October 20, 2009

Dagon 1 2004-2005 Batch Gathering


၂၀၀၄-၂၀၀၅ခုနှစ် အ.ထ.က(၁)ဒဂုံကနေပြီးဆယ်တန်း
အောင်ကြတဲ့ ဘော်ဘော်တို့...
အရင်ဟိုက်စကူးတုန်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ.ချင်လား။
မတွေ.ရတာကြာပြီဖြစ်တဲ့ မျက်နှာလေးတွေကိုပြန်မြင်ချင်လား။
စလုံးမှာ၂၀၀၅batchကသူငယ်ချင်းတွေအယောက်၅၀ကျော်ရှိ
တာသိရဲ့လား။ အရမ်းခင်ဖို့ကောင်းတဲ့သူငယ်ချင်းတွေနဲ့တစ်ချိန်တည်း
တွေ.ချင်လား။ ကဲလာပါပြီခင်ဗျား။
2004-05batch 2ndGathering(Reunion)
ကို မကြာခင်ရက်ပိုင်းအတွင်းမှာပြုလုပ်တော့
မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကြုံတောင့်ကြုံခဲအခွင့်ရေးလေးကို
လက်လွတ်သွားသည်မဖြစ်ရအောင် ငယ်သူငယ်ချင်းတွေနဲ့
တူတူ ပျော်ပျော်ပါးပါးကြီး East Coast မှာတွေ.ဆုံရအောင်လား။
နေ့ရက်က အားလုံးအဆင်ပြေမဲ့၇ရက်နေ့ နိုဝင်ဘာ(စနေနေ့)
အချိန်ကညနေ ၆း၃၀မှအကန့်သတ်မရှိ
ဘာဘီကျူးတူတူကင်ကြရင်း ကျောင်းအကြောင်းတွေပြောကြ၊
ငယ်ငယ်ကဆိုးအတူကောင်းဖက်ပျော်စရာလေးတွေကိုပြန်ဖလှယ်ကြရင်း
ဂိမ်းမာစတာတွေစီစဉ်ထားတဲ့ ဂိမ်းတွေလည်းဆော့အုံးမှာနော်...
အစားသောက်လည်းအပိုအလျှံ၊ ဆီဖြည့်ဖို့လည်းမပူနဲ့...
အားလုံးပျော်စေရပါမယ်။ ကဲဒါဆို...ဘာလို့စဉ်းစားနေသေးလဲ
အခုပဲ သံလွင်ဟီးရိုးဆီကို အီးမေးပို့ပြီးလက်မှတ်ဘွတ်ကင်လုပ်
လိုက်ပါတော့လားဗျာ။ :)
Let's Rock @ East Coast, hope to meet you all !!!
thanlwinhero@gmail.com

facebook ကကြော်ငြာလေးက ဒီမှာ
တစ်ခြားလင့်တွေကတော့
Dagon 1
အကုန်ချစ်တဲ့ဒဂုံ(၁) ၂၀၀၄-၂၀၀၅
Dagon 1 2004-2005 Batch

6 comments:

ဝက်ဝံလေး said...

အယ် ဟီးရိုးအင်း ဂလိုဆို နင်က ငါ့ထက်ကြီးတာပေါ့နော် အသက်ပြောပါတယ် ငါက ၂၀၀၅ ၂၀၀၆ မှာ ၁၀ ပြီးတာဟ သိဘူး သိဘူး ဟီးးရိုးးအင်းးးလို့ပဲ ထော်မှာပဲ လာပြောနဲ့ ဒါဗြဲ တာ့တာ မလာဘူး ဘာလို့လဲ ဆိုတော့ ငါက ဒဂုံ၁ ကမဟုတ်လို့ ဟွင်းးး တာ့တာ

တောင်ပေါ်သား said...

အော် ငါလဲ ဒဂုံကမဟုတ်ဘူး။ လာလို့ မရဘူးပေါ့လေ ဟုတ်လားး) ဟွန်းးးး ဟွန်းး ဟွန်းးးးးးး


လေးစားလျက်
တောင်ပေါ်သား

ပုံ့မေ said...

အယ် ဒဂုံသားကြီးပေါ့လေ...... တောသားကြီးးးးး :P

အစ်မတော်က စိန့် အော်ဂတ်စတင်းက ... မှတ်ထားနော်..... အဲမို့ လုံးဝမလာဘူးးးးးးးးးးးး ဒါဗြဲ :P

ဒဏ္ဍာရီ said...

ဝေးကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ပါစေရှင်။

ခင်မင်လေးစားလျှက်

စိမ်း... said...

စိန့်ဖလိုးက ၂၀၀၂ အောင်တဲ့လူတွေအတွက်လဲ လုပ်ပေး...ဒါပဲ... :)

Anonymous said...

East coast တော့ တော်ပါပြီ။ လာတော့ဘူး။ :P