September 27, 2008

လျှာကျွမ်းပြန်သွား ရောသမမွှေ မုန့်ဟင်းခါး

ဒီနေ့စနေနေ့အိမ်မှာအကုန်လုံးအားနေကြတော့ မြန်မာပြည်အကြောင်း၊မြန်မာအစားအသောက်လေးတွေလွမ်း
ကြတာပေါ့ဗျာ.အားလပ်ရက်လေး အပြင်လည်းမထွက်ချင်၊ ပင်နီဆူးလားသွားပြန်တော့လည်းဈေးသာကြီးပြီးစား လို့အဆင်မပြေ...ဩော်ကျနော်တို့ဘဝ. အိမ်ကရွှေညီကိုတွေကတော့မီးဖိုချောင်ထဲဝင်သွားပြီး ရှိတာလေးနဲ့စား
ဖို့ရှာကြံနေတုန်းမှာ..."ငါအကြံရပြီ".မြောက်မဒေါ်ချို...အဲဟုတ်ဘူး ဘွာတေး မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်ကို
ကိုင်ပြီး ကြွေးကြော်နေတဲ့သော်ဇင်ရဲ့အသံပါ။ မြန်မာမုန့်ဟင်းခါးကိုစားချင်နေကြတဲ့ကျနော်တို့အတွက်တော့
မငြင်းစတမ်းပေါ့ဗျာ။ ဟိုတနေ့ကထားဝယ်ငါးပြုတ်အရသာရှိလွန်းလို့(ကိုယ့်ကိုယ်ကိုမြှောက်ပြောတာပါ.ဟဲဟဲ)

အိုးသူကြီးနေရာကိုကျနော်ပဲတာဝန်ယူလိုက်တယ်. သော်ဇင်နဲ့ရဲဝင်းနှစ်ယောက်က Clementi ဒိုးပြီး စပယ်နဲ့
ကောင်းစုံမှာ မုန့်ဟင်းခါးအတွက်လိုရမယ်ရတွေသွားဝယ်. ချေဇီ။စိုးကို နဲ့ ကိုမျိုးပိုင်ကတော့ NTUC ကိုသွားပြီးဆီ.ဆန်.ဆား.ငရုတ်.ကြက်သွန်သွားဝယ်...အကုန်လုံးတာဝန်အသီးသီးခွဲပြီး ကျနော့်လုပ်ငန်းစရ
တော့တာပဲ။ ပထမဆုံး မလုလုဘလော့ကိုဝင်ရွှေမြိုင်မုန့်ဟင်းခါး.ရိုးရိုးမုန့်ဟင်းခါးချက်နည်းကိုစာရွက်ပေါ်ရေးမှတ်
အဲဒီနောက်.ထုံးစံအတိုင်းမာမားဆီဖုန်းဆက်ပြီးထားဝယ်မုန့်ဟင်းခါးချက်နီးမေးမြောင်းမြဒေါ်ချိုရဲ့ချက်နည်းကိုဖတ်
စင်္ကာပူမလာခင်ကျနော့သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးလိုက်တဲ့ဟင်းချက်နီးစာအုပ်ထဲမှာမုန့်ဟင်းခါး
ချက်နည်းကိုရှာ...ချက်နည်းအမြောက်အမြားကိုပေါင်းစုသမပြီးလုပ်ထားတာကြောင့်ရောသမမွှေမုန့်ဟင်းခါးဟုကင်းပွန်းတပ်လိုက်
တာပါ။data တွေအကုန်လုံးစုံတော့ပစ္စည်းဝယ်တဲ့သူတွေလည်းအသီးသီးပြန်ရောက်နေကြပြီ...

ရောသမမွှေရဲ့လိုအပ်တဲ့ပစ္စည်းတွေကတော့
ငှက်ပျောအူ နှစ်တုံး(အူတိုင်များများ)
ငါး (ငါးလိပ်ကျောက်...ကျနော့်သူငယ်ချင်းကငါးလိပ်ကျောက်မုန့်ဟင်းခါးမစားဖူးလို့ဆိုပြီးဝယ်လာတာပါ)
ကြက်သွန်နီအကြီး ၅ လုံး...အသေး ၂၅ လုံးခန့်
ကြက်သွန်ဖြူ ၁ လုံး
ချင်း ၁ တုံး
ငါးပိ ထမင်းစားဇွန်း၂ဇွန်း
ပုဇွန်ခြောက် လက်တစ်ဆုတ်
စပါးလင် ၃ချောင်း
ဆား များများ
ငံပြာရည် များများ
အချိုမှုန့် များများ
ဆန်မှုန့်. ပဲမှုန့် အနေတော်(အရည်ပြစ်ပြစ်စားလို၍ပဲမှုန့်များများထည့်ပါသည်)
ငရုတ်သီးအကျက်မှုန့်.နနွမ်းမှုန့်.ငရုတ်ကောင်းမှုန့်အနည်းငယ်

တွဲဖက်စားသုံးရန်
ပဲကြော်.ငါးဖယ်.အိုးကြက်ဥ.ကြက်သွန်ဖြူ.နီကြော်.နံနံပင်.သံပုရာသီး.မုန့်ဖတ်ခြောက်

ကဲစပါပြီ။ ပထမဆုံးငှက်ပျောဥကိုအရင်ဆုံးလီုးပြီးနနွင်းမှုန့်စိမ်...အမျှင်လေးများကုန်စင်အောင်သန့်စင်ရပါမည်။
ဆီသန့်မယ့်ကြက်သွန်နီ.ဖြူ.ချင်း.ပုဇွန်ခြောက်. ကို blender နဲ့ကြိုတ်
ငါးကိုစပါးလင်နဲ့ပြုတ်ပြီးအသားနွှင်.ပြီးလျှင်ဆီများများကိုဆူအောင်တည်ပြီးနနွင်းမှုန့်.ငရုတ်သီးအကြက်မှုန့်များ
များ. blender နဲ့ကြိုတ်ထားတဲ့ဘာတို့ညာတို့ကိုထည့်.ငါးပိကိုအရည်ဖျော်ထည့်.အနံ့မွှေးပြီးဆီလေးနည်းနည်းပြန် လာလျှင်ငှက်ပျောအူကိုထည့်...ရေလေးနည်နည်းထည့်ပြီးအုပ်ထားပါ ခင်ဗျား ။ တစ်ဆင့်တက်လာပြီ :P

ခုဏကငါးနဲ့စပါးလင်ပြုတ်ထားတဲ့အရည်ကို ရေနည်းနည်းပြန်ထဲ့ပြီး ဆူအောင်တည်ပါ။ဆူလာလျှင်မြောင်းမြ
အန်တီချိုအမှုန့်ကိုထည့်၊ ဆန်မှုန့်အနည်းငယ်.ပဲမှုန့်များများကို အရည်ဖျော်ထည့်၊ ၃ မီနစ်ခန့်မနားတမ်းမွှေပါ။
ပြီးလျှင်ငံပြာရည်.ဆား.အချိုမှုန့်.ငရုတ်ကောင်းမှုန့်.ကြက်သွန်ဥသေးသေးလေးများ.ငါးထည့်...ပွက်ပွက်ဆူလာ
လျှင် အပေါ့ငန်မြည်းကြည့်ပါ။ အဲဒီနောက်ငှက်ပျောအူတည်ထားတဲ့ဆီသတ်အိုးနဲ့ အခုငါးထည့်ထားတဲ့အိုးကို
ရောပါ.သမပါ.မွှေပါ. အရသာအခြေအနေ.အရောင် နှစ်အိုးလုံးညီလာလျှင်ကြက်ဥထည့်ပါ. နောက်ထပ်
မီနစ်၃၀လောက်ထားပြီး...ငှက်ပျောအူနူးလာလျှင်၊ ဆွေမျိုးမေ့ပြီးလျှာကျွမ်းပြန်သွားမဲ့ ရောသမမွှေမုန့်ဟင်းခါးကို သုံးဆောင်နိုင်ပါပြီဗျား...ကျနော်ရှယ်ကမြင်းထားအဲယောင်လို့ရှယ်ချက်ထားတဲ့မုန့်ဟင်းခါးကိုကျနော့်ရဲ့ဘလော့ဂါ ကိုကို.မမ
များကိုဧည့်ခံဖို့အတွက် တင်ပေးလိုက်ရပါတယ်...အပီပြင်သာကစ်ကြပါ.အချိုတည်းဖို့အတွက်မလုလုရဲ့နည်း
အတိုင်းဒိန်ချဉ်လုပ်ထားတည်...အခုတော့မရသေးဘူး.နောက်၆ရီမှ... (special thanks to Aunty Lu Lu)








16 comments:

ကိုရင်နော်ခင်လေးငယ် said...

ဟေ့.... ဝါးတီးဟေ့..
စားရကံကြုံတော့ မုတ်ဆိတ်ပျားဆွဲတာပဲဟေ့..
စားပြီစားပြီ.. ကောင်းမှကောင်း..
နောက်ဆို ဘာလုပ်စားစား လာခေါ်နော်..
:P
ခင်တဲ့..

Anonymous said...

ဝိုးးး...ကောင်းလိုက်တာ တကယ်ကြီးကျွေးထားတာပဲ မောင်ကပ်စီးလေးရး) ကျေးဇူးဝေ့ ငါကမုန့် ဟင်းခါးအရမ်းကြိုက်တာ ....။

Anonymous said...

အင်းး မုန့်ဟင်းခါးကစားလို့ကောင်းမယ့်ပုံပဲ.. ဟိ..
ငါးဖယ်နှစ်ခုထည့်စားမယ်နော်.. ဖြစ်တယ်ဟုတ်.. :P
အိမ်မှာလည်း မနက်ဖြန်မုန့်ဟင်းခါးချက်မယ်တဲ့ မုန့်ဖတ်ဝယ်လို့မရတော့လို့ ညှပ်နဲ့ပဲစားရတော့မယ် ;(
ပင်နီဆူးလား မှာ မုန့်ဟင်းခါးအနှစ်ဝယ်လို့ရတယ် ဘာမှလုပ်စရာမလိုဘူး ချက်ပြီးသား. :P
စားချင်ရင်တော့ အဲဒီအနှစ်ပဲဝယ်လိုက်တာပဲ..

ဗီလိန် said...

ဗီလိန်။ ။ ငရုတ်သီးနဲနဲ
လိန်ဗီ။ ။ ငရုတ်သီးများများ
ဗီလိန်။ ။ ငရုတ်သီးနဲမှ မုန့်ဟင်းခါးအရသာပေါ်မှာပေါ့
လိန်ဗီ။ ။ ငရုတ်သီးများမှ အာထိလျှာထိရှိမှာပေါ့
ဗီလိန်လေး။ ။ ငရုတ်သီးကိုမလိုဘူးကွာ၊ သံလွင်Hero မုန့်ဟင်းခါး။ စားရင်ထိမယ်။ ထိချင်ရင်စား။ စားပြီးရင်ကြိုက်သွားမယ်။ မကြိုက်ရင်လရိုက်သွားလိုက်။

:D :D :D

khin oo may said...

ကိုယ့်ထက် သာ တဲ့ သဘော ရှိတယ်။ ကြိုကြည်.ထားမှ သမီရှင် ဆိုတော.့

တောင်ပေါ်သား said...

ကိုကြီးရေ မုန့်ဟင်းခါး လာစားသွားတယ်.. ရှုးရှဲ ရှုးရှဲ (စပ်တာနော့်) ရေလဲ တိုက်ဘူး... ကိုကြီး ခဏနေကြရင် ဒိန်ချဉ်လာသောက်တော့မယ်..

Anonymous said...

လန်ထွက်နေတာပဲ.. :P
အဝစားသွားတယ်နော်.. (ငါက သိပ်ကြိုက်တာမပာုတ်ဘူး.. :P )

Anonymous said...

ဒီမှာ ဗမာအစားအသောက်မရှိ ရတဲ့အထဲ သရေးကျအောင်လုပ်နေတယ်။
ပုံကြည့်လိုက်ထဲ က တော်တော်ကောင်းမယ့်ပုံပဲ
ဝါးသွားတယ် ဘော်သီကျုးနဲ့ သုံးပွဲ

puluque said...

ကျတော် ပဲကြော်ကြိုက်ဘူး။ ဗူး နဲ့ ၁ပွဲပေးပါ။ အားပါး ကောင်းလိုက်တာ။ ဂလု( တကယ်မစားရလို့ တတွေး မျို တဲ့ အသံ)
ဒိန်ချဉ် လဲ လာသောက်ဦးမယ်

သံလွင် HeRo said...

ဦးနော်.အန်တီခင်.ကလေးလေး နောက်တစ်ခါချက်ဖြစ်ရင်ခေါ်ပါ့မယ်ဗျ။
မုန့်ဟင်းခါးကြိုက်တဲ့ကိုမျိုးကြီး
ငါးဖယ်များများကြိုက်တဲ့မဝေလေး
ငရုတ်သီးပါမှအရသာရှိတယ်ဆိုတဲ့ကိုလိန်ဗီ
သားမက်တော်ချင်နေတဲ့အန်တီခင်ဦးမေ
ရှုးရှဲဖြစ်နေတဲ့ကိုတောင်ပေါ်သား
ှဗူးသီးကြော်နဲ့စားသွားတဲ့ကိုပုလုကွေးနဲ့အိမ်
အခုလိုမျိုးအားရပါးရအပီလာကစ်ကြတဲ့အတွက်
ပင်ပန်းရကျိုးနပ်ပြီး ကျေးဇူးအထူးတင်ရှိပါကြောင်း... :P
ဒိန်ချဉ်ကတော့အချဉ်လွန်သွားလို့မြောင်းထဲရောက်သွား
ပြီ...ဟဲဟဲ... အခုIce lemon tea ဝယ်လာတယ်။ :P

ရွှန်းမီ said...

:-)

Anonymous said...

အားပါး.. ရောသမမွှေ မုန့်ဟင်းခါးကလဲ တစ်ကယ် ဆွေမျိုး မေ့ပါလား... .... ပြီးရင်ုဒိန်ချဉ်လာသောက်မယ်နော်.. (နောက်တစ်ခါ ဘာလုပ်စားစား ..ဗီလိန်ကို မခေါ်နဲ့နော်.. သိလား .. ရှုး..တိုးတိုး.. )

WWKM said...

ဝါး..အားပါးပါး ကောင်းမှကောင်း..
အချိန်မှီလို့တော်သေးတယ်။
၃ ပွဲစားသွားတယ်နော်။ ဟီးဟီး
ငါဖယ်ဆုတ် ၃ ခုထည့်..ပဲကြော်များများထည့်..
Oishii :)
လာဖိတ်တာ ကျေးဇူးပါရှင်။

သက်တန့် said...

အိမ်ရောက်ရင် ထပ်စားဖို့ ပါဆယ်ဆွဲသွားတယ်နော်...
ဖြစ်တယ်ဟုတ်... :D
အများကြီး မဟုတ်ပါဘူး...
ငါးဆင့်ချိုင့်လေး နှစ်ချိုင့်နဲ့ပါ... အဟဲ... :P

သံလွင် HeRo said...

ပြုံးပျော်ပြီးပြန်သွားတဲ့မရွှန်းမိ.မမခေါင်.သုံးပွဲကစ်သွားတဲ့
အန်တီဝါ.အိမ်အပြန်ပါဆယ်ပါဆွဲသွားတဲ့မမသက်တန့်
အကုန်လုံးကျေးဇူးဗျို့။

Anonymous said...

a ko.. htar wal mohinga cook te` method thay myar thi yin share par own.. mar mar ko htar wal mohinga cook nee may htar tal so lo :P