October 1, 2008

ကျောင်းဖွင့်ချိန်


ရစ်မှိုင်းညိုဆိုင်းနေတဲ့

အာကာတစ်ခွင်နှင့်

ဇွန်လအစမိုးသည်းသည်း

ပထဝီမြေကြီးရဲ့မြေသင်းနံ့သဲ့သဲ့ ......

စိန်ပန်း၊ကံ့ကော်၊မလေးပိတောက်နဲ့

အလှခြင်းပြိုင်နေတဲ့ကျနော်တို့ရဲ့ကျောင်းတော်ဆီ

စေတနာ.ဂရုနာ.အနစ်နာခံတက်တဲ့ ဆရာ.ဆရာမ

ခွန်အားအပြည့်နဲ့ပညာရည်နို့အပြည့်အဝသောက်သုံးမယ့်

ကျောင်းသား.ကျောင်းသူ တို့ချီတက်ကြပြီပေါ့

ဩော်...လွမ်းမိပါရဲ့ငယ်ငယ်ကကျောင်းဖွင့်ချိန် ။ ။




နှစ်ပေါင်းရယ်တဲ့ရှည်ရှည်ကြာ

လှည်းတန်းမြေကကျောင်းဖွင့်ချိန်မှာ

ကျနော့်မွေးသဖခင် ချစ်မေမေကိုစောင့်ကြိုခဲ့တဲ့ပုဂံလမ်း

နှစ်ယောက်တွဲလျှောက်ခဲ့တဲ့ အဓိပတိလမ်း

ရောက်ခဲ့ကြတဲ့ကံ့ကော်တန်း

ပျော်ခဲ့ကြတဲ့ဂျပ်ဆင်နဲ့သစ်ပုတ်

လိုင်ဘရီနဲ့အင်းယား

ထိုင်ခဲ့ကြတဲ့ဦးချစ်ကဖီးနဲ့ရတနာဆောင်ရှေ့ကအုတ်ခုံ

ဩော်...သားတို့ခေတ်ဝေးခဲ့ကြရတဲ့ မြကျွန်းညိုညို ရန်ကုန်တက္ကသိုလ် ။ ။



လမြတ်အားဖြင့် ဒီဇင်ဘာ

အေးမြလှတဲ့ရန်ကုန်ဆောင်းမနက်ရဲ့မြူနှင်းများကြား

ဖယ်ရီတစ်ဖုံ၊လိုင်းကားတစ်လှည့်၊တက္ကစီတစ်နည်း

ကျနော့်ရဲ့တက္ကသိုလ်ကျောင်းသားဘဝအစ

ကျောင်းဖွင့်ချိန်မှာ ရောက်ခဲ့တဲ့သံသုမာလမ်းပေါ်

ကွင်းပြင်ကျယ်ကျယ်၊ နေပူကျဲကျဲ

အဆောက်အအုံကြီးကြီး၊ မြက်ပင်ရှည်ရှည်

ဖုန်အထူထူ၊ လင်းမြွေပေါပေါ

သုဝဏမြေက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်

ဩော်...အခုများလည်း ဘောင်ဒါပေါင်းဖော်တို့ကို အောက့်မေ့မိပါရဲ့ ။ ။



ဆင့်ကာပူရတဲ့စင်္ကာပူကိုရောက်ပြန်တော့

အင်းယားမြေ၊ သုဝဏမြေဝေးနေတဲ့

အင်တာနေရှင်နယ်ကျောင်းသားကျွန်ုပ်

ရောက်ခဲ့ရပြီ Bukit Timah မြေဆီ .....

အဓိပတိလမ်း၊သံသုမာလမ်း မလျှောက်

Namly Ave ကိုလျှောက်

ခရေပင်လမ်း၊ကံ့ကော်တန်း ကဝေးသော်လည်း

လက်ပံပင်၊ ရေတမာပင်တန်းရဲ့အရိပ်ကိုခို ကာလှမ်းရပြီ

တောင်ကုန်းမြင့်မြင့်က SIM Management House ဆီ....

Semester တွေတစ်ခုပြီးတစ်ခုကျော်ကာဖြတ်

နောက်ဆုံးတော့...မျှော်လင့်ချက်ရောင်နီ

တစ်ဖြည်းဖြည်း သန်းလာခဲ့ပြီ ......

အိုဘဲ့ကျောင်းသား အားအပြည့်မွေးလှည့်ပါ

မနက်ဖြန်မနက် ရွှေကျောင်းတော်ကြီးဖွင့်ချိန်မှာ

တက်ကြွလန်းဆန်း အပြုံးပြည့်နဲ့ ချီတက်ကြပါစို့ တက်ကြပါစို့ ။ ။

စာကြွင်း။ ။ မနက်ဖြန် ၂.၁၀.၀၈ မှာဖွင့်တော့မယ့်ဒီပလိုမာတန်းနောက်ဆုံး semester အတွက်အမှတ်တရ
:P ဟဲဟဲ။ ကျနော့်ရဲ့ကိုကို.မမ.ဦဦး.အန်တီတို့ရဲ့ဘလော့များကိုနေ့စဉ်မလည်နိုင်ခြင်း၊ စာအသစ်
တင်ရန်ပဝေသဏီလောက်ကြာခြင်း၊ ဧည့်ဝတ်မကျေခြင်းများရှိလျင် သီးခံ၊ခွင့်လွှတ် ပေးကြပါရန်
အနူးညွတ်တောင်းပန်အံ့ပါသည်။

အစဉ်မြဲလေးစားလျက်
သံလွင်ဟီးရိုး

6 comments:

လင်းလက်ကြယ်စင် said...

ကဗျာလေးကို ခံစားသွားပါတယ်။ ကျောင်းဖွင့်ချိန်ဆိုတာ နိုးထလာတဲ့ အေးမြလန်းဆန်းသော မနက်ခင်းတစ်ခုလို လူငယ်များကို တက်ကြွပျော်ရွှင်စေပါတယ်။ မြန်မာပြည်မှာ နေစဉ်က ကျောင်းပိတ်ရင် သူငယ်ချင်းတွေကို လွမ်းမိပြီး ကျောင်းဖွင့်ချိန်ကို မျှော်ရပေမယ့် ပြည်ပမှာတော့ စိတ်ထဲဘာမှ သိပ်မရှိတာကိုတော့ သတိထားမိပါတယ်။ စိတ်ထဲခံစားရတာလေး ဝေမျှသွားခြင်းပါ။ Good Poem :)

puluque said...

ကဗျာလေးက ကောင်းတယ်ဗျာ။ ဖေဖေမေမေ ခေတ်ကနေ အခုချိန်ထိ အားလုံးပြည့်စုံအောင်ရေးထားတာ ဆိုတော့ အရမ်းလှတဲ့ ကဗျာလေးပါပဲ

WWKM said...

Heyy!!!
It's nice poem Mg Layy . :D
R u from Dental university?
My husband is a AL of Dental university,Yangon.
Its really nice to meet u. :D
I m sorry mg layy, coz i cann't type mm font now. Bye .... Go ahead :D

မောင်bee said...

hero ကတော့ hero ပါဘဲ ။ ကဗျာ ကို အချိန်ကိုက် photo တွေနဲ့ဝေဝေဆာဆာ တင်ပြထားတာ ရှယ်ဘဲ ဗျာ။

ခေါင်ခေါင် said...

သူလဲ SIM ကကိုး... ချသာချ ဆရာရေ....
jia yo! jia yo!

Anonymous said...

ပုံလေးတွေနဲ့ပါဖေါ်ပြထားလို့ အလွမ်းစိတ်ကို ပိုလာစေပါတယ်။
ငြိမ်းစိုးဦး