September 22, 2008

ပေဖူးလွှာ







အိုဘယ့်ဌာနေ ဘယ်ဌာနေ
အလွမ်းစေတီ
လှည်းလမ်းအဝင်ဝက
ဆည်းလည်းသံ တရွာလုံးသိမ့်အောင်ညံ...

မနက်မိုးသောက်၊ ညိုပြာကောင်းကင်အောက်
အရီးလေး၊အမေချစ်၊
သူကြီးကတော် တို့အိမ်ဂေဟာ
မီးရောင်ရယ်မှိန်ပြပြ၊ ခိုးငွေ.ကတလူလူ
အဖိတ်နေ့ အာရုဏ်ဆွမ်း
အမှီလောင်းဖို့ချက်ကြပေါ့...

ရွာလည်ကျောင်းက
ကပိယဦးမှတ် ရဲ့အုန်းမောင်းသံ
ပျိုသံဃာရွာတန်းတစ်လျှောက်
ဆွမ်းခံထွက်ဖို့အချိန်မှန်...

ခင်လေးရေခပ်ဆင်းတဲ့
ကြာညိုကန် ကန်ပတ်လမ်း
ဒီနေ့မနက်အကိုလျှောက်ခဲ့ပြီပေါ့
ခါ.ရစ်တွန်သံနဲ့အတူ
ကိုရွှေဖားကပါ နှုတ်ဆက်နေလေရဲ့...

ကန်အလွန်ပျော်စံရာ
ကိုတို့အကြိုက်ရွှေထန်းတော
အသံတိတ်လို့ပြန်...
ပုဆိုးကတောင်းကျိုက်
ဝါးကျည်တောက်ဆွဲ
ထန်းတောပိုင်ဦးလှ
သည်ပင်ဟိုကူး
ကာလသားတို့နေ့လည်စာ
ရှာကျန်နေလေရဲ့...

ဩော်...ဒီဌာနေ ဒီသာယာကုန်းရွာ
အကိုခွဲရတော့မယ်
အိမ်မက်ကမ္ဘာပျော်ရှာနေတဲ့ခင်လေးငယ်
သိပါရဲ့လား...

ခွဲခွာရမဲ့စကား ပြောမထွက်ခဲ့
ခင်ငယ့်ရွှေစိတ်တော် ညိုသွားမှာ
မမြင်ချင်တဲ့အကိုတော်
ချက်ကြီးနဲ့စာလွှာထားခဲ့တယ်
အမျက်ပြေပြီး ရွာမှာပျော်နေရစ်လှည့်ပါ

တစ်နေ့တစ်ချိန်
အကိုပြည်တော်ပြန်လို့
ခင်ငယ်ရယ်...
ရွာဝင်ထိပ် ရွှေကျောင်းအောက်မှာ
ချစ်ပန်းစည်း နဲ့ ကြိုဆိုနှင့်လှည့်ပါ ကြိုလှည့်ပါ... ။ ။

1 comment:

Anonymous said...

ကျေးလက်သို့ ချစ်စိတ်နဲ့အလွမ်း ကိုလှပစေပါတယ်။
ငြိမ်းစိုးဦး