လေးစားအပ်ပါသော ရုပ်ရှင်ချစ်သူဘလော့ဂါအပေါင်းတို့ခင်ဗျား။
မနှစ်ကရုံတင်သွားတဲ့ 4bia ဆိုတဲ့ယိုးဒယားသရဲကားကိုမှတ်မိ
ကြသေးလား၊ ဒါမှမဟုတ် ကြည့်ဖြစ်ကြလားမသိဘူး။ သူရဲကား
ကြိုက်သူတို့အတွက် တင်ဆက်ပုံဆန်းဆန်းပြားပြားနဲ့ဒါရိုက်တာ
လေးယောက်ရိုက်ထားတဲ့ဇာတ်လမ်းလေးခုပါ 4bia ကို
ပြန်လည်ကြည့်စေချင်ပါတယ်။ ကြိုက်လိမ့်မယ်လို့လဲမျှော်လင့်ပါတယ်။
ဒီနေ့ သံလွင်ဟီးရိုးရုပ်ရှင်ရုံမှာ ရုံတင်မှာကတော့ အဲဒီ 4bia ကားရဲ့
အဆက် Phobia 2 ပါ။ ထိုင်းက နာမည်ကျော်ဒါရိုက်တာ
ငါးယောက်က ဇာတ်လမ်းတို ၅ပိုင်းခွဲထားပြီးလက်စွမ်းပြထားတာကို
သရုပ်ဆောင်များက ကျရာဇာတ်ရုပ်အတိုင်းပီပီပြင်ပြင်ကို
သရုပ်ဆောင်ထားကြပါတယ်။ ပထမဆုံးရုံတင်ရက်၅ရက်ဝင်ငွေစံချိန်
ကလည်းထိုင်းရုပ်ရှင်သမိုင်းမှာအများဆုံးဆိုပဲ။
Novice (by Paween Purijitpanya) စစချင်းမှာPey ဆိုတဲ့၁၄နှစ်အရွယ်ချာတိတ်နဲ့သူ့သူငယ်ချင်း
တစ်ယောက်ကလူတိတ်တဲ့လမ်းမအပေါ်မှာဆိုင်ကယ်စီးပြီး
ကားတစ်စီးကိုကျောက်ခဲပစ်ပေါက်လိုက်တယ်။သူတို့ရဲ့အကြံကကားတိုက်မှု ဖြစ်ပြီးရင်ကားပေါ်မှာပါလာတဲ့တန်ဖိုးကြီးပစ္စည်း၊ငွေတွေကိုလုဖို့ပါပဲ။
ဒါပေမဲ့တိုက်ဆိုင်စွာပဲ ကျောက်ခဲကကားမှန်ကိုဖောက်ပြီးယာဉ်မောင်းလာ
တဲ့သူကပွဲချင်းပြီးဆုံးသွားတယ်။ အဲဒီတော့ဟိုနှစ်ကောင်ကဆင်းကြည့်တော့
Pey ပေါက်လိုက်တဲ့ကားဟာသူ့အဖေကားဖြစ်နေပြီး
ယူကျုံးမရဖြစ်သွားရော။သူ့အမေကအဲဒါကိုသိတော့
အမှုလည်းဇာတ်ပျောက်၊အကုသိုလ်လည်းကင်းအောင်ဆိုပြီး
ဘုန်းကြီးကျောင်းတစ်ခုမှာကိုရင်ပေးဝတ်လိုက်တယ်။ ဝတ်ဝတ်ချင်း
ညမှာပဲhunger ghost festival နေ့နဲ့တိုက်ဆိုင်နေပြီးPeyတစ်ယောက်ညဖက်
သရဲကျွေးထားတဲ့ရမ်ရမ်ခေါက်ဆွဲခြောက်ကိုခိုးစားလို့ဘယ်လိုဖြစ်တယ်၊ သရဲနဲ့ဘယ်လိုတွေဖြစ်ကြလဲဆိုတော့ကာ...
Ward (by Visute Poolvoralaks) တစ်နေ့တော့ ဆေးရုံတစ်ခုကို Arthitဆိုတဲ့ဆယ်ကျော်သက်တစ်ယောက်
စက်ဘိန်းစီးပြီး ကမြင်းတာလွန်သွားလို့ရောက်လာပါတယ်။ခွဲစိတ်ပြီးလို့
emergency roomကအထွက်single အခန်းမရတာနဲ့သူ့ကိုနှစ်ယောက်ခန်းထဲ
ကိုပြောင်းလိုက်တယ်။သူ့မိဘဆွေမျိုးတွေကသူနေတဲ့မြို့မှာမရှိတာကြောင့်
သူတစ်ယောက်တည်းဆိုပေမဲ့ခန်းဆီးခြားထားတဲ့ဟိုဘက်ကုတင်ပေါ်မှာက
တော့သေလုဆဲဘိုးတော်တစ်ယောက်ကမျောနေတယ်။ခြေတောက်ကြိုး
နေတဲ့ Arthit နဲ့မျောနေတဲ့ဘိုးတော်တို့ဘယ်လိုဖြစ်ကြသလဲ...
သေလုဆဲဘိုးတော်ရဲ့ဝိညာဉ်ကArthit ရဲ့ကိုယ်ထဲဘယ်လိုရောက်သွားလဲဆိုတော့...
Backpackers (by Songyos Sugmakanan) ဂျပန်ကလေးအတွဲတစ်တွဲဟာသူတို့အားလပ်ရက်မှာထိုင်းပတ်ဝန်းကျင်ကို
ခရီးထွက်ရင်းလမ်းပျောက်ကာဘန်ကောက်သွားဖို့အတွက်ကားလမ်းတစ်ခုမှာ
ကားတားပါတယ်။တားရင်းတားရင်းထရပ်ကားတစ်စီးနဲ့တိုးပြီးကားဆရာနဲ့
ပိုက်ဆံပေးစီးဖို့သဘောတူညီမှုရကာလိုက်လာပါတော့တယ်။တိုက်တိုက်
ဆိုင်ဆိုင်ပဲသူတို့ပါလာတဲ့ကားအနောက်ခန်းထဲမှာကဘိန်းတွေကို တရားမဝင်ဗိုက်ထဲမှာသယ်ဆောင်လာပြီးလူကုန်ကူးခံထားရတဲ့သနားစရာ
လူတွေပါ။လမ်းခုလပ်မှာဗိုက်ထဲမှာပါလာတဲ့ဘိန်းအထုတ်တွေပေါက်သွားပြီး
အားလုံးသေကုန်ကြပါတယ်။လောဘဇောတက်နေတဲ့ ကားဆရာနဲ့ကားသမားကနောက်ဆုံးမဖြစ်မနေရပ်ပေးလိုက်တော့
နောက်ကြသွားပါပြီ။သေသွားတဲ့လူတွေ zombieဖြစ်ကာ
လိုက်ကိုက်ကြတဲပုံများဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့....
Salvage (by Parkpoom Wongpoom) accidentတွေကြောင့်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ကားတွေကို
အကောင်းပကတိတိုင်းပြုပြင်ပြီးပြန်ရောင်းတဲ့Nuchဆိုတဲ့အမျိုးသမီး
တစ်ယောက်ဟာတစ်နေ့တော့ညဘက်ကုမ္ပဏီမှာအလုပ်လုပ်နေတုန်း
သူ့သားလေးဟာကားဂိုတောင်မှာကစားရင်းပျောက်သွားသတိထားမိတယ်။
အဲဒီနောက် security cameraကိုပြန်ရစ်ကြည့်ပြီးသူသားဝင်သွားတဲ့ကားကို
လိုက်ရှာ၊ကားတိုက်လို့သေသွားတဲ့သူတွေကပြန်ခြောက်။သားဇောနဲ့ရင်ကွဲ
လုမတက်ဖြစ်နေတဲ့အဲဒီအမျိုးသမီးလည်းနောက်ဆုံး
ကြောက်လန့်တကြားကားမောင်းထွက်သွားချိန် သူ့သားလေး
ပုန်းနေတာဟာသူမောင်းလာတဲ့ကားအင်ဂျင်ကြားမှာဖြစ်နေတယ်ဆိုတော့...
In the End (by Banjong Pisanthanakun) ဒီကားမှာကတော့ဟိုးအရင် 4bia(in the middle) မှာသရုပ်ဆောင်ကြတဲ့
သူငယ်ချင်းလေးယောက်ပြန်ပါတယ်။ Alone 2ရုပ်ရှင်ရိုက်ကွင်းမှ
movie crewတွေတဖြစ်လဲသရုပ်ဆောင်ထားတဲ့သူငယ်ချင်းလေးယောက်ဟာ
နောက်ဆုံးသူရဲမကြီးထွက်လာတဲ့အခန်းကိုပီပြင်အောင်ရိုက်နေကြပါတယ်။
သူရဲအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးကအပြင်မှာနေမကောင်းဖြစ်နေပြီးရိုက်ကွင်း
မှာမူးလဲသွားလို့ဆေးရုံပို့လိုက်တယ်။ဆေးရုံမှာသေသွားပြီဆိုတဲ့သတင်းကိုသွားပို့
တဲ့သူငယ်ချင်းတစ်ယောက်ကဖုံးဆက်ပြောတော့ကြားလိုက်တဲ့ရိုက်ကွင်းကလူတွေ
အားလုံးအံ့အားသင့်ကုန်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုက်ကွင်းမှာ
မင်းသမီးကနေကောင်းပြီးနောက်ဆုံးအခန်းပြန်ရိုက်မယ်ဆိုပြီးရောက်လာလို့ပါပဲ။
ကြောက်ကြောက်နဲ့ပြေးကုန်ကြတဲ့ မှန်ထိုး၊မီးထိုးတဲ့သူတွေမရှိတော့ကျန်တဲ့သူငယ်ချင်း
သုံးယောက်ရယ်၊ခေါင်းဆောင်မင်းသမီးရယ်၊သူရဲအဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရယ်
နောက်ဆုံးအခန်းကိုဘယ်လိုများရိုက်ကြသလဲ၊သူတို့တွေအားလုံးအပြန်လမ်းမှာ ဆေးရုံကိုသွားပို့တဲ့ကားအတိုက်ခံထိပြီးခေါင်းတစ်ခုလုံးကြေမွနေတာကိုတွေ. တာရယ်၊ ဆေးရုံကိုသွားပို့တဲ့သူငယ်ချင်းသူတို့နဲ့အတူတူပါလာလို့မင်းသမီးက သရဲလား၊သူတို့သူငယ်ချင်းကသူရဲလားလို့ခွဲမထိကြတာရယ်၊ နောက်ဆုံးခေါင်းဆောင်မင်းသမီးအိပ်ငိုက်ငိုက်နဲ့မောင်းလာတဲ့ကားက သူတို့အားလုံးကိုဝင်တိုက်လိုက်တော့...သုံးသပ်ချက် ။ ။ကျနော့်အမြင်ရ4Bia ကားတုန်းကလောက်စိတ်ခြောက်ခြားဖွယ် မကောင်းပေမဲ့အခုကားမှာပါတဲ့ငါးပိုင်းအထဲနောက်ဆုံးအပိုင်းကတော့ ကြောက်ဖို့လည်းကောင်းသလိုဟာသလဲနှောထားတဲ့အတွက်ရီလည်းတော်တော်ရီရ ပါတယ်။ အားရင်ကြည့်ဖြစ်အောင်ကြည့်ကြပါအုံး။
မနေ့ကထွေလာလေးတင်ဖို့မေ့သွားလို့အခုမှပြန်တင်ပေးလိုက်ပါတယ်။
မကြောက်တက်ရင်ကြည့်သွားကြပါအုံးဗျ
youtube မှာရှာကြည့်တာအရင်
4bia (happiness,
tip for tat,
in the middle,
the last flight) ထဲမှာက
ဒါလေးပဲရှာလို့တွေ.တယ်။ ကောင်းလားလို့မြည်းကြည့်ပါ။ :)
4bia-Happiness part 1 http://www.youtube.com/watch?v=RHxYbgrFM50 4bia-Happiness part 2 http://www.youtube.com/watch?v=yEastuRw87Q&feature=related