October 13, 2009

မွေးနေ့မဂ်လာ ဖိတ်ကြားလွှာ

ချစ်ခင်၊လေးစား၊ယုယ၊ကြင်နာ၊မြတ်နိုးရပါသော အင်တာနက်တခွင်
ဖြဲဖြဲစင်အောင် နာမည်ကျော်ကြားကုန်ကြသော၊ ပွဲတက်လေ့တက်ထ
မရှိသော၊ အိမ်တွင်းအောင်းနေကြသော၊ အခုမှစတင်ခင်မင်ရင်း
နှီးဖူးသော၊ စတဲ့ အလုံးစုံသော ဘလော့ကာမောင်နှမ၊
ညီကို၊သွေးချင်းတို့...
မနက်ဖြန် အောက်တိုဘာလ ၁၄ ရက် ဗုဒ္ဒဟူးနေ့မှာ ကြရောက်မယ့်
၁နှစ်သားအရွယ်ဘလော့ဂါ၊ ဦးသံ၊ ညီသံလွင်၊ မောင်သံလွင်၊ ဖိုးသံ၊
ဟီးရိုး အင်း၊ ညီဟီးရိုး၊ စတဲ့ နာမည်ဂုဏ်ပုဒ်မြောက်မြားစွာနဲ့
ရိုက်ချင်ဖွယ်ကောင်းလှသော အသင်သံလွင်ဟီးရိုး ရဲ့ ပြင်ပအသက်
၂၁ နှစ်မြောက်မွေးနေ့ပွဲကြီးကို ဘလော့ရပ်ဝန်း၌ ခြိမ့်ခြိမ့်သဲအောင်
ကျင်းပဆင်နွှဲမည်ဖြစ်ပါရ်ျ ခင်မင်မှုကိုဦးထိပ်ထား၊ ချစ်ခင်မှုကိုရှေးရှု၊
ပျော်ရွှင်မှုကိုရည်ညွှန်းရင်း၊ သုံးပါးသော ဂါရဝတရားတော်ကိုနှလုံးသွင်း
ကာ မပျက်မကွက်ကြွရောက်ကြပါဟု ရိုသေလေးစားစွာဖိတ်ကြားအပ်ပါ
သည်။ ဒူ.........ဝေ..........ဝေ.............

မွေးနေ့အချိန်- ယနေ့ည ၁၂ နာရီတိတိ မှ ၁၄ ရက်တစ်ရက်လုံး
မွေးနေ့နေရာ- သံလွင်ဟီးရိုးဘလော့
Dress code - တောက်ပသောအရောင်၊ မြန်မာ့နန်းတွင်းပုံစံ
(မြန်မာပြည်မှ AC/DC band ကိုခေါ်ကာ တေးဂီတအစီစဉ်နဲ့အတူ
ဖျော်ဖြေရေးစင်မြင့်တစ်ခုဖန်တီးပေးထားသဖြင့် သီချင်းဆိုဝါသနာပါသူများ
အပီဟစ်နိုင် ဟဲနိုင်ပါသည်။)
ကျေးဇူးတင်ပါသည်။

ဘလော့ရွက်တိုင် ဖိတ်စာရိုက်နှိပ်ရေး


10 comments:

ကိုရေတမာ said...

သွားပါပေါ့ သံလွင်ရာ ငါ့မှာ ပွဲတက်ဖို့ ကွန်ပူတာ ရှိဘူးကွ။ မလာတော့ဘူးကွာ အဲ့အချိန်ဆို

(ခေါင်း ငိုက်စိုက်နှင့် ပြန်သွားတယ်)

စိမ်း... said...

ဒုက္ခပဲ... နန်းဝတ်နန်းစားနဲ့ ည ၁၂ နာရီ ...
ဥစ္စာစောင့် gathering party များလားမသိဘူး... :P

မိုးခါး said...

ဟိုဘက်က ကိုရေတမာတော့ ခေါင်း ငိုက်စိုက်နဲ့ ပြန်သွားပြီ .. မွေးနေ့တောင် မနွဲရသေးဘူး ခေါင်းငိုက်စိုက်ဖြစ်နေပြီ .. :P
ဟတ်ပီးဘတ်ဒေး အကြိုပါ ..း)

တောင်ပေါ်သား said...

အေး မိုက်တယ်ကွာ ငါရဲ့ တောက်တောက်ရဲရဲတွေ ၀တ်လာလို့ရတယ်မလား အဟေးးးး ရေတမာ သနားပါတယ် ငါခေါ်လာပါ့မယ် စိတ်ချဟေးးး)


မနက်ဖြန်မှ ဆုတောင်းပေးတော့မယ်

လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ဖိတ်စာနှင့်တကွ ကြွရောက်လာမည်
ဒူဝေဝေ..............
မွေးနေ့ ချိန်ခါ အမှီ သီချင်းဆို တိုက် လိုက်အုံးမယ် :))))

ခရေညို said...

"တောက်ပသောအရောင်၊ မြန်မာ့နန်းတွင်းပုံစံ "အဲဒီအဝတ်ရှိဘူး တခြားဟာဝတ်လို့ရဘူးလား? နောက်ပြီးအရေးကြီတာက အစားအသောက် လဲပါဘူး ။ ဘယ်လိုမွေးနေ့ကြ:ီလဲ? သီချင်းလဲ ဆိုတတ်ဘူး
ဖိတ်လို့ ကျေးဇူးအထူးလည်းတင်ပါတယ်

Angel Shaper said...

အားးးးပါးးးးးးးးးးးးး
ဟီးရိုးကြီး ဟက်ပီဘတ်ဒေးနော်။
လာဟစ်မယ် လာဟဲမယ်( သီချင်းပြောပါတယ်) အဟီးးးးး
ပျော်ရွှင်ပါစေ။

ပုံ့မေ said...

သြော်.... ဟက်ပီးဘက်ဒေးးးးး..... အကြို

တောက်တောက် ပြောင်ပြောင် နန်းဝတ်နန်းစား အောင့်မငီးးးး နာ့နှယ် ခုချိန်သွားချုပ်ရင် ဒေါ်လာ သိန်းချီပေးရမယ်..

တတ်နိုင်ဘူးအယ်... ကိုယ့်မောင်လေး မွေးနေ့ ဆိုတော့လဲ ကုန်ချင်သလောက်ကုန်ပစေ.. ခုပဲ စပယ်ရှယ် ဟောလီးဝုတ်မင်းသမီးတွေ အော့ချလောက်စရာ ဝတ်စုံမှားထားလိုက်ပြီ... :)

ဝက်ဝံလေး said...

ဟဲ့ အဲအချိန် နာ လာနိုင်တယ် ရာခဲ့မယ် ဟီးးရိုးအင်း ငါ့အတွက် ပျားရည်သာ ရှာထားနော် ကောင်ကြီး တာ့တာ ဆက်ဆက်လာခဲ့မယ်

ဘိုင် တာ့တာ

Ree Noe Mann said...

လာခဲ့မယ် ညီရေ။

ကိုရီနို