September 20, 2008

ထားဝယ်ငါးပြုတ်စားရအောင်

ကျနော် မလုလုဘလော့ကိုသွားပြီး မြန်မာအစားသောက်တွေကို သားရေကျနေတာကြာပြီ။ ဟိုတနေ့က မလုလုလက်ရာ ငါးနီတူသုတ်ကိုကြည့်ပြီး ကျနော်လည်း ထားဝယ်ငါးပြုတ်စားချင်လာတယ်။ မထူးပါဘူးဗျာ.အမေ့ဆီဖုန်းဆက်ပြီး ချက်နည်းမေးမှဖြစ်တော့မယ်. တီ......တီ............တီ....ဟယ်လို(အမေ့သံ)...ဟယ်လို.မာမား လား...ကျနော့်ကိုထားဝယ်ငါးပြုတ်ချက်နီးလေးပြောပြပါလား...အခုချက်စားမလို့
မေမေ. ဘာငါးဝယ်ထားလဲ
ကျနော်ဝယ်လာတဲ့ငါးပါ။ kembong လို့တော့ရေးထားတာပဲ။
ကျနော်. ငါးနာမည်တော့မသိဘူး.ထားဝယ်အိမ်မှာတော့အမြဲကြော်စားနေတဲ့ငါးဘဲ.။
မေမေ. ဟုတ်လား။ ဒါဆို.အဲဒီငါးကို ရေအရင်စင်အောင်ဆေး.ပြီးရင် တကောင်ကို ၃တုံးစီလောက်ပိုင်းထား။
ငါးတုံးလေတွေကို ပန်းကန်တစ်ခုထဲထည့်ပြီး ရှာလကာရည်(တော်သင့်ရုံ).ဆား. အချိုမှုန့်အနည်းငယ်စီနဲ့နယ်ပြီးစိမ်ထား။
ဟဲဟဲ...တဆင့်တက်လာပြီ
ကျနော်. ဟုတ်ကဲ့။
မေမေ. ငါးကိုရှာလကာရေစိမ်ထားတုန်းမှာ.ဒယ်အိုးနဲ့ရေနွေးကိုဆူအောင်တည်.ရေနွေးဆူရင်ခုနက ရှာလကာ
ရည်နဲ့ငါးကို ရေပူဆူပွက်နေတဲ့ထဲကိုထည့်။ ငါးပိအနည်းငယ်.ငံပြာရည်.ဆနွင်းမှုန့်(တော်သင့်ရုံ).
ထဲ့ပြီး မီနစ် ၂ဝခန့်ခဲ့ထား...အနံ့မွှေးလာရင် ကြက်သွန်နီ၁လုံးကို ၁ဝစိတ်လောက်စိတ်ထည့်
ငရုတ်သီး ၅ တောင့်လောက်ထည့်ပြီး...ပေါ့.ငန်.ချဉ်.စပ် မြည်း...လိုရင်လိုသလောက်ထည့်
ကျနော်. ဒါပဲလား။



မေမေ. အေးပေါ့.ပြီးရင်ထားဝယ်အရသာစစ်စစ်ငါးပြုတ်ကိုစားပေတော့
ကျနော်. ဟုတ်ကဲ့မာမားရေ.ရှဲရှဲ့.တာ့တာ...သားလုပ်ကြည့်လိုက်မယ်
မေမေ. အေးအေး.နေကောင်းအောင်လည်းနေဦး။
ကျနော်. ဟုတ်ကဲ့.....ဂွမ် (ဖုန်းချသံ)
ဒီနေ့တော့ကျနော့်ဗိုက်ကရေလည်လန်းသွားတယ်...ငါးပြုတ်နဲ့ထမင်းဝါးတီးပြီးတော့လေ...ကျနော်က အငန်ကြိုက်တော့ငန်ငန်တူးတူးလေးပေါ့ဗျား ။ စားချင်ရင် စမ်းကြည့်ကြပါဗျာ... :P



4 comments:

လုလု said...

ထားဝယ်ငါးပြုတ်ကိုတော့ ကြိုက်သွားပြီ။ စားချင်တာတော့။ ကျွန်မဆိုရင်တော့ နည်းနည်းချဉ်ချဉ်လေး ပြုတ်မိမယ်ထင်တယ်။ ။ကျေးဇူးပါနော်။

^Miyuki^ said...

nin ae dar chat tat tal pop... nout nae. lar ser own mal :P

titi said...

ဖတ်ရင်းနဲ့ အိမ်တောင်သတိရလာတယ်
ထားဝယ်မုန့်တီ လဲစားချင်တယ်
မုန့်တီချက်နည်း လည်းရေးပါအုံးလား
ဟိဟိ....

titi said...

ဖတ်ရင်းနဲ့ အိမ်တောင်သတိရလာတယ်
ထားဝယ်မုန့်တီ လဲစားချင်တယ်
မုန့်တီချက်နည်း လည်းရေးပါအုံးလား
ဟိဟိ....