ့လား

ငါကတော့

Black Hole အဖွဲ.ဆိုထားတဲ့

အချစ်=အချစ် က်ု

စွဲစွဲမြဲမြဲနားထောင်တတ်နေပြီ

ဘာဘဲ့အဖြစ်ဖြစ်

ဆာယိုနာရာပါ ချစ်သူ ။

2 comments:

Anonymous said...

ဘယ်လိုဖြစ်လို့ ဆာယိုနာရာ ဖြစ်သွားတာတုန်း.. အလွမ်းလား.. :) ခံစားချက်ကလေးတွေထင်ပါ့..

သံလွင် HeRo said...

ဒီကိုရောက်လာတော့ဆာယိုနာရာခဲ့ရတယ်လေ...
ဟေးဟေး...ပျော်လိုက်တာ...ဝေးသွားလို့ :P