October 15, 2009

ကျေးဇူးတင်လွှာ

မနေ့က သံလွင်ဟီးရိုးရဲ့ မွေးနေ့မှာ အိမ်ကိုအလည်ကြွရောက်ချီးမြှင့်ကြသော
ညီကိုမောင်နှမအားလုံးနှင့်တကွ Facebook၊ အီးမေး၊ ဂျီတော့၊ မေ့ဆေ့ခ်ျ၊
ဖုန်းဆက်၊စီဗုံးမှာအော်၊ကွန်မန်းပေးပြီးဆုတောင်းဝုစ်ခ်ျလုပ်ကြတဲ့ချစ်ခင်လေးစား
ရသောညီကိုမောင်နှမများ၊သယ်ရင်း၊ဘော်ဘော်ကြီးများအားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း...
အားလုံးသောမွေးနေ့ဝုစ်ခ်ျကြောင့်နှာစေးပြီးဖျားနေတာလည်းပျောက်ကာ
ကျောင်းလည်းရောက်အောင်သွားနိုင်ခဲ့သလိုပျော်စရာကောင်းပြီး
မမေ့နိုင်သောနေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်။

တီဝါအီးမေးပို့ထားတဲ့ မွေးနေ့လက်ဆောင်လေးတွေပါ




ကိုတလနွန်ကလည်း

ညီလေးသံလွင်ဟီးရိုး
(၁၄.၁၀၂၀၀၉) ဗုဒ္ဒဟူးနေ့မှာ ကျရောက်တဲ့ ၂၁နှစ်ပြည့်မွေးနေ့မိုင်တိုင်မှသည်
ပျော်ရွှင်ချင်း၊ အောင်မြင်ချင်းတွေ လှိုင်လှိုင်သီးပွင့်နိုင်ပါစေဗျာ။
တလနွန်

- Show quoted text -

ဝက်ဝက်ကြီးကတော့
ဟီးရိုးအင်း...
ဟေ့ရောင် ငါ့သယ်ရင်းကြီးရေ မွေးနေ့မှပျော်ရွှင်ပါစေကွ
တစ်ကယ့်လက်ဆောင်ပေးချင်ပေမဲ့ အဟီးးးး ဒါလေးနဲ့ပဲကျေနပ်နော်
မင်းရဲ့သူငယ်ချင်း
ဝက်ဝံလေး


ကျောင်းတက်လိုက်၊ပြီးတာနဲ့အင်တာနေရှင်နယ်ကာချာရှိုးအတွက်
မြန်မာအကထွက်ဖို့ရာဆော်သြပေးနေတဲ့အတွက်တစ်နေကုန်မအား
လပ်အောင်ရှိခဲ့ပေမဲ့ဆုတောင်းပေးကြတဲ့စာသားတွေ၊ဖုန်းသံတွေကို၊
ကွန်မန်းတွေကိုမြင်တော့အမောတွေအားလုံး ပျောက်သွားပါတယ်ဗျား။
ထို့အတူပဲ ကျနော့်ကို အမှတ်တရ SIM HQ 2.15 အခန်းထဲမှာ
surprise birthday လုပ်ပေးကြတဲ့ဘော်ဒါများအားလုံးကိုလည်း
ကျေးဇူးထပ်ဆင့်တင်ရှိပါကြောင်း

သူတို့တွေပေးကြတဲ့ ဘတ်ဒေးကိတ်လေးပါ။



ဘော်ဘော်တွေလက်မှတ်ထိုးထားတဲ့ မွေးနေ့လက်ဆောင်
အနောက်က L.V အိတ်တော့မပါပါဘူး ဟီး

10 comments:

Ree Noe Mann said...

ရပါတယ်ကွာ မလိုပါဘူး ညီအကိုတွေပဲ

ကိုရီနို

ပုံ့မေ said...

တော်တော်ပျော်ခဲ့တယ်ပေါ့လေ... ဟုတ်စး))

နိုင်နိုင် said...

အသက်တနှစ်ပိုကြီးလာမဲ့
နှစ်သစ်ကိုကူးပြောင်း
အရင်နှစ်ဟောင်းက
မကောင်းတဲ့အတိတ်ကိုမေ့ထားခဲ့
အသစ်လာမဲ့နှစ်မှာ
ပျော်ရွှင်ငြိမ်းချမ်းခြင်းတွေနဲ့
တည်ငြိမ်ရင့်ကျက်မှုတွေကို
သံလွင်...ရယူပိုင်ဆိုင်နိုင်ပါစေ။ ။

ဘာမှမဟုတ်တဲ့ကျနော့်ရဲ့နောက်ကြမွေးနေ့
လက်ဆောင်လေးပါ ညီလေးသံလွင် ဘဝမှာ
အခက်အခဲနဲ့စိတ်မချမ်းမြေ့မှုတွေကင်းဝေးပါ
စေလို့ကျနော်ဆုတောင်းပါတယ်ဗျာ
နိုင်နိုင်

ဝက်ဝံလေး said...

အယ် ကောင်ကြီး အဲဒီ 123 greetings card ကိုဘယ်လိုတင်တုံး ငါ မတင်တတ်လို့ ဒါကျတော့ နင်က တော်သွားပြန်ရော ဟားဟားးးးးးးးးးးးးးးးး
တကယ့်လက်ဆောင်အစစ်ပေးချင်ပါတယ် ဟယ် ထမ်းပိုးထက် လက်ခ ကြီးမှာစိုးလို့ဟ ဟဲဟဲ ပိုက်ပိုက် ဈေးကြီးတယ်လေ ဒီတော့ ငါ စင်ကာပူလာလည်မှ ငါ့မုန့်ဝယ်ကျွေးနော် ဟီးးးးးး

ဘိုင် တာ့တာ

Angel Shaper said...

သံကြီးရေ....
ပျော်စရာကြီးပါနော်။
Happy Birthday! Again and Again....

Waing said...

မောင်လေးသံလွင်မွေးနေ့အတွက် တကယ့် အမှတ်တရလေးတွေပါပဲ ထာဝရပျော်ရွှင်ပါစေ...

WWKM said...

သိန်း ၂၀ ကျော်တန် VITTON အိတ်ကြီးကို တွေ့တယ်.. လက်ဆောင်ရတာလား.း))))

သံလွင် HeRo said...

အားလုံးထပ်ဆင့်ကျေးဇူးဗျ...
ဝက်ဝက်ကြီး...တစ်ကယ်တော့
ကျနော် ကုဒ်ကိုရှာလို့မတွေ.
လို့ ကိုတလနွန်ရှာပေးထားတာ :P

တီဝါရေး...တူများအိတ် တူများအိတ် ဟီး
အဲဒီအိတ်ကြီးသာကျနော်ရလို့ကတော့
သွားရောင်းစားတာကြာပီ :)

Anonymous said...

အင်... လာလဲ မဖိတ်ဘူး.. သိတောင် မသိလိုက်ဘူးဗျာ.... ရပါတယ်.. ရပါတယ် ။
မွေးနေ့မှာလဲ ပျော်ရွှင်ပါစေ၊ နေ့ရက်တိုင်းမှာလဲ ပျော်ရွှင်ပါစေဗျား။

သံလွင် HeRo said...

ဦးအိမ်...အားလုံးကိုဘလော့ဂါ
ရွက်တိုင်ဖိတ်စာနဲ့ဖိတ်ထားတယ်လေ။
ဟဲဟဲ
ကျေးဇူးဗျို့